LATESTED NEWS
Showing posts with label ချစ်သူများအတွက်. Show all posts
Showing posts with label ချစ်သူများအတွက်. Show all posts

အတုယူသင့်သည့်  အမျိုးသမီးအမျိုးအစားများ



တည်ငြိမ်သော အမျိုးသမီးတစ်ဦးက 
သူ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။အေးဆေးတဲ့အပြုံးတစ်ခုနဲ့ ဒေါသကိုထိန်းတယ်။
.
စိတ်ဓာတ်တည်ကြည်သော အမျိုးသမီးက
 တာဝန်တစ်ခုကို မနိုင်ဝန်မထမ်းဘူး။ကတိစကားတစ်ခွန်းကို...ချင့်ချိန်ပြီးမှပြောဆိုတတ်တယ်။
.
ရိုးသားသောအမျိုးသမီးတစ်ဦးက
ကိုယ်ကျိုးတစ်ခုဘဲ မကြည့်တတ်ဘူး။လုပ်ဆောင်မှု့တိုင်းသူတစ်ပါးအတွက်အမြဲထည့်တွက်ပေးတတ်တယ်။
.

A to Z မှ အချစ်အကြောင်း



Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ
အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

သံယောဇဉ်


ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။
ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက်တွေပြောခွင့်ရတယ်။

မဆက်သွယ်တာကြာတိုင်း ငါတို့ ဝေးကွာသွားတာ မဟုတ်ပါဘူး။
သတင်းတွေမကြားတိုင်း ငါတို့ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။

မိန်းက​လေး​တွေ ဖတ့်​ပြီး ​ရွှေးချယ်​ကြ​ပေါ့


ဘဝ​ရေးနဲ့ နှိုင်းယှဉ်​ရင်​ အချစ့်​ဆိုတာ ​အရမ်း​သေးသိမ်​ညံဖျင်းပြီး က​လေးဆန်​တဲ့ အရာ​လေးပါ ဘဝကို ညဏ်​နဲ့ယှဉ်​ပြီး တည်​​ဆောက့်​တဲ့ကြိုးစား​နေတဲ့ လူ​တွေမှာ အချစ့်​ကို အချစ့်​လို့ မမြင်​​တော့ဘူး အချစ့်​ကို ကာမနဲ့/ ရာဂ ပဲမြင်​​တော့တယ်​ ဒါ​ပေမဲ့ စိတ့်​မပြတ့်​ပါနဲ့ ​လောကကို လှ့ပ​စေခြင်​တဲ့ ကိုကျင့်​သီလ မြင့်​မြတ့်​ခြင်းတရား​တေ သိ့ရှိ့ထားသူမျိုးမှာ​တော့ ​မေတ္တာတရား​ ​တွေ ရှိ့​နေမြဲ့ပါ။

အချစ်ဆိုတာ‬……


တကယ်တော့ အချစ်ဆိုတာ....ချစ်နေရုံ သက်သက်နှင့် ပြည့်စုံပါတယ်
 ဘာပဲပြောပြော ချစ်နေဖို့ပဲ လိုတာပါ.....

၁)
သူမ.. အပြင်မှာ နောက်ယောက်ျားလေးအသစ်တစ်ယောက် တွေ့နေတာကြောင့် အိမ်ကယောကျာ်းနဲ့ တစ်ကုတင်တည်းမအိပ်ချင်တော့ဘူး။
ဘီဒိုထဲက စောင်နဲ့ ခေါင်းအုံးအသစ်ထပ်ထုတ်ပြီး ယောကျာ်းနဲ့ကုတင်ခွဲအိပ်တယ်။
တစ်ယောက်တည်း ကုတင်အထက်မှာ ချမ်းလွန်းလို့ တုန်နေတယ်။
ယောက်ျားက ချက်ချင်းကုတင်နားလာပြီး သူ့စောင်နဲ့ လဲလိုက်တယ်..
ပြီးတော့ ပြောတယ်..

“ ငတုံးမလေး… အရင်နေ့တွေက ငါနင့်ထက်အရင်စောပြီး အိပ်ရာဝင်တာ ငါ့ကိုယ်ငွေ့နဲ့ အရင်နွေးပေးအောင်လုပ်တာ.. စိတ်ချပါ.. ငါနင့်စောင်မဖယ်ပါဘူး.. ”
သူမ စိတ် အရည်ပျော်သွားသည်။
နောက်နေ့ အပြင်က ချစ်သူနဲ့တွေ့တဲ့အခါသူမက မေးလိုက်သည်။
“ရှင် ကျမကို ချစ်လား” ?
“ အမ်… အင်း… အင်း ချစ်တယ်လေ.. ”
ရုတ်တရတ်အမေးကြောင့် သူနည်းနည်းကြောင်သွားသည်။
“ဒါဆို ကျမစောင်ကို ရှင်နွေးထွေးအောင်လုပ်ပေးမှာလား”
သူ ဒီ့ထက်ပိုကြောင်သွားတယ် .. “ ဘယ်လို… ဘယ်ဟာကို….”
သူမ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီးတစ်ခွန်းလှည့်ပြောလိုက်တယ်..
“ ဒီနေ့ ရှင်နဲ့ ကျမ နောက်ဆုံးပဲ… ဘိုင့်”
[ အချစ်ဆိုတာ ကိုယ်ခန္ဓာရဲ့ အနွေးဓာတ်လေးတစ်ခု ]
(၂)
သူမ ကားမောင်းရင် အာရုံပျံ့လွင့်တတ်တယ်။
ရုံးက ပြန်လာနေတုန်း ပျင်းပျင်းရှိတာနဲ့ ယောက်ျားဆီဖုန်းခေါ်လိုက်တယ်..
ယောက်ျားဆီအမြဲ အဲလိုဖုန်းဆက်တိုင်း “ အင်း… ” တစ်လုံးထက်ပိုမပြောဘူး…
အဲဒါနဲ့ ဖုန်းချပစ်လိုက်ပြီး ကျောင်းနေဖက်သူငယ်ချင်းကို ဖုန်းလှမ်းခေါ်လိုက်တယ်။
တစ်ဖက်က ကျူတဲ့အဆင့်ထိတက်လာတော့ သူမ အာရုံထွေပြားသွားပြီး ကားတိုက်မှုဖြစ်သွားတယ်။
ဆေးရုံမှာ ယောက်ျားဖြစ်သူက နေ့ညမနား ပြုစုပေးတယ်။
သူမ သတိရလာတော့ ယောက်ျားက သူမလက်ကိုဆုပ်ကိုင်ပြီးပြောတယ်။
“ ဘာဖြစ်လို့ ဒီလောက်ပေါ့ဆရတာလဲဟင်…
နင်ကားမောင်းနေတုန်းငါ စကားတစ်ခွန်းထက်ပိုမပြောဘူးဆိုတာ နင်အခုလို အက်စီးဒင့်ဖြစ်မှာစိုးရိမ်လို့လေ.. နင်က ဒီလောက်အာရုံများတတ်တာ ငါမသိဘဲနေမလား..”
သူမ သူ့လက်ကို တင်းတင်းလေးပြန်ဆုပ်ကိုင်ထားလိုက်သည်၊ ပါးပြင်အထက်ကနေ မျက်ရည်ပူအချို့ စီးဆင်းလာသည်။ ရင်ဘတ်ထဲမှာ နွေးနေသည်။
[ အချစ်ဆိုတာ စကားတစ်ခွန်းထက် ပိုမပြောတာ ]

(၃)
ညအိပ်ခါနီး ယောက်ျားကိုမေးတယ်
“ တကယ်လို့ ရှင်နဲ့ ကျမ အသက်တွေကြီးလာလို့ နှစ်ယောက်ထဲက တစ်ယောက်အရင်သေရမယ်ဆို.. ဘယ်သူ့ကို အရင်သေစေချင်လဲ”
“ ကိုယ့်မိန်းမကို အရင်ပေးသေမှာပေါ့လို့… ”
“ ဟွန်း… အကျင့်မကောင်းဘူး.. ဘာဖြစ်လို့လဲ… ”
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်မရှိတဲ့နေ့ရက်တွေကို မိန်းမ တစ်ယောက်တည်း အထီးကျန်ဆန်ဆန် မဖြတ်သန်းစေချင်ဘူးလေ… ကိုယ့်ကိုပဲဖြတ်သန်းခွင့်ပေးပေါ့”
“ အော်…. ဂလိုလား…. ဒါဆို ကို့မှာ ကုလို့မရတဲ့ ရောဂါရနေတယ်ဆိုရင်ကော… ”
“ အာ… အိပ်တော့… အိပ်ခါနီး ပေါက်ကရလျှောက်တွေးနေတယ်… ”
“ဟာ… ကိုကလည်းကွာ.. ရဖူး.. ပြောပြ.. တကယ်လို့ဆိုရင်ပြောတာ”
“ အဲလိုဆို.. မကုတော့ဘူး.. ”
“ ဘာဖြစ်လို့လဲ .. ”
“ မိန်းမ တစ်ယောက်တည်းကျန်ခဲ့ရင် ငွေရှာရတာ လွယ်လို့လား… ”
[ အချစ်ဆိုတာ ကိုယ်ဘေးဒုက္ခရောက်နေသည့်တိုင်အောင် သင့်အတွက် စိတ်ပူပန်ပေးသေးတာ ]

(၄)
သူမ ပန်းသီးကြိုက်တတ်တယ်။
သူ နေ့တိုင်း ပန်းသီးနှစ်လုံးအခွံနွှာတယ်၊ တစ်ယောက်တစ်လုံးပေါ့၊ သူမကလည်း ဒါကို ရိုမက်တစ်ဆန်တယ်လို့ တွေးပြီး နှစ်ခြိုက်တယ်။
ဒါပေမယ့် တစ်ခုမကြိုက်တာက အမြဲတမ်း သူက ပန်းသီးတစ်လုံးဆီကို တစ်ကိုက်ဆီကိုက်ပြီးမှ သူကိုက်ပြီးသားမှ သူမကို ပေးတာပဲ.. ဒါကို စိတ်ထဲမှာ မေးချင်နေပေမယ့် အောင့်ထားတာကြာပြီ။
တစ်ရက်.. သူ ဖုန်းသွားကိုင်တုန်း
စားပွဲပေါ်တင်ထားခဲ့တဲ့ သူ့ပန်းသီးကို သူမ တစ်ကိုက်ပြန်သွားကိုက်လိုက်တယ်၊
အရသာက ကိုယ်စားနေကျ ပန်းသီးလောက် မချိုဘူးဖြစ်နေတယ်။
မျက်ရည်နွေးလေးက သူမ ပါးပြင်ထက်က စီးဆင်းလာတယ်…
[ အချစ်ဆိုတာ သင့်အတွက် ကောင်းတာလေးကိုပဲချန်ထားတာ ]
(၅)
သူက သူမကိုမေးတယ်၊ “ ငါ့ဘောင်းဘီအိတ်ထဲမှာ သကြားလုံးဘယ်နှစ်လုံးရှိသလဲ မှန်းကြည့်”
သူမက ဖြေတယ် “ ဖြေတာမှန်ရင် ကျွေးမှာလားပြော”
သူခေါင်းညိတ်ပြီး ပြန်ဖြေတယ် .. “ အင်း.. မှန်ရင် နှစ်လုံးကျွေးမယ်”
သူမ တံတွေးကိုမြိုချလိုက်ပြီးပြောတယ်၊ “ ၅ လုံး ရှိတယ် ”
သူက ရယ်ပြီး သူမလက်ထဲကို သကြားလုံးထိုးထည့်ပေးပြီးပြောလိုက်တယ်
“ သုံးလုံးအကြွေးမှတ်ထား ”
[ အချစ်ဆိုတာ သင့်လောဘစိတ်သေးသေးလေးကအစ လိုက်ဖြည့်ဆည်းပေးတာ ]
(၆)
ကုလားထိုင်ပေါ်မှာ အဖိုးကြီးတစ်ယောက် မှိန်းပြီး အနားယူနေသည်။
အဘွားကြီးက အဖိုးကြီးလက်ကို လာဆွဲပြီးပြောတယ်
“ အဖိုးကြီးရေ… ကျုပ်အခု တော့်ကို တောင်းပန်းစရာတစ်ခုရှိတယ်အေ…
အဲဒီနှစ်မှာ.. ကျုပ်ကို ကျုပ်ငယ်ရည်းစားပြန်လာရှာတယ်၊ သူကပြောတယ်.. ကျုပ်ကိုချစ်သေးတုန်းပဲတဲ့… အခု ကျုပ်ကိုလာပြန်ခေါ်တာတဲ့၊
ကျုပ်လည်း အဲဒီတုန်းက သူ့အပေါ်ချစ်သေးသလိုတော့ရှိသား…
ဒါနဲ့ပဲ သူနဲ့လိုက်သွားဖို့ အထုပ်အပိုးပြင်မလို့ အိမ်ကိုပြန်လာတယ်၊
အိမ်ထဲဝင်လိုက်တာနဲ့ မီးဖိုချောင်က ကြက်ပေါင်းရည်ပြုတ်နေတဲ့ တော့်ကို တွေ့လိုက်ရတော့တာပဲ.. တော် တောင်ပြောသေးတယ်
” ကျုပ် အခုတလော စိတ်ကယောင်ချောက်ခြားဖြစ်နေလို့တဲ့၊ အားရှိသွားအောင်ပြုတ်ပေးတာတဲ့ ”
“ အဲတုန်းက ကျုပ် အိပ်ခန်းထဲတန်းပြေးဝင်သွားပြီး ငိုချင်းချတော့တာပဲ
အဲဒီတုန်းက ကျုပ်ဆုံးဖြတ်ခဲ့တယ်.. တော့်ကို မခွဲသွားတော့ဘူးလို့… ”
.
.
.
အဖိုးကြီးက မျက်လုံးကို မှေးနေအောင်ရယ်လိုက်ပြီး ပြန်ဖြေတယ်၊
“ အဖွားကြီးရ… ဒီကိစ္စကို ငါ အစောကြီးတည်းကသိနေတယ်..
အဲတုန်းက နင်တို့ နှစ်ယောက် အပြန်အလှန်ပို့ခဲ့တဲ့စာတွေငါ ခိုးဖတ်ခဲ့တယ်၊
အဲဒီကြက်ပေါင်းရည်ကလည်း နင်သွားတော့မယ်ဆိုတာ ငါသိနေလို့ နောက်ဆုံးအနေနဲ့ ငါ့ဘက်က တတ်နိုင်တာလုပ်ပေးတာ၊
ဗိုက်ထဲအစာမရှိပေမယ့် ကြက်ပေါင်းရည်လေးသောက်ထားတော့ ကားမူးနည်းနည်းသက်သာတာပေါ့. .. နင်ငယ်ငယ်က ကားအရမ်းမူးတတ်တယ် မဟုတ်လား… ”
ပါးရေတွန့်နေတဲ့ အဘွားကြီး မျက်နှာမှာ မျက်ရည်တွေနဲ့စိုရွှဲသွားတယ်..
ခဏနေတော့ အဘွားကြီးကပြောတယ်…
“ အဖိုးကြီး…
ကျုပ်ဒီတစ်သက်လုပ်ခဲ့ဖူးသမျှကိစ္စမှာ အမှန်ဆုံးကိစ္စကတော့.. အဲဒီနှစ်က တော့ကို မခွဲသွားခဲ့တာပဲ.. ”
ယောကျာ်းလေး တစ်သက်လုံးသိမှာ မဟုတ်ဘူး၊
မိန်းကလေးတွေ ဘာတွေတွေးနေတယ်ဆိုတာ။
မိန်းကလေး တစ်သက်လုံးသိမှာမဟုတ်ဘူး၊
ယောက်ျားလေးတွေ ဘာလိုချင်သလဲဆိုတာ။
အရမ်းကို လက်ရာသေသပ်လှပတဲ့အချစ်တိုင်းက အကျိုးအကြောင်းမရှိဘဲဖြစ်ပေါ်လာကြတယ် ဆိုတာမရှိပါဘူး..။
ကောင်းတဲ့ကံကြောင့်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့ကံကြောင့်ပဲဖြစ်ဖြစ်
အဲဒီလူနှစ်ယောက်ချစ်နေတဲ့ အချစ်တစ်ခုထဲကိုသာ ရှေ့တန်းတင်ပြီး နားလည်ပေးမယ်၊ အချင်းချင်းခွင့်လွှတ်ဖာထေးပေးမယ်ဆိုမှသာ အချစ်ရဲ့ တကယ့်နောက်ခံပိတ်ကားအစစ်အမှန်ပေါ့…
အချစ်ဆိုတာ ထင်တာထက် နက်နဲတယ်ဟုတ်..
ချမ်းသာသုခဆိုတာ ဗလိုင်းကြီး ဖြစ်မလာပါဘူး၊
သင်က စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးချင်းပြုစုပျိုးထောင်ပေးမှသာရရှိမှာပါ။
သံယောဇဉ်က ကြီးထွားတတ်တာ – ပျိုးထောင်ပါ ပေါ့ …

wish all u can find love,
the true love ,
peace.

Credit: Aung Min Thein

သင့်ချစ်သူ ကောင်လေးဟာ အရင်ရည်းစားဟောင်းကို စိတ်မပြတ်နိုင်သေးဘူးဆိုတာ သိသာသွားစေတဲ့ အချက်များ


သင့်ချစ်သူကောင်လေးဟာ သင်နဲ့ချစ်သူတွေ ဖြစ်ပြီးတာတောင် အရင်တစ်ယောက်နဲ့ ပြန်ပြီး အီစီကလီလုပ်နေတာမျိုး၊ ဒါမှမဟုတ် သူ့ဘက်က စွဲလန်းနေသေးတာမျိုးတွေ သိပ်ရိပ်မိနေပါသလား။ တကယ်တော့ အရင်တစ်ယောက်ကို စိတ်ရှိနေသေးရဲ့နဲ့ နောက်တစ်ယောက်နဲ့ တွဲဖို့ဆိုတာ မလွယ်ပါဘူး။ ပိုခက်တာက အဲ့လို စိတ်မပြတ်သားပဲ နောက်တစ်ယောက်ထပ်ထားပြီး ရည်းစားနှစ်ယောက်ထားသလို အဖြစ်မျိုး ရောက်နေတာမျိုးပါ။ သင့်ချစ်သူဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ သူ့အရင်ရည်းစားဟောင်းကို မပြတ်နိုင်သေးတာ သေချာပါတယ်။

၁။ချစ်သူကောင်လေးနဲ့ သူ့ရည်းစားဟောင်းပြတ်တယ်ဆိုတာ တရားဝင်ဖြစ်တာ တစ်လမပြည့်သေးဘူး။

အချစ်ဆိုတာ မီးခလုတ်လေး အဖွင့်၊ အပိတ်လုပ်သလောက်တော့ ဘယ်လွယ်လိမ့်မလဲ။ အထူးသဖြင့် သံယောဇဉ်ပေါ့။ ဒီတော့ ပြတ်ထားတာ ဘာမှမကြာသေးပဲ နောက်တစ်ယောက် ထပ်ထားနိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါ ဘူး။ နောက်တွဲမယ့် တစ်ယောက်ကို တိတ်တခိုးစိတ်ဝင်စားနေတာမျိုးကြောင့် ရည်းစားဟောင်းကို ပြတ်ပြီး နောက်တစ်ယောက်နဲ့တွဲတာဆိုရင်တော့ တစ်မျိုးပေါ့လေ။ မဟုတ်ရင်တော့ အရင်တစ်ယောက်အတွက် ခံစားချက်တွေကလည်း ရှိ သေး။ နောက်တစ်ယောက်ကိုလည်း အီထားမိသေး။ ဘယ်လောက် စိတ်ကုန်ဖို့ ကောင်းပါသလဲ။

၂။ သူ့ရဲ့ စိတ်ခံစားချက်တွေက မတည်ငြိမ်သေးပါဘူး။

လမ်းခွဲထားတဲ့ စိတ်ခံစားချက်တွေ ပြန်လည်အဆင်ပြေနိုင်ဖို့အတွက် အချိန်ယူကိုယူရပါလိမ့်မယ်။ ဒီတော့ ရိုလာကိုစတာစီးနေသလို သူ့ခံစားချက်တွေဟာ တက်လိုက် ဆင်းလိုက်နဲ့ မတည်မငြိမ် ဖြစ်နေနိုင်ပါတယ်။ သူဟာ သင့်အပေါ် အေးအေးကြီး ဆက်ဆံလိုက်။ ပြီးသွားတဲ့အခါ အရမ်းချစ်ပြနေလိုက် ဆိုရင်တော့ သူ့ကို သတိထားကြည့်ပါ။ ဒါဟာ သူ့အရင်ရည်းစားကြောင့်ဖြစ်နေတာပါ။


၃။ရည်းစားဟောင်းနာမည်ကို မကြာခဏ ဖွင့်ပြောနေမိလိမ့်မယ်။

စွဲလန်းနေတဲ့ စိတ်ကြောင့် ကိုယ်သတိမထားမိပဲ သူ့နာမည်လွှတ်ခနဲ ပြောလိုက်တာမျိုး ရှိသလို၊ အကြောင်းကြောင်းကြောင့် ပြောဖြစ်သွားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

၎။အဆက်အသွယ်တွေ ရှိနေတယ်။ ပုံမှန်ဆက်သွယ်နေကြတယ်။

ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို နေတာမျိုး သင်လက်ခံနိုင်ရင်တောင် လိုတာထက်ပို ဖုန်းတွေပြောမယ်၊ chat ကြမယ်၊ အပြင်မှာဆုံကြမယ်ဆိုရင်တော့ သင်စိတ်ညစ်လာမှာအမှန်ပါပဲ။ သူဟာ ရည်းစားဟောင်းနဲ့ လိုတာထက်ပို ဆက်သွယ်နေသလားဆိုတာ ကြည့်ပါ။ အခြေအနေမဟန်ရင်တော့ ဖွင့်မေးလိုက်တာ ပိုကောင်းပါတယ်။

၅။ရည်းစားဟောင်းကို အမြဲ အပြစ်တင်နေတတ်တယ်။

သူဟာ သင့်ရှေ့မှာ သူ့ရည်းစားဟောင်း မကောင်းကြောင်းတွေ၊ အမှားတွေ ဖွင့်ဟနေတတ်တယ်ဆိုရင်လည်း ဒါဟာ သူစိတ်မပြတ်သေးလို့ပါ။ သူ့စိတ်ထဲက ဖွင့်ထုတ်ချင်တာတွေ၊ ဖွင့်ဟချင်နေတာတွေကို သင့်ရှေ့မှာမို့ မကောင်းတာတွေ ချပြနေရတာမျိုးပေါ့။


ကာရံငယ်

သင့်ချစ်သူကို ဘယ်တော့မှ ထုတ်မပြောသင့်တဲ့ လျှို့ဝှက်ချက် (၇)ခု



ကိုယ်နဲ့ အရင်းနှီးဆုံး၊ ကိုယ့်အကြောင်း အားလုံးသိနေတဲ့ ကိုယ့်ချစ်သူကို တစ်ခါတစ်လေ လျှို့ဝှက်ထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒါလေးတွေ လျှို့ဝှက်ထားလိုက်လို့ ကိုယ့်အတွက်ရော၊ သူ့အတွက်ပါ ဘာဆိုးကျိုးမှ မရှိဘူးဆိုတာ သေချာစေတဲ့အပြင် နှစ်ဦးသားအချစ်ရေးတောင် ပိုမိုအဆင်ပြေသွားစေပါဦးမယ်။ ကဲ လျှို့ဝှက်ထားရမယ့် အရာလေးတွေက

၁။သူ့သူငယ်ချင်းက မိုက်တယ်ဆိုတာ

တစ်ခါတစ်လေ ကိုယ့်ချစ်သူ ကောင်လေးရဲ့ သူငယ်ချင်းက တော်တော်လေး အထာကျတဲ့အကြောင့် ကိုယ့်ချစ်သူကို သွားပြောလို့ မဖြစ်ဘူးဆိုတာ သိထားပါ။ ကိုယ့်စိတ်ထဲမှာပဲ ထားပါ။ ကိုယ့်စိတ်ထဲမှာ ရှိနေပြီးသား ကိုယ့်ချစ်သူထက် ဘယ်သူ့ကိုမှ ဦးစားပေးမှာ မဟုတ်ပဲနဲ့ ဒီအတိုင်းစကား အဖြစ်တောင် ရှင့်သူငယ်ချင်းက ချောလိုက်တာ၊ အရမ်းမိုက်တာပဲ လို့ မပြောမိပါစေနဲ့။ လျှို့ဝှက်ထားသင့်တဲ့အရာပါ။

၂။ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားကို facebook မှာ သွားသွားကြည့်မိတယ်ဆိုတာ



မိန်းမသားမို့ ဘာရယ်မဟုတ် ကိုယ့်ရည်းစားရဲ့ အရင်ဆော် ဘာတွေလုပ်နေမလဲဆိုတာ သိချင်စိတ်ဖြစ်မိတာမျိုး ရှိပါတယ်။ ကောင်လေးတွေအနေနဲ့လည်း ကိုယ့်ကောင်မလေးရဲ့ အရင်ဘဲ ဘာတွေလုပ်နေမလဲဆိုတာ သိချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ Facebook ဟာ နောက်ယောင်ခံ လိုက်ကြည့်ဖို့ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ သူတို့ရဲ့ စာမျက်နှာကို သွားကြည့်မိတယ်ဆိုရင်တောင် သင့်ချစ်သူကို မပြောမိပါစေနဲ့။

၃။ကိုယ်ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာ

ဘယ်ယောင်္ကျား၊ မိန်းမကမှ ကိုယ့်ချစ်သူ အရင်တုန်းက ဘယ်သူနဲ့ အတူနေခဲ့ဖူးတယ်ဆိုတာမျိုးကို ပြန်ပြောပြတာ လိုချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငါအရင်တုန်းက ဘယ်လိုမျိုး၊ ဘယ်သူနဲ့ဘာဖြစ်တာ ဘယ်လိုဆိုတာတွေ ပြောဖို့မလိုပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။

၎။သင့်စိတ်ကူးထဲက ချစ်သူဟာ ခုလက်ရှိအပြင်က လူနဲ့ ကွဲပြားနေတယ်ဆိုတာ

ငယ်ငယ်လေးကတည်းက သင့်စိတ်ကူးအိပ်မက်ထဲက ချစ်သူပုံစံဟာ ဘယ်လိုဆိုတာရှိနေပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ အိပ်မက်နဲ့ တကယ့်လက်တွေ့ဘ၀ ကွာခြားမှန်း သင်ကောင်းကောင်းသိလိုက်ပါပြီ။ အပိုတွေဇာချဲ့နေမယ့်အစား သင့်သူ့ကို တကယ်ချစ်လို့ လက်တွဲထားတယ်ဆိုတာကိုသာ သင်သိနေပါစေ။ သင့်အိပ်မက်ထဲက ချစ်သူက ဘယ်လိုမျိုးဆိုတာ သူ့ကို ဖွင့်ဟဖို့ မလိုပါဘူး။

၅။သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို သင်မုန်းတယ်ဆိုတာ

ဘယ်သူမဆို ကိုယ့်အချစ်ဆုံး သူငယ်ချင်းကို ထိရင် ခံချင်မှာ မဟုတ်ပါဘူး။ သင့်ကို အရမ်းချစ်တယ်ဆိုပေမယ့် ဒါဟာ သူ့သူငယ်ချင်းကို သင့်လိုလိုက်မုန်းဖို့တော့ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် အတတ်နိုင်ဆုံး ဒီလိုအချက်မျိုးကို ရှောင်သင့်ပါတယ်။

၆။သူ့မိဘတွေနဲ့ ကိုယ်အဆင်မပြေနိုင်ဘူးဆိုတာ

ကိုယ့်အနေနဲ့ သူ့မိဘတွေကို ဘယ်လိုမှ အကောင်းမြင်ပေးလို့မရဘူး။ သူတို့ရဲ့ပုံစံတွေကို ကြည့်မရဘူးဆိုရင်တောင် ဒါကို စိတ်ထဲမှာပဲထားပါ။ အပြင်ထုတ်ပြောဖို့တော့ အဆင်မပြေနိုင်ဘူးလေ။

၇။ကောင်လေးတစ်ယောက်က ကိုယ့်ကိုဘယ်လောက်ကြွေနေတယ်ဆိုတာ

ကိုယ်က ဘယ်လောက်မိုက်ကြောင်း၊ အထာကျလို့ ခုလိုရည်းစားရှိတာတောင် ကြွေနေတဲ့သူရှိကြောင်း ကြွားသလိုမျိုး ဖြစ်နေသလားဆိုတာ စဉ်းစားပါ။ အဲ့ဒီအရာထက် ပိုအရေးကြီးတာက ကိုယ့်ချစ်သူ စိတ်အနှောင့်အယှက်ဖြစ်မှာကို တွေးပါ။

ကာရံငယ်

ချစ်သူတွေ လမ်းခွဲစကားပြောတဲ့အခါ သုံးလေ့ရှိတဲ့ အသုံးအနှုန်းလေးများ



သင်ဟာ အကောင်းမြင်တတ်သူလား၊ ဒါမှမဟုတ် လက်တွေ့ကျကျတွေးတတ်သူလား ဆိုတာ လမ်းခွဲတော့မယ့်သူတစ်ယောက်ရဲ့ ပြောသွားတဲ့စကားတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်ချစ်ရသူက ကိုယ့်ကို လမ်းခွဲစကားပြောနေတာကို ကိုယ်ကအဟုတ်မှတ်ပြီး လမ်းခွဲစကားပြောလို့ ပြောမှန်းမသိအောင် ဖြစ်ဖူးကြတယ်ဆိုရင် လမ်းခွဲစကားပြောတဲ့အခါ သုံးလေ့ရှိတဲ့ အသုံးအနှုန်းလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။နင့်ကြောင့်မဟုတ်ပါဘူး။ ငါ့ကြောင့်ပါ လို့ တစ်ဖက်လူက ပြောလာတဲ့အခါ

အကောင်းမြင်တတ်သူတွေးပုံက - ဒါနင့်ပြသနာမဟုတ်ပါဘူး။ နင်က ပြည့်စုံတဲ့သူပါ။ အားလုံးငါ့ကြောင့်ချည်းပါပဲလို့ ထင်တတ်ကြပါတယ်။

လက်တွေ့ကျကျတွေးတတ်သူ တွေးပုံက - ဒါ နင့်ကြောင့်ပါပဲ။ ဒါတွေဖြစ်လာတာ အားလုံးနင့်ကြောင့်ပဲလို့ ပြောချင်မှန်း သိတယ်။

၂။ငါ့အတွက် သီးသန့်နေရာလေးတစ်ခု လိုအပ်လာပြီလို့ တစ်ဖက်လူက ပြောလာတဲ့အခါ

အကောင်းမြင်တတ်သူတွေးပုံက တော့ - ငါ့ကို နောက်တစ်လှမ်းဆုတ်ပြီး ငါတို့အချစ်ရေး အခြေအနေကောင်းလာအောင် လုပ်ပေးဖို့ တောင်းဆိုတာဖြစ်မယ်။

လက်တွေ့ကျကျတွေးတတ်သူ တွေးပုံက- ဒါ ငါ နင့်နဲ့ အဝေးဆုံးမှာ ရှိချင်နေပြီလို ပြောတာပဲ။

၃။ ငါတို့နှစ်ယောက်က တစ်ပုံစံတည်းဖြစ်နေတယ် လို့ တစ်ဖက်လူက ပြောလာတဲ့အခါ

အကောင်းမြင်တတ်သူတွေးပုံကတော့ - ငါတို့နှစ်ယောက်က ဂရုစိုက်တတ်တာရော၊ ချစ်စရာကောင်းတာ၊ ရယ်စရာကောင်းတာတွေအစ အားလုံးတူကြတယ်လို့ တွေးပါလိမ့်မယ်။

လက်တွေ့ကျကျတွေးသူကတော့ - ဒါငါ့ကို ပျင်းနေပြီလို့ ပြောတာပဲ ဆိုတာ သိပါတယ်။

၎။ငါတို့သူငယ်ချင်းတွေလို နေကြရအောင်လို့ တစ်ဖက်လူက ပြောလာတဲ့အခါ

အကောင်းမြင်တတ်သူတွေးပုံကတော့ ချစ်သူရည်းစားဆိုပေမယ့် သူငယ်ချင်းလိုလည်း ဆက်ဆံတတ်မှသာ အချစ်ရေးက ပိုသာယာလာလိမ့်မယ်။

လက်တွေ့ကျကျ တွေးတတ်သူကတော့ - ငါနင်နဲ့ အတူနေဖို့လည်း မတွေးတော့ဘူး၊ ပေါ့ပေါ့ပါးပါးပဲ အေးဆေးနေချင်တယ်။


၅။ငါ ဘာမှကြိုမပြောနိုင်ဘူး။ ကတိလည်း မပေးနိုင်တော့ဘူးလို့ တစ်ဖက်လူက ပြောလာတဲ့အခါ

အကောင်းမြင်တတ်သူ တွေးပုံကတော့ - ငါ ရေရှည် ဒီအချစ်ရေးအတွက် အဆင်သင့် မဖြစ်သေးဘူး။ ခဏတာပဲဖြစ်ဦးမယ်။ နောက်ပိုင်းပိုအဆင်ပြေချင် ပြေသွားနိုင်တယ်။

လက်တွေ့ကျကျတွေးတတ်သူကတော့ - ငါ့မှာ နင်နဲ့ပတ်သက်ပြီး အနာဂတ်အတွက် ဘာအိပ်မက်စိတ်ကူးမှ မရှိတော့ဘူး။

၆။အလုပ်ကိုပဲ အာရုံပိုစိုက်ချင်တယ်လို့ တစ်ဖက်သူက ပြောလာတဲ့အခါ

အကောင်းမြင်တတ်သူ တွေးပုံကတော့ - အလုပ်တွေဆက်လုပ်ပြီး အောင်မြင်လာမှ အချစ်ရေးဘက်ကို ပြန်စဉ်းစားမယ်။

လက်တွေ့ကျကျတွေးတတ်သူကတော့ - အချစ်အတွက် အချိန်ပေးနေတာထက် အလုပ်လုပ်နေတာက ပိုကောင်းတယ်။

၇။နင်က ဒီ့ထက်ပိုကောင်းတဲ့လူနဲ့ ထိုက်တန်ပါတယ်လို့ တစ်ဖက်လူက ဆိုလာတဲ့အခါ

အကောင်းမြင်တတ်သူကတော့ - ငါ့အတွက်သူတွေးပေးရှာတယ်။ ငါဟာ သူနဲ့မထိုက်တန်ဘူးဆိုတာချည်း တွေးနေတယ်။ တကယ်တော့ အချစ်မျာ ဒါတွေမရှိဘူး။

လက်တွေ့ကျကျတွေးမြင်တတ်သူကတော့ - ငါ့ကို လမ်းခွဲစကားဆိုတာထက် ခုလို အေးအေးလေးနဲ့ ဇာတ်လမ်းပြီးသွားအောင် လုပ်နေတာပဲ။

ကဲ ဒီလောက်ဆို သင့်ချစ်သူက သင့်ကိုလမ်းခွဲဖို့ပြောနေတာလား။ နှစ်ယောက်စလုံးအတွက် ထည့်စဉ်းစားတွေးပေးနေတာလားဆိုတာ သိလောက်ပြီပေါ့နော်။
ကာရံငယ်
www.yetayzakyaw1500.blogspot.com

တကယ်ပျော်ရွှင်ပြီး နားလည်မှုရှိတဲ့ စုံတွဲတွေနဲ့ နားလည်မှုမရှိတဲ့ စုံတွဲတွေ ဘယ်အချက်တွေ ကွာခြားသွားကြသလဲ


ချစ်သူစုံတွဲတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ဘ၀ခရီးကို လက်တွဲမဖြုတ်စတမ်း လျှောက်လှမ်းနေကြတာတော့ မဟုတ်ပါဘူး။ အချစ်ရေးမှာ တကယ်ပျော်ရွှင်ရတဲ့သူတွေ ရှိသလို၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိပဲ ပြသနာတွေနဲ့ ဖြတ်သန်းနေရသူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ပျော်ရွှင်ချင်ယောင်ဆောင် ဖြတ်သန်းနေသူတွေလည်း အများကြီးပါ။ တကယ်ပျော်ရွှင်ရတဲ့ နားလည်မှုရှိတဲ့စုံတွဲတွေနဲ့ မရှိတဲ့စုံတွဲ ဘာတွေကွာသလဲဆိုတော့

၁။ပြသနာတစ်ခုဖြစ်လာတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - ပြသနာတစ်ခုဖြစ်ပြီဆို နားလည်မှုမရှိတဲ့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ဝေဖန်တာနဲ့ စတော့တာပါပဲ။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ နင်ဘယ်လိုများလုပ်လိုက်တာလဲ၊ စသဖြင့် ပြသနာကို မဖြေရှင်းပဲ အပြစ်လွှဲချတဲ့အလုပ်ကိုသာ အရင်လုပ်တတ်ကြပါတယ်။

ပျော်ရွှင်တဲ့စုံတွဲ - တစ်ယောက်နဲ့တစ်ယောက် ဖေးကူမယ်။ ဘယ်လိုပြသနာဖြေရှင်းနိုင်မယ်ဆိုတာ နှစ်ဦးအတူ စဉ်းစားမယ်။ ကြိုတင်စီစဉ်သင့်တာတွေ သေချာတွေးပြီး အစီအစဉ်ချမယ်။ ဘယ်လိုအရာတွေကို ပြောင်းလဲသင့်ပြီ ဆိုတာ တစ်ဦးနဲ့တစ်ဦး အကြံပေးမယ်။

၂။နှစ်ဦးကြားအခြားတစ်ယောက်က အတင်းဝင်လာဖို့ ကြိုးစားတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တဲ့အခါ ပြသနာအကြီးအကျယ်တက်မယ်။ သ၀န်တိုတဲ့ပြသနာတွေ ဖြစ်လာမယ်။ တစ်ယောက်နဲ့တစ်ယောက် လိမ်ညာတယ်ဆိုပြီး စွပ်စွဲမယ်၊ သစ္စာမရှိဘူးဆိုပြီး ရန်တွေ ဖြစ်မယ်။ တစ်ဖက်လူရှင်းပြတာကို နားမထောင်ပေးတော့ဘူး။

ပျော်ရွှင်တဲ့စုံတွဲ - ကိုယ့်ချစ်တဲ့သူကို အခြားတစ်ယောက်လာကပ်တာ ကိုယ့်အတွက် အဆင်မပြေပေမယ့် ကိုယ့်ချစ်သူကို အပြစ်တင်မနေဘူး။ သူ့ကိုဆက်ယုံကြည်ပေးတယ်။ နှစ်ဦးသားပိုရင်းနှီးအောင် နေထိုင်မယ်။ သံယောဇဉ်ကြိုး ပိုတိုးအောင် ကြိုးစားသွားတယ်။ နှစ်ယောက်ကြား အခြာတစ်ယောက် ၀င်လာလို့မရဘူးဆိုတာ သက်သေပြနိုင်အောင် ကြိုးစားသွားတယ်။


၃။မိဘတွေက သူ့ကို/သူမကို ကိုယ့်သား/သမီးတွေနဲ့ သဘောမတူတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - ကိုယ့်ချစ်သူရဲ့မိဘတွေက ကိုယ့်ကိုမကြိုက်ဘူးဆိုရင် ဘယ်သူမဆို စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီလိုအချိန်မှာ သင့်ချစ်သူက သူ့မိဘနဲ့လိုချင်တာတွေ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးလိုက်ဖို့ သင့်ကိုတွန်းအားပေးမယ်။ ဖိအားပေးပါလိမ့်မယ်။

ပျော်ရွှင်တဲ့စုံတွဲ - နားလည်မှုရှိတဲ့ စုံတွဲကတော့ ဒီကိစ္စကို နှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး ဖြေရှင်းတတ်ပါတယ်။ ဒီလိုဆိုရင် ဘာ့ကြောင့်မကြိုက်သလဲဆိုတာ သိအောင်ကြိုးစားပြီး အမေကို ကိုယ့်ချစ်သူကိုယ်စားအရင်ပြောဆိုပေးမယ်။ ကိုယ့်ချစ်သူနဲ့မိဘတွေ တွေ့တဲ့အချိန်တိုင်းလည်း ကိုယ်ကဘေးမှာရှိနေပေးပြီး ကိစ္စရပ်တစ်ခု အဆင်ပြေအောင် ထိန်းညှိပေးသွားမယ်။

၎။ကိုယ့်သူငယ်ချင်းကို ကိုယ့်ချစ်သူက သဘောမကျတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - သူ့သူငယ်ချင်းဟာ ဘယ်လိုမကောင်းကြောင်း သူ့ကိုဆက်တိုက်ပြောမယ်။ တကယ်လို့ ကိုယ့်ချစ်သူက သူ့သူငယ်ချင်းအကြောင်း ကိုယ့်ရှေ့မှာပြောလာရင် လာပြန်ပြီလား အဲ့ဒီအကောင်ဆိုတာမျိုး ပြန်မေးမယ်။ နှစ်ယောက်အတူ ရှိနေချိန်ဆို ဒေါသထွက်မယ်။ ချစ်သူနဲ့ သူငယ်ချင်း ဘယ်သူ့ကို ရွေးချယ်မလဲဆိုပြီးမေးမယ်။

ပျော်ရွှင်တဲ့စုံတွဲ - ကိုယ့်ချစ်သူရဲ့ သူငယ်ချင်းကို သဘောမကျဘူးဆိုရင်တောင် သူတို့ခင်မင်လာတဲ့ ဘယ်လောက်ရှိပြီဆိုတာနဲ့ နားလည်မှုပေးမယ်။ သူ့ကို သဘောမကျတဲ့အတွက် သူနဲ့အတူရှိချိန်တွေမှာတော့ သင်ပါဝင်မှာ မဟုတ်ဘူးဆိုတာ သူ့ကိုနားလည်အောင် ရှင်းပြထားမယ်။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိတယ်ဆိုတာ ပြတာပါပဲ။

၅။လိင်မှုကိစ္စတွေ အဆင်မပြေဖြစ်လာတဲ့အခါ

မပျော်ရွှင်တဲ့စုံတွဲ - အတူနေတဲ့အချိန် အဆင်မပြေတာတွေ ကြုံမယ်၊ စိတ်ကျေနပ်မှုမရှိဘူးဆိုတာနဲ့ တစ်ဖက်လူကို အပြစ်တင်မယ်။ တစ်ဖက်လူစိတ်မကောင်းဖြစ်အောင်ပြောမယ်။ လူဆိုတာ ဒီလိုကိစ္စတွေမှာ စိတ်မပါတဲ့အချိန် လည်းရှိနိုင်တယ်ဆိုတာ နားလည်မှုမပေးနိုင်ဘူး။

ပျော်ရွှင်တဲ့စုံတွဲ - အတူနေတဲ့အချိန် တစ်ယောက်က စိတ်မပါတာမျိုး၊ မပြီးတာမျိုးတွေ ဖြစ်လာတဲ့အခါ ဘာ့ကြောင့်ဆိုတာကို အဖြေရှာမယ်။ အပြစ်တင်မယ့်အစား ပွေ့ဖက်ပေးတယ်။ နောက်တစ်ခါကျရင်သူ့အကြိုက် ကိုယ့်အကြိုက်ဆိုတာကို ပိုထည့်တွေးပေးလာတယ်။

ကာရံငယ်

သင့်အချစ်ရေးကို ပိုမိုခိုင်မြဲလာစေဖို့ ဒီအချက် (၁၅)အတိုင်း လုပ်ဆောင်ပေးရန်သာလို



ချစ်သူရည်းစားတွေ ပိုမိုခိုင်မြဲစေဖို့၊ အချစ်လျော့မသွားစေဖို့ ဘယ်အရာတွေကို အလေးပေး လုပ်ဆောင်သင့်ပါသလဲ။ နှစ်ဦးသားအတူ ရယ်မောခြင်းလား၊ ငွေရေးကြေးရေး အခြေအနေ ပိုမိုတည်ငြိမ်အောင် လုပ်ဆောင်ခြင်းလား၊ ချစ်သူလိုရော သူငယ်ချင်းလိုပါ ဆက်ဆံနိုင်ခြင်းလား၊ နှစ်ဦးသား အမြဲထိတွေ့ ဆက်ဆံတတ်ခြင်းလား မေးစရာတွေ ရှိလာပါပြီ။

လေ့လာတွေ့ရှိချက်တွေအရတော့ သင်ဟာ သင့်အချစ်ရေးကို ပိုမို တည်ငြိမ်ခိုင်မြဲ လိုတယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာနေဖို့ပါတဲ့။ ကြင်နာတတ်ခြင်းဟာ နှစ်ဦးသား ပိုမိုရင်းနှီးစေပြီး ရောင်ပြန်ဟပ်စေတတ်တာမျိုးပါ။ ကိုယ်ကတစ်ဖက်လူကို ကြင်ကြင်နာနာဆက်ဆံတဲ့အခါ တစ်ဖက်လူကလည်း ကိုယ့်အပေါ် ကြင်ကြင်နာနာ ဆက်ဆံလာပါလိမ့်မယ်။ ဒီလိုဆိုရင် နှစ်ဦးသားဆက်ဆံရေးပိုကောင်းလာမှာဖြစ်သလို သင်တို့ရဲ့အချစ်ရေးဟာ ရေရှည်မြဲဖို့ သေချာပါပြီ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ဘယ်လိုလေးတွေ ဆက်ဆံပေးသင့်တယ်ဆိုတာ အချက်အလက်လေးတွေနဲ့ ပြောပြပေးသွားပါ့မယ်။

၁။ကိုယ့်ချစ်သူကို ကိုယ့်ကြောင့် သိက္ခာကျတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ်ကိုယ်တိုင်လည်း ဘယ်တော့မှ သူ့ကို သိက္ခာမချပါနဲ့။

၂။သူကြိုက်တတ်တဲ့ အရာလေးတွေ ယူသွားပေးပါ။ ကိတ်မုန့်လေးတွေ၊ ပန်းတွေ၊ ချောကလက် စသဖြင့်ပေါ့။

၃။သူ့ရဲ့အမြင်နဲ့ အတွေးအခေါ်စတာတွေကို လေးစားမှုရှိပါ။

၎။ နှစ်ဦးသား အတူရယ်မောပါ။

၅။တစ်ဖက်လူ စကားပြောနေတဲ့အခါ သူ့ကိုသာ အာရုံစိုက်နားထောင်ပေးပါ။

၆။မုန့်ဆိုင်၊ ကော်ဖီဆိုင်၊ စတိုးဆိုင် တစ်နေရာရာ ရောက်နေတဲ့အခါ ကိုယ့်ချစ်သူ ဘာတွေလိုအပ်နေသလဲဆိုတာ ဖုန်းဆက်မေးပါ။

၇။ကိုယ့်ချစ်သူ ခက်ခဲပင်ပန်းနေချိန်တွေမှာ အတူရှိပေးပါ။ အားပေးစကားပြောပါ။

၈။အပြစ်တစ်ခု လုပ်လိုက်မယ်တယ်လို့ ခံစားရရင် သေသေချာချာ တောင်းပန်ပါ။

၉။အတူရှိချိန်တွေကို တန်ဖိုးထားပါ။

၁၀။ကိုယ်ပြောထားတဲ့ စကားတွေ၊ လုပ်ရပ်တွေကို တာဝန်ယူပါ။

၁၁။သူတစ်ယောက်တည်း ရှိနေချင်တဲ့ အချိန်တွေ နားလည်မှုပေးလိုက်ပါ။

၁၂။ဒေါသထွက်တဲ့အခါ တတ်နိုင်သမျှ သူ့အပေါ် ဒေါသပုံမသွားအောင် ဂရုစိုက်ပါ။

၁၃။သင်လုပ်ပေးနိုင်တဲ့ ချစ်သူရဲ့ အိမ်မှုကိစ္စတွေ ဆောင်ရွက်ပေးလိုက်ပါ။

၁၄။သင့်ချစ်သူ သိသင့်တယ်ထင်တဲ့အရာတွေ ပြောပြပေးပါ။ ဗဟုသုတရှိမယ့်အရာတွေ ဝေမျှပေးပါ။

၁၅။သူ့အပေါ် သင်ဘယ်လိုခံစားရတယ်၊ အထူးသဖြင့် ဘယ်လောက်သံယောဇဉ်ရှိတာဆိုတာ မကြာခဏဖွင့်ဟပေးပါ။

ဗိုက်ပြည့်မှ အချစ်ကိုပိုမိုစိတ်ဝင်စားတတ်၍ မိန်းကလေး တစ်ဦး၏ အချစ်ကို ရလိုလျှင် အစားပုံမှန်ကျွေးရသည်ဟုဆို




အမျိုးသား တစ်ဦး၏ နှလုံးသားသို့ သွားရာလမ်းမှာ အစာအိမ်မှ တစ်ဆင့်သာ ဖြစ်ကြောင်း ဆိုစကား ရှိခဲ့သည်။ မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ အမျိုးသမီးတစ်ဦး၏ နှလုံးသားကိုလည်း ယင်းလမ်းကြောင်း ဖြင့်သာ သွားနိုင်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။

အမျိုးသမီးများသည် ဗိုက်ပြည့်နေမှ သာလျှင် ချစ်ရေးချစ်ရာကို ပိုမိုစိတ်ဝင်စား တတ်ကြောင်း လေ့လာမှုတစ်ခုတွင် ဖော်ပြ ထားသည်။ အမျိုးသမီးများအား အစာမစားမီနှင့် စားပြီးနောက်တို့တွင် ချစ်မှုရေးရာနှင့် ဆိုင်သော ဓာတ်ပုံများကို ပြသခဲ့ရာ အစာစားပြီးသည့် အမျိုးသမီးများသည် ၎င်းဓာတ်ပုံများကို တက်ကြွစွာတုံ့ပြန် တတ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု အမေရိကန် ပြည်ထောင်စုရှိ ပင်ဆီဗေးနီယား တက္ကသိုလ်နှင့် ဖီလာဒယ်ဖီယာရှိ ဒရီဇယ် တက္ကသိုလ်တို့မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

အမျိုးသမီးတစ်စုအား အစားကို ၀လင်စွာစားစေပြီးနောက် ချစ်မှုရေးရာ နှင့်ဆိုင်သော ဓာတ်ပုံများကိုပြသခဲ့ရာ ၎င်းအမျိုးသမီးများ၏ သာယာမှုနှင့် ဆိုင်သော ဦးနှောက် အစိတ်အပိုင်းတွင် လှုံ့ဆော်မှုများကို ပိုမိုမြင်တွေ့လာရကြောင်း လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့သည့် ဒေါက်တာ အဲလစ်အဲလိုင်းက ပြောဆိုခဲ့သည်။ ပုံမှန် ကိုယ်အလေးချိန်ရှိသော တက္ကသိုလ် ကျောင်းသူ တစ်စုအား ရှစ်နာရီကြာ အစာမစားခိုင်းဘဲ ထားကာ သာမန်နှင့် ချစ်မှုရေးရာ ဓာတ်ပုံများကို ကြည့်ရှုစေခဲ့သည်။ ယင်းကဲ့သို့ ကြည့်ရှုနေချိန်တွင် အမျိုးသမီးများ၏ ဦးနှောက်အား ဦးနှောက် ပုံရိပ်ဖော်စက်ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ဆာလောင်နေသည့် အမျိုးသမီးများက ဘိုးလင်းဘောလုံး၊ သစ်ပင်တစ်ပင်နှင့် စတာပလာတို့အား ကြည့်ရှုရာတွင် တုံ့ပြန်မှုသည် ချစ်မှုရေးရာ ဓာတ်ပုံများအား ကြည့်ရှုရာတွင် တုံ့ပြန်မှုနှင့် တူညီနေကြောင်း တွေ့ရှိခဲ့သည်။ ယင်းနောက်တွင် အမျိုးသမီးများအား ချောကလက်နံ့ ပါသော (၅၀၀) ကယ်လိုရီရှိ ဖျော်ရည်တိုက်ပြီး ပထမနည်း အတိုင်း စမ်းသပ်ခဲ့ပြန်သည်။ ဒုတိယ အကြိမ်တွင်မူ အမျိုးသမီးများသည် စုံတွဲများ ဖက်ပွေ့နေသည့် ပုံများ၊ နမ်းနေသည့် ပုံများကို ပိုမိုတုံ့ပြန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ယဉ်ကျေးမှုစနစ် အတော်များများတွင် အစားအစာနှင့်အချစ်သည် နီးကပ်စွာ တွဲလျက်ရှိနေပြီး ပိုးပန်းမှုများ ပြုလုပ်ရာတွင် အစားအစာများကို မှာယူပြီး ကျွေးမွေးမှုများကိုပင် ပြုလုပ်တတ်ကြောင်း ယခင်က သိရှိခဲ့ပြီးဖြစ်သည်ဟု ဒေါက်တာအဲလိုင်း ကပြောသည်။

Source:DM

မိန်းမယူပြီးမှ ချီးစားစုန်း မှန်းသိ၍ ပြန်ကွာရှင်းခဲ့ရသူ


လွန်ခဲ့သော နှစ် ၅၀ ခန့်  (ခန့် မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုင်း ၊ (အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ ထွက်ရှိရာ ရွာလေးဖြစ်ပါသည်…
ထို ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင် ကိုဖိုးမောင်တို့  ဇနီးမောင်နှံ ကို တော့ ၄င်းတို့ ရွာ၏ စံပြဇနီး မောင်နှံဟု ပြောစမှတ်ပြုကြပါသည်…

အဘယ့်ကြောင်းနည်းဟု ဆိုသော် သူတို့ ဇနီးမောင်နှံသည် “မောင်တစ်ထမ်း မယ်တစ်ရွက် ”ဟုသော စကားပုံနှင့်အညီတဦးကိုတစ်ဦးချစ်ခင်ပြီးအလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်ကြသောကြောင့်ဖြစ်သည်..။
ကိုဖိုးမောင်မှာ တောင်ယာများစိုက်ပျိုးထွန်ယက်ပြီးချိန် တွင် အင်းရဲကြီးသို့ သွားပြီး .. ဖိုးစံမှတ် ဟု နာမည်ကြီးသော အင်းတွင် သွားရောက် အလုပ်လုပ်ကိုင်ပါသည် … (ဖိုးစံမှတ် ( တစ္ဆေများအား ငါးဖမ်းခိုင်းသူ ) အကြောင်းကို အလျင်းသင့်လျင်ဖော်ပြပေးသွားပါမည် .. ။ ) ဆက်ကြရအောင် … ကိုဖိုးမောင်သည် လယ်ယာရိတ်သိမ်းချိန်တွင်ရွာ ကို ပြန်လည်၍ ရောက်ရှိလာပြီး လယ်ရိတ်သိမ်းပါသည် ..။
ထိုသို့ ကိုဖိုးမောင် အင်းရဲကြီးသို့ သွားချိန်တွင် သူ၏ ဇနီးမှာ ဘေးအိမ်ရှိ အပျိုကြီး တို့ ညီအစ်မတို့ အိမ်တွင် ယက်ကန်း ခက်သော အလုပ်ကို လုပ်ကိုင်ပါသည်.. ။ 

ထိုကဲ့သို့  နေထိုင်လာခဲ့သည်မှာ လက်ထပ်ပြီး ၃ နှစ်ကြာသည် အထိ ရှိပြီဖြစ်သည်…။
ကိုဖိုးမောင်နှင့် ကျနော် ခင်မင်သည်မှာ လည်း ၂ နှစ်ခန့် ရှိပြီ ဖြစ်ပြီး အင်းတွင် အလုပ်လာရောက်လုပ်ကိုင်ရင်း ညီအကို သမျှ ခင်မင်ရင်းနှီးမိခြင်းဖြစ်သည် … ကျနော် က တော့ အင်းရဲလေးဘက်မှာနေထိုင်တာပါ …
လယ်ယာရိတ်သိမ်း ချိန် သို့ ရောက်ရှိလာချိန် တွင် ကို ဖိုးမောင် သည် ရွာပြန်ဖို့ အကြောင်းဖန်လာခဲ့ ပါပြီ… ကျနော် ကတော့ လူပျို လူလွတ်မို့  ရွာ မပြန်ဘဲ ကိုဖိုးမောင်တို့ ရွာကို အလည်လိုက်ခဲ့ပါသည် …
ထိုရွာကလေးသည် အတော်ကို သာယာပါသည် .. ရွာထိပ်တွင် လူငါးယောက်ဖက်စာလောက်ရှိသော ပညောင်ပင်ကြီး တစ်ပင်ရှိပြီး နွယ်ပင်ကဲ့သို့ သော အမျှင်များ ထူထပ်စွာ ကျရောက်နေပါသည် …
ကိုဖိုးမောင်၏ဇနီးနာမည်မှာ မယ်မှုံဖြစ်ပြီး ရုပ်ရည် မှာ ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကတော့ အချိုးကျလှပါသည် ..။

ကိုဖိုးမောင်တို့ ရွာကိုရောက်ပြီး ၂ ရက်ခန့် အကြာ ထိုနေ့ ကလပြည့်ည.. အိုက်စပ်စပ်နှင့်ခြင်များ ကလည်း ကိုက်လှသည်… အချိန်ကတော့ သန်းခေါင်ကျော်ကျော် မိုးမလင်း တလင်းလောက်ရှိပြီထင်… အင်း အိမ်ရှေ့ ကွက်ပျစ်လေးတွင် သွားရောက်ထိုင်ပြီး ဆေးလိပ်ဖွာရန် နောက်ဖေး မီးချောင်သို့ မီးခြစ်သွားအယူ… ကိုဖိုးမောင်တို့ အိပ်ခန်းကို အမှတ်တမဲ့ကြည့်လိုက်မိသည် ..
အား……လာ..လားးးးးးးးးးး ကိုဖိုးမောင်သည်.. ခေါင်းမရှိ ခန္ဓာ ကိုယ်ကြီးကို ဖတ်ပြီး အိပ်နေပါလား….. ကျနော့် ခေါင်းရှိ ဆံပင်မွှေးများ ထောင်သွားပြီး ကြက်သီးများဖျဉ်း ခနဲ ထသွားပါသည် ….
ကျနော့ အတွက် တော်တော့်ကိုတုန်လှုပ်နေပါသည် .. ဒီရွာမှ ထွက်ပြေးလျှင်ကောင်းမလား…. အင်း… လမ်းမှာ ခေါင်းပြတ်နေတဲ့ “ ချီးစားစုန်းမ နဲ့ တွေ့ ရင် ” မဖြစ်သေးပါဘူး ကိုဖိုးမောင် ကို နှိုးမှ ဖြစ်မယ် …
“ကိုဖိုးမောင်…ဟေ့လူ ထထ … ခင်ဗျား မိန်းမကို ကြည့်ပါဦး …. ” ကိုဖိုးမောင် လန့် သွာပြီး ထပြေးပါသည် …ပြီးတော့ ကျနော့် ကိုဘယ်လိုလုပ်ကြမလဲ ဟုမေးသည် … ထိုမိန်းမ၏ခေါင်းမှာ ပြတ်သွားသလိုမျိုး တုံးတိကြီးဖြစ်ပြီး…သွေးတော့မှမရှိပေ..

ကျနော် စဉ်းစားမိတာ တခုရှိပြီ… ကျနော် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး တရော်ကင်ပွန်း ခေါင်းလျှော်ရည် စိမ်ထားသော ဇလုံကြီး ကို ၄င်း မိန်းမ အနားသို့ ယူလာပြီး တရော်ကင်ပွန်းများ သုတ်လိမ်းလိုက်ပါသည် ..
ထိုအချိန်တွင် စူးဝါးစွာအော်သံကို အိမ်အနောက်ဖက် မန်ကျည်းပင်အောက်မှကြားလိုက်ရပြီး .. ကျနော် ဆင်းကြည့်လိုက်တော့ … မီးလုံးကြီးတစ်လုံး လေပေါ်မှာ ပျံလာတာကိုတွေ့ လိုက်ရတယ် … ကျနော်လည်း ကြောက်ပြီး အိမ်ပေါ်ကိုတက်ပြေးပြီး ကိုဖိုးမောင်ကို ပြောပြပါတယ် … ထိုမီးလုံးကြီးမှာ … အိမ်ထဲသို့ မဝင်ဘဲ အိမ်တံခါးဝမှာ တဝဲလည်လည် လုပ်နေပါတယ်…. ကျနော်နှင့်ကို ဖိုးမောင် အတင်းပြေးဆင်းပြီး အော်ပါတော့သည် …. ထိုအချိန်တွင် ဘေးအိမ်မှလူများ နိုးလားကြပြီးကြည့်ကြပါတော့သည်…
ချီးစားစုန်းမ မှာ ၄င်း၏ ခန္ဓာကိုယ် တွင် တရော်ကင်ပွန်းများ သုတ်လိမ်းထား၍ တပ်မရဘဲဖြစ်နေပါသည်… အိမ်ရှေ့  နှင့် အိမ်ပြင် တွင် ၄င်းမီးဝင်းဝင်းတောက်နေသော ခေါင်းပြတ်ကြီးမှာ ဝင်လိုက်ထွက်လိုက်နှင့်ရှိနေပါသည် ..။

မိုးလည်းလင်းတော့မည် …. ဘေးမှသူများက ဂရုဏာ သက်ဝင်လာပြီး ထိုသုတ်လိမ်းထားသော တရော်ကင်ပွန်း များ ကို သုတ်ပေးရန်ပြောလာကြပါသည် … ထိုရွာသားများထဲမှ သတ္တိ ခပ်ကောင်းကောင်း ယောကျာင်္း ၃ယောက်ခန့်  က ထို စုန်းမ ကို မောင်းထုတ်ပြီးအိမ်ပေါ်သို့  တက်ရောက်ကာသုတ်လိမ်းထားသော တရော်ကင်ပွန်း များကို အဝတ်တခုဖြင့် ဖယ်ရှားပေးလိုက်ပါသည် ..
ထိုအခါ ကျမှ ၄င်းစုန်းမသည် … သူက ခန္ဓာကိုယ်တွင် ပြန်လည်တပ်ဆင်၍ ရသွားပါသည် ..
ကိုဖိုးမောင်လည်း ထိုမိန်းမကို ဆက်မပေါင်းဝံ့တော့ဘဲ…ကျနော်တို့ ရွာကို အပြီးလိုက်လာပါတော့သည် ..
နောက်ပိုင်းကြားရသော သတင်းများအရ ထိုရွာမှ သူများက သူတို့ ၏ ကလေးများကြောက်လန့်မည် စိုးသောကြောင့် ရွာ အပြင်သို့ မောင်းထုတ်လိုက်ကြောင်း ကြားသိရပါသည် …။
ထိုဖြစ်ရပ်သည် အဖွား ၁၆ နှစ်သမီး အရွယ်တွင် အဘိုး(အဖွား၏အဖေ) ပြောပြခဲ့ဖုးသော သူတွေ့ ကြုံခဲ့ ဖူးသော ချီးစားစုန်း မ တစ်ယောက် အကြောင်းဖြစ်ပါသည် ..။ ယခုအဘွားသည်အသက် (၇၀) ဝန်းကျင်ခန့် ရှိနေပါပီ … ။

Zuu
By ထူးဆန်းသောဖြစ်ရပ်များ ကို လေ့လာသူများ

ရည်းစားမရှိသည့် သူများ ပိုကျန်းမာကြောင်း တွေ့ရှိ



ချစ်သူရည်းစား မရှိပဲ တစ်ယောက်တည်းဖြစ်နေခြင်း၊ တစ်ကိုယ်တည်းသမား ဘ၀ဟာ ပြီးပြည့်စုံခြင်း မရှိပဲ ဟာတာတာကြီးဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။ တကယ်တော့ ချစ်သူရည်းစားထားပြီး စိတ်ရော၊ ကိုယ်ပါ မကျန်းမမာ ဖြစ်နေတဲ့သူတွေ အများကြီးပါ။ သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်းဖြစ်နေခြင်းဟာ အဲ့ဒီလူကို ပိုမိုကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုလုံခြုံမှုရှိစေပါတယ်တဲ့။ ကဲ တစ်ကိုယ်တည်းသမားတွေ ရရှိခံစားနေရတဲ့ ကောင်းကျိုးလေးတွေ ကြည့်ကြရအောင်။

၁။လေ့ကျင့်ခန်း၊ အားကစားကို ပိုလုပ်နိုင်လာတယ်။

စိတ်ကျရောဂါဖြစ်စရာ၊ နှလုံးရောဂါ ရစရာ အချစ်ရေး၊ အိမ်ထောင်ရေးတွေကနေ ကင်းကွာနေတာမို့ သင့်ကိုယ်သင် ပိုကျန်းမာအောင် ဂရုစိုက်လာနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ပိုကောင်းလာစေတဲ့ အလားအလာ တစ်ရပ်ပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ပါ။ မလုပ်ဖြစ်တဲ့ အားကစားတွေ လိုက်စားခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေပေါ့။ အသက် ၁၈နှစ်ကနေ ၆၄နှစ်ကြား အမေရိကန်သားတွေ ကို လေ့လာချက် တစ်ရက်ပြုလုပ်ခဲ့ရာမှာတော့ အဲ့ဒီအသက်အတွင်း အိမ်ထောင်မပြုတဲ့ လူပေါင်း ၁၃၀၀၀ယောက်ဟာ ကျန်းမာရေးဘက်ကို ပိုမိုလိုက်စားဖို့ အချိန်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

၂။ကိုယ့်ကိုယ်ကို ပိုဂရုစိုက်နိုင်လာပါတယ်။

အိမ်ထောင်ပြုထားတဲ့သူတွေ၊ ချစ်သူရည်းစားရှိပြီးသားသူတွေနဲ့ လူပျို လူလွတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လူပျိုလူလွတ်တွေဟာ အပူအပင်ပိုမဲ့ပြီး ပိုပျော်ရွှင်စွာ နေနိုင်ကြပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့သူတွေဟာ အိမ်ထောင်ကျပြီး ပျော်ရွှင်ကြသည့်တိုင် ၀ိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့သူတွေကတော့ ၀ိတ်တက်တာမျိုး မရှိပဲ ခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်ကြပါတယ်တဲ့။

၃။လူမှုရေးမှာ ပိုကောင်းဆောင် ဆောင်ရွက်နိုင်ကြတယ်။

အထူးကျွမ်းကျင်သူတွေရဲ့စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုရေးပိုင်းကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြသလို လူမှုရေးရာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကနေ ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်မယ်ဆိုတာ ပိုသိကြတယ်လို့ ဆိုပါတယ်။

၎။သူငယ်ချင်းတွေကို ပိုအချိန်ပေးနိုင်လာတယ်။

ရည်းစားရှိတဲ့သူ၊ အိမ်ထောင်ရှိတဲ့သူတွေဟာ သူငယ်ချင်းတွေအတွက် အချိန်သိပ်မပေးနိုင်ကြတာ အားလုံးအသိပါ။ ဒါကလည်း ဘ၀အတွက် မိသားစုက အရေးအကြီးဆုံးဖြစ်သွားတာကိုး။ ကိုယ်က တစ်ကိုယ်တည်းသမားသာ ဆိုရင်တော့ ကိုယ့်သူငယ်ချင်းတွေအတွက် အချိန်ပိုပေးနိုင်သွားသလို ဘ၀တစ်လျှောက်လုံးမှာလည်း သူတို့သာ ကိုယ့်အတွက် အရေးပါးသူတွေအတွက် နေရာတစ်ခုရသွားပါလိမ့်မယ်။

၅။အကြွေးတွေလည်း နည်းသွားပြီ။

ချစ်သူနဲ့ဆို၊ အိမ်ထောင်ကျသွားပြီဆို လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်ရတဲ့လုပ်အားခအပြင် လိုနေတဲ့ ငွေအတွက် ချေးငှားရတာတွေ ရှိလာပါလိမ့်မယ်။ အလုံးအရင်းနဲ့ ဒီငွေတွေ ပြန်မဆပ်ရရင်တောင် တစ်လတစ်လ တစ်တိတိပြန်ဆပ်နေရတဲ့ ဘ၀ကို ရောက်ကိုရောက်မှာပါ။ တစ်ကိုယ်တည်းသမားတွေအတွက်ကတော့ ဒီအခြေအနေမျိုး သိပ်ကြုံရမှာ မဟုတ်ပါဘူး။

Ref:yourtango

မိန်းမတွေ ယောင်္ကျားတစ်ယောက်ကို အရူးအမူးချစ်သွားရင် ဒါတွေလုပ်တတ်ပါတယ်


အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုရင် သူမရဲ့အတွေးတွေက သူ့ဆီမှာပဲရစ်ဝဲနေမယ်။ သူ့အပြုံးကြောင့် သူမရဲ့တစ်နေ့တာ လန်းဆန်းနေမယ်။ သူ့ကိုဘယ်လောက် ပျော်အောင်လုပ်ပေးလိုက်လို့ သူဘယ်လောက်ကျေနပ်သွားတယ်ဆိုတာက သူမရဲ့ထိုက်တန်မှုပဲလို့ ခံစားနေရမယ်။ သူမ ပေးဆပ်လိုက်တဲ့ ကိစ္စတိုင်းအတွက် အသိအမှတ်ပြုခံချင်တဲ့ စိတ်နဲ့ မျှော်လင့်တောင့်တ နေမယ်။ သူဟာ သူမအတွက် နေတစ်စင်းလို တောက်ပနေပြီး၊ သူမ အတွက်တော့ လောင်စာစီလဲဖြစ်တယ်။ သူ့ရဲ့အစီအစဉ်တွေက ကြားဖြတ်အစားထိုးဝင်ရောက်လာတဲ့အခါ သူ့ကိစ္စက ပိုအရေးကြီးတယ်၊ သူ့စကားက ပိုအလေးသာတယ်လို့ သူမ ယူဆတယ်။ တစ်နေ့တာကုန်သွားတဲ့ အဆုံးသတ်မှာ သူမ လုံးဝ စိတ်မဆိုးဘူး။ ချစ်တာကိုး။ စာဖတ်သူရေ၊ လူတစ်ယောက်ကို ဒီလိုမျိုး သိပ်ချစ်ဖို့ဆိုတာ ဖြစ်နိုင်လား။

အမျိုးသမီး တော်တော်များများက အမျိုးသားတစ်ယောက်ကို ချစ်မိပြီဆိုရင် မျက်စိမှိတ် ခေါင်းငြိမ့်၊ ထာဝရ ပေးဆပ်ပြီး ချစ်တတ်ကြပါတယ်။ အမျိုးသမီးတွေမှာ ပေးလို့မကုန်တဲ့ အချစ်တွေ ရှိနေပုံရပါတယ်။ ဒါပေမဲ့လည်း သူတို့ကိုယ်သူတို့ ကျတော့ နည်းနည်းပဲချစ်ကြတယ်။ သူ စွမ်းစွမ်းတမံရှိတယ်၊ စိုးမိုးတယ်လို့ ခံစားစေရဖို့ သူမရဲ့ အစွမ်းတွေကို အသုံးချတယ်၊ ညွှန်ကြားဖို့ထက် ထောက်ပံ့ပေးဖို့သာ နေရာယူတတ်ကြတယ်။ သူပျော်ဖို့ သူမအစွမ်းကုန် အရာအားလုံးလိုက်လုပ်ပေးနေရသမျှ ကာလပတ်လုံး သူမ ပြီးပြည့်စုံနေပြီလို့ ခံစားရတယ်။ သူမ နည်းနည်းပဲပြန်ရတာကို သဘောပေါက်သိရှိ ခဲတယ်။

ဖော်ပြပေးမယ့် လက္ခဏာတွေကို ကြည့်ပြီး ဘယ်လောက်များချစ်မိနေပြီလဲဆိုတာကို သိနိုင်ဖို့ မျှော်လင့်ပါတယ်။

သူပျော်အောင် ကင်းမြီးကောက် ထောင်ပြခြင်း။


သူရဲ့ မကျေနပ်ချက်တွေကို ထုတ်ပြောနေမယ်၊ ခပ်တန်းတန်းဖြစ်နေမယ်၊ နှုတ်ဆိတ်နေမယ်ဆိုရင် သူမရဲ့ ခံစားချက်ကို ကျော်လွန်လိုက်ပြီး သူ့ကိုပဲ ဖြည့်ဆီးပေးဖို့ မလိုအပ်ပါဘူး။ အိပ်ရာသိမ်းတာ၊ သူကြိုက်တဲ့ဟင်းတွေ ချက်နေတာမျိုးတွေက သူ့ရဲ့ပူဆွေးသောကကို ဖြေဖျောက်မပေးနိုင်ပါဘူး။ သူမ အတွက်တော့ ပင်ပန်းရုံသက်သက်ပဲ ရှိမယ်။ အချစ်နတ်ဘုရား ဆိုတာထက် အချစ်ပိုနေတဲ့ မိခင်တစ်ယောက်လို ဖြစ်သွားပါတယ်။ သူ့ရဲ့ စိတ်မကြည်မှုတွေဟာ သူမနဲ့လည်း ဆိုင်တယ်လို့ ယူဆထားပြီး တာဝန်ယူစိတ်ပိုနေလိမ့်မယ်။ သူမရဲ့ စိတ်ထဲမှာတော့ သူမ အမှားတစ်ခုခုလုပ်ထားလို့ သူ တိတ်ဆိတ်နေတာဖြစ်မယ်လို့ ထင်နေတယ်။ သူ စိတ်ပြောင်းသွားဖို့ သူမမှာ အားပေးဖို့တာဝန်ရှိတယ်လို့ သူမ မြင်တယ်။

သူ့ကို မြှင့်ပြီး သူမကိုယ်သူမ နှိမ့်ချမြင်ခြင်း။

နေမင်းသာပြီး လမင်းရဲ့ အလှည့်ရောက်တော့ နေမင်းရဲ့အရှိန်အ၀ါနဲ့ပဲ သာသလိုမျိုးပေါ့။ သင်ယူခဲ့ရတဲ့အတိုင်း အမျိုးသားတစ်ယောက်ရဲ့ ဉာဏ်ရည်ကပိုကောင်းတယ်လို့ ရာစုနှစ်ပေါင်းများစွာ စွဲမြဲလာကြတယ်။ ဒီလိုယူဆချက်ကြောင့် လွတ်လပ် အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ ခက်ခဲသွားတယ်။ သူမသာ အမျိုးသားတစ်ယောက်ကို တောင်ကလပ်ပေါ်တင်ထားတတ်တဲ့ အမျိုးသမီးတစ်ယောက်ဆို တော်တော် သနားဖို့ကောင်းနေပြီ။

သူနဲ့အတူ အချိန်ဖြုန်းဖို့ သူမရဲ့ သူငယ်ချင်းတွေကို ကျောခိုင်းခြင်း။

အဆိုးဆုံးက သူမရဲ့ သူငယ်ချင်းတွေနဲ့ ရှိရမယ့် ကိုယ်ပိုင်ချိန်တွေကို ငြင်းပယ်စတေးခြင်းပါပဲ။ သူ့နားမှာ မရှိတဲ့အချိန်ကြာသွားရင် မယုံမကြည်ဖြစ်မှာဆိုးလို့၊ သူလွမ်းနေမှာဆိုးလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့။ သူမဟာ သူ မရှိတဲ့အချိန်ကျမှ သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပြီး အဆက်အသွယ်လုပ်ရတဲ့ အမျိုးသမီးမျိုးဆိုရင်တော့ သူမရဲ့ ရင့်သီးတဲ့အပြုအမူတွေကို သူငယ်ချင်းတွေက စိတ်အနှောင့်အယှက် ဖြစ်ကြရပါလိမ့်မယ်။ သူနဲ့အဆင်မပြေဖြစ်တဲ့အခါမျိုးမှာ သူငယ်ချင်းကောင်းတွေက အကြံဉာဏ် အထောက်အပံ့ကောင်းတွေ ပေးတတ်တယ်ဆိုတာကို မမေ့ပါနဲ့။

သူမရဲ့ ပန်းတိုင်က သူ့လောက် အရေးမပါခြင်း။

သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေက အဆုံးသတ်မှာ သူမအတွက်ပိုကောင်းလိမ့်မယ်ဆိုတဲ့ ယူဆချက်ကြောင့် သူမရဲ့ အလုပ်ရွေးတာ၊ ပညာရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်းရတာ၊ ခရီးထွက်တာမျိုးတွေကို စွန့်ပယ်ခြင်းဟာ သူမရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒပြည့်ဝမှုအတွက် မျှော်လင့်ချက်တွေကို ပျက်သုဉ်းစေပါလိမ့်မယ်။ ဒီလိုနဲ့ သူ့ကို ဦးစားပေးပြီး သူမကိုယ်သူမ စတေးတာ ဘာ့ကြောင့်ပါလဲ။ သူမရဲ့ အောင်မြင်မှုတွေက သူ့အောင်မြင်မှုတွေလောက် မထိုက်တန်ဘူးလို့ ယူဆလို့လား၊ သူမကိုယ်သူမ ယုံကြည်ချက်မရှိလို့လား။ ဒီလိုဆိုရင်တော့ သူမရဲ့ ကိုယ်ပိုင်အခွင့်အလမ်းတွေ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။

Ref:keen

မိန်းမချောလေးများ ချစ်သူမရတဲ့ အကြောင်းရင်း

လှပတင့်တယ်နေတဲ့ မိန်းမချောလေးတွေကတော့ ကောင်လေးတွေ ဝိုင်းဝိုင်းလည် ဖြစ်နေမယ်လို့ ထင်ရပင်မဲ့ တကယ်တမ်းကျတော့ ချစ်သူနေနေသာသာ ရည်းစားတောင်မရှိတဲ့ဘဝပါ။

မိန်းမချောလေးတွေမှာ ပိုင်ဆိုင်သူရှိနေပါလိမ့်မယ်ဆိုတဲ့ အတွေးကတော့ တကမ္ဘာလုံးမှာ အတူတူဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီလို စဉ်းစားတာ ဖြစ်ပါလိမ့်မယ်။ ပြောင်းပြန် စဉ်းစားကြည့်ရင်တော့ ချောပါလျက်နဲ့ ပိုင်ရှင်မရှိသူကတော့ တစ်ခုခုတော့ တစ်ခုခုပါပဲလို့ ထင်ကြပါလိမ့်မယ်။ မိန်းမချောလေးတွေရဲ့ ဒုက္ခပါ။ သူတို့ဘက်ကလည်း ကြည့်လိုက်ရအောင်နော်။

★ ယောင်္ကျားတွေကို တော်တော်နဲ့ မယုံကြည်ပါ
မိန်းမချောလေးတွေ နားကိုကပ်လာတဲ့ ကိုကိုတွေက ကောင်းတဲ့သူထက် ဘာမှန်းကို မသိတဲ့သူ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်လာတာကြောင့် ယောင်္ကျားကောင်းနဲ့တွေ့တာတောင်၊ အတိတ်က အတွေ့အကြုံတွေကြောင့် တော်တော်နဲ့ လက်မခံနိုင်ပါ။ ဒီယောင်္ကျားက ဘာဖြစ်လို့ ချဉ်းကပ်လာတာလဲ၊ ဘာအတွက်လဲဆိုတာကို သိအောင်လုပ်ချင်တဲ့စိတ်က အရင်ဖြစ်နေတာကြောင့်ပါ။

★ သူ့မှာ ပိုင်ရှင်ရှိနေပြီလို့ အထင်လွဲခံရတတ်ပါတယ်
ကဲ ယောင်္ကျားချောချောလေးတစ်ယောက်ကို တွေ့လိုက်ပြီဆိုရင် သူ့မှာ ရည်စား၊ ပိုင်ရှင်ရှိနေပြီလို့ တွေးမိမှာ အမှန်ပါ။ ဒါကြောင့်လည်း ချဉ်းကပ်ဖို့ စဉ်းစားမှာ မဟုတ်ပါ။ ဒီလိုပဲ မိန်းမချောလေးတွေမှာလည်း ပိုင်ရှင်ရှိနေပြီလို့ ကိုကိုတို့က တွေးမိတတ်ပါတယ်။

★ ရည်းစားထားဖို့ ဝန်လေးနေပြီ
သူငယ်ချင်းတွေက နင်ကဒီလောက်တောင်ချောတာ ဘယ်ဖြစ်လို့ ရည်းစားမရှိတာလဲလို့ မေးကြ၊ပြောကြဆိုတော့ ကြာတော့ စိတ်ထဲမှာ ခံစားရတယ်လေ။ ဒါကြောင့်ကို အရွက်တိုက်ပြီး ဘာမှကို မလုပ်တာပါ။

★ လှတယ်ချောတယ်ဆိုတာ တစ်ခုကြောင့် အနှောက်အယှက်တွေနဲ့ ကြုံဖူးတယ်
ယောင်္ကျားလေးတွေက မိန်းမချောလေးတွေနဲ့ တွဲချင်၊ ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီတော့ ချောတာလှတာကိုပဲ အဓိကတွေးပြီး တကယ်တည်း မိန်းကလေးရဲ့အတွင်းစိတ်ကို နားလည်အောင်တော့ မကြိုးစားပါ။ ဒါကြောင့် မိန်းကလေးဘက်မှာ ခံစားရမှာ အမှန်ပါ။ ကိုယ့်ကို တကယ်ချစ်တာ မဟုတ်ပဲ၊ ရုပ်ပိုင်းဆိုင်ရာကို ကြိုက်နေတာ တစ်ခုပဲလို့တွေးမိရင် ....

★ မိန်းမချောလေးတွေကို လိုက်ကြောင်တဲ့ကောင်တွေကလည်း ကိုယ်ပေါ့တွေကများ
ဒီလို မိန်းကလေးတွေကို လိုက်ကြောင်နေတဲ့ကောင်တွေကတော့ ပြောစရာကိုလိုတော့မယ် မထင်ပါ။ ပေါ့ပေါ့ပါးပါး ကောင်လေးတွေကများပါလိမ့်မယ်။

★ မိန်းမချောလေးတွေကို ကြောက်တဲ့ ကိုကို
ဒီမိန်းကလေးနဲ့ အတူတူ အပြင်သွားလည်ရင်တောင် ဘယ်လိုပြောဆိုရမလဲဆိုတာကို တွေးရင်းကြောက်နေမိပါတယ်။ နောက်ဆုံးမှာ အဖြေကတော့ No ဆိုတာကိုတွေးရင်း စိတ်ပူနေမိမှာပါ။ သူ့လို မိန်းကလေးဆီကနေ လွယ်လွယ်နဲ့ ကိုယ့်လို ယောင်္ကျားကို လက်ခံမှာ မဟုတ်လို့ တွေးရင်း စိတ်ပူနေမှာပါ။

★ ကိုယ့်လမ်းကို ကိုယ်လျှောက်မှာပဲ
မိန်းမချောလေးတွေမှာ ယုံကြည်ချက်အပြည့်ရှိသလို ရည်မှန်းချက်တွေနဲ့လည်း ပြည့်ဝနေလိမ့်မယ်။ ဒါကြောင့် ကိုယ်လုပ်ချင်တာကို လုပ်မယ်၊ ဘယ်သူမှလည်း တားလို့ ရမှာ မဟုတ်။ ကိုယ့်ကိုကြိုက်ရင် ကိုယ်လုပ်သလိုလုပ်နိုင်မှ လိုက်ခဲ့လို့ ပါးစပ်ကမပြောပင်မဲ့လည်း သူ့ရဲ့မျက်နှာပေါ်မှာ တွေ့နိုင်ပါလိမ့်မယ်။

Chelmo
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw