LATESTED NEWS
Showing posts with label အလှအပရေးရာ. Show all posts
Showing posts with label အလှအပရေးရာ. Show all posts

ခေါင်းအစခြေအဆုံးလှစေဖို့

ပန်းနုရောင် နှုတ်ခမ်းသား ပိုင်ဆိုင်စေရန်

နွားနို့ထဲမှာ နှင်းဆီပွင့်ဖတ်တွေ ထည့်မွှေပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ အိပ်ရာမဝင်ခင် ညတိုင်း နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးရင် သိပ်မကြာခင် သင့်နှုတ်ခမ်းသားဟာ ပန်းနုရောင် သန်းလာပါလိမ့်မယ်။

ဝက်ခြံပြဿနာ ကင်းစင်စေရန်

ဆယ်ကျော်သက်အရွယ်မှာ အကြီးမားဆုံး ပြဿနာက ဝက်ခြံပါ။ ဝက်ခြံပျောက်ဖို့အတွက် ကြက်သွန်နီကို ကြိတ်ချေပြီး ရှလကာရည်ထဲ စိမ်ပါ။ ပြီးရင် နာရီအနည်းငယ်ကြာမှ ဝက်ခြံတွေပေါ် သုတ်လိမ်းပေးပါ။ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်လိုက်ရင် ဝက်ခြံကင်းစင်သွားပါလိမ့်မယ်။

မျက်တောင် ရှည်လျားစေရန်

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်...
 အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ..
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ
အသုံးပြုနည်း
ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

သွားများ ကြံ့ခိုင်ပြီး ဖြူဖွေးစေရန် လမ်းညွှန်ချက်များ



ကျွန်ုပ်တို့၏ သွားများက စကားပြောရန်နှင့်  အစားအစာ ၀ါးစားရန်အတွက်သာ အထောက်အကူပြုသည်မဟုတ်ဘဲ ရုပ်ရည် သွင်ပြင်ကို ပေါ်လွင်အောင် လုပ်ပေးနိုင်သည် (သို့မဟုတ်) ဖျက်ဆီး နိုင်သည်။ သွားများ ကြံ့ခိုင်ပြီး ဖြူဖွေးနေစေမည့် နည်းလမ်းများကို လမ်းညွှန်ပေးလိုက်ပါသည်။

ရိုးရိုးသွားတိုက်တံများ (သို့မဟုတ်) လျှပ်စစ်သွားတိုက်တံများ ၏ ခေါင်းကို နှစ်လမှ သုံးလကြာတိုင်း လဲလှယ်အသုံးပြုပါ။ သို့မ ဟုတ်ပါက ခံတွင်းထဲသို့ ဘက်တီးရီးယားများ ထည့်သွင်းနေသကဲ့ သို့ ဖြစ်ပေမည်။ သွားတိုက်ရာတွင်လည်း စက်ဝိုင်းပုံသဏ္ဌာန် ညင် သာစွာတိုက်ရန် လိုအပ်သည်။
လျှာပေါ်ရှိ အညစ်အကြေးများ ဖယ်ရှားရန်နှင့် ခံတွင်းနံ့ ရှင်းသန့်နေစေရန် နံနက်တိုင်း လျှာပွတ်ကိရိယာဖြင့် လျှာကို သန့် ရှင်းအောင် လုပ်ပါ။

ပန်းသီး၊ မုန်လာဥ၊ တရုတ်နံနံကြီးနှင့် ပြောင်းဖူးပေါက်ပေါက် တို့ကဲ့သို့ ကျစ်လျစ်ကြွပ်ဆတ်သော အစားအသောက်များကို စား ပါက သွားများ သန့်ရှင်းစေရန် အထောက်အကူဖြစ်စေနိုင်ပြီး ယင်း အစားအစာများကို အစာပိတ်အဖြစ် စားသင့်သည်။

နံနက်တိုင်း ပန်းသီးအရက်ပါသော ဗီနီဂါရည်ဖြင့် ပလုတ်ကျင်းပြီးမှ သွားတိုက်ပါ။ ခံတွင်းနှင့် သွားဖုံးများရှိ ဘက်တီးရီးယားများ သေဆုံးစေရန် အထောက်အကူပေးနိုင်သည်။

သွားများမှ အညစ်အကြေးများကို ဖယ်ရှားရန်နှင့် ဖြူဖွေးနေ စေရန် မုန့်ဖုတ်ဆော်ဒါကို သွားတိုက်ဆေးကဲ့သို့သုံး၍ တစ်ပတ်တစ် ကြိမ်ခန့် သွားတိုက်ပေးနိုင်သည်။
ခံတွင်း အမြဲရှင်းလင်းနေစေရန် ပူရှိန်းများ ငုံမည်ဆိုပါက သကြားမပါသော ပူရှိန်းများသုံးပါ။ ခံတွင်းဆေးရည် အသုံးပြုလိုပါ ကလည်း အရက်မပါသော ခံတွင်းဆေးရည်များ ရွေးချယ်သုံးစွဲပါ။
အိပ်ရာမှထချိန်နှင့် ညအိပ်ရာမ၀င်မီ သွားတိုက်ပါ။ ယင်းမှာ သွားကျန်းမာရေးအတွက် အရေးအကြီးဆုံး အချက်နှစ်ချက်ဖြစ်သည်။

ဆေးစားစရာမလိုပဲ ဗိုက်ချပ် အဆီကျလိုလျှင် (အူဆေးနည်း)




ချစ်စွာသော မိတ်ဆွေတို့ရေ.. ဗိုက်ပူ အလှပျက်နေလို့ စိတ်ညစ်နေကြပါသလား၇ှင်။ ဆေးသောက်စရာမလိုပဲ အ၇မ်းကို ထိရောက်တဲ့ နည်းလမ်းလေး တစ်ခုရှိပါတယ်။ တစ်ရက်တော့ပင်ပန်း ခံ၇ပါမယ်။ အနည်းငယ် ခက်ခဲတဲ့အတွက် အစာအိမ်ရောဂါရှိသူ၊ သွေးအားနည်း ရောဂါရှိသူတွေ အတွက်တော့ မစမ်းသပ်ကြဖို့ မှာကြားလိုပါတယ်ရှင့်။ လုပ်ရမယ့် နည်းလမ်းလေးကတော့ ဒီလိုပါ။

၁။ ၂၄ နာရီလုံး ရေ တစ်မျိုးထဲသာ သောက်ရပါမယ်။ (ဥပမာ - ယနေ့ မနက် ၇နာရီမှ စမည်ဆိုလျှင် နောက်နေ့ မနက် ၇နာရီထိ)။

၂။ ၂၄ နာရီအတွင်း အနည်းဆုံး ရေ ငါးလီတာခန့်ထိ ၀င်အောင် သောက်ပေးရပါမယ်။

၃။ မည်သည့် အစားအစာ၊ကော်ဖီ၊လက်ဖက်ရည်၊ အချိုရည်မှ မသောက်ရပါ။

၎။ ၂၄ နာရီ ပြည့်သည်နှင့် ရေကြက်သည်းနွေး တစ်လီတာကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်မွှေပြီး တစ်ထိုင်တည်း ကုန်အောင် သောက်ပေးရပါမည်။

၅။ ထို့နောက် အိပ်ယာထက်တွင် ညာဘက်သို့ စောင်းကာ နာရီ ၀က်ခန့် လဲလျောင်း နား နေရပါမယ်။

၆၊ ၀မ်းသွားလိုလာလျှင် ထ သွားလိုက်ပါ။

၇။ ထိုသွားသော ၀မ်းသည် အလွန် နံဟောင်သော ၀မ်း၊ ရံခါ အမည်း အညစ် အကြေးများပါ တွေ့ရပါလိမ့်မယ်။

၈။ ၄ခါ ၅ခါ ခန့်သွားပီး အ၇ည်ကျဲလာလျင် ဆန်ပြုတ် (သို့) သစ်သီးဖျော်ရည် တစ်ခွက် သောက်ကာ ခန ပြန် နားနေလိုက်ပါ။

၉။ ထို့ နောက် ထိုနေ့ တစ်နေကုန် အပူအစပ်၊ နို့နှင့် နို့ထွက် အစားအစာများ နှင့် ready made food များကိုေ၇ှာင်ကြဉ်ပေးရပါမည်။

နောက်ရက်များတွင် နှစ်သက်ရာ ပြန်လည် စားသောက်နိုင်မည် ဖြစ်ပါသည်။ သို့သော် ready made food များကို တော့ တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။

နို့နှင့် နို့ထွက် အစားစာများကို တတ်နိုင်သလောက်ေ၇ှာင်ကျဉ်ရပါမည်။ သစ်သီးဝလံများကို ပိုမိုစားသုံး၇ပါမည်။

ညဘက်တွင် အသီးနှံ တမျိုးမျိုး ကို ညစာ အစားထိုး ဖြည့်စွက် စားသုံးနိုင်ပါသည်။ ယင်းနည်းသည် မင်းသမီး ဒိုင်ယာနာ မကွယ်လွန်မီ တလ တခါ ပြုလုပ်နေကြ နည်းလမ်းဖြစ်သည်ဟု သိရပါသည်။

မိမိတို့ နေ့စဉ် စားသုံးခဲ့သော အစားအစာများ အကြော်ဆီများ ဆီဦးထောပတ်များအတွက် အူသည် မည်သည့်အခါမှ မဆေးကြောခဲ့ရပါ။ ထို့ကြောင့် ဗီလိုင်ဟု ခေါ်သော အမြှေးလေးများမှာ ငါးကန်များေ၇ညှိ တက်သကဲ့သို့ အညှိလေးများ တက်နေပါသည်။ ထိုသည်ကို ဆားေ၇နွေးလေးများဖြင့် ဆေးကြောသန့်စင်လိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ ဆေးကြောလိုက်ခြင်းဖြင့် နောင် အခါ စားသောက်သော အသီးအနှံ အစားအစာများမှ အာဟာရများ ပိုမို စုပ်ယူနိုင်မည်ဖြစ်ပီး ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဒာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။

ထိုသို့ အူမဆေးမီ မိမိ ဗိုက်နှင့် ကိုယ်အလေးချိန် တိုင်းထားပါ။ အူဆေးပီးနောက်ရက် ထပ်တိုင်းကြည့်ပါ။ သိသိသာသာ ဗိုက်လေး ချပ်ရပ်လှပသွားမည်ကို တွေ့၇ပါမည်။

သတိပြုရန်မှာ။ ။ အူဆေးထားပီးနောက် ညစာအဖြစ် နို့နှင့်နို့ထွက်အစားစာများ စားသုံးခြင်း၊ ညစာ အလွန်အမင်း စားသုံးခြင်းများ သတိပြု ရှောင်ကြဉ်စေလိုပါသည်။ အသီးအနှံ ဖြည့်စွက် စားသုံးခြင်း အလေ့အထကို ပြု လုပ်စေလိုပါသည်။

(မှတ်ချက်။ ။ မိတ်ဆွေ တစ်ဦးပြောပြသော နည်းလမ်းကို ကိုယ်တိုင် စမ်းသပ် အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။)

ဆေးပညာဆိုင်ရာဆောင်းပါးများ
~Cin Agro

ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်းနိုင်အောင်



အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့ အစာနဲ့ စတင်ပါ

ဆိုလိုတာက သဘာဝအတိုင်းဖြစ်တဲ့ အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထားတဲ့ အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ

သစ်သီးတွေမှ သဘာဝအချိုဓာတ်တွေ ရပေမယ့် သကြားနဲ့ အချိုပါဝင်တယ်လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီ မများတဲ့အတွက် အဲဒါတွေကို ရှောင်ကြဉ်တာကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏစားပါ

တစ်နေ့တာလုံးအတွက် အစာကြီးသုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

သကြားပါဝင်မှုနည်းတဲ့ အစာမျိုးစုံဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများများ စားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင်ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ်ကို မကြာခဏ စားလိုက်တာကြောင့် ခန္ဓာကိုယ်က Relax ရရှိသွားပြီး လပေါင်းများစွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ

ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ်ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိတာတွေကို တစ်နေ့ နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။

ဘယ်လိုအလုပ်လုပ်သလဲ

ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၎။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ

သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာလကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

အစာမစားခင် Vinegar အနည်းငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကို လောင်ကျွမ်းနှုန်း ပုံမှန်ထက်အဆ ၂၀ ပိုမြန်ပါတယ်။


ဒေါက်တာခင်မိုးမိုး
Ref: Good Health

မျက်နှာမှာ အမည်းစက်အပြောက်လေးတွေ ရှိနေလို့ စိတ်ညစ်နေရတဲ့ ကိုကို မမ တွေ အတွက်ပါ။




ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ မျက်နှာမှာ ၀က်ခြံ တို့ တင်းတိပ်တို့ မဟုတ်ပဲ အလှဖျက်နေတက်တဲ့ အမည်းစက် လေးတွေအကြောင်းလေးပါ။ပြီးတော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလေးလေးပါ ပြောပြပေးသွားမှာပါ။ကျွန်တော် သိသလောက်လေးပေါ့ဗျာ။
မျက်နှာပေါ်မှာ အစက်အပျောက်တွေရှိနေရင် တော်တော်စိတ်ညစ်ရမှာပါ။အထူးသဖြင့် မိန်းကလေးတော်တော်များများ မှာ အဖြစ်များတယ်လို့လဲ ကျွန်တော်ထင်မိပါတယ်။အဲ့ဒီလို ဖြစ်ရင် မိန်းကလေး တစ်ယောက်အနေနဲ့ လှချင်ပချင်ကြမှာပါပဲ။ဒါမဲ့ အဲ့ဒီ အမည်းစက်လေးတွေ ကြောင့် ကိုယ့်ရှိတဲ့ အလှကို မပြရဲ အပြင်မထွက်ရဲနဲ့ တော်တော် စိတ်ညစ်ရပါလိမ့်မယ်။ကဲ....အဲ့ဒီ အတွက် ကျွန်တော့ သူငယ်ချင်းတွေ စိတ်မညစ်ကြပါနဲ့ဗျာ။ အဲဒီ အစက်အပျောက်တွေကို ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလမ်းကောင်းတွေနဲ့ တိုက်ထုတ်ကြရအောင်ဗျာ။ အစွမ်းလည်းထက်ရမယ်။ အကုန်အကျလည်း မများစေရဘူး။ ဘယ်လိုလည်း... စိတ်ဝင်စားစရာကောင်းတယ်နော်။ ကဲ...စမ်းကြည့်ကြရအောင်ဗျာ။


နည်းလမ်း ( ၁ )
- မျက်နှာက သနပ်ခါးတွေ၊ မိတ်ကပ်တွေကို တစ်နေကုန်လုံးလိမ်းထားသမျှ ကိုယ့်အားတဲ့ အချိန်လေးမှာ ဖျက်ပါ။အားတဲ့ အချိန်ဆိုတာ အထူးသဖြင့် ညဘက် အလုပ်က ပြန်ချိန် ကျောင်းက ပြန်ချိန်လေးတွေပေါ့။
- ချွေးပေါက်တွေပွင့်အောင် ရေနွေး ခပ်နွေးနွေးလေးနဲ့မျက်နှာသစ်ရမှာပါ။
- သံပုရာသီးလေးကို အစိတ်သေးသေးလေးတွေစိတ်ပါ။ ပြီးတော့ မျက်နှာပေါ်က အစက်အပျောက်တွေရှိတဲ့နေရာမှာ တင်ထားပါ။ မိနစ် ၂၀ ထက်တော့မပိုရပါဘူး။
- ၁၅-၂၀ မိနစ်ကြာရင် သံပုရာသီးတွေကိုဖယ်ပြီး Daily Cleanser နဲ့ ရေအေးတို့ကိုသုံးပြီး မျက်နှာသစ်လိုက်ပါ။
နေ့တိုင်းသာ စိတ်ရှည်ရှည်လေးနဲ့သာလုပ်သွားမယ်ဆိုရင် အစက်အပျောက်တွေကို Bye Bye လို့ နှုတ်ဆက်နိုင်ပါပြီ။

နည်းလမ်း ( ၂ )
- သံပုရာသီးရဲ့ Acid ဒဏ်ကိုမခံနိုင်တဲ့၊ ထိခိုက်လွယ်တဲ့အသားအရေတွေအတွက်ကတော့ ရှားစောင်းလက်ပတ်က အကောင်းဆုံးပါဘဲ။
- မနက်အိပ်ရာထတိုင်းမှာ အစက်အပျောက်တွေရှိတဲ့နေရာပေါ်ကို ရှားစောင်းလက်ပတ် အတွင်းကဂျယ်လီလေး လိမ်းပေးပါ။
ရှားစောင်းလက်ပတ်က အသားလည်းမခြောက်စေဘဲ အစက်အပျောက်တွေကင်းစေမယ့် နည်းကောင်းလေးပါ။
နည်းလမ်း ( ၃ )
- အစက်အပျောက်တွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- ဒါကြောင့် ကာလအတော်ကြာအောင် နေရောင်ခြည်နဲ့မထိတွေ့အောင် သတိထားနေထိုင်ရင်လည်း အစက်အပျောက်တွေကို တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။
- နေပူထဲကိုသွားရတော့မယ်ဆိုရင် ထီး၊ ဦးထုပ် စတဲ့ အကာအကွယ်တွေကို မမေ့ပါနဲ့။
- အသားအရေကို နေရောင်ခြည်ဒဏ်က အပြည့်အ၀ကာကွယ်ပေးနိုင်မယ့် Sun Cream တစ်မျိုးမျိုးကိုလည်း မဖြစ်မနေလိမ်းသင့်ပါတယ်။
နည်းလမ်း ( ၄ )
- အချိုရည်တွေကို ဝေးဝေးရှောင်ပြီး ရေကိုသာများများသောက်ပေးပါ။
- တစ်နေ့ကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးလောက်စားပေးပါ။
နည်းလမ်း ( ၅ )
- အသားအရေကို သေချာဂရုစိုက်ထိန်းသိမ်းပါ။
- အခြေခံအသားအရေ ထိန်းသိမ်းနည်း ၄ ဆင့် ကို ဖြစ်အောင်လုပ်ပါ။
- တစ်ခုပိုလာတာက Whitening Essence ပါ။ ဈေးကွက်ထဲမှာ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်တာတွေအတွက် Whitening Essence တွေ အများကြီးရှိတယ်နော်။ ကိုယ်နဲ့ အဆင်ပြေတာလေးကို ရွေးသုံးပေါ့။

- အဲဒီတော့ မျက်နှာသစ်ဆေးလေးနဲ့ မျက်နှာသစ်၊ တိုနာလေးလိမ်းပြီးရင် Whitening Essence လေး လိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရမှာပါ။ကဲ.......မျက်နှာမှာ အမည်းစက်လေးတွေ ထင်နေတက်တဲ့ ကိုကို တွေ မမ တွေအားလုံး စိတ်ညစ်စရာမလိုတော့ပါဘူးဗျာ။ကျွန်တော် ပြောတဲ့ အပေါ်က နည်းလေးတွေ အတိုင်းသာ လုပ်သွားလိုက်ယုံပါပဲ။ငွေကုန်ကြေးကျ နည်းပြီး အလွယ်တကူ လုပ်လို့ရတဲ့ နည်းလေးတွေဆိုတော့ သူငယ်ချင်းတွေ သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ....သူငယ်ချင်းတွေ အားလုံး မျက်နှာမှာ အမည်းစက်လေးတွေ ကင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် အပြင်ထွက်နိုင်ကြပြီး ဖြူစင်ဝင်းမွတ်တဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးလဲ Myanmar Sky Link မှာ ကူးယူထားပြီး ကျွန်တော် လိုအပ်တဲ့ စာသားအနည်းငယ် ထပ်မံဖြည့်စွက်ထားပါတယ်ဗျာ။

credit  (Myanmar Sky Link)

(1)သင့်ပေါင်တံ ကျစ်လျစ်သွယ်လျသွားစေမည့် အလွယ်နည်းများ (2) အလုပ်လုပ်သူများ တစ်နေ့လုံး စွမ်းအင်အပြည့် ရှိနေစေရန်


ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။


(၁) Firming Cream လိမ်းပါ

ပေါင်တံ ကျစ်လျစ်ကာ တင်းရင်းလှပသွားစေမယ့် Firming ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ Firming ခရင်မ်ကို ရွေးချယ်ရာမှာ ကဖင်းဓာတ်နဲ့ Hyaluronic acid တို့ ပါဝင်တဲ့ အမျိုးအစားဟာ ပေါင်က အဆီပိုတွေကို ရှစ်နာရီကျော်ကြာတဲ့အထိ ဖုံးကွယ်ထားနိုင်ပါတယ်လို့ နယူးယောက်ခ် တက္ကသိုလ်က ပါမောက္ခဒေးက ရှင်းပြပါတယ်။

(၂) ပေါင်တံကို နှိပ်နယ်ပေးပါ

“ပေါင်တံကို နှိပ်နယ်ပေးတာကြောင့် အရေပြားတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ချောမွတ်တင်းရင်းတဲ့ ပေါင်တံအလှကို ရရှိစေပါတယ်။ နှိပ်ရမယ့်နည်းက အရင်ဆုံး ပေါင်အတွင်းသားနေရာကို လက်ဖဝါးနဲ့ ခပ်ဖွဖွရိုက်ပေးပါ။ ပြီးရင် လက်ချောင်းတွေကို သုံးပြီး စက်ဝိုင်းပုံအတိုင်း လှည့်လည်ဖိနှိပ်ပေးပါ။

(၃) ဆောင့်ကြောင့်ထိုင်ပါ

“ပေါင်ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်လေလေ၊ အဆီတွေက လျော့ကျလေလေ ဖြစ်တတ်ပါတယ်” လို့ နစ်ကိုးကဒ်မင်းရဲ့ နည်းပြစတုန်းက ရှင်းပြပါတယ်။ ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးတာကြောင့် ပေါင်တံကျစ်လျစ် သွယ်လျစေပါတယ်။ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပြီး မတ်တပ်ရပ်ကာ တင်ပါးကို နောက်ပစ်ရင်း ဒူးကွေး ထိုင်ချပါ။ တစ်နေ့ ၁၅ ကြိမ်လောက်နဲ့ တစ်ပတ်မှာ သုံးရက်လောက် လေ့ကျင့်ပေးပါ။

ကြယ်စင်

Ref: By Good Health Originally posted 07/08/2012 11:56AM
Source: http://www.yatanarpon.com.mm/cp/goodhealth/news-63828


======================================================


အလုပ်လုပ်သူများ တစ်နေ့လုံး စွမ်းအင်အပြည့် ရှိနေစေရန်




နံနက်ခင်းမှာ ကြည်နူးလန်းဆန်းမှု အပြည့် ရှိနေဖို့ဆိုရင် စွမ်းအင် အလုံအလောက် ရှိနေမှဖြစ်မှာပါ။ ဒါကြောင့် နံနက်ခင်းမှာ ကျန်းမာလန်းဆန်းနေစေဖို့ စွမ်းအင်ပြည့်ဝစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ညအချိန် လုပ်ဆောင်ရမည့် နည်းများ

အိပ်ရေးဝဝအိပ်ပါ


အမေရိကန်လူမျိုး ၆၃ ရာခိုင်နှုန်းက သီတင်းပတ်တစ်ပတ်လုံး အိပ်ချိန် အလုံအလောက် မရှိတတ်ဘူးလို့ အမျိုးသား အိပ်စက်မှုဆိုင်ရာ ဖောင်ဒေးရှင်းက ဆိုပါတယ်။ အရွယ်ရောက်သူတွေက တစ်ညမှာ ၇-၉ နာရီလောက် အိပ်ချိန်ပေးသင့်ပေမယ့် လူတိုင်းက ဒီစည်းမျဉ်းကို မလိုက်နာနိုင်ကြပါဘူး။ တချို့က လိုတာထက် ပိုအိပ်ပြီး တချို့က အိပ်ချိန်နည်းနေပါတယ်။ နံနက်ခင်းနိုးလာချိန်မှာ စွမ်းအင် အပြည့်ရှိဖို့ဆိုရင် အိပ်ချိန် အလုံအလောက် ရှိရပါမယ်။

ညစာကို လျှော့စားပါ


ညစာစားချိန်နဲ့ စားတဲ့ ပမာဏက အိပ်စက်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ညစာကို နောက်ကျမှ စားတာက ခန္ဓာကိုယ်ကို အစာကြေညက်ဖို့ အခက်အခဲ ဖြစ်စေတဲ့အပြင် ရင်ပူတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အစာကို များများစားတာကြောင့် လေပွတာ၊ အစာမကြေတာတွေဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

အယ်လ်ကိုဟော ရှောင်ပါ


အယ်လ်ကိုဟောဟာ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဆီးသွားများစေတာကြောင့် အိပ်မောကျရမယ့် ညအချိန်မှာ အိမ်သာကို မကြာခဏ သွားနေရတတ်ပါတယ်။ အရက်သောက်ပြီး အိပ်ပျော်ရင်တောင် အချိန် သုံး-လေးနာရီ ကြာသွားချိန်မှာ ဦးနှောက်ကို နိုးကြားနေစေပါတယ်။

ပုံမှန် အိပ်စက်သော အချိန်ဇယား ဆွဲထားပါ


အိပ်ချိန်ကို ညတိုင်း ပုံမှန်ထားပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ဟန်ချက်ညီစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ နံနက်ခင်းမှာလည်း အားအင်အပြည့်နဲ့ နိုးထလာပါလိမ့်မယ်။

အမှောင်ချကာ အိပ်ပါ


အိပ်ချိန်မှာ အလင်းရောင်ရနေတာက ခန္ဓာကိုယ်ရဲ့ မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေပါဘူး။ ဒါကြောင့် အခန်းကို အမှောင်ချပြီး အိပ်စက်ပါ။

နံနက်ခင်းတွင် လုပ်ဆောင်ရမည့် နည်းများ

ရေသောက်ပါ


အိပ်ရာကနိုးလာချိန်မှာ ရေဓာတ် ခန်းခြောက်နေနိုင်တာကြောင့် ပင်ပန်းနေနိုင်ပါတယ်။ ဒါကြောင့် ရေသောက်တာက ရေဓာတ် ပြည့်ဝစေတဲ့အပြင် လန်းဆန်းသွားစေပါတယ်။

နံနက်စာစားပါ


နံနက်စာက တစ်နေ့တာအတွင်း အစားသင့်ဆုံး အစာပါ။ နံနက်စာ စားပေးရင် ဦးနှောက်ဆီကို ဂလူးကို့စ် ရောက်ရှိစေပြီး တစ်နေ့တာလုံး အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ နံနက်စာစားတာက သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။

နေခြည်နုနု ခံယူပါ


နံနက်ခင်း သဘာဝအလင်းရောင်ထဲမှာ အချိန် ၁၀-၁၅ မိနစ်လောက် နေတာက ဦးနှောက်ထဲက Pineal Gland ကို လှုံ့ဆော်မှုရှိစေပြီး မယ်လတိုနင် ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ မယ်လတိုနင်အဆင့် လျော့ကျတာကြောင့် ပိုတက်ကြွ လန်းဆန်းသွားစေပါတယ်။

တရားထိုင်ပါ


မျက်လုံးတွေကို စုံမှိတ်ပြီး ငြိမ်ငြိမ်သက်သက်ထိုင်တဲ့ တရားထိုင်နည်းဟာ ဦးနှောက်ကို တက်ကြွစေပါတယ်။ အကြောင်းကတော့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ကောင်းမွန်စေလို့ပါ။

လှုပ်ရှားပါ


နံနက်ခင်းမှာ အချိန် အနည်းငယ်ပေးပြီး လေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို ကောင်းစေကာ စွမ်းအင်ကို ချက်ချင်း ရရှိစေပါတယ်။ ယောဂကျင့်တာ၊ ထိုက်ချိကစားတာ၊ အိမ်သန့်ရှင်းရေး လုပ်တာတွေကို လုပ်ဆောင်ပေးပါ။

တစ်နေ့လုံး လုပ်ဆောင်ရမည့် နည်းများ

ကဖင်းဓာတ်လျှော့ပါ


ကဖင်းဓာတ်ပါတဲ့ အရည်တွေကို သောက်တာက အဒရီနယ်လင်ဟော်မုန်း ထွက်အောင် လှုံ့ဆော်ပေးတာကြောင့် လန်းဆန်းနေစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်နဲ့ မတည့်သူဖြစ်ရင် အိပ်ရာမဝင်ခင် အနည်းဆုံး ခြောက်နာရီအတွင်း ကော်ဖီကို ထပ်မသောက်သင့်တော့ပါဘူး။

ရေနွေးကြမ်းသောက်ပါ


ပင်ပန်းနေချိန်မှာ အင်တီအောက်ဆီးဒင့်ပါတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ကြမ်းကို သောက်ပေးသင့်ပါတယ်။

ဇွန်
By Good Health

(1)ပန်းသီးနှင့် အသည်းရောင် ဘီပိုး ,(2)အသည်းရောင် ဘီ ကာကွယ်ဆေး အကြောင်း

ပန်းသီးနှင့် အသည်းရောင် ဘီပိုး


ပန်းသီးနဲ့ အသည်းရောင်ဘီပိုးတစ်နေ့ ပန်းသီးတစ်လုံး စားပါက သက်ရှည် ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေး နေခွင့်ရ ပါလိမ့် မယ်တဲ့။ တကယ်တော့လူတွေဟာ မိမိစားနေကျ အစာအပြင်အသီးအနှံတစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေးကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင်ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။ ပန်းသီးမှာ ဗီတာမင်စီ များများပါတယ်။ Immue System ခေါ်တဲ့ ကိုယ်ခံစွမ်းအားကို တက်စေတယ်။ အဆီဓာတ် Cholesterol ကိုလည်း ကျစေတယ်။ ကန်စွန်းဥတို့၊ ငှက်ပျောသီးတို့စားသလိုကိုက်စားရင် သွားချေးမကပ်ဘဲ ခံတွင်းရှင်းတယ်၊ ဦးနှောက်အားကောင်းတဲ့အတွက် သူငယ်ပြန်မှု နည်းစေတယ်။ ကယ်လိုရီ နည်းတဲ့အတွက် ငှက်ပျောသီး စားတာလို ဝတာ အားမပေးဘူး။ ပန်းနာရင်ကျပ်ရောဂါတို့၊ အဆုတ်ရောဂါတို့ နည်းစေတယ်လို့ ပြောကြတယ်။

တစ်ခါက အားကစားသမား တစ်ယောက်က ပြောတယ်။ သူ့မှာ အရင်တုန်းက အသည်းရောင် ဘီ ပိုးမရှိဘူးတဲ့။ နိုင်ငံခြားကို သွားပြိုင်ဖို့ စခန်းသွင်းပြီး လေ့ကျင့်တဲ့အခါမှသာ အသည်း ရောင်ဘီပိုး ပေါ်လာရတယ်လို့ ဆိုတယ်။ အဆောင်အတူ နေသူတွေ အများကြီးရှိပေမယ့် သောက်ရေခွက်လည်း သီးသန့်သုံးတယ်၊ သွားပွတ်တံလည်း သုံးတယ်၊ဟင်းချိုခွက်နဲ့ ဇွန်း သီးသန့်သုံးတယ်။ဘီးနဲ့ မုတ်ဆိတ်ရိတ်ကိရိယာတွေလည်းသီးသန့် သုံးတယ်။ ဘာကြောင့် ကူးရတာလဲလို့ ဆိုတယ်။ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင်တယ်၊ ပန်းသီးတစ်လုံးရရင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက်စားကြတယ်။ လက်ဖက်သုပ်ကိုလည်း ဇွန်းတစ်ချောင်း၊ နှစ်ချောင်းနဲ့ ဝိုင်းစားကြတယ်၊ ဒါပဲလို့ ဆိုတယ်။ ဘီပိုးဟာသွေးသွင်းရာ၊ ဆေးထိုးရာ၊ လိင်ဆက်ဆံရာက အဓိကကူးတဲ့ရောဂါပိုးဖြစ်တယ်။

                အတိ အကျကူးတယ်လို့ ပြောနိုင်တဲ့နည်း ရှိသလို အတိအကျမပြောနိုင်တဲ့နည်းတွေနဲ့လည်း ကူးမှာပါပဲ။ ဒီနှစ် ကမ္ဘာ့အသည်းရောင်အထိမ်းအမှတ်နေ့ (World Hepatitis Day) ရဲ့ဆောင်ပုဒ်က "This is hepatitis... It is closer than you think" အသည်းရောဂါပိုးဟာ မင်းထင်တာထက် ပိုကူးလွယ်တယ်၊ လက်တစ်ကမ်းမှာပဲ အသည်းရောင်ပိုးက ရှိနေတယ်။ အသည်းရောင်ပိုးတွေရဲ့ ရောဂါလက္ခဏာ တစ်ခုက ရောဂါလက္ခဏာမပြတာဘဲ။ ဒါကြောင့် သွေးစစ် ကြည့်ရတယ်၊ သွေးစစ်ကြည့်မှရှိမှန်း သိမယ်။ မရှိရင် ကာကွယ်ဆေးထိုးမယ်။ သိလည်းသိ၊ စစ်လည်းစစ်၊ ကာကွယ်ဆေးလည်းထိုး လုပ်တာကို လုပ်ရမယ်။ အသည်းရောင် ဘီပိုးကို ရန်ကုန်သံဃာ့တက္ကသိုလ်က စစ်ဆေးတယ်၊ ကာကွယ်ဆေးထိုးတယ်။ မှော်ဘီ၊ ရွှေပေါက်ကံ၊ ပဲခူးက တောရကျောင်းစာသင်တိုက်တွေမှာသွေးစစ်၊ ကာကွယ်ဆေးထိုးပြုလုပ်တယ်။

 တရုတ်(တိုင်ပေ)ဆရာတော်တစ်ပါးက မန္တလေးက ကျောင်းတိုက်တွေမှာ အသည်းရောင်ဘီပိုး ကာကွယ်ဆေးလှူတယ်။ မန္တလေးက သံဃာတွေကိုလည်း ထိုးပေးတာ ဖတ်ရတယ်။ မွန်ပြည်နယ်၊ ဇင်းကျိုက်က အထက်တန်းကျောင်းသား၊ ကျောင်းသူတွေက အသည်းရောင်ဘီပိုးကို စစ်ကြည့်တယ်၊ ကာကွယ်ဆေး ထိုးကြတယ်၊ ဒါဟာ ကောင်းတဲ့ ခြေလှမ်းတွေပဲ။တစ်နေ့မှာ သတင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စကြည့်လိုက်တော့ ပန်းသီးဖောင်ဒေးရှင်းက မိဘမဲ့ကလေးတွေနဲ့ အမျိုးသမီးမူလတန်းကျောင်းက ကလေးတွေကိုသွေးစစ်ပြီး အခမဲ့ ကာကွယ်ဆေးထိုးနေတာကို တွေ့ရတယ်လို့ ထင်တယ်။ အရမ်းဝမ်းသာမိတယ်။ စားဝတ်နေရေး ပြည့်စုံရုံ၊ ပညာသင်ကြားရုံသာမက အသည်းရောဂါ ကင်းစင်တဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေကိုပါ ဖန်တီးစပြုနေကြပြီ။ အသည်းရောင်ရောဂါကင်းစင် အနာဂတ်မျိုးဆက်သစ်တွေလို့လည်း ဆိုနိုင်လာတော့မယ်။

အားကူကြိုးပမ်းကြပါစေ။

ပါမောက္ခ ဦးစံသစ် (အသည်းအထူးကု)
Good Health


အသည်းရောင် ဘီ ကာကွယ်ဆေး ထိုးထားလား
လူနာကို ရောဂါ ရာဇဝင်မေးတိုင်း ထည့်မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ လူနာတိုင်းကို မေး လေ့ရှိ
သော်လည်း အရက်သောက်သူ၊ အသည်းရောဂါခံစားနေရသူနှင့် ကျန်းမာရေးဆေးစစ်သူများတွင် အဓိကထားမေးသည်။ မြို့ပြနေကျန်းမာရေး အသိရှိသူနှင့်ခေတ်မီသူတော်တော်များများထိုးပြီးဖြစ်နေ တတ်သော်လည်း အများစုက မထိုးရ သေးသည်ကိုတွေ့ရသည်။

ဈေး အတော်အတန်ရှိသဖြင့် မထိုးကြသည် ထက် ကာကွယ်ဆေး၏ အကျိုးနှင့် ထိရောက်မှုကို မသိ
သည်က များ သည်။ ထိုးပြီးသူကလည်း ကာကွယ် ဆေးအောင်၊ မအောင် မသိ။ဘယ်တုန်းက ထိုးခဲ့မှန်း
မသိ၊ မမှတ်မိသူ က များသည်။ ဆေးနှစ်လုံးထိုးပြီး ဆက်မထိုးဖြစ်သူ၊ ဆေးပတ်မပြည့်သူ များလည်းရှိသည်။ အားဖြည့်အလုံး (Booster Dose) မထိုးဖြစ်သူများ လည်း ရှိသည်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဝန်ထမ်း များ အသည်းရောင်ဘီကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိ မေးကြည့်ရာ အားလုံးနီးပါး ထိုးမထားကြ။

ယင်း ဆေးရုံမှ ဆရာဝန်ငယ်များတွင်ပင် ဘီပိုးကာကွယ်ဆေးမထိုးရသေးသူများ ရှိသည်။ အခြားသာမန်လူများ
နည်းတူ ဆေးပတ်မလည်သူ၊ ကာကွယ်ဆေး အောင်၊ မအောင် မသိသူ၊ အားဖြည့် ဆေး (Booster Dose) မထိုးရသေး သူ၊ ကာကွယ်ဆေးမအောင်သဖြင့် ဘာဆက်လုပ်ရမှန်း မသိသူများလည်း ပါသည်။ စာရေးသူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အလုပ်လုပ်စဉ်က လည်း ဆေးရုံသို့ စရောက်လာသည့် တတိယနှစ် ဆေးကျောင်းသားများကို ဘီပိုးကာကွယ်ဆေးထိုးထား၊ မထား မေးကြည့်လေ့ရှိသည်။
မထိုးကြသည် က များသည်။ မထိုးရသေးသူများကို ထိုးခိုင်းရသည်။ အသည်းရောင် Virus ပိုးများနှင့် အသည်းရောဂါအမျိုးမျိုးအကြောင်းကို အသည်းရောဂါအထူးကုဆရာဝန်ကြီး များက ဘက်စုံထောင့်စုံမှ အခါမလပ် အသေးစိတ် ရေးကြသည်ကို တွေ့ရ ပါသည်။

 ယခုစာစုသည် အသည်း အထူးကုဆရာဝန်ကြီးများ
ရေးသကဲ့ သို့ ထဲထဲဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် မဟုတ်မူဘဲဘီကာကွယ်ဆေးအကြောင်း ကိုသာ အဓိက
ထား၍ ရေးသားခြင်း ဖြစ်ပါသည်။ မည်သည့်အသိ၊ မည်သည့်ပညာမဆို မည်မျှလွယ်လွယ်မသိသူများအတွက်
ခက်ခဲနေတတ်သည်။ ဝိုးတိုးဝါးတားဖြစ်နေတတ်သည်။ ဘီ ကာကွယ်ဆေးအကြောင်းနှင့် စနစ် ကျထိုးနည်းကို
မသိကြသူများ ရှိ သည်။ ဘီကာကွယ်ဆေးရှိမှန်း မသိ ကြသူများပင် ရှိသည်။

အသည်းရောင်ဘီပိုး
အသည်းရောင် Virus များ အနက် ဘီပိုးနှင့် စီပိုးသည် ပုံစံတူ သည်။ သွေးနှင့်ခန္ဓာကိုယ်အရည်များ မှတစ်ဆင့် ကူးသည်။ Virus နှစ်မျိုး စလုံးသည် နာတာရှည်အသည်း ရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေသည်။ သို့ရာတွင်Virus နှစ်မျိုး ကွာခြား ချက်ရှိသည်။ ဘီပိုးသည် စီပိုးထက် ဆယ်ဆ ပိုးကူးစက်လွယ်သည်။ ဘီပိုး အတွက် ထိရောက်သော ကာကွယ် ဆေးရှိသည်။ စီပိုးအတွက် ကာကွယ် ဆေးမရှိ။ အသည်းရောင်ဘီပိုးသည် အသည်းရောင်စေသည်။ အချို့တွင် ရောဂါလက္ခဏာပြပြီး အများစုတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသည်။ကူးစက်ခံရသူ ၉၅ ရာခိုင်နှုန်း ခန့်တွင် ရောဂါပိုးပျောက်
သွားသော် လည်း ကျန် ၅ ရာခိုင်နှုန်းခန့်တွင် လုံးဝမပျောက်၊ တစ်သက်လုံးဆက်ရှိ နေတတ်သည်။ နာတာရှည်ဘီပိုး သယ်ဆောင်သူဖြစ်နိုင်ခြေသည် အ သက်အရွယ်ပေါ်မူတည်သည်။ မွေးကင်း စအချိန်တွင် ကူးစက်ခံရပါက ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ နာတာရှည်ဘီပိုး သယ်ဆောင်သူ ဖြစ်သွားလေ့ရှိသည်။

ကမ္ဘာပေါ်တွင် နာတာရှည်ဘီပိုးရှိသူ သန်း ၃၀ဝ ခန့်ရှိသည်။ ယင်းလူနာ များသည် နောင်တွင်အသည်းခြောက်
ရောဂါနှင့် အသည်းကင်ဆာဖြစ်နိုင် ခြေများသော လူနာများဖြစ်သည်။ နာတာရှည်ဘီပိုးရှိသူ ၁၅ မှ ၂၀ ရာခိုင်နှုန်းသည် ၅ နှစ်မှ ၂၀ နှစ် အကြာတွင် အသည်းခြောက်သွား တတ်သည်ဟု ဆိုသည်။ နာတာရှည် ဘီပိုးရှိသူ အသည်းခြောက်၊ အသည်း ကင်ဆာဖြစ်ပွားမှုသည် မည်သည့် အရွယ်တွင် ကူးစက်ခံရသည်အပေါ် တွင်လည်း တည်သည်။ မွေးကင်းစ အရွယ် ကူးစက်ခံရပါက ဖြစ်နိုင်ခြေ အလားအလာ ပိုများသည်။ နာတာရှည်ဘီပိုး သယ်ဆောင် သူတို့၏ အခြားနောက်ဆက်တွဲ ပြဿနာမှာ အသည်းကင်ဆာ ဖြစ် သည်။ နာတာရှည်ဘီပိုးရှိသူသည် မရှိသူထက် အသည်းကင်ဆာဖြစ်ရန် အလားအလာ အဆ ၁၀ဝ ပိုများ သည်။

မွေးကင်းစနှင့် ကလေးအရွယ် တွင် ဘီပိုးကူးစက်မှုများသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အသည်းကင်ဆာဖြစ် ပွားမှုမှာမြင့်မားလျက်ရှိသည်။ ယင်း နိုင်ငံများတွင် အသည်းကင်ဆာ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဘီပိုးနှင့် ဆက်နွှယ်ပတ်သက်မှုရှိသည် ဟုဆိုသည်။

အသည်းရောင်ဘီ ကာကွယ်ဆေး
ဘီကာကွယ်ဆေးသည် အန္တရာယ် ကင်းသည်။ ဘီပိုးမဝင်အောင် ကာ ကွယ်နိုင်စွမ်းကောင်းသည်။ ဘီပိုး မျိုးကွဲ (Genotypes) အားလုံးကို ကာကွယ်နိုင်သည်။ ကာကွယ်နိုင်မှု သည် ရေရှည်ခံသည်။ ဘီကာကွယ်
ဆေးသည် ကာကွယ် ဆေးထိုးသူ ၉၅ ရာခိုင်နှုန်းတွင် ထိ ရောက်သော ကာကွယ်မှုပေးသည်။ ကလေးနှင့် လူငယ်များတွင် ကာကွယ် နိုင်မှု ပိုစွမ်းသည်။ ထို့ကြောင့် ဘီ ကာကွယ်ဆေးထိုးခြင်းဖြင့် ဘီပိုး ကြောင့်ဖြစ်
သော အသည်းခြောက် ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှု ကို ကာကွယ်နိုင်မည်ဖြစ်သည်။

အသည်းရောင်ဘီပိုးအဖြစ်များ သော တရုတ်နိုင်ငံ၊ ထိုင်ဝမ်ကျွန်းတွင် ၁၉၈၄ ခုနှစ်မှစတင်ပြီး ဘီကာကွယ်
ဆေးကို တစ်နိုင်ငံလုံး လွှမ်းခြုံထိုးပေးခဲ့ သည်။ ထို့ကြောင့် ၆ နှစ်အရွယ် ကလေးများတွင် ဘီပိုးကူးစ
က်ဖြစ်ပွားမှု ၁၀.၅ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်းထိ လျော့ကျသွားသည်။ ဘီပိုးရှိ ကိုယ်ဝန် ဆောင် မိခင်မှ မွေးကင်းစကလေးသို့ ကူးစက်မှုကို ကာကွယ်နိုင်သဖြင့် ဘီ ပိုးရှိ ကလေးဦးရေသည် ၈၆-၉၆ ရာခိုင်နှုန်းမှ ၁၂-၁၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ အကျိုးဆက်အနေ ဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှုလည်း သိသိသာသာ ကျဆင်းသွားသည်။ ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများတွင်
နှစ်စဉ် အသည်းကင်ဆာဖြစ်ပွားမှု ကလေး ၁၀ဝ၀ဝ၀လျှင် ဝ.၇၀ ရာခိုင် နှုန်းမှ ဝ.၃၆ ရာခိုင်နှုန်းထိ ၁၀ နှစ် အတွင်း ကျဆင်းသွားသည်။ အသည်း ကင်ဆာကြောင့်သေဆုံးမှုလည်း လျော့ နည်းသွားသည်။


ပါမောက္ခနေ၀င်း(ဆေးပညာ)
Health Digest

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက် ကာကွယ်ထိန်းသိမ်းနည်းများ




ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ခြောက်သွေ့တက်သော အသားအရေ ပိုင်ရှင်များအတွက် ဘယ်လို ကိုယ့် အသားအရေကို ထိန်းသိမ်းကာကွယ်ရမယ် ဆိုတဲ့ နည်းလေးကို ကျွန်တော် သိသလောက်ပြောပြပေးပါ့မယ်ဗျာ။အသားအရေက စိုပြေမှုမရှိဘဲ ခြောက်သွေ့ပြီး တင်းနေလို့ စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် ခြောက်သွေ့တဲ့အသားအရေ အကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူမဆို ကိုယ့်အသားအရေအကြောင်း ကိုယ် သိချင်ကြမှာပဲလေ။ ဒါမှလည်း ဆောင်ရန် ရှောင်ရန်လေးတွေသိမှာပေါ့။ ခုတော့ ခြောက်သွေ့တဲ့အသားအရေအကြောင်းရော၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်း တခါထဲ ဖော်ပြထားတာမို့ သူငယ်ချင်းတို့က ဖတ်ပြီး လိုက်နာရုံပဲနော်။ ခု ခြောက်သွေ့တဲ့အသားအရေနဲ့ ပတ်သက်သမျှကို တူတူလေ့လာရအောင်ဗျာ။
ခြောက်သွေ့တဲ့အသားအရေ
- အရေပြားက အဆီထုတ်လုပ်မှုနည်းတဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ အစိုဓာတ်ကို မထိန်းနိုင်တော့ အရေပြားက ခြောက်သွေ့ပြီး အကွက်လေးတွေဖြစ်နေသလို ထင်နေရတယ်နော်။
- မျက်နှာသစ်ပြီးလို့ အစိုဓာတ်ထိန်းခရမ် တစ်ခုခုမလိမ်းဘူးဆိုရင် မျက်နှာကတင်းပြီး သက်တောင့်သက်သာ မရှိတော့ပါဘူး။အသားအရေဟာ စိုပြေမှုမရှိတော့ဘဲ အထူးသဖြင့် ပါးနဲ့ မျက်လုံးတ၀ိုက်မှာ ပိုဆိုးတတ်တယ်လေ။
- အဲ့ဒီနေရာတွေနဲ့ ပါးစပ်ထောင့်တွေမှာ အရေးအကြောင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ အရေးအကြောင်းတွေဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါပဲ။
- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လှပါတယ်။ ဓာတ်မတည့်မှုတွေ ဖြစ်လွယ်တာပေါ့။
- လေဒဏ်၊ Air Con ဒဏ်နဲ့ အရမ်းပူ အရမ်းအေးတဲ့ အခြေအနေတွေဟာလည်း အသားအရေကို ပိုခြောက်သွေ့စေလို့ အသားအရေဟာ အရမ်းတင်းလာတတ်တယ်။ ပြီးတော့ အသားပတ်ပြီး အဖတ်လေးတွေ ကွာနိုင်ပါတယ်။
- အသားပတ်ခြင်းဖြစ်လာပြီဆိုရင်တော့ သင့်အသားအရေဟာ အလွန်ခြောက်သွေ့ပြီး ရေဓာတ်လည်း ခမ်းခြောက်နေတယ်လို့ သတိပေးနေတာပါပဲ။
- ဒါကြောင့် သေချာဂရုစိုက်ရမယ့် အသားအရေပဲနော်။
ခြောက်သွေ့တဲ့အသားအရေကို ဖြစ်စေတဲ့အကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း

- Vitamin A နှင့် Vitamin B ချို့တဲ့ခြင်း

- နေဒဏ်၊ လေဒဏ်၊ အအေးဒဏ်ခံရခြင်း

- ဓာတုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ

- အပြင်းစားဆပ်ပြာများကို အလွန်အကျွံသုံးစွဲခြင်း

- အရေပြားရောဂါများ

- သွိုင်းရွိက်ရောဂါများ

- ဆေးအချို့
ဘယ်လိုဂရုစိုက်ရမလဲ
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။

- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လို့ မျက်နှာကို ညင်ညင်သာသာလေး ကိုင်တွယ်ရမယ်နော်။

- မျက်နှာသစ်တဲ့အခါမှာ ဆပ်ပြာကို လုံးဝမသုံးပါနဲ့။ မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတွေကို ဓာတုပစ္စည်းပါဝင်မှု နည်းတာတွေကိုပဲ ရွေးဝယ်ပါ။ သခွားသီး၊ ရှားစောင်းလက်ပတ် ကျွန်တော်တို့ မြန်မာနိုင်ငံကဆို မြန်မာ့ ရှင်မတောင်သနပ်ခါး စစ်စစ်တို့လို သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေကတော့ ပိုကောင်းတယ်နော်။ For Dry Skin ဆိုတာတွေကို ရွေးဝယ်ဖို့ မမေ့ပါနဲ့။ Alcohol စတာတွေပါတဲ့ အပြင်းစားအလှကုန်တွေကိုတော့ ဝေးဝေးကသာ ရှောင်ပေတော့။

- သင်ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်သာစွာ သုတ်ပေးပါ။

- ပြီးရင် အစိုဓာတ်ထိန်းခရမ်ကောင်းကောင်းလေး လိမ်းပြီး နှိပ်နယ်ပေးဖို့ လိုပါတယ်။ Baby Oil ကိုလည်း သုံးလို့ရတယ်နော်။

- ညအိပ်ရာဝင်ခါနီးတိုင်း ညလိမ်းအစိုဓာတ်ထိန်းခရမ်လေး လိမ်းပြီး နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။အထူးသဖြင့် နို့နဲ့ ပြုလုပ်ထားတဲ့ အေးမြတဲ့ Skin Lotion တို့လို ဟာမျိုးကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။

-နှုတ်ခမ်းလေးတွေ ခြောက်သွေ့ကွဲအက်နေလို့ စိတ်ညစ်မနေနဲ့တော့နော်။ Vitamin E ပါတဲ့ နူတ်ခမ်းနီအဆီလေး ဆိုးပေးရုံနဲ့ အစိုဓာတ်လေးတွေ ပြည့်ဝပြီး နူးညံ့သွားမှာပါ။ နှုတ်ခမ်းနီမဆိုးခင်မှာတော့ နှုတ်ခမ်းက ကွာလန်နေတဲ့ အရေပြားဖတ်လေးတွေကို နူးညံတဲ့ပုဝါ ၊ ဒါမှ မဟုတ် တီရှူးတို့ဖြင့် ဖြည်းဖြည်း ပွတ်တိုက်ပြီး ဖယ်ရှားပေးရမယ်နော်။

- ခန္ဓာကိုယ်အရေပြားတွေ အလွန်ခြောက်သွေ့ပြီး အသားပတ်နေတယ်ဆိုရင်လည်း Vitamin E လိမ်းဆေးလေးတွေ လိမ်းပေးနိုင်ပါတယ်။

- အသားကြမ်းတဲ့အ၀တ်တွေက အသားအရေကို ထိခိုက်စေလို့ မ၀တ်သင့်ဘူးနော်။

- အရမ်းပူတဲ့ အေးတဲ့နေရာတွေမှာ မနေပါနဲ့။ အပူချိန် ချက်ချင်းပြောင်းလဲတာတွေကို သတိပြုရှောင်ကြဉ်ပါ။ နေဒဏ်၊ လေဒဏ်ကိုလည်း ကာကွယ်ရမယ်နော်။

- နေရောင်ခြည်ဒဏ်က အရေပြားကိုခြောက်သွေ့စေရုံမက အရေးအကြောင်းများလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲမသွားခင် နေရောင်ကာလိမ်းဆေး ကောင်းကောင်းလိမ်းပါ။ ထီး၊ ဦးထုပ်၊ မျက်မှန်စတဲ့ အကာအကွယ်တွေကိုလည်း မမေ့ပါနဲ့။
- ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားကို ခြောက်သွေ့စေပြီး ပင်ပန်းနေတဲ့အသွင်ဖြစ်ပေါ်စေတာမို့ ဆေးလိပ်ကိုရော ဆေးလိပ်ငွေ့ကိုပါ ဝေးဝေးက ရှောင်ပါ။
အာဟာရ အကြံပြုချက်

- အသားအရေ အာဟာရပြည့်စေဖို့ အသီးအရွက်၊ အသား၊ ပဲ အစုံစားပေးဖို့တော့ အသားအရေအမျိုးအစား အားလုံးမှာ လိုတယ်နော်။

- ပဲအမျိုးမျိုးကို များများစားပေးပါ။

- အသီး၊ အရွက်တွေကိုလည်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးပါ။ ရေသေချာဆေးဖို့တော့ လိုမယ်နော်။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ကညွတ် တွေများများစားပေးပါ။ သင့်အသားအရေကို နူးညံ့ပြီး နုပျိုစေတဲ့ အစားအစာတွေပါပဲ။

- သခွားမွှေး၊ မုန်လာဥ၀ါနဲ့ ဆီးသီး တွေဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အရမ်းကောင်းတဲ့ စားစရာတွေ ပါပဲ။ Vitamin A နဲ့ C ကြောင့် အရေပြားကို နူးညံချောမွေ့စေတယ်လေ။

- Vitamin B5 ( Pantothenic acid ) ကြွယ်ဝတဲ့ ချိစ်၊ ဒိန်ချဉ်၊ အစိမ်းရောင်အသီးအရွက်များ၊ ဂျုံနဲ့လုပ်ထားတဲ့အစားစာများ၊ တဆေး စတာတွေကို စားပေးပါ။ Vit B5 ဟာအရေပြားရဲ့ အဆီထုတ်လုပ်မူအတွက် အလွန်အရေးပါလှပါတယ်။

- ရေကို နေ့စဉ် ၂ လီတာခန့် သောက်ပါ။

- ဆီကြော်နဲ့ ပတ်သတ်တဲ့ မုန့်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

-အချိုရည်တွေနဲ့ အသင့်စားစရာတွေကိုလည်း ရှောင်ရမယ်နော်။

-အရက်နဲ့ ကော်ဖီကိုရှောင်ပါ။ ဆီးရွှင်စေလို့ ဆီးခဏခဏသွားပြီး ခန္ဓာကိုယ်ထဲက ရေတွေဆုံးရူံးနိုင်လို့ဖြစ်ပါတယ်။
အထွေထွေ အကြံပြုချက်

- Evening Primrose Oil ပါတဲ့ဆေးတွေသောက်ပါ။ အဲမှာပါတဲ့ Gamma Linolenic acid (GLA) ကအရေပြားဆဲလ်တွေကို ကြံခိုင်သန်စွမ်းစေပြီး အစိုဓာတ်ကိုပြည့်ဝစေတယ်လေ။

- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ လုပ်ဆောင်ချက် အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုတယ်နော်။

- သွေးလှည့်ပတ်မှုကောင်းပြီး အရေပြားက လိုအပ်တဲ့အာဟာရတွေ ရရှိစေဖို့နဲ့ မလိုတဲ့အညစ်အကြေးတွေ သန့်စင်စေဖို့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေးပါ။ ကျွန်တော် ပြောချင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် အပြင်ကို ထွက်သွားအောင်လို့ပါ။

- ခြောက်သွေ့တဲ့အသားအရေအတွက် အလွယ်ဆုံး မျက်နှာပေါင်းတင်ဆေးကတော့ ငှက်ပျောသီး ပါပဲ။ပြီးတော့ သခွားသီး၊ရှားစောင်းလက်ပတ်တို့ပေါ့။ကိုယ့် သန်ရာ ကိုယ်လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ အလွယ်ဆုံး ငှက်ပျောသီး နဲ့ပဲ ပြောပြပါရစေဗျာ။ ငှက်ပျောသီးကို ကျေညက်အောင်ချေပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ် ကြာတဲ့အခါမှာ ရေကြက်အေး ခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရမ်းကြီး ပူလို့လဲ မရပါဘူး။ကဲ....ဘယ်လိုလဲ ကျွန်တော် ပြောတဲ့ နည်းလေးက အရမ်းလွယ်တယ် မဟုတ်လား။
ကဲ.....သူငယ်ချင်းတို့လည်း ခြောက်သွေ့တဲ့အသားအရေအကြောင်းကို တော်တော်သိသွားပြီဆိုတော့ ကိုယ့်ဘာသာ အားတဲ့အချိန်လေး လုပ်ကြည့်ပြီး စိုပြေ၀င်းမွတ်တဲ့ အသားအရေ ပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Myanmar Sky Link မှ ကူးယူထားပြီး စာသားအနည်းငယ်လေးကို ထပ်မံဖြည့်သွင်းထားပါတယ်ဗျာ။
From - (Myanmar Sky Link)

လှချင်သူများ အတွက် ပါ .......



သင့် အသားအရေက သင့်အကြောင်းကို ပြောပြနိုင် ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ် ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လား စတဲ့ အချက်တွေကို သင့် အသားအ...ရေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့် အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန် တစ်မိနစ်၊ နှစ်မိနစ် အတွင်းမှာပဲ သင့် ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။

အရေပြား ကျန်းမာရေးဟာ ခန္ဓာကိုယ် အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့် အသားအရေ ကျန်းမာ လှပရေး အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက် ရပါတယ်။

(၁) မိတ်ကပ်များ နှင့် ဘယ်သောအခါမှ မအိပ်သင့်ပါ

မိတ်ကပ် လိမ်းခြယ် ထားတဲ့ မျက်နှာကို သန့်စင် ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့် ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန် ကြာလာတဲ့ အခါမှာ အသားအရေကို ထိခိုက်စေနိုင် ပါတယ်။ မိတ်ကပ် အကြွင်းအကျန် တွေကြောင့် ချွေးပေါက် ပိတ်တာ၊ အရေပြား ရောင်ရမ်းတာနဲ့ ပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ ဆပ်ပြာနဲ့ ဆေးကြော သန့်စင် ပေးပါ။

(၂) တာရှည် ခံအောင် ပြုပြင်ထားသော အစာများကို လျှော့စားပါ



တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ ပြုပြင်ထားတဲ့ ကောက်နှံစာတွေနဲ့ ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုး မပေးနိုင်ပါဘူး။ ပြုပြင်ထားတဲ့ အစာတွေ စားမယ့် အစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးမှသာ ဗီတာမင်၊ သတ္တုဓာတ် နဲ့ တခြား မရှိမဖြစ် အာဟာရ ဓာတ်တွေ ရရှိပြီး အသားအရေ နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေ ပါတယ်။

(၃) ကောင်းသော အဆီကို စားပါ

အိုမီဂါသရီး ဖက်တီးအက်စစ် ဆိုတဲ့ အဆီကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာကြောင့် အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ ငါးနဲ့ ငါးအဆီ ပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့ အဆီ ဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးသင့် ပါတယ်။

(၄) ဆော်ဒါ အချိုရည်နှင့် အခြား အချိုရည်များကို ရှောင်ပါ

ဆော်ဒါနဲ့ တခြား အချိုရည်တွေမှာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေ ပါတယ်။ ရေကို အလုံအလောက် သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။

(၅) အလှကုန် ပစ္စည်းများ အတွက် ငွေများစွာ မဖြုန်းသင့်ပါ

နုပျို လှပဖို့ အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်း ပစ္စည်းတွေ မျိုးစုံ ရှိနေပါတယ်။ ဈေးကြီးတိုင်း ကောင်းတယ် ထင်ပြီး အများကြီး လျှောက် မဝယ်ပါနဲ့။ သင့် အသားအရေ အမျိုးအစားကို ကျွမ်းကျင်သူနဲ့ စမ်းသပ် စစ်ဆေးပြီး သင့် အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေထိန်း ပစ္စည်းကိုသာ ရွေးဝယ်ပါ။

(၆) ဘယ်သောအခါမှ နေပူဆာ မလှုံသင့်ပါ

ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား ကင်ဆာနဲ့ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု တို့ကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် နေရောင်ခြည် ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင် သွားတိုင်း နေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။ တစ်နှစ်မှာ တစ်ကြိမ် ဦးခေါင်းမှ ခြေဖျား အထိ အရေပြားကို စမ်းသပ် စစ်ဆေးပါ။

(၇) ဝက်ခြံနှင့် မျက်နှာပေါ်က အပြစ် အနာအဆာ များကို လက်ဖြင့် မထိရပါ

မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ် ထိတွေ့တာကြောင့် အဖုအပိမ့်တွေကို ပို ဆိုးစေပြီး အနာကျက် သွားချိန်မှာ အမာရွတ် ထင်ကျန်စေ ပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ရှိနေရင် အရေပြား အထူးကု ဆရာဝန် ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။

(၈) ရေ အမြန်ချိုးပြီး အစိုဓာတ် ထိန်းပါ

ရေကို အချိန် အကြာကြီး ချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ် ခန်းခြောက်စေ ပါတယ်။ ဒါကြောင့် အချိန်တိုတို အတွင်း ရေချိုးပြီး အစိုဓာတ် ရှိနေအောင် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးသင့် ပါတယ်။

(၉) ကိုယ်အလေးချိန်ကို အမြဲ ထိန်းပါ

အရေပြားက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်း တက်သွားချိန်မှာ အရေပြားကို ဆွဲဆန့် လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် ဗိုက်ပူ လာတာကြောင့် အကြောပြတ်ရာ အဖြစ်များ ပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏ မြင့်တက်တာ နဲ့ ရုတ်တရက် ပြန်ကျတာ တွေကြောင့် မျက်နှာ အရေပြားရဲ့ တင်းအား လျော့ကျပြီး အိုမင်းတယ်လို့ ထင်ရစေ ပါတယ်။

(၁ဝ) ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ

ကိုယ့်ကိုယ်ကိုယ် လှတယ် ဆိုတဲ့ ယုံကြည်မှုကို ထားရှိ ပေးပါ။ ယုံကြည်မှုကြောင့် သင့် အလှက ပိုတောက်ပ နေပါလိမ့်မယ်။

သင့် မျက်နှာလေးကို အလှပလေးတွေ တိုးလာအောင် လုပ်ဆောင်ချက်လေး ......


လူတစ်ယောက်ရဲ့ မျက်နှာလေးတစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ
ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။ သွားလေးဆိုလည်း ဖွေ...းနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်းတိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊
ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့
သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်
မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ
သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။


မျက်ကွင်းညိုရင်

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ
့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်
အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်
ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ 
သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ
နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

လူသိနည်းနေသေးသော အလှအပ လျှို့ဝှက်ချက်များ .............



အမျိုးသမီးတိုင်း လိုက်နာဖို့လိုပြီး လုပ်ဆောင်ရလွယ်တဲ့ နည်းလမ်းတွေပါ။ ဒီအချက်တွေက အလှအပအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်နေတာကြောင့် ရေးသားလိုက်ပါတယ်။

(၁) နံပါတ်တစ...် အသားအရေ ထိန်းသိမ်းရေး လျှို့ဝှက်ချက်

ဒီနည်းလမ်းက မျက်လုံးကို ပြင်ဆင်ခြယ်သတဲ့ အမျိုးသမီးတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ညနေဘက် အပြင်ကနေ အိမ်ကို ပြန်ရောက်လာပြီဆိုရင် ဗက်ဆလင်း အလှဆီ (Vaseline) ကိုသုံးပြီး မျက်လုံးပေါ်က မိတ်ကပ်တွေကို ဖျက်သင့်ပါတယ်။ ဒီအလှဆီက မျက်လုံးကို ထိခိုက်မှုမဖြစ်စေဘဲ မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့အရေပြားကို အကာအကွယ်တောင် ပေးနိုင်ပါသေးတယ်။ နှုတ်ခမ်းသားတွေ ကွဲအက်နေရင် ဗက်ဆလင်း အလှဆီကို လိမ်းပါ။ ပြီးရင် သွားတိုက်တံ အဟောင်းတစ်ခုနဲ့ နှုတ်ခမ်းသားတွေကို နှိပ်နယ် ပွတ်တိုက် ပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ရင် နှုတ်ခမ်းသားတွေက ပိုးသားလို နူးညံ့ချောမွေ့သွားမှာပါ။

(၂) အလွယ်ကူဆုံး မျက်လုံးပြင်နည်း

လွယ်ကူမြန်ဆန်တဲ့ မျက်လုံးပြုပြင်နည်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။

အဆင့်(၁) မျက်ဝန်းတစ်ဝိုက်ကို ကွန်ဆဲလာလိမ်းပါ။ ဒါက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

အဆင့်(၂) မျက်ခွံပေါ်က အရေပြားကို သဘာဝအတိုင်း ကြည့်ကောင်းအောင်အိုင်းရှဲဒိုး ခပ်ပါးပါး ခြယ်ပါ။

အဆင့်(၃) ဈေးပေါတဲ့ ခဲတံအမျိုးအစား အိုင်းလိုင်နာကို မသုံးပါနဲ့။ အိုင်းလိုင်နာဘရပ်ရှ်ကို သုံးပါ။ အရောင်ရင့်တဲ့ အိုင်းရှဲဒိုးကို လိမ်းထားရင် အနက်ရောင် အိုင်းလိုင်နာကို သုံးပြီး ခြယ်ပါ။ မျက်ခွံအတွင်းထဲကို အိုင်းလိုင်နာခြယ်ရင် မျက်ဝန်းကို သေးသယောင် ဖြစ်သွားစေပါတယ်။ ဒါကြောင့် မျက်တောင်ကြားမှာပဲ အိုင်းလိုင်နာကို ဆိုးပေးပါ။

အဆင့်(၄) မက်စ်ကာရာနဲ့ မျက်တောင်ကော့ပေးတာက မျက်လုံးကို ပိုကြီးပြီး ပိုတောက်ပစေပါတယ်။ သင့်မျက်တောင်တွေက တိုပြီးဖြောင့်နေရင် မက်စ်ကာရာမသုံးခင် မျက်တောင်ကော့စက်နဲ့ အရင်ကော့ပေးပါ။

(၃) ဆံပင်ကြည့်ကောင်းအောင် ပြုပြင်နည်း

ဆံပင်ပုံက ကြည့်မကောင်းဘူးထင်ရင် ရှုပ်ပွနေတဲ့ ပုံစံမျိုးဖြစ်အောင် ဖွလိုက်ပါ။ ကပိုကယိုနဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ဆံပင်ကို ရှည်လွန်း၊ တိုလွန်းတဲ့ ပုံစံတော့ မထားပါနဲ့။

(၄) လက်ကိုင်အိတ်ထဲတွင် မဖြစ်မနေ ဆောင်ထားသင့်သော အလှကုန်ပစ္စည်း

နှုတ်ခမ်းဆိုးဆေးတောင့် ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေး အဆီ (Lip Gloss) ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်က အသားအရေလည်း လှတယ်ဆိုရင်၊ မနက်ကတည်းက မျက်လုံးကို မက်စ်ကာရာလည်း ဆိုးထားတယ်ဆိုရင် လက်ကိုင်အိတ်ထဲမှာ ဘာမှမပါချင်နေပါစေ၊ နှုတ်ခမ်းဆိုးဆေးတောင့်နဲ့ နှုတ်ခမ်းဆိုးဆေး အဆီကိုတော့ ထည့်ထားသင့်ပါတယ်။ အစာစားလို့ နှုတ်ခမ်းနီ ပျက်သွားရင် နှုတ်ခမ်းဆိုးဆေး ပြန်ဆိုးလိုက်ရုံနဲ့ အလှပြင်ပြီးစ ပုံစံလို ဖြစ်သွားမှာပါ။

(၅) မျက်နှာပေါ်က အပြစ်အနာအဆာ ဖုံးကွယ်နည်း

ကွန်ဆဲလ်လာကို သုံးရမယ်ဆိုတာတော့ သိပြီးဖြစ်မှာပါ။ အသုံးပြုနည်းကတော့ လက်ခလယ်မှာ ဂွမ်းစတစ်စစွပ်ပြီး ကွန်ဆဲလ်လာတို့ကာ ဖုံးချင်တဲ့ အရေပြားပေါ်မှာ ထိတွေ့ပေးပါ။ နေရောင်ကာခရင်မ် လိမ်းသလို၊ ဖောင်ဒေးရှင်း မိတ်ကပ် လိမ်းသလို ပွတ်ပြီးလိမ်းရမှာ မဟုတ်ပါဘူး။

(၆) အံ့အားသင့်စရာ အကောင်းဆုံး အလှအပ လျှို့ဝှက်ချက် နှစ်ရပ်

ပထမ တစ်ချက်က အမျိုးသမီး တစ်ဦးဟာ မိတ်ကပ်လိမ်းတာ နည်းလေလေ၊ ငယ်တယ်လို့ ထင်ရလေလေပါပဲ။ ဒုတိယ တစ်ချက်ကတော့ အသားအရေကို ကောင်းကောင်းထိန်းသိမ်းတဲ့ အလေ့အထဟာ သင့်မျက်နှာကို တကယ်နုပျိုစေပါတယ်။ အသားအရေ ထိန်းသိမ်းရာမှာ နေ့စဉ် နေရောင်ကာ ခရင်မ်လိမ်းတာ၊ အင်တီအောက်ဆီးဒင့်ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာ၊ ညမအိပ်ခင် မိတ်ကပ်တွေကို သေချာဖျက်တာနဲ့ အရေပြား ထိခိုက်ပျက်စီးမှုကို သေချာ ကုသမှုခံယူတာတွေပဲ ဖြစ်ပါတယ်။

ခံတွင်း(အပူကန်)နာများအတွက် အိမ်တွင်းသုံးကုထုံး


အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့  ၀မ်းချုပ်/၀မ်းပုပ်ရှိသူများအဖို့  ယခုလို မိုးအကုန်ဆောင်းဦးစ ရာသီဥတု အကူးအပြောင်းမှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းကအပူအအေးတို့ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့ နောက်မှာတော့ နှုတ်ခမ်းအတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့  နှုတ်ခမ်းအပေါ်တို့ မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။

ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။ (၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့ မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ (၂) အကြီးစားအပူကန်နာက ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာလို့ ခေါ်ကြပါတယ်။ (၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။

ခံတွင်း(အပူကန်)နာရဲ့ ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့ မဟုတ်) အစာဝါးတဲ့အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ်တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့ မစိုးရိမ် ရဘဲ ရေ၀၀သောက် ၀မ်းနှုတ်ဆေးစားလိုက်ရုံနဲ့  အနာပျောက်ကင်းသွားပါတယ်။ အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ်-ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့  ချို့ တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်းသန့် ရှင်းမှုအားနည်းခြင်း၊ မတော်တဆသွားနဲ့ ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ ကြောင့်လဲ ခံတွင်းနာဖြစ်တတ်ပါတယ်။

(၁) အုန်းနို့ ရည်က ခံတွင်းအပူကန်နာများနဲ့  ခံတွင်းနာအမျိုးမျိုးတို့ အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။ အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့ လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂) တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့ လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂) တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့ အဆိုအမိန့် အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။ ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့် ကို တနေ့  ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့ မ ဟုတ်) ပဲနံ့ သာပင် အစေ့ နဲ့ ပင်စိမ်းရွက်တို့ ကို ရော၍၀ါးစားပေးပါ (သို့ မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့  ၄-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။ (ပဲနံ့ သာပင်အစေ့ ကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်)

(၃) ခံတွင်းအပူနာများအတွက် အနီရောင်ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။ (သို့ မဟုတ်) ခရမ်း ချဉ်သီး သတ္တုရည်ဖြင့် အပူနာတို့ ကို လိမ်းပေးပါ။

(၄) နနွင်းမှုန့်  ၂-ဆကို အလှဆီရည် ၁-ဆ နဲ့ ခပ်ပျစ်ပျစ်ရောနယ်ပြီး ခံတွင်းနာပေါ်သို့ လိမ်းပေးပါ။ (သို့ မဟုတ်) နနွင်းမှုန့်  လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏကို ပျားရည်စစ်စစ် ဇွန်းဝက်ခန့် မျှ ရောနယ်ပြီးတော့ ခံတွင်းနာပေါ်သို့ လိမ်းပေးပါ။ (အလှဆီရည်ကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်ပါတယ်)

(၅) ဇီးဖြူသီးကို အစေ့ဖယ်ကျိတ်ချေ၍ ရလာတဲ့ ဇီးဖြူသီးသတ္တုရည်က အပူကန်ခြင်းကြောင့်ဖြစ်လာတဲ့ ခံတွင်းနာများကို အမြန်ဆုံး သက်သာစေတာကြောင့် ၄င်းသတ္တုရည်ဖြင့် တစ်နေ့  ၂-ကြိမ်ကျ လိမ်းပေးပါ။

(၆) ရေခပ်နွေးနွေး ၁-ဖန်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်း ရော၍၊ ၂၅ -စက္ကန့် လောက် ခံတွင်းထဲ ငုံထားပါ။ ပြီးမှ ထွေးထုတ်ပေးပါ။ ဒီနည်းက အနာရောင်ကိုင်းခြင်းကို သက်သာစေတဲ့အပြင် ပိုးမ၀င်အောင်လဲ အထောက်အကူဖြစ်စေပါတယ်။

(၇) လ္ဘ္ဘက်ရွက်အဆီ(tea tree oil) ကို အပူကန်နာပေါ်သို့  အသာအယာပွတ်လိမ်းပေးခြင်းဖြင့် အနာနီရဲရောင်ကိုင်းခြင်းကို လျော့ပါးသွားစေပါတယ်။(tea tree oil တွေကို City Mart ဆိုင်များမှာ ရရှိနိုင်ပါတယ်)

(၈) cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်လေးက အပူကန်ခံတွင်းနာခြင်းတွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်း သွားစေနိင်လို့ ၊ cranberry သီးဖျော်ရည် ငုံပေးပါ။ (အသင့်သောက် cranberry သီးဖျော်ရည်ဗူးလေးတွေကို City Mart ဆိုင်များ မှာ ရရှိနိုင်ပါတယ်)

(၉) ရေအေး နဲ့  ရေခပ်နွေးနွေးတို့ ကို တလှည့်စီ အာလုပ်(ပလုပ်)ကျင်းပါ။ လတ်ဆတ်တဲ့နွားနို့ အစိမ်း(သို့ မဟုတ်)အုန်းစိမ်းရည် တို့ ဖြင့် တနေ့ လျှင် ၄-ကြိမ် လောက် အာလုပ်(ပလုပ်)ကျင်းပါ။

(၁၀) အပူကန်နာအပေါ် ရေခဲတုံးလေး ကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေတဲ့အပြင်၊ ရောင်ကိုင်းခြင်းတို့ ကိုပါ ပြေလျော့ သွားစေပါတယ်။

(၁၁) အပူကန်နာများအတွက် ရှားစောင်းလက်ပပ်က လွန်စွာကောင်းကျိုးပြုပါတယ်။ ရှားစောင်းလက်ပပ်အနှစ်(ဂျယ်လီ) စားပွဲ တင်ဇွန်း ၂-ဇွန်းကို ခံတွင်းနာပေါ်သို့  အုံပေးလိုက်ရုံပါဘဲ။

(၁၂) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဥပမာ…ဟင်းနုနယ်/ကန်စွန်းရွက်/ပဲသီး(ခေါ်)ပဲတောင့်ရှည်/ပဲစောင်းဝါးသီး.. စတာတွေကို ကြက်သွန်နီများများထဲ့၍ သုပ်စားခြင်းက အပူကန်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းနာတွေကို သက်သာစေပါတယ်။

(၁၃) ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သွားဖုံးနဲ့ ခံတွင်းနာအမျိုးမျိုးတို့ အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။

(၁၄) ပင်စိမ်းရွက်အဆီကို အနာပေါ်သို့  ခပ်ဖွဖွစိမ့် ဝင်အောင် မကြာမကြာလိမ်းပေးခြင်းဖြင့် ထိုအပူနာ ရောင်ကိုင်း၍နာကျင် ခြင်းတို့ ကို ကောင်းစွာကုသပေးနိုင်ပါတယ်။

(၁၅) နွယ်ချို နဲ့ သလဲသီးတို့ ကလည်း အပူကန်ခြင်းကို ကုသပေးနိုင်ပါတယ်။ ၄င်း တမျိုးစီကို စား၍သော်လည်းကောင်း၊ တမျိုး စီကို ခံတွင်းနာပေါ်သို့ အုံပေး၍သော်လည်းကောင်း (သို့ မဟုတ်) ၄င်း နှစ်မျိုးစလုံးကို ခပ်ပျစ်ပျစ်ရောနယ်၍ ခံတွင်းနာပေါ်သို့  အုံပေး၍သော်လည်းကောင်း စသည်ဖြင့် အဆင်ပြေသလို ပြုလုပ်ပေးပါ။

(၁၆) အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးဝင်တဲ့အပြင်၊ ခံတွင်းထဲမှာ ကြံရည်ငုံပေးခြင်း အပူနာတွေကို အချိန်တိုအတွင်းမှာ ချပ်ရပ်သွားစေနိုင်ပါတယ်။

အထက်ဖော်ပြပါ အိမ်တွင်းကုထုံးလေးတွေက ခံတွင်းအပူကန်နာဖြစ်ခြင်းကို ၈-ရက် (သို့ မဟုတ်) ၁၀-ရက်ခန့် အကြာမှာ ပျောက်ကင်းသွားစေပါတယ်။ ကုထုံးလေးတွေသုံးနေတာတောင် ၁၀-ရက်ကြာတဲ့အထိ မပျောက်တဲ့ အပြင် အခြေအနေပိုဆိုး လာပါက၊ ဆရာဝန်နဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။ “အပ်နဲ့ ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ ထွင်းမခံရလေအောင် ” ကျမ္မာရေးအမြင်ရှိဖို့ လိုပါကြောင်း။

သွားဖြူချင်သူများ အတွက်

သွားဖြူချင်သူများ အတွက်သွားမျက်နှာပြင်ပေါ်မှာ မြင်ရတဲ့ အရောင်တွေက External Stainနဲ့ Internal Stain ဆိုပြီး နှစ်မျိုးရှိတဲ့ အနက် ကွမ်းစားထားတဲ့ သွားတွေဆိုရင် ပြင်ပ အစွန်းအထင်း(External Stain) အနေ နဲ့ အနီရောင်၊ အနက်ရောင်၊ အညို ရောင်စသဖြင့် မြင်ရတတ်ပါတယ်။ အဲဒီ လို မြင်ရတဲ့ ကွမ်းချေးတွေကို Abrasive နည်းနဲ့ ဖြစ်စေ၊ Ultrasonic Scalar နည်းနဲ့ ဖြစ်စေ ခြစ်ထုတ်ပြီး ဖြူစင်အောင် ပြုပြင်လို့ ရပါတယ်။

သွားဖြူစင်အောင်

သွားဖြူအောင် အပြင်မှာ ပြုပြင်တဲ့ နည်းနဲ့ အတွင်းမှာ ပြုပြင်တဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ အပြင်မှာ ပြုပြင်တဲ့ နည်းဆိုတာ ကတော့ အပြင်မှာ ရှိနေတဲ့ သွားအရောင် အဆင်း အညို၊ အဝါ၊ အ မည်း၊ အစင်းတွေကို ခြစ်ထုတ်တဲ့နည်း ပါ။ ဒါက သာမန်သွားတိုက်တဲ့ နည်းနဲ့ တူပါတယ်။ အတွင်းမှာ ပြုပြင်တဲ့နည်းကတော့ အိမ်မှာ ဖြူနေတဲ့အကျÐတွေ ညစ်ပေနေ ရင် ဆပ်ပြာနဲ့ စိမ်ပြီး ကြေးချွတ်လို့ မပြောင်တဲ့အခါ မဲနယ်ဆိုးရသလိုပဲ သွားရဲ့အတွင်း ပိုင်းမျက်နှာပြင်တွေကို ပုံစံယူစနစ်နဲ့ သွားမျက်နှာပြင်ကို ဖြူ အောင် လုပ်လို့ ရပါတယ်။

သွားအရောင်ခြင်း မတူညီကြ

လူတစ်ဦးနဲ့ တစ်ဦး သွားအရောင်ချင်း မတူညီကြပါဘူး။ တချို့က သွားဖြူပြီး တချို့က သွားဝါကြ ပါတယ်။ စားတဲ့ အစားအစာ ကလည်း တစ်ယောက်နဲ့ တစ် ယောက် မတူတာကြောင့်ပါ။ တစ်ယောက် က ကိုကာကိုလာ ကြိုက်တယ်။ တစ် ယောက်က လက်ဖက်ရည်ကြိုက် . စသဖြင့် စားသောက်တဲ့ အစား အသောက်က မတူတဲ့ အတွက် ထွက်ရှိ လာတဲ့ သွားရဲ့ မျက်နှာပြင်က အရောင် မတူတာပါ။ တကယ်တော့ သွားဆိုတာ လုံးဝအဖြူမဟုတ်ဘဲ ဖြူသလိုလို၊ ဝါသ လိုလို၊ ညိုသလိုလို၊ ဖြူနီသလိုလို၊ ဝါညို သလိုလို ဖြစ်တတ်တဲ့ အတွက် လူ တစ်ယောက်နဲ့ တစ်ယောက် အရောင် မတူနိုင်ပါဘူး။

သွားများတွင် မလိုလားအပ်သော အရောင်အဆင်း မရှိအောင်

သွားမှာ အစင်းတွေ၊ အမည်းတွေကို သေချာ ဂရုစိုက်ကြည့်ရှုပြီး ဒါက သွားပိုး စားတာကြောင့်လား၊ ကျောက်ရှိနေတာ လား ဆိုတာ ခွဲခြားရပါမယ်။ သွားပိုးစား နေတာဆိုရင် သွားမျက်နှာပြင်က အ ပေါက်တွေကို ဖာထေးသင့်ရင် ဖာထေး ပေးရပါမယ်။ သွားမှာ ရှိနေ တာက ကျောက် ဆိုရင် ခြစ်ထုတ်ပြီး သွားမျက်နှာပြင်ကို လှပအောင် ပြင်ရမှာပါ။

ဆေးဝါးကြောင့် ဝါနေသော သွားဖြူအောင်

သွားအရောင် ဝါတဲ့အပေါ် မူတည်ပြီး အရောင်ဖြူတာကို မက်မောသူတွေကို သွားအရောင်ဖြူအောင် ပြောင်းလဲယူ လို့ရပါတယ်။ သွားအရောင်ကို ပြောင်း လို့ ရနိုင်တဲ့နည်းတွေက Bleaching (အ ရောင်ချွတ်တဲ့နည်း) နဲ့ သွားမျက်နှာပြင် ကို အုပ်တဲ့နည်းတွေပဲ ဖြစ်ပါတယ်။ အရောင်ချွတ်တဲ့နည်းကတော့ လိုချင်တဲ့ အရောင်အတိုင်းအတာအထိ မရနိုင် ပါဘူး။

မျိုးရိုးအရ သွားဝါနေခဲ့လျှင်

 မျိုးရိုးကြောင့် သွားဝါနေခဲ့ရင် လိုချင်တဲ့ အရောင်ကို ရအောင် ဖုံးအုပ်တဲ့ နည်းနဲ့ ရယူနိုင် ပါတယ်။ ဒီလို ပြုပြင်တာက ကုသမှုလုပ်တာ မဟုတ်ပါဘူး။ အလှဆင် တာ ဖြစ်ပါတယ်။ အလှဆင် ရာမှာ ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိပါ တယ်။ သွားဝါတဲ့ အတိမ်အနက် ရာခိုင် နှုန်းနဲ့ မျက်နှာ အလှအပအပေါ် မူတည် ပြီး ပြုပြင်သင့် ပါတယ်။ သွားဝါတဲ့ ရာခိုင် နှုန်းက များပြီး မျက်နှာ အနေအထားနဲ့ သွားဖွဲ့စည်းတည်ရှိပုံက လှနေရင်တော့ ပြုပြင်သင့်ပါတယ်။ သွားဝါတဲ့ အနေ အထားက နည်းပြီး မျက်နှာအနေ အထား ကလည်း မလှ၊ သွားအနေ အထားက လည်း မမှန် ဆိုရင်တော့ မပြုပြင်သင့်ပါ ဘူး။ 

By Good Health

နုပျိုစေမည့် လျို့ဝှက်ချက် သုံးရပ်

နုပျိုစေမည့် လျို့ဝှက်ချက် သုံးရပ် အသားအရေ နုပျိုတင်း ရင်းစေဖို့အ တွက် မျိုးဗီဇကလည်း အရေးပါတဲ့ အချက်ဖြစ် ပါတယ်။ အရေးပါတဲ့ နောက် တစ်ချက်ကတော့ ဘဝနေထိုင် စားသောက် မှုပုံစံပဲ ဖြစ်ပါတယ်။

လျို့ဝှက်ချက် (၁)

အရေးကြောင်း ကင်းဝေးဖို့ လျှို့ဝှက် ချက်တစ်ခုက နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်မထိတွေ့အောင် ရှောင်ရှားဖို့ ပဲ ဖြစ်ပါတယ်။ အပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင်မ်ကို အမြဲလိမ်းပေးဖို့ လိုပါတယ်။ တိမ်ထူတဲ့နေ့ရက်တွေမှာ တောင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင် ခြည်ဟာ အရေပြားထဲကို ထိုးဖောက်ဝင် ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေ နိုင်တာကြောင့် အရေးကြောင်းပါးပါးထင် တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင် ပါတယ်။ နေရောင်ကာခရင်မ်ကို လိမ်းတဲ့ အခါမှာ မျက်နှာကိုသာမက လည်ပင်းကို ပါ လိမ်းပေးဖို့ လိုပါတယ်။

လျို့ဝှက်ချက်(၂)

အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျှို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အ ရက်ကို ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ နေရောင် ခြည်ဒဏ်ခံရတာက အသားအရေအ တွက် အဓိက ရန်သူဖြစ်ပြီး ဆေးလိပ် သောက်တာက အရေးကြောင်းဖြစ်စေ တဲ့ ဒုတိယအကြောင်းရင်းပါ။ ဆေးလိပ် သောက်တာ နှစ်ပေါင်းများစွာ ကြာလာ ရင် နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်း ထင်နိုင်ခြေ များပါတယ်။ အကြောင်းက တော့ စီးကရက်မီးခိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြားအသစ်ပြန်ဖြစ်တဲ့ သဘာဝဖြစ် စဉ်ကို အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဆဲလ်ဟောင်းတွေ ပျက်ပြီး ဆဲလ်သစ် တွေအစားထိုးတဲ့ ဖြစ်စဉ်လျော့နည်းတာ ကြောင့် အရေပြားထိခိုက်ပျက်စီးရတာ ဖြစ်ပါတယ်။ အယ်လ်ကိုဟောကလည်း အရေ ပြားရဲ့ အစိုဓာတ်တွေကို ယုတ်လျော့သွား စေပြီး ရေဓာတ်ခန်းခြောက်ကာ နုပျိုတဲ့ တောက်ပမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အစိုဓာတ်ဟာ အရေပြားဆဲလ်တွေကို တင်းရင်းစေပြီး ကျန်းမာလှပစေပါတယ်။ တစ်နေ့မှာ ဝိုင်တစ်ဖန်ခွက် သောက်တာ က အသားအရေကို မထိခိုက်စေပေမယ့် ပုံမှန်အလွန်အမင်း သောက်နေရင် ထိ ခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်မှ၊ အရက်သောက် မှ အပန်းပြေတယ်လို့ ခံစားရရင် လေ့ ကျင့်ခန်းလုပ်တာကို အစားထိုး ဆောင် ရွက်ကြည့်လိုက်ပါ။ သင့်အသားအရေ က ပိုမိုကြည့်ကောင်းလာတာကို တွေ့ရ ပါလိမ့်မယ်။ အကြောင်းကတော့ လေ့ ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ် မှုကို ကောင်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။

လျို့ဝှက်ချက် (၃)

အသားအရေ နုပျိုတင်းရင်းစေဖို့ တတိယလျှို့ဝှက်ချက်က သင့်ပန်းကန် ပြားပါ။ သင်စားတဲ့အစာထဲမှာ အင်တီ အောက်ဆီးဒင့် များများပါတဲ့ အစာတွေ ပါဝင်နေရင် အသားအရေက ပိုမိုလှပ ကြည့်ကောင်းနေပါလိမ့်မယ်။ အဖြူ ရောင်သကြားတွေကို လျှော့စားပြီး လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင် နဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ လက်ဖက်စိမ်းလက် ဖက်ရည် ဒါမှမဟုတ် ရေကို များများ သောက်ပါ။ ဒီလို စားသောက်တာက အ ရေပြားကို အိုမင်းစေတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးနိုင်တာကြောင့် အ သားအရေမှာ အရေးကြောင်းကင်းပြီး နု ပျိုတင်းရင်းလှပစေပါတယ်။

By Good Health

"/နှုတ်ခမ်းသား-တွေမည်းနေလို့  ....စိတ်မညစ်စေလို..."

Image and video hosting by TinyPic
နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အ၀တ်အစားအရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသားအ ရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။
အချို့  အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာတတ်ကြပါတယ်၊ အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ် လွန်စွာသောက်သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲအထွက်များ၍ နေ လောင်ခြင်း၊ ရေနွေး၊ ဟင်းချို …စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုး ဆေးအန္တရာယ၊် ရောဂါတစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ တန်ပြန်သက်ရောက်မှု…စတာတွေကြောင့် နှုတ်ခမ်း သားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြပါနဲ့ ။
ဟောဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ (သကြားနဲ့ ပွတ်ပါ) နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။
လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့် ဖြူဖြူလေးတွေကို ထောပတ်နဲ့ ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်း သား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။
(မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်)Beetroot ကိုသုံးပါ) သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေကအရေ ပြားပေါ်ရှိဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊
နှုတ်ခမ်းသာမည်းခြင်းကို တဖြည်းဖြည်းလျော့ပါးသွားစေပါ တယ်။
(သံလွင်ဆီလိမ်းပါ) အသားအရေကိုကောင်းကျိုးပြုကာ အာဟာရတန်ဖိုးမြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အ စက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။
(နှင်းဆီပွင့်ချပ်လေးတွေသုံးပါ) နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။
(စတော်ဘယ်ရီသီးတွေနဲ့ ပွတ်ပါ) စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသားမည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။ အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့ နဲ့  ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့် အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)
(သလဲသီးသုံးပါ)သလဲသီးကိုအစေ့ဖယ်ပြီးနောက်ရလာတဲ့အသားဖတ်လေးတွေကို ထောပတ်နဲ့ နယ်`၍၊
နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ ညအိပ်ယာဝင်ခါးနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။
(ဆားနဲ့ ပွတ်ပါ) အိမ်သုံးဆားမှုန်လေးတွေကို နွားနို့  နဲ့ ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)
(ရှားစောင်းလက်ပပ်ဂျယ်လီသုံးပါ) မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလအရောင်ပြန်ရစေဖို့ အတွက် ရှားစောင်းလက်ပပ်ဂျယ်လီ က အကောင်းဆုံးသမားတော်ဖြစ်ပါတယ်။
အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။
(ဌက်ပျောသီးသုံးပါ) ဌက်ပျောသီးမှည့်မှည့်ကို နွားနို့ ၊ ပျားရည်တို့ ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့ စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ ခံစားရပါလိမ့်မယ်။
Credit: ပေါက်ပေါက်

အထီးကျန် စိတ်ရောဂါသည် များဘဝကို နားလည်ပေးပါ

Image and video hosting by TinyPic
မိဘများသည် သားသမီးမွေးဖွားသောအခါ ရှေးဦးစွာကိုယ်လက်အင်္ဂါစုံရဲ့လားဟု စစ်ဆေးကြည့်ကြ သည်။ ကိုယ်လက်အင်္ဂါစုံသည်ကိုတွေ့ရမှ ပြုံးနိုင်ပျော်နိုင် စိတ်ချနိုင်ကြသည်။ တကယ်တမ်းအားဖြင့် ရုပ်လှသည်၊ မလှသည်မှာ အကြောင်းမဟုတ်။ ကိုယ်လက်အင်္ဂါစုံလင်ရေးသည်သာ အဓိကဖြစ်သည်။ ကိုယ်လက်အင်္ဂါစုံမှ လူတန်းစေ့ဖြစ်သည်။
လူတွင်ကိုယ်လက်အင်္ဂါစုံရေးသည်အရေးကြီးသည်။အင်္ဂါချို့ယွင်းလျှင်လူတန်းစေ့သူမဖြစ်နိုင်။ မွေးဖွားလာသောအခါ ပြင်ပအင်္ဂါစုံ-မစုံကို သာမန်မျက်စိဖြင့်ကြည့်၍ ရနိုင်သော်လည်း စိတ်အင်္ဂါကို ကားသာမန်မျက်စိဖြင့် ရုတ်တရက်မသိနိုင်။ တဖြည်းဖြည်းမှသိနိုင်သည်။စိတ်အင်္ဂါချို့ယွင်းသည်တွင်လည်းဆိုးဆိုးရွားရွားရှိသကဲ့သို့ ကာယကံရှင်နှင့်တကွ သက်ဆိုင်ရာအနီးကပ်ပတ်ဝန်းကျင်တို့က နား လည်လျှင်ထိုချို့ယွင်းချက်ကို ကုစားနိုင်သည်။ ဥပမာ အထီးကျန်စိတ်ရောဂါမျိုးဖြစ်သည်။

Autism Spectrum Disorder (ASD) သည်အထီးကျန်စိတ်ရောဂါဖြစ်သည်။ ယင်းသည်ကလေးဘဝ ကတည်းက တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ရောဂါဖြစ်သည်။ အမေရိကန်တွင် ထိုရောဂါ ဖြစ်သည့်နှုန်းမြင့်လျက်ရှိသည်။ လက်ရှိအနေအထားအရ ကလေး ၆၈ ယောက်တွင် တစ်ယောက်ဖြစ် နေသည်ဟုဆိုသည်ကို ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) အလိုအရသိရ၏။
ကလေးများတွင် အထီးကျန်စိတ်ရောဂါဖြစ်ရခြင်းနှင့်ပတ်သက်၍ CDC တွင် ကလေးမိဘများနှင့် သိပ္ပံ ပညာရှင်တို့ အချေအတင်ငြင်းခုံဆွေးနွေးမှု အပြင်းအထန်ဖြစ်နေသည်။ ကလေးများအထီးကျန်စိတ်ဖြစ် ရသည်မှာ ရောဂါကာကွယ်ဆေးများထိုးသောကြောင့်ဟု ကလေးမိဘများက စောဒကတက်သည်။ သိပ္ပံပညာရှင်များကလည်း ထိုစွပ်စွဲချက်ကို ငြင်းဆိုကြသည်။
Fast Company က ဗီဒီယိုဇာတ်ကားတစ်ကား ထုတ်လုပ်လိုက်သည်။ ယင်းမှာ လူသရုပ်ဆောင်ဇာတ် ကားမဟုတ်ဘဲ အရုပ်သရုပ်ဆောင် (animation) ဇာတ်ကားဖြစ်သည်။ ကလေးတစ်ယောက်၏ စိတ်ခံ စားမှုအတွေ့အကြုံကို စိတ်ကူးပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။ ဇာတ်ကားတွင်အသံများက ကျယ်လောင်သည်။ ဖရိုဖရဲပရမ်းပတာလည်း ဖြစ်နေသည်။ မြင်ကွင်းများမှာလည်း ရုတ်ခြည်းပြောင်း သွားသည်။ အရုပ်များကချာလည်ပတ်လည်လည်နေသည်။ အရောင်များကတောက်ပနေသည်။ အရာ ဝတ္ထုများနှင့် သက်ရှိသတ္တဝါများပုံကို ထင်ထင်ရှားရှားပြတ်ပြတ်သားသား မမြင်ရ။
မှုန်ဝါးဝါးသာမြင် တွေ့ရသည်။သို့သော်အချို့သောအစိတ်အပိုင်းများကိုထင်ထင်ရှားရှားပြတ်ပြတ်သားသား တွေ့ရ သည်။ ကြောင်ဆိုလျှင် နှာခေါင်းနှင့်နှုတ်ခမ်းမွှေးများကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားတွေ့ရ သည်။ ခွေးဆိုလျှင် နှုတ်သီးနှင့်လျှာတို့ကို ထင်ထင်ရှားရှားတွေ့ရသည်။
အထီးကျန်စိတ်ရောဂါရှိသောကလေးသည်စိတ်အာရုံခံစားမှုတွင်မနိုင်ဝန်ကိုသယ်ယူနေရသကဲ့သို့ ဖြစ်နေသည်။ တလောကလုံးကို စိတ်ခံစားမှုတွင် မနိုင်မနင်းဖြစ်နေသည်။ သို့ဖြစ်၍ လောကအပေါ် ကျေကျေနပ်နပ်မရှိ။ ကသိကအောက်ဖြစ်နေသည်။
“ကျွန်တော်တို့ကဒီဗီဒီယိုကိုစိတ်အထီးကျန်ရောဂါရှိနေတဲ့ကလေးရဲ့ဘဝကိုရိပ်ခနဲ၊ဖျတ်ခနဲမြင်တွေ့ စေချင်လို့ စီစဉ်တင်ဆက်တာပါ။ ပိုပြီးသည်းခံမှုနဲ့ နားလည်မှုတွေရှိလာရင် အထီးကျန်စိတ်ရောဂါရှိနေ တဲ့ကလေးအဖို့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုဖြစ်လာစေချင်လို့ပါ” ဟု ထို animation ဗီဒီယို ထုတ်လုပ်သူ မစ္စဖာနန်ဒက်ဇ်နှင့် မစ္စတာဘားနာ့ဒ်တို့က ဆိုသည်။
အထီးကျန်စိတ်ရောဂါ၏ သဘောသဘာဝကို နားလည်နိုင်စေရန် အထောက်အကူပြုမည့် ယခုဗီဒီယို ကဲ့သို့သောအရာများကို အတိတ်ကာလများကလည်း ဖန်တီးခဲ့ကြဖူးသည်။ အထီးကျန်စိတ်ဝေဒနာ ခံစားနေရသူတစ်ယောက်ကိုကိုယ်ချင်းစာနားလည်ပေးရေးမှာလွယ်ကူသောကိစ္စမဟုတ်ပါဟု ဒေါက်တာပေါလ်ဝမ်က ဆိုသည်။ သူသည် Autism Speaks ဌာနမှ ဆေးဘက်ဆိုင်ရာ သုတေသန အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ Autism Speaks သည် အထီးကျန်စိတ်ရောဂါသည်များကို အားပေး သည့်အဖွဲ့ဖြစ်သည်။
“အခုကျွန်တော်တို့တင်ဆက်တဲ့ animation ဗီဒီယိုဟာ အထီးကျန်စိတ်ဝေဒနာ ရှိနေတဲ့ကလေး အန္တရာယ်မကင်းတဲ့ အာရုံခံစားမှုတွေ ဘယ်လောက်ရှိနိုင်တယ်ဆိုတာကို သရုပ်ဖော် ထားတာပါ။ အထီးကျန်စိတ်ရောဂါရှိတဲ့ ကလေးနဲ့နေရတဲ့အခက်အခဲတွေကို လူတွေပိုပြီးနားလည် အောင်အထောက်အကူပြုနိုင်ပါတယ်” ဟု ဒေါက်တာပေါလ်ဝမ်ကဆိုသည်။
မစ္စဖာနန်ဒက်ဇ်နှင့် မစ္စတာာဘားနာ့ဒ်တို့ ထုတ်လုပ်လိုက်သည့် animation ဗီဒီယိုကဲ့သို့သော အထီး ကျန်ရောဂါဆိုင်ရာ ဗီဒီယိုလည်းရှိသည်။ ယင်းမှာ Carly’s Voice အမည်ရှိ ဗီဒီယိုဖြစ်ပါသည်။ အထီး ကျန်စိတ်ဝေဒနာအပေါ် အနိုင်ယူနည်းကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ အသက် ၁၇ နှစ်ရှိ ကာလီဖ လေခ်ျမင်းနှင့်သူမ၏ဖခင်တို့ရေးသား ထားသည့် စာအုပ် တစ်အုပ်မှ ကောက်နုတ် သရုပ်ဖော် ထားခြင်းဖြစ်ပါသည်။
မစ္စဖလေးခ်ျမင်းသည် အသက်နှစ်နှစ်သမီးအရွယ်ကတည်းက အထီးကျန်စိတ်ရောဂါ ဆိုး ဆိုးရွားရွားရခဲ့သည်။ စကားမပြောသော အထီးကျန်စိတ်ဝေဒနာကို ခံစားနေရခြင်းဖြစ်ပါသည်။ မစ္စဖလေးခ်ျမင်းသည် ကလေးစိတ်ထက်ပို၍ရင့်ကျက်သော စိတ်အခြေအနေအဆင့်သို့ ဘယ်သော အခါမှဖွံ့ဖြိုးတိုးတက်လာမည်မဟုတ်ဟု ဆရာဝန်များက တွက်ဆထားကြသည်။ သို့ရာတွင်ဖလေးခ်ျ မင်းသည် အသက် ၁၀ နှစ်အရွယ်၌ လောကနှင့်ဆက်သွယ်ရန် လက်နှိပ်စက်စရိုက်ခဲ့သည်။ ယင်းမှာ အထီးကျန်စိတ်ရောဂါအပေါ် ဖလေးခ်ျမင်း၏ အောင်မြင်မှုဖြစ်သည်။
ထိုအောင်မြင်မှုနှင့်ပတ်သက်၍ မစ္စဖလေးခ်ျမင်း၏ အဆိုကိုကိုးကားပြီး မစ္စဖာနန်ဒက်ဇ်နှင့် မစ္စတာဘားနာ့ဒ်တို့က သူတို့၏ဗီဒီယို အောက်ခြေတွင် “ကျွန်မအထီးကျန်စိတ်ရောဂါသည်မဖြစ်ချင်ပါ။ ဒါပေမဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ်လို့ ကျွန်မစိတ်မကောင်းမဖြစ်ပါဘူး။ ဒါကိုနားလည်ပေးပါ” ဟုမှတ်ချက်ရေးထားသည်။
တကယ်တော့ အထီးကျန်စိတ်ရောဂါသည်ဘဝ ဆုံးရှုံးရလောက်သော စိတ်ရောဂါမဟုတ်ပါ။ ဤရောဂါ ၏သဘောသဘာဝကို ကာယကံရှင်ကိုယ်တိုင်နှင့် မိဘညီအစ်ကိုမောင်နှမကဲ့သို့သော အနီးကပ်နေသူ များနားလည်ဖို့ လိုပါသည်။ ထိုသို့နားလည်ပြီး ပြုပြင်ပြောင်းလဲယူမည်ဆိုလျှင် ဘဝဆက်လက်ရှင်သန် နေနိုင်သည်ဆိုသည်ကို မစ္စဖလေးခ်ျမင်းက သက်သေပြနေပေသည်။ ဖလေးခ်ျမင်းသည် အထီးကျန် စိတ်ရောဂါခံစားနေရုံမျှမက စကားပင်မပြောနိုင်ပေ။ သို့သော် ဖလေးခ်ျမင်းကား ရှင်သန်လျက်. . .။
Credit :  Democracy Today Daily

အလှအပရေးရာ အတွက် ရှောက်သီးကို ဘယ်လို အသုံးပြုမလဲ

Image and video hosting by TinyPic
ရှောက်သီးဟာ အသားအရေနဲ့ ဆံပင် အတွက် လွန်စွာ ကောင်းကျိုး ပြုသလို ရှောက်သီးဟာ အလှအပ အတွက် များစွာ အကျိုးရှိပါတယ်။
၁။ အစိုဓာတ်ထိန်း ခရင်မ်
အုန်းရည် အနည်းငယ်နဲ့ ရှောက်ရည် အနည်းငယ်ကို ရောစပ်ပါ။ အုန်းရည်က အသားအရည်ကို အစိုဓာတ် ထိန်းပေးပြီး ရှောက်ရည်က အသားအရည်ကို ကြည်လင် ၀င်းလက် စေပါတယ်။
၂။ တံတောင်ဆစ်နှင့် ဒူးခေါင်း ဂျီးချွတ်ဆေး
ညိုမည်းနေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေကို ရှောက်သီး တစ်ခြမ်းနှင့် ပွတ်တိုက်ပေးပါ။ ဖြူဝင်း လာပါလိမ့်မယ်။

၃။ အမည်းစက် ပျောက်ဆေး
ရှောက်သီးတွေဟာ ဘတ်တီးရီးယားတွေကို တိုက်ဖျက် နိုင်တာကြောင့် ၀က်ခြံ ပျောက်ကင်း စေပါတယ်။ ၀က်ခြံကြောင့် ဖြစ်တဲ့ အမည်းစက် နေရာတွေကိုလည်း ရှောက်ရည် လိမ်းပေးပါက အမည်းစက်တွေ မှေးမှိန် သွားပါလိမ့်မယ်။
၎။ မျက်နှာသန့်စင် ဆေးရည်
ပေါင်းခံရေ (၆) အောင် စလောက်ထဲမှာ ရှောက်ရည် (၂) စက်နဲ့ လက်ဖက် အနှစ်အဆီကို ရောပါ။ ရောစပ်ထားတဲ့ အရည်ကို ၀ါဂွမ်းဖြင့် တိုနာကဲ့သို့ လိမ်းနိုင်ပါတယ်။
၅။ သွားဖြူဆေး
ရှောက်ရည်နဲ့ မုန့်ဖုတ် ဆော်ဒါကိုရောပြီး ၀ါဂွမ်းနဲ့ သွားတွေကို သုတ်လိမ်းပါ။ ထိုနောက် သွားပွတ်တံနဲ့ သွားတိုက်ပြီး ပလုတ် ကျင်းလိုက်ပါ။ ဒီနည်းဟာ သွားဆရာဝန်ထံ သွားတာ ထက်တောင် ပိုထိရောက်ပါတယ်။
၆။ အနာအရောင် ကျဆေး
ရောင်ကိုင်းနေသော အနာကို ရှောက်ဆီ လိမ်းပေးပါက အနာမြန်မြန်ကျက် လွယ်ပါတယ်။
၇။ အသားအရေ ဖြူဝင်းဆေး
ရှောက်သီးတွေမှာ VITAMIN C နဲ့ CITRIC ACID ကြွယ်ဝတာကြောင့် အချိန်ကြာကြာ အသုံးပြုရင် အသားအရေကို ဖြူဝင်း လာစေပါတယ်။ ရှောက်သီးဟာ အရေပြားပေါ်က အမည်းစက်တွေနဲ့ နေလောင်ကွက် တချို့ကို ပျောက်ကင်း စေပါတယ်။ ဒါပေမဲ့ သတိပြုရန်မှာ အရေပြားပေါ်တွင် ရှောက်ရည် လိမ်းပြီး နေပူထဲ မထွက်ပါနှင့်။ ခရမ်းလွန် ရောင်ခြည် သက်ရောက်မှု ပိုအားကောင်းစေလို့ ဖြစ်ပါတယ်။
၈။ အဆီပြန် ပျောက်ဆေး
ရှောက်သီးဟာ မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး အဆီပြန်ခြင်းကို သက်သာ စေပါတယ်။
၉။ နှုတ်ခမ်းဆေး
အိပ်ရာမ၀င်ခင် နှုတ်ခမ်းကို ရှောက်ရည် လိမ်းပေးပါ။ မနက်ရောက်ရင် ဆေးကြောလိုက်ပါ။ နှုတ်ခမ်းက ဆဲလ် အသေတွေနဲ့ ခြောက်သွေ့မှုကို ဖယ်ရှား ပေးပါတယ်။ သတိပြုရန်မှာ နှုတ်ခမ်း ကွဲနေတဲ့ အချိန်မှာ ရှောက်ရည် မလိမ်းပါနဲ့။
၁၀။ လက်သည်း အားကောင်းဆေး
လက်သည်းနီ ခဏခဏ ဆိုးတာကြောင့် လက်သည်း ပျက်စီး နေပါသလား။ သံလွင်ဆီနဲ့ ရှောက်ရည်ကို ရောစပ်ထားတဲ့ အရည်ထဲမှာ လက်သည်းတွေကို နှစ်ပါ။ လက်သည်းဝါခြင်း၊ လက်သည်း ကြွပ်ဆတ် မာကြောခြင်းတွေကို ကုသ ပေးပါတယ်။
၁၁။ ဆံပင်အရောင် တောက်ဆေး
နေပူထဲ မထွက်ခင် ဆံပင်ကို ရှောက်ရည် လိမ်းပေးပါ။ ရှောက်ရည်က ဗောက်နဲ့ ဦးရေပြား ခြောက်သွေ့ခြင်းကို ကာကွယ် ပေးပါတယ်။
မိုရ်မိုရ် (YUFEL) (The Messenger)

"လက်သည်း-ကိုက်ခြင်း"

Image and video hosting by TinyPic
လက်သည်းကိုက်လေ့ရှိခြင်း၊ လက်မကို စုပ်လေ့ရှိခြင်း စတာတွေဟာ စိတ်ပျံ့လွင့်သူတွေ၊ စိတ်ဂဏှာ မငြိမ်တဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေရဲ့ လက္ခဏာ တစ်ရပ်ပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကလေးတွေနဲ့ ဆယ်ကျော်သက် လူဦးရေရဲ့ တ၀က်လောက်ဟာလည်း လက်သည်းကိုက်တဲ့အကျင့် ရှိတတ်ကြတယ် လို့ ဆိုပါတယ်။

လက်သည်းကိုက်ခြင်းကြောင့် လက်သည်းများ လုံးဝပျက်စီး ယိုယွင်းတာမျိုး မဖြစ်တတ်ပေမယ့် လက်သည်းတွေ မလှမပ ဖြစ်တတ်ပြီး လက်သည်းနဲ့ ပါးစပ်တွေမှာ ရောဂါပိုးတွေ ကူးစက်ဝင်လာစေနိုင်ပါတယ်။ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အင်မတန် ဖျောက်ရ ခက်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အလိုအလျောက် ပျောက်သွားတတ်ကြပါတယ်။
လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ဖို့အတွက် စိုးရိမ်ပူပန်တတ်တဲ့ အကျင့်ကိုဖျောက်ပြီး နေထိုင်ရမှာပါ။ လက်သည်းကို မကိုက်မိစေဖို့အတွက် အရသာခါးတဲ့ အရောင်တင်ဆေး (nail polish) တွေကိုလည်း သုံးနိုင်ပါတယ်။ တကယ်လို့ လက်သည်း ကိုက်ခြင်းအပြင် မိမိဆံပင်ကို မိမိဘာသာ ဆွဲစုပ်လေ့ရှိခြင်း၊ မိမိကိုယ်မိမိ နာကျင်အောင်လုပ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပူးတွဲရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Credit : Trend Myanmar

အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာနိုင်

Image and video hosting by TinyPic
မြန်မာနိုင်ငံ၌ နှစ်စဉ် သက်ကြီးရွယ်အို အရေအတွက် များပြားလာပြီး အသက်ရှည်လာ သည်နှင့်အမျှ  အရိုးပွ၊ အရိုးပါးရောဂါ ဖြစ်ပွားနှုန်းလည်း မြင့်တက် လာနိုင် သည်ဟု ဆေးပညာ အသိုင်း အဝိုင်းမှ ဆရာဝန်ကြီး အချို့က ခန့်မှန်း ပြောကြားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ကြီးရွယ်အို ၅ ဒသမ ၄ သန်းကျော်ရှိပြီး အသက်(၆၀)နှင့်အထက် ဘိုးဘွားဦးရေမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ထားသည်။
‘‘မြန်မာနိုင်ငံမှာ အသက်ရှည်သူက များလာတယ်။ အသက်ကြီးသူတွေ ပိုများလာလို့ အသက်ကြီးချိန်တွေမှာ ကြုံတွေ့ခံစားရမယ့် အရိုးပွ၊ အရိုးပါးရောဂါတွေလည်း ပိုများလာမယ်’’ဟု ဆေးတက္ကသိုလ်(၂)(ရန်ကုန်)၊ ဆေးပညာဌာနမှ အတိုင်ပင်ခံသမားတော်ကြီး ပါမောက္ခဦးကိုကိုကပြောသည်။
အရိုးပွ၊ အရိုးပါးရောဂါမှာ အမျိုးသားများ၌ အသက်(၇၀)ကျော်နှင့် အမျိုးသမီးများ၌ အသက်(၅၀)ကျော်အရွယ်တို့တွင် ဖြစ်ပွားလေ့ရှိပြီး အသက်အရွယ်ကြီးသူများ အရိုးကျိုးပါက နာတာရှည်မသန်စွမ်းအဖြစ် ခံစားရလေ့ရှိသည်။

‘‘အသက်ကြီးလာလို့ ချော်လဲမှ၊ ကျိုးတော့မှပဲ အရိုးပွ၊ အရိုးပါး ဖြစ်နေမှန်းသိတာ။ အဲဒီအခါကျမှ ခွဲစိတ်လိုက်ရင် တစ်ပတ်နှစ်ပတ်နဲ့ ပြန်ကောင်းနိုင်ပေမယ့် ငွေကုန်ကြေးကျများသလို သုံးလလောက်ခံစားရတယ်။ ဒါကြောင့် ခါးကိုင်းလာတာနဲ့ စ,သတိထားဖို့လိုတယ်။ မသိရင် တဖြည်းဖြည်းနဲ့ တင်ပါးဆုံရိုးကျိုးပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်တယ်’’ဟု ဆေးတက္ကသိုလ်(၂)၊ သားဖွားမီးယပ်ဆေးပညာဌာနမှ အထူးကုဆရာဝန်ကြီး၊ အတိုင်ပင်ခံ သားဖွားမီးယပ် ပါမောက္ခဦးအေးအောင်က ပြောသည်။
အသက်(၃၀)ကျော်လာလျှင် အရိုးစ၍ပါးလာခြင်း၊ အခေါင်းပွများဖြစ်လာခြင်းကြောင့် ရိုးတွင်းချဉ်ဆီသိပ်သည်းဆနည်းသွားကာ အရိုးကျိုးခြင်းဝေဒနာကို ခံစားရနိုင်သည်။ ထို့ကြောင့် အသက်(၅၀)အရွယ်၌ စတင်စစ်ဆေးခြင်း၊ အားကစားပြုလုပ်ပေးခြင်း၊ အရိုးအဆစ်သန်မာစေသည့် အစားအစာများစားသုံးခြင်း၊ ချော်မလဲစေရန် ဂရုပြုနေထိုင်ခြင်း စသည်တို့ ပြုလုပ်ပေးရမည်ဖြစ်သည်။
7 day daily
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw