LATESTED NEWS
Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

အိုင်ဖုန်းသိမ်းယူထားတဲ့ မိခင်ဖြစ်သူကိုသမီးက အဆိပ်ခတ်သတ်ရန် ကြိုးပမ်း



ကိုလိုရာဒို-
အိုင်ဖုန်းသိမ်းယူထားလို့ မိခင် ဖြစ်သူကို သမီးက အဆိပ်ခတ်သတ်ရန်ကြိုး စားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ ကို လိုရာဒိုပြည်နယ် မှာ ဖြစ်ပွားခဲ့ ပါတယ်။
အဆိုပါဖြစ်ရပ်ကတော့ အသက် ၁၂နှစ်အရွယ်ခန့်သာရှိသေးတဲ့ မိန်းကလေး ငယ်ဟာ သူမရဲ့အိုင်ဖုန်းကို သိမ်းယူထား တဲ့မိခင်ကို လက်စားပြန်ချေတဲ့ အနေနဲ့ နှစ် ကြိမ်တိတိ အဆိပ်ခတ်သတ်ရန် ကြိုးပမ်း ခဲ့ပေမယ့် သူမရဲ့လက်စားချေမှုဟာ မအောင် မြင်ခဲ့ပါဘူး။


မိန်းကလေးရဲ့ ပထမအကြိမ် မိခင်ကို အဆိပ်ခတ်သတ်ရန် ကြိုးပမ်းပုံ က တော့ သူမရဲ့အမေအသုံးပြုနေတဲ့ ဖန်ခွက် မှာ လူကိုသေစေနိုင်တဲ့ အရောင်ချွတ်ဆေး သုတ်လိမ်းပေးခဲ့ပြီး ယင်းခွက်နှင့် ရေသောက် သုံးမိခဲ့တဲ့မိခင်မှာ အသက်မသေဘဲ နေ မကောင်းရုံလောက်သာ ခံစားခဲ့ရပါတယ်။
မိခင်ဖြစ်သူ Prentup ကတော့ ''ဖန်ခွက်ကို အရောင်ချွတ်ဆေး သုတ်လိမ်း နေတယ်လို့မထင်ဘဲ သန့်ရှင်းပေးနေတယ် လို့သာ ထင်ခဲ့တာပါ။ ပထမအကြိမ် သတ် တာ မအောင်မြင်တော့ နှစ်ပတ်လောက်အ ကြာမှာ ကျွန်မအိပ်ရာထဲမှာ အဆိပ်ခတ် ထားတဲ့ ဖန်ခွက်တစ်လုံးကို ထပ်ပြီး လာ ထားခဲ့တယ်''လို့ KDVR.TV ကို ပြောပြ ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သမီးဖြစ်သူ က သူမရဲ့အိုင်ဖုန်းကိုသိမ်းထားလို့ အဆိပ် ခတ်သတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာကို ပြောပြခဲ့ပါတယ်။ ယင်းသို့ ကြံစည်မှုဖြင့် အဆိုပါမိန်းကလေးကို သက် ဆိုင်ရာက အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရ ပါတယ်။

Ref: UPI

အကြောသေရောဂါ ခံစားနေရတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ်သားငယ်က ပြုစုပေး



အကြောသေရောဂါ ခံစားနေရတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ်သားငယ်က ပြုစုပေး



တရုတ်ပြည် အနောက် တောင်ပိုင်းရှိ Guizhou ခရိုင်တွင် အသက် ၇ နှစ် အရွယ် ကျောင်းသားလေးဟာ အကြောသေ ရောဂါကို ခံစားနေ ရပြီး မလှုပ်ရှားနိုင်တဲ့ ဖခင်ကို ပြီးခဲ့တဲ့ နှစ် ကတည်းက ပြုစု လုပ်ကျွေး နေခဲ့တာပါ။

၂၀၁၃ ခုနှစ် နွေရာသီ ကာလလောက်မှာ အောင်ရွန်လင်း ဆိုတဲ့ အဆိုပါ ကလေးငယ်ဟာ ၀မ်းနည်း စရာ ကောင်းတဲ့ ကလေး ဘ၀ကို ရရှိ ခဲ့တယ်လို့ဆိုရမှာပါ။ တနေ့ ရွန်လင်းရဲ့ ဖခင်ဟာ သူတို့ရဲ့ အိမ် ဒုတိယ ထပ်မှာ ရုတ်တရက် လဲကျ သွားခဲ့ ပါတော့တယ်။ အဲ့ဒီမှာ သူ့ရဲ့ ကြောရိုးမကြီး ပျက်ဆီး ခဲ့ရပြီး ခါးအလယ် ပိုင်းကစလို့ မလှုပ်ရှားနိုင်တော့တဲ့ အကြောသေ ရောဂါကို ရရှိခဲ့တာပါ။

အဲ့ဒီရောဂါကို နှစ်ရှည်လများ ကုသ လာရတဲ့ နောက်ဆက်တွဲ ပြဿနာ တရပ်ကတော့ သူတို့ရဲ့မိသားစု ၀င်ငွေ ဆုတ်ယုတ် ထိခိုက် လာရခြင်းပါပဲ။





ရွန်လင်းရဲ့ ဖခင်ဟာ ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့ အခြေအနေကြောင့် သူ့ရဲ့ အမျိုးသမီးဖြစ်တဲ့ ရွန်လင်းရဲ့ မိခင်က သုံးနှစ်သမီးငယ်နဲ့အတူ ရွန်လင်းတို့ သားအဖကိုထားခဲ့ပြီး ထွက်ခွာ သွားခဲ့တာ နောက်ပိုင်းမှာ ဘာသံမှ မကြားရတော့အောင် အစအနပျောက်သွားခဲ့ပါတော့တယ်။

ရွန်လင်းဟာ မနက်တိုင်း ၆ နာရီဆို အိပ်ယာမှထ အစားသောက်အတွက် ပြင်ဆင်ကာ အထူးသဖြင့် သူ့ဖခင်ရဲ့ မနက်စာအတွက် သေသေချာချာ ပြင်ဆင်ပြီးမှသာ ကျောင်းသွားလေ့ရှိပါတယ်။ ပြီးရင် နေ့လည်ထမင်းစားချိန် မှာ သူ့ဖခင်ဆီပြန်လာပြီး ကိုယ်တိုင် ထမင်းကျွေးပါတယ်။



ရွန်လင်းဟာ သူ့လိုအရွယ် တခြားကလေးတွေလို ပျော်ရွှင်စရာကောင်းတဲ့ ကစားချိန်ဆိုတာ မရှိခဲ့ပါဘူး။ အတန်းပြီးတာနဲ့ ကျောင်းနားတ၀ိုက်ရှိ သံတိုသံစ၊ သစ်တိုသစ်စ၊ ဖြတ်စညှပ်စ စတဲ့ အပိုင်းအစလေးတွေကို လိုက်ရှာ လိုက်ကောက်ခြင်းဖြင့် သူ့ရဲ့ အချိန်တွေကို ကုန်ဆုံးစေကာ အဲ့ဒီက ရလာတာလေးတွေကို ပိုက်ဆံနဲ့ ပြန်လဲလှယ်လေ့ရှိပါတယ်။



“ကျနော့အဖေ ဆေးဖို့အတွက် ပိုက်ဆံလိုပေမယ့် ကျနော့မှာ ပိုက်ဆံမရှိဘူး” လို့ ကလေးငယ်က China Youth Daily သတင်းဌာနကကို ပြောပါတယ်။



အဲ့ဒီလိုနည်းနဲ့ ပိုက်ဆံရှာရင်း အိမ်ပြန်ရောက်လာရင်လည်း အိပ်ယာပေါ်မှာသာ အမြဲလဲလျောင်းနေရတဲ့ သူ့အဖေရဲ့ ကျောဘက်နဲ့ တင်ပါးတွေမှာ ပြည်တည်နာလိုမျိုး အခေါင်းပေါက်ဖြစ်နေတဲ့ အနာတွေကို ဆေးထည့် ပေးရပြန်ပါတယ်။



ဒီလို နာကျင်မှုတွေကို အဆုံးသတ်သွားဖို့အတွက် မိမိကိုယ်ကိုတောင် သေကြောင်းကြံစည်ဖို့ မကြာခဏ ဆိုသလို တွေးမိတယ်လို့ ရွန်လင်းရဲ့ အဖေက ဆိုပါတယ်။ သို့ပေမယ့် အဲ့ဒီအချိန်မှာပဲ သားဖြစ်သူ ရွန်လင်း တယောက် မိဘမဲ့အဖြစ် ကျန်ရစ်နေခဲ့မှာကိုလည်း မထားခဲ့ရက်နိုင်ဘူးလို့ ပြန်စဉ်းစားဆင်ခြင်မိပြီး သူ့အတွေးကို နောင်တရမိတယ်လို့ ဆက်ပြောပါတယ်။



“အဖေမရှိဘဲ ကျနော် အသက်ရှင်မနေနိုင်ဘူး” လို့ ရွန်လင်းကဆိုလိုက်ခြင်းဖြင့် ဒါဟာ သူတို့နှစ်ဦး အတူတူ ဆက်လက် နေထိုင်သွားကြမယ့် အခြေအနေတခုပါပဲလို့ ပြောလို့ရပါတော့တယ်။

Ref: CCTVnews

The Irrawaddy's Blog by thae thae 

မိခင်ဖြစ်သူရဲ့ စိတ်ကိုဖတ်ပြပြီး အံ့ဖွယ်အရည်အချင်း ပြခဲ့တဲ့ အသက်ငါးနှစ် အရွယ် တယ်လီပသီ ကလေးငယ်



တယ်လီပသီခေါ် စိတ်ချင်းဆက်သွယ်နိုင်တဲ့စွမ်းရည်ရှိသူ ကလေးငယ်တစ်ယောက်ဟာ သူ့ ရဲ့ စိတ်ဖတ်နိုင်တဲ့စွမ်းရည်ကိုပြသပြီးနောက်မှာ သိပ္ပံပညာရှင်တွေက အဆိုပါကလေးငယ်ကို စမ်းသပ်လေ့လာလျက်ရှိပါတယ်။

အသက်ငါးနှစ်အရွယ် Ramses Sanguino ဟာ အမေဖြစ်သူ Nyx ဘယ်ကျပန်းဂဏန်းနံပါတ်တွေကို ကြည့်ပြီး မှတ်ထားလဲဆိုတာကို လုံးဝမလွဲဘဲမှန်ကန်စွာ ပြောနိုင်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ ကလေးငယ်ဟာ ဘာသာစကား ခုနှစ်မျိုးကို လေ့လာသင်ယူနေပြီး ရှုပ်ထွေးတဲ့သချာင်္ပြဿနာပုစ္ဆာတွေကိုလည်း ဖြေရှင်းပြနိုင်ပါတယ်။

Ramses ဟာ သူများနဲ့ မတူဥာဏ်ရည်၊စွမ်းရည်ရှိတဲ့ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်ငါးဦးမှာ တစ်ဦး အပါအ၀င် ဖြစ်လာပြီး မိခင်ဖြစ်သူ Nyx တင်ထားတဲ့ ဗီဒီယိုတွေမှာ သူမ သားဖြစ်သူ Ramses ရဲ့ စွမ်းရည်တွေကို ကမ္ဘာကသိအောင်ပြသထားပါတယ်။

Ramses ရဲ့ စွမ်းရည်ကို ဦးနှောက်နှင့်အာရုံကြောသိပ္ပံပညာရှင် Dr Daine Powell တစ်ယောက် မျက်စိကျခဲ့ပြီးနောက် အခုအခါ သူမပြုလုပ်နေတဲ့ တယ်လီပသီလေ့လာမှုပရောဂျက်မှာ Ramses ကိုပါ ထည့်သွင်းလေ့လာနေပြီ ဖြစ်ပါတယ်။

Dr Powell ရဲ့ သီအိုရီအရ ဒီလိုတယ်လီပသီ စိတ်ဆက်သွယ်မှုစွမ်းအင်ဟာ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုခဲယဉ်းတဲ့အထီးကျန်ကလေးငယ်တွေနဲ့  သူတို့ ရဲ့ မိဘတွေကြားမှာ အသံ၊အမူအရာနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဆက်သွယ်မှုတစ်ခုဖြစ်နိုင်တယ်လို့  ကောက်ချက်ချထားပါတယ်။ Dr Powell ဟာ တယ်လီပသီရှိသူတွေနဲ့ နှစ်ကိုယ်ချင်းသီးသန့် တွေ့ ဆုံခဲ့ဖူးပြီး တယ်လီပသီဆိုတာ ရှိတယ်လို့ တခြားသိပ္ပံပညာရှင်တွေမယုံကြည်ပေမယ့် သူမအခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Dr Powell ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ Dr Powell ဟာ ကျပန်းနံပါတ်တွေ ထုတ်ပေးကာ အမေဖြစ်သူ Nyx ကို သူမကြိုက်နှစ်သက်ရာ နံပါတ်ကို ရွေးခိုင်းပြီး ချရေးစေခဲ့ပါတယ်။ ထို့ နောက် သူမရေးထားတဲ့ နံပါတ်တွေကို စိတ်ထဲကနေပဲ တွေးနေစေခဲ့ပြီး Ramses ကို အမေဖြစ်သူရဲ့ စိတ်ကို ဖတ်ကာ ဂဏန်းနံပါတ်တွေကို မှန်းခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီ စမ်းသပ်မှုမှာ Ramses ဟာ ကတ်ထူပြားပေါ်မှာ အမေဖြစ်သူရေးထားတဲ့ နံပါတ် ၃၈ လုံးကို မှန်အောင် ရွတ်ပြနိုင်ခဲ့ပါတယ်။

Dr Powell ပြုလုပ်ခဲ့တဲ့ နောက်ထပ်စမ်းသပ်မှုတစ်ခုမှာလည်း မမြင်ရအောင်ဖုံးထားတဲ့ ဂဏန်း ၁၇ လုံးမှာ ၁၆ လုံး အထိ Ramses က ကွက်တိခန့် မှန်းပြခဲ့ပါတယ်။ Ramses ဟာ ဂရိ၊ဟီဘရူး၊အာရဗစ်နဲ့ ဂျပန်ဘာသာစကား တစ်ချို့ တစ်ဝက်ကိုလည်း နားလည်ကာ ပြန်လည်းရွတ်ပြနိုင်ပါတယ်။ အက္ခရာသင်္ချာအခြေခံပုစ္ဆာတွေကိုလည်း ဖြေရှင်းနိုင်သလို စကွဲရု ခေါ် နှစ်ထပ်ကိန်းရင်းတွေကို လည်း နားလည်သိရှိကာ၊ အက်တမ်အလေးဆဇယား (Periodic table) တစ်ခုလုံးကိုလည်း ဆွဲပြနိုင်ပါတယ်။

“ ကျွန်မ သူ့ ကို ကျောင်းထားခဲ့သေးပေမယ့် အဆင်မပြေပါဘူး။ မူကြိုအတန်းထဲမှာ သူတစ်ယောက်ပဲ စာဖတ် တတ်တယ်လေ။ ပထမတော့ ဆရာမက သူ့ ကို သဘောကျပြီး ပရော်ဖက်ဆာလေးလို့ တောင် ခေါ်ခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်ပဲ သူက ဆရာမရဲ့ စာလုံးပေါင်းသတ်ပုံတွေနဲ့ သချာင်္တွက်နည်းတွေကို စ ပြင်ပေး တော့ ဆရာမက သူ့ ကို တခြားကလေးတွေနဲ့ ခွဲထားလိုက်ပါတယ်။ ဒီလိုနဲ့ သူ့ ကို အိမ်ပြန်ခေါ်ပြီး ကျွန်မပဲ စာသင်ပေး ရပါတော့တယ်။ ကျောင်းမှာသင်ဖို့ သူက အရမ်းရှေ့ ရောက်နေလွန်းတယ်လေ” လို့ အမေဖြစ်သူ Nyx က ပြောပြပါတယ်။

Ramses ကို ကမ္ဘာပေါ်မှာရှိတဲ့အတော်ဆုံးငါးနှစ်ကလေးတစ်ယောက်အဖြစ် Dr Powell က အသိအမှတ်ပြုထားပါတယ်။

Ref: Mirror 

ကြက်တူရွေး ဆံပင်ပုံစံကြောင့် မိသားတစု လုံးကို ဖခင်ဖြစ်သူ သတ်ဖြတ်



ရုရှားနိုင်ငံက နေအိမ် တခုမှာ ၆ နှစ် အရွယ် သားဖြစ် သူကို ကြက်တူရွေး ပုံစံ ဆံပင် ညှက်ပေးတာ မကြိက်တဲ့ ခင်ပွန်းဖြစ်သူက သူ့ရဲ့ မိသားစုဝင် ၈ ဦး စလုံးကို သတ်လိုက် ပါတယ်။

အိုလက်ဘီလော့လို့ ခေါ်တဲ့ ဖခင်ဖြစ်သူဟာ သားသမီး ၆ ဦး၊ အသက် ၃၂ နှစ် အရွယ် ကိုယ်ဝန်ဆောင် ထားတဲ့ သူ့အမျိုးသမီးနဲ့ မိခင်တို့ကို သတ်ခဲ့ တာလို့ ဒီဇင်ဘာ ၁၈ ရက်နေ့ အင်္ဂလန် အခြေစိုက် mirror သတင်းမှာ ဖော်ပြ ထားပါတယ်။

ရဲတွေကလည်း အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက် ခဲ့ပြီး သေဆုံးနေတဲ့ ကလေး တွေဟာ အသက် ၁ နှစ်ကနေ ၇ နှစ် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။




မိသားစုဝင် အားလုံးကို ၁၀ မိနစ် အတွင်းမှာပဲ သတ်လိုက်တာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ မိန်းမက အသက် ၆ နှစ် အရွယ်လောက် ရှိတဲ့ သူ့ရဲ့ ကလေးကို ကြက်တူရွေး ပုံစံ ဆံပင် ညှပ်ပေး လိုက်လို့ အခုလို သတ်ဖြတ်တာ ဖြစ်ကြောင်း ဘီလော့က တရားရုံးမှာ ထွက်ဆို ထားပါတယ်။

ဒီသတင်းကို ကြားသိတဲ့ ရုရှား နိုင်ငံသားတွေ ကလည်း ထိတ်လန့် နေကြောင်း သတင်းက ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ကိုလည်း တရားရုံးက အမိန့်ချဖို့ စီစဉ်နေပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တသက် တကျွန်း ကျနိုင်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ

ကားဒရိုင်ဘာ အိပ်ပျာ်နေချိန် ကားခိုးမောင်းတဲ့ အိန္ဒိယက မျောက်



အိန္ဒိယနိုင်ငံ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုက ဘတ်စ်ကား ဒရိုင်ဘာ တစ်ရေး တမော အိပ်ပျော် နေချိန်မှာ မျောက်တစ်ကောင် ကားတက်မောင်းလို့ ရပ်ထားတဲ့ ဘတ်စ်ကား၂ စီးကို တိုက်မိ တယ်လို့ ဆိုလာ ပါတယ်။



Uttar Pradesh State Road Transport Corporation အဆိုအရ Bareilly ရှိ ဘတ်စ်ကား ရပ်နား စခန်းမှာ ကားပြန်လည် မထွက်ခင် ကားရပ်နားပြီး နာရီဝက်လောက် အိပ်ပျော် သွားတဲ့ ဘတ်စ်ကား ဒရိုင်ဘာရဲ့
ကားပေါ်ကို မျောက် တစ်ကကောင်က တက်ပြီး ကားစက်နှိုးကာ ကားမောင်းဖို့ ကြိုးစား ခဲ့တာလို့ သိရ ပါတယ်။

ဒရိုင်ဘာနိုး လာပြီး မျောက်ကို မောင်းထုတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မျောက်က ကားရဲ့ ဂီယာကို ပြောင်းလဲ မောင်းနှင်ခဲ့လို့ ဒရိုင်ဘာခမျာ ပြတင်းပေါက်ကနေ အပြင်ကို ထွက်ကျ သွားခဲ့ ပါသတဲ့။

ဘတ်စ်ကား ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ SK Sharma က Times of India ကို “ ကားဒရိုင်ဘာက ကားကို ပြန်လည် ထိန်းသိမ်း မောင်းနှင်ဖို့ ကြိုးစား ခဲ့ပေမယ့် ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးကို တိုက်မိ တော့မှပဲ ကားက ရပ်သွား ခဲ့တာပါ” လို့ ဆိုပါတယ်။

Sharma အဆိုအရ ဘတ်စ်ကား ကုမ္ပဏီအနေနဲ့ မျောက်တွေကို တခြားနေရာကို ပြောင်းရွှေ့နေရာ ချထားပေးနိုင်ဖို့ ဒေသ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေ တယ်လို့လည်း ဆိုပါတယ်။

ဗဟုသုတ..

၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။

၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါးအဖြစ်ရောင်းချခဲ့သည်။

၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။

၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

၆။ ကာရေဘီယန်ကျွန်းစုများအနက် လူနေသောကျွန်းမှာ တစ်ရာခိုင်းနုန်းသာ ရှိသည်။

၇။ သွေးလှူဒါန်းသူ အရေအတွက်မှာ ကမ္ဘာ့လူဦးရေဧ။် ခုနစ်ရာခိုင်းနူန်းပင်မပြည့်ပါ။

၈။ ကမ္ဘာမြေပေါ်တွင် ရေပြင်အားလုံးဧ။် နှစ်ရာခိုင်းနူန်းသာလျှင် ရေချိုဖြစ်သည်။
(မှတ်ချက် မြန်မာ့သင်္ကြန်က ရေချိုတွေဘယ်လောက်ဖြုန်းပစ်လဲ မသိပါ)

၉။ တရုတ်နိုင်ငံတွင် လူပေါင်း ၈၇သန်းကျော်တို့ဧ။် ရှေ့ဆုံးအမည်စာလုံးမှာ 'လီ' ဖြစ်သည်။

၁၀။ ကမ္ဘာမြေပေါ်တွင် လျှပ်စီးလက်သည့်အကြိမ်မှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၆,၀၀၀ ဖြစ်သည်။

၁၁။ ပုစွန်တုပ်များဧ။် သွေးသည် အပြာရောင်ရှိသည်။

၁၂။ လီမွန်ငါးမန်းတို့သည် ရက်သတ္တပတ်နှစ်ပတ်လျှင် သွားအသစ်တစ်စုံးနူန်း ထွက်လေ့၇ှိသည်။ သူတို့သည် တစ်နှစ်လျှင် သွားအသစ်ပေါင်း ၂၄, ၀၀၀ ကျော် ထွက်လေ့ရှိသည်။

၁၃။ ၁၉၆၉ ခုနစ်တွင် လာရီလူးဝစ်သည် ကိုက် ၁၀၀ အကွာအဝေးကို ၁၇.၉ စက္ကန့်ဖြင့်ပြေးပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ သို့သော် သူဧ။်စံချိန်မှာ အသက်၁၀၀ နှင့်အထက် အသက်အုပ်စုတွင်ဖြစ်သည်။သူဧ။်အသက်မှာ ၁၀၁ နှစ်ဖြစ်သည်။

၁၄။ လေဒီအက်စတာသည် တစ်ခါက ဝင်စတန်ချာချီအား " ရှင်သာ ကျမရဲ့ ခင်ပွန်းဆိုရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ်ခပ်မှာပဲ " ဟု ပြောခဲ့ဖူးပြီး " မင်းသာ ငါ့ဇနီးဆိုရင်လည်း ငါက အဲဒီကော်ဖီခွက်ကို သောက်မှာပေါ့ဟု ဝင်စတ်ချာချီက ပြန်ပြောခဲ့ဖူးသည်။

၁၅။ သိုးမွေးထိုးခြေအိတ်များကို ရှေ့ဟောင်းအီဂျစ်သင်္ချိုင်းဂူများတွင် တွေ့ရှိခဲ့ရပြီး အစောဆုံးမှာ အေဒီသုံးရာစုဖြစ်သည်။

၁၆။ Killer Whales ဟုခေါ်သော ဝေလငါးမျိုးသည် အထိအတွေ့အာရုံ၌ အလွန်ထက်မြက်ရာ အကယ်ရ်ျ သင်သည်ဆေးပြားတစ်ပြားကို ပုံးတစ်ပုံးတွင် ထည့်ပြီးယင်းကိုအော်ကာငါးများကိုကျွေးခဲ့လျှင် အဆိုပါ ဝေလငါးသည်အော်ကာငါးကိုစားပြီး ဆေးပြားကို ပြန်ထွေးထုတ်လိမ့်မည်။

၁၇။ တစ်သျှူးပေပါစများကို မူလက ဓာတ်ငွေ့ကာမျက်နှာဖုံးများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
၁၈။ ကမ္ဘာပေါ်တွင် အက္ခရာအနည်းဆုံး ဘာသာစကားမှာ နယူဂီနီနိုင်ငံရှိ ရိုတိုကပ်စ်ဘာသာစကား ဖြစ်သည်။ ယင်းတွင်အက္ခရာ ၁၁ လုံးသာ ပါဝင်ပြီး ယင်းတို့မှာ A,B,E,G,I,K,O,P,R,T နှင့် US တို့ဖြစ်သည်။

၁၉။ ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။

၂၀။ ဂျပန်ဘာသာစကားတွင် နံပါတ် ၄ နှင့် သေးဆုံးသည်ဟူသော စာလုံးနှစ်လုံးသည် လည်းကောင်း၊ နံပါတ် ၉နှင့်နာကျင်မှုဟူသော စားလုံးနှစ်လုံးသည် လည်းကောင်း အသံထွက်ချင်းအတူတူဖြစ်သည်။ထို့ကြောင့် ဂျပန်နိုင်ငံရှိဟိုတယ် များဧ။် အခန်းနံပါတ်များတွင် ၄ နှင့် ၉တို့ မရှိပါ။

၂၁။ ဘီးခုံးပုံသဏ္ဌာန် ဝီစကီဖန်ခွက်ထဲသို့ အရက်တစ်ဝက်ခန့် ဖြည့်ပြီးပါက ၅၀ ရာခိုင်းနုန်းဖြည့်ပြီးပြီဟု မထင်ပါနှင့်။အမှန်တကယ် ၁၂- ၁၃ ရာခိုင်နုန်းခန့်သာ ရှိသေးဧ။်။

၂၂။ သင်သည် သင်ဧ။်တံတောင်ဆစ်အား လျှာဖြင့်လျက်ရန် ကြိုစားခဲ့ဖူးပါသလား။ ကြိုးစားခဲ့ဖူးလျင်တောင်မှဘယ်သောအခါမှ အောင်မြင်ခဲ့လိမ်မည် မဟုတ်ပါ။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

၂၃။ Pherenology ဟူသည်မှာ လူတစ်ယောက်ဧ။် ဦးခေါင်းပုံသဏ္ဌာန်ကို ကြည့်ရ်ျ သူဧ။်စရိုက်လက္ခဏာကို နားလည်နိုင်သော ရှေ့ဟောင်းသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

၂၄။ အာဖရိကငှက်ကုလားအုတ်တစ်မျိုးသည် ကမ္ဘာပေါ်တွင် ဥအကြီးဆုံးဥသော သတ္တဝါဖြစ်သည်။ ဥခွံသည် ၁.၅ မီလီမီတာထူပြီး ဥတစ်လုံးသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသည်။

၂၅။ ရှားပါးသော အကြောက်လွန်ရောဂါတစ်မျိုးမှာ Lutraphobia ခေါ် ဖျံများကို သေမလောက်ကြောက်ရွံ့ သည့်ရောဂါဖြစ်သည်။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်........
@Wiki

တကယ်ချစ်တဲ့လူသာလျှင်

တကယ်ချစ်တဲ့လူသာလျှင်
စိတ်ဆိုးကြတဲ့အချိန်တိုင်းအကြာ
ပစ်မထားပဲပြန်ခေါ်တတ်တာပါ...

တကယ်ချစ်တဲ့လူသာလျှင်သူနဲ့
ခဏလေးဝေးနေတာတောင်သူ
ဘာများလုပ်နေမလဲလို့စိတ်ပူနေ
တတ်တာပါ...

တကယ်ချစ်တဲ့လူသာလျှင်ဘယ်
လောက်ရူပ်နေပါစေ

messagesလေးတစ်စောင်ရအောင်ပို့တတ်
တာပါ...



တကယ်ချစ်တဲ့လူသာလျှင်အရာ
တိုင်းထက်ကိုယ့်ကိုတန်ဖိုးထား
ပေးမှာပါ...

တကယ်ချစ်တဲ့လူသာလျှင်ကိုယ့်
ရဲ့အားနည်းချက်လေးတွေကိုသိ
ပေမဲ့ကိုယ့်ကိုပဲရွေးချယ်တတ်
တာပါ...

ရဟန်းဖြစ်လာသော သိပ္ပံပညာရှင်



အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ဓမ္မစရိယ ဖားအောက်တောရဆရာတော်ကြီး ဘဒ္ဒ န္တအာစိဏ္ဏ၏ ဖားအောက်တောရရိပ်သာကျောင်းတွင်
အနောက်တိုင်းသား နိုင်ငံခြားသား ယောဂီအများအပြား ရဟန်းဝတ်၍ တရားအားထုတ်နေသည်ကို တွေ့ရသည်။ ၄င်းတို့အထဲတွင်
သန်းကြွယ်သူဌေးမိသားစုမှ ဆင်းသက်လာသော လခစား အမေရိကန် သိပ္ပံပညာရှင်တစ်ရှင်တစ်ဦးလည်း ရဟန်းဝတ်ပြီး တရားအား
ထုတ်နေသည်။
-
အဆိုပါ ရဟန်းကို မီဒီယာ ဂျာနယ်လစ်တစ်ဦးက မေးခွန်းထုတ်သည်။" အရှင်ဘုရားသည် သန်းကြွယ်သူဌေး သိပ္ပံပညာရှင်
ကြီးဖြစ်ပါလျက် အဘယ်သို့သောအကြောင်းကြောင့်ရဟန်းဝတ်ပြီး သမထဝိပဿနာတရား စခန်းမှာ တရားအားထုတ်နေ
ပါသနည်း။ အဘယ်အထိ ဤသို့တရားအားထုတ်ရန် ရည်မှန်းထားပါသနည်း'' ဟုမေးသည်။
-
ထိုအခါ ရဟန်းကဖြေသည်မှာ " ဖားအောက်တောရ ဆရာတော်ဘုရားကြီး အမေရိက သာသနာပြုခရီးတွင် ဟောကြားညွှန်ပြတော်မူသော ဗုဒ္ဓတရားတော်များကို နာကြားရသောအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သိပ္ပံပညာရှင်မှာ ဗုဒ္ဓဖြစ်နေကြောင်း ၊ ကမ္ဘာပေါ်တွင် ရှိရှိသမျှနှင့် ရှိခဲသမျှ ပုဂ္ဂိုလ်အပေါင်းတို့တွင် ပညာအကြီးမားဆုံးပုဂ္ဂိုလ်မှာ ဗုဒ္ဓဘုရားဖြစ်နေကြောင်း သိရှိလာရပြီး ဗုဒ္ဓ၏ စာပေများက ညွှန်ပြထားသော အဆုံးအမများ ကသာလျှင် မိမိဘဝတိုးတက်ရေးအတွက် ပစ္စုပ္ပန်သံသရာနှစ်ဖြာ
ကောင်းကျိုးအတွက် အမှန်ဆုံး၊ အကောင်းဆုံး ၊ အမြတ်ဆုံးဖြစ်ကြောင်း ၊ ထို့ကြောင့် သည်တိုင်း ၊ သည်ဒေသ ပုဂ္ဂိုလ်များက
လက်ခံထားသရွေ့ ဤတစ်ပါးကျောင်းကလေးတွင် တစ်သက်ပတ်လုံးနေပြီး တရားအားထုတ်သွားရန် ရည်ရွယ်ဆုံးဖြတ်ထားကြောင်း'' ရှင်းပြသွားသည်။
-
ထိုကြောင့် ကကြီး ၊ ခကွေးကအစ မူလတန်းမှနေ တက္ကသိုလ်အဆင့်ဆင့်အထိ သင်ကြားခဲ့ကြသည့် စာပေပညာများ၊ အတတ်ပညာ နည်းပညာများသည် ပစ္စုပ္ပန်တစ်ဘဝစားဝတ်နေရေး ချမ်းသာရေးအတွက် အကျိုးပြုသည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမ တရားတော်များ၊ဗုဒ္ဓစာပေများမှာကား မိမိ၏ ပစ္စုပ္ပန်ဘဝနှင့် သံသရာအဆက်ဆက်တို့တွင် အမြင့်ဆုံး
အမြတ်ဆုံး အချမ်းသာဆုံးနှင့် နိဗ္ဗာန်ချမ်းသာအထိ ရရှိအောင် ၊ရောက်အောင် ပို့ဆောင်ပေးနိုင်ကြောင်းမှာ ရှင်းလင်းလှပေသည်။
==============

(ကျီးသဲညွှန့်နိုင်)

ဆံပင်ကို အရှည်မြန်အောင် ဘယ်လိုလုပ်ကြမလဲ

Image and video hosting by TinyPic
ကျွန်မတို့အားလုံးဟာ ဆံပင်မြန်မြန်ရှည်ဖို့ ဘယ်လိုနည်းလမ်းလေးတွေ ရှိမလဲဆိုပြီး အမြဲတမ်းစူးစမ်းလေ့ရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း ဆံပင်မြန်မြန်ရှည်အောင် ဘာလုပ်ရကောင်းမလဲဆိုပြီး မေးမြန်းတတ်ကြပါတယ်။ ဆံပင်အရှည်မြန်မယ့် နည်းလမ်းလေးတွေကို ပြောဆိုကြတာကလည်း တစ်ယောက်တစ်မျိုးပါပဲ။ တစ်ပတ်ကို ခေါင်းဘယ်နှစ်ခါလျှော်ရင် ဆံပင်ရှည်မြန်တယ်၊ ခေါင်ေးလျှာ်တဲ့အခါ ဘာတွေလုပ်ရင် ဆံပင်ရှည်မြန်တယ်၊ မလျှော်ခင် ဘာတွေလိမ်းရမယ် စသဖြင့် ပြောကြဆိုကြတာတော့ အများကြီးပါပဲ။ အဖြေရော တွေ့ရှိကြပြီလား။ မတွေ့သေးဘူဆိုတာ သေချာရင်တော့ အဲ့ဒီအကြောင်းလေး ပြောပြပေးချင်ပါတယ်။
တကယ်တော့ ဆံပင်ရှည်မြန်အောင်လုပ်လို့မရပါဘူး။ ဒီအကြောင်းကို အလှအပဆိုင်ရာသုတေသီတွေက ပြောကြားခဲ့ပြီးဖြစ်သလို လက်ခံရမယ့်အချက်တစ်ချက်လည်းဖြစ်ပါတယ်။ ဆံပင်ကိုအရှည်မြန်အောင် လုပ်လို့မရပေမယ့် ဆံပင်သားကောင်းအောင်၊ ဆံပင်သားကျန်းမာအောင် စသဖြင့် ကိုယ့်ရဲ့ဆံပင်ကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ပုံသွင်းပြုစုနိုင်တာကတော့ သေချာပါတယ်။
ဆံပင်သားတွေကျန်းမာလာတဲ့အခါ ဆံပင်ရှည်မြန်တာမမြန်တာထက် ရှည်ထွက်လာတဲ့ ဆံပင်သားကလည်း ကျန်းမာနေပါလိမ့်မယ်။ ဒီလိုကျန်းမာတဲ့ ဆံပင်မျိုးကို လိုချင်တယ်ဆို၇င်တော့ ဆံပင်သားရဲ့အတွင်း၊ အပြင် နှစ်ခုစလုံးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံပင်သားကို အတွင်းပိုင်းကနေ ဂရုစိုက်တယ်ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ဆံပင်သားကို ရောက်ရှိသွားမယ့် ဗီတာမင်တွေ၊ အခြားသော ဓာတ်တွေကို ဂရုစိုက်ပေးရတာမျိုးပါ။ ဆံပင်သားကောင်းမွန်စေဖို့ ပရိုတင်းဓာတ်၊
အက်ဆစ်ဓာတ်၊ ဗီတာမင်ဘီ ပြည့်ဝစွာရရှိနေဖို့ လိုပါတယ်။ အပြင်ဘက်က ဂရုစိုက်ပေးခြင်းဆိုတာကတော့ ဆံပင်ကို ရှန်ပူနဲ့လျှော်ပြီးတာနဲ့ ပျော့ဆေးသုံးပေးတာ၊ ပုံမှန်ပေါင်းတင်ပေးတာမျိုးတွေပါ။ ဆံနွယ်အားတိုးအဆီတွေလိမ်းပေးတာကလည်း ကောင်းတာပါပဲ။
နောက်တစ်ချက်ကတော့ ဆံပင်ကို ဓာတုဗေဒပစ္စည်းတွေ ထိတွေ့လွန်ကဲခြင်း၊ နေရာင်ခြည်ဒဏ်ကို ကြာရှည်ခံရတာမျိုးတွေ မဖြစ်အောင်လည်း ဂရုစိုက်ရမှာပါ။
ဆံပင်အရှည်မြန်စေဖို့ အဖျားတိပေးရတယ်ဆိုတာမျိုးဟာလည်း မှားယွင်းတဲ့အယူအဆပါပဲ။ အဖျားတိပေးခြင်းအားဖြင့် မကျန်းမာတဲ့ ဆံပင်အနားတွေ မရှိတော့တာကြောင့် ဆံပင်သားပိုမိုကျန်းမာလာစေနိုင်တာလောက်ပဲရှိပါတယ်။ ဒါ့ကြောင့်မို့ ဆံပင်သား အရှည်မြန်စေဖို့လုပ်လို့မရနိုင်ပေမယ့် ဆံပင်သားကျန်းမာအောင် ဂရုစိုက်သွားမယ်ဆိုရင်တော့ လှပတဲ့ ဆံပင်ကို အမြန်ဆုံးရရှိလာမှာ သေချာပါတယ်။
Credit : Trend Myanmar

ဓာတ်မတည့်တာကို ဆန့်ကျင်ပေးတဲ့ စူပါအစားအစာတွေ

Image and video hosting by TinyPic
လူအများစုဟာ ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ မှိုမျိုးမှုန်၊ တိရစ္ဆာန်အမွေးအမှင်၊ ကြက်ပေါင်စေး၊ ရော်ဘာစေး၊ အစားအစာမျိုးစုံ၊ အင်းဆက်အဆိပ်ဆူး နဲ့ ဆေးဝါးအချို့ကြောင့် ဓာတ်မတည့်မှု အခြေအနေတွေ ကြုံတွေ့ရတတ် ပါတယ်။
ဓာတ်မတည့်မှုကြောင့် နှာခေါင်း၊ အဆုတ်၊ လည်ချောင်း၊ နား၊ အစာ အိမ်၊ အရေပြားစသည်တို့ကို ထိခိုက်ပြီး အကျိုးဆက်အနေနဲ့ နှာရည်ယို၊ နှာပိတ်၊ နှာစေး၊ယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ မျက်စိနီခြင်း၊ အရေပြားတွင် အဖုအပိမ့်များ ထွက်ခြင်း၊ အသက်ရှူမ၀ခြင်း (သို့မဟုတ်) ရင် ကျပ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
ဓာတ်မတည့်တာတွေရဲ့ ဖြေဆေးအစားအစာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ပန်းသီးတွေက ကိုယ်ခံစွမ်းအား မြင့်စေပြီး ဓာတ်မတည့်တာတွေကို ခုခံ နိုင်စွမ်းရှိပါတယ်။ နနွင်းဆိုရင်လည်း ဓာတ်မတည့်မှုတွေအတွက် အစွမ်းထက်လက်နက်တစ်ခုပါပဲ။
ကြက်သွန်ဖြူတို့၊ ချင်းတို့ဆိုရင်လည်း ဓာတ်တိုးဆန့်ကျင် ဂုဏ် သတ္တိရှိပြီး ကိုယ်ခံစွမ်းအားကောင်းစေပါတယ်။ သဘာဝဆေးဝါးဖြစ်တာ ကြောင့် ဓာတ်မတည့်တာတွေအတွက် ဆေးကောင်းတစ်လက်ပါပဲ။
ရှောက်သီး၊ သံပရိုသီးတွေကလည်း ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့် ကျင် ဂုဏ်သတ္တိရှိတာကြောင့် ဓာတ်မတည့်တာတွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဆယ်လ်မွန်ငါးဆိုရင်လည်း အိုမီဂါ ၃ ဖက်တီးအက်စစ် DHA, EPA တို့ပါဝင်တာကြောင့် ဓာတ်မတည့်ခြင်းကို အမြန်သက်သာစေနိုင်စွမ်း ရှိ ပါတယ်။ လက်ဖက်စိမ်းတို့၊ ကန်စွန်းဥတို့ဆိုရင်လည်း ကိုယ်ခံစွမ်းအား ကောင်းစေပြီး ဓာတ်မတည့်မှု အခြေအနေတွေကို ကာကွယ်နိုင်ပါတယ်။
Credit: 7Day Daily

ထူးထွေဆန်းပြားသော ရှေးခေတ်ကုထုံးများ


                      
သွားကိုက်ဝေဒနာ – ရှေးယခင်က အီဂျစ်ပြည်တွင် သွားကိုက်ဝေဒနာ ခံစားနေရသူတစ်ဦး၏ သွားပေါ်သို့ ကြွက်သေတစ်ကောင်တင်၍ ကုသခဲ့ ကြသည်။ ရောမနိုင်ငံတွင်လည်း သွားကိုက်နေသူတစ်ဦး၏ ပါးစပ်ကို ရေမြင်း၏ လက်ဝဲဖက်သွားနှင့် ပွတ်တိုက်စေပြီး မြေခွေး၏ ဦးခေါင်းခွံအရိုးပြာကို စားစေခဲ့သည်။

သန်းတွယ်ခြင်း – (၁၃)ရာစုနှစ်ခန့်က သန်းတွယ် နေသူတစ်ဦးကို ပြဒါး၊ ပြာ၊ကလေးငယ်၏တံတွေး၊ ၀က်ဆီ တို့ ဖြင့်ရောနယ်သုတ်လိမ်း၍ကုသခဲ့သည်။

ကင်ဆာ – ၁၈၈၀ခုနှစ်က အထင်ကရ ဆေးပညာဂျာနယ်ကြီး The Lancet တွင် ဖော်ပြခဲ့သည့်ဆောင်းပါး၌ ကင်ဆာရောဂါခံစားနေရသူ လယ်သမားတစ်ဦးသည် မိုးကြိုးပစ်ခံရပြီး သတိမေ့မျောသွားခဲ့ရာ သတိ ပြန်ရလာချိန်တွင် ကင်ဆာရောဂါ ပျောက်ကင်းသွား ကြောင်းရေးသား ထားခဲ့သည်။ လျှပ်စစ်ဓာတ်ပွတ်တိုက်အား (Frictional electricity)ကိုလည်း ကင်ဆာကျိတ်ဖျက်ဆီးနိုင်သည့် ကုသမှုတစ်ခုအဖြစ် သိမှတ် လက်ခံခဲ့ကြသည်။

စိတ်ကျဝေဒနာ – (၁၉) ရာစုနှစ်က စိတ်ကျဝေဒနာအတွက် အသုံးပြုခဲ့သော ဆေးပြားတွင် မာကျူရီပြဒါး ဓာတ်ပါဝင်ခဲ့သည်။ ပြဒါးသည် အာ ရုံကြောထိခိုက်စေသည့် ဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ တိုက်ကျွေးခဲ့ကြသောကြောင့် ဆေးပတ်လည်အောင် သောက်ပြီးချိန်တွင် ခန္ဓာကိုယ်မှ အမှန်တကယ်လက်ခံနိုင်သည့် ပြဒါး ပမာဏထက် အဆ(၉၀၀၀)ခန့် ပို များနေလေ့ရှိသည်။

စကားထစ်ခြင်း – လူတစ်ဦး စကားထစ်ရခြင်းမှာ ၎င်း၏ လျှာတိုလွန်းခြင်းကြောင့်ဖြစ်စေ၊ အာခံတွင်းနှင့် ချိတ်ဆက်မှုလွဲမှားခြင်းကြောင့် ဖြစ်စေ အသံကောင်းစွာမထွက်နိုင် ခြင်း ကြောင့်ဖြစ်ကြောင်း (၁၈)ရာစု ဆရာ ၀န်များက ယူဆခဲ့ကြပြီး လျှာကို ခွဲစိတ်ကုသခဲ့ကြသည်။

စိတ်ကစဥ့်ကလျား ဝေဒနာ – ဒုတိယ ကမ္ဘာစစ်နှောင်းပိုင်းကာလက စိတ် ကျန်းမာရေး ဆရာဝန်များသည် စိတ်ကစဥ့်ကလျား ဝေဒနာရှိသူများကို အင်ဆူလင်ပေးသွင်း ကုသခဲ့သည်။ အင်ဆူလင်ကြောင့် သွေးတွင်းအချို ဓာတ် ရုတ်တရက်ကျဆင်းပြီး ဦး နှောက်၏ အဓိကလောင်စာဖြစ်သည့် ဂလူးကို့စ် မရှိတော့သောကြောင့် လူနာကို သတိလစ်သွားစေသည်။ ထို့နောက်မှ ဂလူးကို့စ်ပြန်ထိုးသွင်း၍ နိုးထစေပြီး လူနာကို စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်းမှ ကင်းဝေးစေသော် လည်း လူနာသတိလစ်နေချိန်တွင် ဦးနှောက်ဆဲလ်များ လောင်စာမရှိ သောကြောင့် သေဆုံးပျက်စီးစေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝ



 

အင်္ဂလန်စာရေးဆရာ Richard Happer က ကမ္ဘာ့နိုင်ငံအသီးသီးက ထူးဆန်းအံ့သြဖွယ်ဥပဒေ ၂၅ဝချက်အကြောင်းကို
"The law is an ass"ဆိုပြီး စာအုပ်ရေးသားထုတ်ဝေခဲ့တယ်။ ဥပဒေတချို့ကို အကြမ်းဖျင်း ဘာသာပြန်မျှဝေလိုက်ပါတယ်။

ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံမှာ အတွင်းခံဘောင်းဘီတိုမဝတ်ဘဲ အိမ်ပြင်မထွက်ရတဲ့ ဥပဒေရှိတယ်။ အတွင်းခံဘောင်းဘီမဝတ်ဘဲ အပြင်ထွက်ရင် ဥပဒေကိုကျူးလွန်ရာရောက်ပါတယ်။ ရှပ်အင်္ကျီမဝတ်ဘဲ ကားမမောင်းရပါတဲ့။

စင်ကာပူ
စင်ကာပူနိုင်ငံမှာ ပီကေမဝါးရ ဥပဒေရှိပါတယ်။ ၁၉၉၂ခုနှစ်ကစပြီး စင်ကာပူနိုင်ငံမှာ ပီကေထုတ်လုပ်တာ၊ တင်သွင်းတာ၊ ရောင်းဝယ်တာ၊ စားတာတွေ မလုပ်ရ တားမြစ်ထားပါတယ်။ ၂ဝဝ၄ခုနှစ်ရောက်မှ ဆေးဆိုင်တစ်ချို့မှာ ဆေးပီကေတွေကိုရောင်းခွင့်ပေးပါတယ်။ ဆေးပီကေကိုဝယ်ရင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြည့်ရပါတယ်တဲ့။

ဘရုနိုင်း
ဘရုနိုင်းနိုင်ငံမှာ အများပြည်သူသုံးနေရာတွေမှာ ဒူးရင်းသီးမစားရတဲ့ဥပဒေ ထုတ်ထားပါတယ်။ ဘတ်စ်ကား၊ မြေအောက်ရထား၊ ဟိုတယ်၊ လေယာဉ်ကွင်းတွေမှာ ဒူးရင်းသီးမစားရပါဘူးတဲ့။

ဂျပန်
ဂျပန်နိုင်ငံမှာ လူတွေကို ဝခွင့်မပေးတဲ့ဥပဒေ ရှိပါတယ်။ ဂျပန်ဟာ ကမ္ဘာပေါ်မှာ ဝသူဦးရေနှုန်း နည်းပါးတဲ့နိုင်ငံဖြစ်တယ်။ (၅%သာရှိပါတယ်။ အမေရိကားမှာ ၃၅%ရှိပါတယ်) ဂျပန်ဥပဒေဟာ ၂ဝဝ၉ခုနှစ်မှာ ခါးအတိုင်းအတာအကြီးဆုံးကို သတ်မှတ်ခဲ့သေးတယ်။ အသက် ၄ဝနှစ် သို့မဟုတ် ၄ဝနှစ်အထက်အမျိုးသားတွေရဲ့ ခါးပတ်အကျယ်ဟာ ၈ဝ cmထက်မကျော်ရ၊ အဲဒီအသက်အရွယ် အမျိုးသမီးတွေရဲ့ခါးပတ်အကျယ်ဟာ ၉ဝcmထက် မကျော်ရလို့ သတ်မှတ်ထားပါတယ်တဲ့။

ဆွစ်စလန်
ဆွစ်စလန်နိုင်ငံမှာ ည ၁ဝနာရီကျော်ရင် အိမ်သာရေမလောင်းရ ဥပဒေရှိပါတယ်။ အနံ့နံခြင်းက ဆူညံခြင်းထက် ပတ်ဝန်းကျင်ကို ပိုသက်ရောက်စေလို့ပါတဲ့။ ဒါကြောင့် ည၁ဝနာရီကျော်မှာ အိမ်သာရေလောင်းတာဟာ ဥပဒေကိုချိုးဖောက်တာပဲဖြစ်ပါတယ်။

အရက်မသောက်ရဥပဒေ
အမေရိကန်နိုင်ငံ St. Louisမြို့မှာ လမ်းပေါ်မှာထိုင်နေတုန်း ဘီယာမသောက်ရ တားမြစ်ထားပါတယ်။
Chicagoမြို့မှာ မြို့ရဲ့ဘယ်ထောင့်တစ်နေရာမှာပဲဖြစ်ဖြစ် သင်ရပ်ပြီး အရက်သောက်ရင် သင့်ကိုဖမ်းဆီးခွင့်ရှိပါတယ်။
Kansasပြည်နယ် Topekaမြို့မှာ ရေနွေးကြမ်းခွက်နဲ့ အရက်ထည့်မသောက်ရ တားမြစ်ထားပါတယ်။
Clevelandမြို့မှာ ဝီစကီပုလင်းလိုက်မော့ခွင့် တားမြစ်ထားပါတယ်။
ကနေဒါရဲ့ Saskatchewanမြို့နယ်မှာ အရက်ဘားမှာ ရေမသောက်ရတားမြစ်ထားပါတယ်တဲ့။


ကျန်တချို့နိုင်ငံရဲ့ဥပဒေကို ဒီမှာသွားကြည့်နိုင်ပါတယ်.. http://www.ltaaa.com/wtfy/6394.html

သိထားသင့်သော ခန္ဓာကိုယ် အကြောင်း အရာများ


http://192.168.20.70/service/home/~/3.jpg?auth=co&loc=en_US&id=194307&part=2
၁) ဦးနှောက်ကအသုံးပြုတဲ့ စွမ်းအင်ဟာ ၂၅ ဝပ် မီးသီးတစ်လုံးလင်းဖို့ လုံလောက်တဲ့ ပမာဏရှိပါတယ်...
၂) နှာခေါင်းဟာ အနံ့ပေါင်း ၅၀၀၀၀ (ငါးသောင်း) ကို မှတ်သားသိရှိနိုင်စွမ်းရှိပါတယ်...

၃) လူ့ကိုယ်ခန္ဓာမှာ အသေးဆုံးအရိုးက middle ear မှာ တည်ရှိတဲ့ stapes ဒါမှမဟုတ် stirrup လို့ခေါ်တဲ့အရိုးဖြစ်ပါတယ်.. ဒီအရိုးဟာ ခန့်မှန်း ၀.၁၁ လက်မသာရှိပါတယ်...

၎) လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ လက်ဗွေရာတွေရှိသလို လျှာတွေမှာရှိတဲ့ အရေးအကြောင်းတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားစွာရှိနေကြပါတယ်... လျှာဗွေရာလို့ ဆိုရမယ်ထင်ပါတယ်...

၅) လူရဲ့နှလုံးဟာ သွေးတွေကို ပေ ၃၀ အမြင့်အထိ ပန်းထုတ်နိုင်လောက်တဲ့ ဖိအားရှိပါတယ်...

၆) သင့်အစာအိမ်အတွင်းနံရံဟာ သုံးလေးရက်ကြာတိုင်း အသစ်လဲပါတယ်... အဲ့ဒီလိုမလဲဘူးဆိုရင် အစာအိမ်ထဲမှာ အစာချေချက်ပေးတဲ့ အက်ဆစ်ပြင်းတွေဟာ သင့်အစာအိမ်နံရံကိုလည်း တိုက်စားချေဖျက်သွားမှာဖြစ်ပါတယ်...


၇) သင့်ကိုယ်ခန္ဓာမှာ ကြွက်သားပေါင်း ၆၅၀ ကျော်ရှိပါတယ်...

၈) လူတစ်ယောက်ဟာ သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ ပျမ်းမျှအားဖြင့် ၄၀ ပေါင် လောက် အလေးချိန်ရှိတဲ့ အရေပြားတွေကို လဲလှယ်ခဲ့ပါတယ်..

၉) အူရဲ့အရှည်ဟာ ၂၃ ပေလောက်ရှိပါတယ်...

၁၀) ဆီးအိမ်ဟာ အကြမ်းအားဖြင့် ခရစ်ကက်ဘောလုံးတစ်လုံးစာ အရွယ်အစားလောက်ရှိပါတယ်...

၁၁) လက်သည်းဟာ အခြေကနေ ထိပ်ဖျားကိုရှည်ထွက်လာဖို့ ၆ လလောက် အချိန်ယူရပါတယ်...

၁၂) လူ့အရေပြားရဲ့ တစ်လက်မပတ်လည်အတွင်းမှာ သွေးကြောမျှင်ပေါင်း ပေ ၂၀ ပါရှိပါတယ်...

၁၃) လူရဲ့ ပေါင်ရိုးတွေဟာ ကွန်ကရစ်ထက် ပိုခိုင်မာပါတယ်...

၁၄) အရေပြားရဲ့ တစ်လက်မပတ်လည်အကွက်အတွင်းမှာရှိတဲ့ အမွေးအရေအတွက်ချင်းနှိုင်းယှဉ်ရင် လူသားတွေဟာ ချန်ပန်ဇီမျောက်တွေထက် အမွေးပိုများပါတယ်...

၁၅) ခြေထောက်တစ်စုံမှာ ချွေးဂလင်းပေါင်း ၅၀၀၀၀၀ (ငါးသိန်း) ရှိပါတ


https://sites.google.com/site/mgytzk/
(ကာရံငယ်)

အထွေထွေ ဗဟုသုတများ

 
http://192.168.20.70/service/home/~/1.jpg?auth=co&loc=en_US&id=194284&part=2
၁)  ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး...

၂)  လူတစ်ယောက်သေဆုံးတဲ့အခါမှာ ပထမဆုံးပျောက်ဆုံးသွားတဲ့အာရုံက အမြင်အာရုံဖြစ်ပြီး...      နောက်ဆုံးပျောက်ဆုံးသွားတာကတော့ အကြားအာရုံဖြစ်ပါတယ်...

၃)  လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်...

၎)  အရက်ဟာ အမျိုးသားတွေရဲ့ လိင်ဟော်မုန်းတွေကိုလျှော့ကျစေပေမဲ့ အမျိုးသမီးတွေကိုတော့ တိုးမြှင့်စေပါတယ်...

၅)  ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်...

၆)  shopping mall တွေရောက်တဲ့အခါ ချောမွေ့မာကျောတဲ့ မျက်နှာပြင်မှာ သူတို့ဖနှောင့်ကျသံ  တဒေါက်ဒေါက်ကို ပြန်ကြားရတဲ့ အမျိုးသမီးတွေဟာ ဈေးပိုဝယ်ဖြစ်ကြပါတယ်..


၇)  ရင်သားကင်ဆာရောဂါဆိုတာနဲ့ လူတွေက အမျိုးသမီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်... တကယ်တော့ အဲ့ဒီရောဂါဟာ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်...

၈)  ဂီတသံဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာနှစ်မျိုးလုံးကို သက်သာစေပါတယ်...

၉)  လူတစ်ယောက်ဟာ ချစ်သူရည်းစားရပြီဆိုတာနဲ့ ပျမ်းမျှအားဖြင့် သူငယ်ချင်းမိတ်ဆွေ နှစ်ယောက်လောက်ကို ဆုံးရှုံးကြရပါတယ်...

၁၀)  ပျားရည်ထုတ်နိုင်တဲ့ ပျားကောင်တွေဟာ အနံ့ခံခွေးတွေလိုပဲ ဗုံးနဲ့ မူးယစ်ဆေးဝါးတွေကို အနံ့ခံနိုင်အောင် လေ့ကျင့်ပေးလို့ရပါတယ်...

၁၁)  ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာ သားပိုက်ကောင်တွေကသာ လေမလည်တာပါ...

၁၂)  ဆေးလိပ်မီးညှိရာမှာသုံးတဲ့ မီးခြစ်မျိုးတွေကို မီးခြစ်ဘူးနဲ့ မီးခြစ်ဆံကိုသုံးတဲ့ မီးခြစ်မျိုးတွေထက် အရင်စောပြီး တီထင်ခဲ့ကြပါတယ်...

၁၃)  လီယိုနာဒိုဒါဗင်ချီဟာ သူ့ရဲ့ အထင်ရှားဆုံးပန်းချီကားဖြစ်တဲ့ မိုနာလီဇာပန်းချီကားမှာ လက်မှတ်ရေးထိုးခြင်း ဒါမှမဟုတ် ရက်စွဲတပ်ခြင်းကို လုံးဝမပြုလုပ်ခဲ့ပါဘူး...

၁၄)  မြေငလျင်လှုပ်နေတဲ့အချိန်မှာ ပိုးဖလံတွေဟာ မပျံသန်းနိုင်ပါဘူး....

၁၅)  တောင်ဝင်ရိုးစွန်က ရေခဲမြစ်တွေထဲက သုံးရာခိုင်နှုန်းနီးပါးဟာ ပင်းဂွင်းငှက်တွေရဲ့ ဆီးတွေဖြစ်ပါတယ်...

၁၆)  ရေမြှုပ်ကျောက် (pumice) ဟာ ရေမှာပေါ်နိုင်တဲ့ တစ်မျိုးတည်းသော ကျောက်ဖြစ်ပါတယ်...

၁၇)  ကုလားအုတ်နို့ဟာ အချဉ်ပေါက်ခြင်း ပျက်ခြင်းမရှိပါဘူး...
  ၁၈)  သင့်ခြေဖဝါးဟာ သင့်လက်ဖျံနဲ့ အလျားတူပါလိမ့်မယ်... သင့်လက်မ ဟာလည်းသင့်နှာခေါင်းနဲ့ အရှည်တူပါလိမ့်မယ်... သင့်နှုတ်ခမ်းရဲ့အလျားက လက်ညှိုးအရှည်နဲ့ တူနေပါလိမ့်မယ်...

၁၉)  အမျိုးသားတွေရဲ့ ရွပ္အက်ႌၾကယ္သီးဟာ ညာဘက္မွာရွိၿပီး အမ်ိဳးသမီးရွပ္အက်ႌၾကယ္သီးကေတာ့ ဘယ်ဘက်မှာတပ်ထားကြပါတယ်...

၂၁)  အီဂျစ်နိုင်ငံ ဂီဇာမြို့မှာရှိတဲ့ မဟာပိရမစ်ကြီး (Great Pyramid) ဟာ အပူချိန် ၆၈ ဒီဂရီဖာရင်ဟိုက်မှာ ပုံသေထိန်းထားနိုင်ပါတယ်...

၂၂)  အုန်းသီးနုနုထဲမှာရှိတဲ့ အုန်းရည်ကို သွေးရည်ကြည်အဖြစ် အစားထိုးအသုံးပြုနိုင်ပါတယ်...

၂၃)  ဂါလီဗာရဲ့ ခရီးစဉ်များ စာအုပ်ကိုရေးသားခဲ့သူ Jonathan Swift ဟာ မားစ်ဂြိလ်ရဲ့ ဂြိုလ်ရံလနှစ်စင်းဖြစ်တဲ့ Phobos နဲ့ Deimos တို့ရဲ့ အရွယ်အစားအတိအကျနဲ့ သူတို့ရဲ့ လှည့်ပတ်နေတဲ့နှုန်းကို ရှင်းလင်းဖော်ပြခဲ့ပါတယ်... သူရေးသားခဲ့တဲ့ကာလဟာ အဲ့ဒီလတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၁၀၀ လောက်စောတဲ့ အချိန်ကဖြစ်ပါတယ်...
--

သိရှိစေရန်အလိုဌာ

https://sites.google.com/site/mgytzk/
(ကာရံငယ်)

ထူးဆန်းထွေလာ လူ့ခန္ဓာ........ဗဟုသုတပေါ.


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်
နေနိုင်ပါသေးတယ်။ အစာအိမ် ၊သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊
ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်
တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အသက်ရှင် နေနိုင် ပါသေးတယ် ။
(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားကလျှာဖြစ်ပြီးအမာကျောဆုံး အရိုးကတော့ မေးရိုးပါ။
(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်း
နဲ့ဖွဲ့စည်းထားပါတယ်။
(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ က တစ်နေ့ကိုချွေး (1)ပိုင့် မက ထုတ်
လုပ်ပါတယ်။
(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓားကိုတောင် ချေဖျက်နိုင်တဲ့ အထိ
ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့အကြောင်း
အရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေ နဲ့ အလို
လိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။
(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို 100 mph နှုန်းအထိရှိပြီး ၊ ချောင်း
ဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။
(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်
တည်ဖို့လုံလောက်ပါတယ်။
(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။
(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြပါတယ်။
(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်
ရောက်တဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့ရှစ်ပုံတစ်ပုံမျှပဲရှိပါတော့တယ်။ဘာကြောင့်လဲဆိုရင်ခန္ဓာကိုယ်ဇီဝက
မ္မဖြစ်စဉ်မှာဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။
(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့
(၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလိုဆက်
သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။
(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုး
စားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်
တာပါ ....တဲ့။
(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်
ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာ
ရှိပါတယ်။
(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။
(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီ
ကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အ
တိအကျ အတည်မပြုနိုင်သေးပေမယ့် ...... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာ
ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။
(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ
တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။
(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်း
ရှိပါတယ်။ဦးနှောက်ရဲ့(၈၀)ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်
ဆီဂျင်ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက် သိ
ရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။
(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်
အပိုင်းပါ။
(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ် တန့်သွားပြီး နှာခေါင်းနဲ့နားရွက်
ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။
(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ
အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။
(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ်။
ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုး အဆစ်တွေ ဟာ နေ့ခင်းပိုင်း မှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာ
ရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်း
ငယ်ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုး
တွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ် သွားလေ့ရှိပါတယ်။
(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့
စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦး
နှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။
(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး ဖြစ်ပါတယ်။
(24)မျက်နှာပြင်တ၀ိုက်ပေါက်တဲ့အမွေးအမျှင်တွေဟာကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာပေါက်တဲ့အမွှေး
အမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်
ဖြစ်ပါတယ် ။
(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေး
အမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။
(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။
(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီး
သွားလေ့ ရှိကြပါတယ်။
(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။
(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြား
နေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ။
(30)မိနစ်တိုင်းမိနစ်တိုင်းမှာခန္ဓာကိုယ်ပေါ်ကမီလျံသန်းတစ်ရာမျှသောဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။
(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်း
စီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်
တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )
(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိ
စိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)
(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ ကြာ အသက်ရှင်နေနိုင်ပါ တယ်။
ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်
ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်
အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ
သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်
နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ် ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသား
ဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ် ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်း
တွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်။
(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်
နေလေ့ရှိပါသတဲ့ ... ။
(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေး အမျိုး
အစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုးအစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့
ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။
(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။
လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်
ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊
အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်
သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေ အသက်ဆုံးရှုံး
နေလေ့ရှိပါတယ်..တဲ့ ။
(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်
နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။
(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။
(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိ
ပါ တယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။
(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရ
ပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲသုံး
စရာလိုပါတယ်တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန်ရအောင်အကြံဥာဏ်
တစ်ခုလောက်ပေးချင်ပါတယ်။တကယ်လို့များပေါ့...ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်
က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့ လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ်
သက်ကြောင်းလည်းအမူအရာနဲ့မျက်မှောင်ကြုတ်ပြမနေပါနဲ့...။အလွယ်ဆုံးနည်းဖြစ်တဲ့...ကြွက်သားလေးခု
ကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...
(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်ရာအကုန်လုံးတော့ မဟုတ်သေး
ပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သောအံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာ ရှင်တွေ ယနေ့တိုင်
ရှာတွေ့နေ ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါး
တစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw