LATESTED NEWS
Showing posts with label ကွန်ပျုတာဖြေရှင်းနည်း. Show all posts
Showing posts with label ကွန်ပျုတာဖြေရှင်းနည်း. Show all posts
Software မသုံးပဲ Internet Speed လေးမြှင့်ပြီး သုံးကြည့်ရအောင်
အခု ကျွန်တော် ရေးပေးမဲ့ နည်းလမ်းလေးကတော့ အင်တာနက် အသုံးပြုတဲ့ အခါမှာ မိမိတို့ကွန်ပျူတာက အသုံးပြုသူ ( Client Computer ) အဖြစ် အသုံးပြုတဲ့ သူများအတွက် အင်တာနက် Speed ကိုတိုးပြီး အသုံးပြုလို့ ရမယ့် နည်းလမ်းလေးပါ .. ကျွန်တော်လည်း အားလုံးအတွက် အဆင်ပြေမယ် ထင်လို့ ပြန်ရေး ပေးတာ ဖြစ်ပါတယ် .. ဒီနေရာမှာ တစ်ခါထဲ ပြောပြပါရစေ .. မေးခွန်းမေးရင်လည်း ဖြေလို့ ရမဲ့ မေးခွန်းမျိုးကို မေးတာ ပိုအဆင်ပြေမယ် ထင်ပါတယ် .. မြန်မာနိုင်ငံမှာ ပေးနေတဲ့ အင်တာနက်လိုင်းတွေ တစ်ချို့လိုင်းတွေ ပျက်နေတယ် .. လိုင်းတွေက မမှန်ပဲ တက်လိုက်ကျလိုက်တွေ ဖြစ်နေတာတွေက ကျွန်တော်လည်း ဘာမှ လုပ်ပေးလို့ မရပါဘူး .. အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလည်း မေးရင်တော့ ကျွန်တော်လည်း ပြန်ဖြေပေးဖို့ ခက်ပါလိမ့်မယ် .. လောလောဆယ် အဆင်ပြေနိုင်မဲ့ နည်းလမ်းလေးကိုတော့ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
ကွန်ပျုတာဗဟုသုတ လေ့လာသူတိုင်း သိစေချင်တဲ့ ဟာလေးတွေ
ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်
ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်
လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ
 အချို့ရှိပါသည်။
၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။
၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး
၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။
၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi
ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း
၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။
၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်
လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ် မျက်တောင်ခတ်သည်။
၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင်
အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။
မည်သည့် window login passwords ကိုမဆိုကျော်ဖြတ်နည်း
အခု ကျွှန်တော်တို့ပြောပြမှာက ကြိုက်တဲ့ Windows OS ရဲ့ login password ကိုမဆိုကျော်ဖြတ်နည်း အ ကြောင်းပြောပြမှာဖြစ်ပါတယ်။ ကျော်ဖြတ်နည်းဆိုတော့ မူလရှိနေပြီသား password ကို ချိုးလည်းမချိုးဖြတ် ဘူး ၊ပြောင်းလည်းမပြောင်းဘူး နဂိုရှိနေတဲ့ အတိုင်းပဲထားမှာပါ။ကဲစကြရအောင် !!
ိ ဒီနည်းကို သုံးပြီး အောက်မှာပြထားတဲ့ OS တွေရဲ့ Login password တွေကို ကျော်ဖြတ်  နိုင်ပါတယ်။
Microsoft Windows XP Home Edition (Service Pack 2+)
Microsoft Windows Vista Home Basic (32/64 bit)
Microsoft Windows Vista Home Premium (32/64 bit)
Microsoft Windows Vista Business (32/64 bit)
Microsoft Windows Vista Enterprise (32/64 bit)
Microsoft Windows 7 Home Premium (32/64 Bit)
ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက Data တွေကို ဘယ်လိုပြန်ယူလို့ရမလဲ ??
ဒီနေ့ပြောပြချင်တဲ့ အကြောင်းကတော့ ဗိုင်းရပ်ထိပြီး အကြောင်းအမျိုးမျိုးကြောင့် Window ပြန်မတတ်နိုင်တော့တဲ့ စက်တွေက Data တွေကို ဘယ်လိုပြန်ယူလို့ရမလဲ ဆိုတာ ပြောပြပေးပ့ါမယ်။
ကွန်ပျူတာ အသုံးပြုသူတွေရဲ့ အကြောက်ဆုံးတခုကတော့ ဗိုင်းရပ်ပါဘဲ လူတွေက ဗိုင်းရပ်ဆို အသံကြားတာနဲ့တင်လန့်နေတတ်ကြပါတယ်
ဗိုင်းရပ် အမျိုးအစားများစွာရှိတဲ့အထဲက ကွန်ပျုတာအသုံးပြုသူတွေရဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစား တွေကလဲတော်တော်များပြားလှပါတယ်။
တချို့ ဗိုင်းရပ်တွေဆိုရင် တော်တော်အစွမ်းထက်လှအောင် ကြောက်စရာကောင်းလှတဲ့ ဗိုင်းရပ်တမျိုးကို
ကျွန်တော်တွေ့ခဲ့ဘူးပါတယ် ကျွန်တော်ကွန်ပျုတာစသုံးဖြစ်ခဲ့တဲ့ 2010 ခုနှစ်လောက်ကပါ။
အဲ့တုံးက အရမ်းခောတ်စားတဲ့ အင်တာနက်မှာနံမယ်ကြီးသီးချင်းတွေကို စုစဉ်းပြီး DVD အယ်ဘမ် လုပ်ထားတဲ့ အခွေတစ်ခွေကို သူငယ်ချင်းတယောက်က MP3
ပြန်ပြောင်းခိုင်းခဲ့တာက ဖြစ်ခဲ့တာပါ အဲ့ဗိုင်းရပ်က ဘယ်လောက်ဆိုးလဲ ဆိုတော့ DVD အခွေကို Drive ထဲ ထည့်ပြီးတုံးခဏဘဲရှိသေးတယ် Window ပြုတ်ကျသွားပါတယ်
အဲ့တုံးက Window တင်တတ်ခါစဆိုတော့ပြသနာကိုသေသေချာချာ ဂဃနဏဏ မသိသေးပါဘူး Window ဘဲအလွယ် ပြန်တင်ခဲ့ပါတယ် ....
ဗိုင်းရပ်တွေက အမျိုးအစားတော်တော်များသလို တော်တော်ဒုက္ခပေးတဲ့ အရမ်းအစွမ်းထက်တဲ့ ဗိုင်းရပ်မျိုးကို ဗိုင်းရပ်ရေးသူတွေက ဖန်းတီးခဲ့ပါတယ်
ဗိုင်းရပ်တွေထဲမှာ Microsoft Window တိုက်ခိုက်တဲ့ဗိုင်းရပ်အမျိးစားတွေက အများဆုံးလို့သိရပါတယ်။
ဒီကနေ့သူငယ်ချင်းတို့ ကွန်ပျုတာထဲကို ကျွန်တော်ကြုံခဲ့သလိုမျိုး Window ကျသွားတဲ့အထိဆိုးရွားတဲ့ ဗိုင်းရပ်ထိပြီး Window ကျတဲ့သူငယ်ချင်းတွေအတွက် ကျသွားခဲ့တဲ့ Window ထဲက ဒေတာတွေ
"Switch APP.. "
Switch's photo.
Switch(ဆွစ်) ဆိုတဲ့ နာမည်လေးနဲ့ ..၆ လတာ ကျွန်တော့် ကြိုးစားမှု...လေ့ လာမှုတွေ အောင်မြင်စွာ....သင်တို့ အရှေ့ ကို အရောက်လာ ခဲ့ ပါပြီ...
ကမ္ဘာ အမြန်ဆုံး စာပို့  စနစ် ဖြစ်တဲ့ Telegram Messager ကနေ link များယူထားသောကြောင့် စာပို့ရာတွင် မြန်ဆန်လွန်းလှပါသည်..။
Switch သည် App new version ဖြစ်ပါသည်။
loading... မရှိသောကြောင့် MB မစား..Kb လောက်သာ တက်ပါသည်.။ သုံးရတာလွယ်ကူပေါ့ ပါးပြီး Chatting ချစ်သူတွေ အတွက်တော့  အဆင်ပြေစေပါတယ်..။
.ကောင်း မကောင်းက တော့ သုံးကြီးမှ သိမှာပါ....။ တချို့ User တွေကတော့ သူ့ ချစ်သူနဲ့ ပြော နေကြ Viber ကို uninstall လုပ်လိုက်တယ် ဆိုပဲ...
ဒါကတော့ သုံးစွဲသူတွေ အပေါ် မူတည် ပါတယ်။
သုံးစွဲ ပုံ....
Hidden file show by code
Hidden file show by code
Dear User, you know how can show hidden file by code. we has some steps for hidden file show. Maximum time we see our External device such as Pendrive, Memory and other device File Hide. We know it is full virus related problem and it is very dangerous problem because this time you can’t find any important file or data. Some user don’t know how can solve this problem but some user know this problem solve system but don’t know this Run Command. If you see our Tutorial or text, you can solve this file hidden problem. You can solve this problem vary easily.
Some stapes:
1. Write “cmd” in run command.
Five Way to protect facebook ID from hacking
Five Way to protect facebook ID from hacking
Now I give you 5 tips how to defend your Facebook id from hackers. Facebook hacking growing every day. so now it is high time to take compatible security for your Facebook account security . now using this 5 tips protect your personal & business Facebook Account.
Five Way to protect Facebook ID from hacking
Step 1:
When you open Facebook account then should be use a powerful password. password must be more than 6 character for a 100% powerful password using the Capital letter, Small letter and particular character.
Step 2:
ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခု
မိမိကွန်ပျူတာထဲမှာ ထရိုဂျန် (Trojan) ဒါမှမဟုတ် ဟက်ကာတစ်ယောက်ယောက် ၀င်ရောက်နေမှု ရှိမရှိ အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မယ့် နည်းကောင်းတစ်ခုကို ဒီတစ်ပတ်အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာမှာ ထရိုဂျန်လို့ခေါ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ပဲဖြစ်ဖြစ်၊ ဟက်ကာပဲ ဖြစ်ဖြစ် ၀င်ရောက်နေပြီဆိုရင် စက်ဟာ နှေးကွေး လာပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ထရိုဂျန်တွေ၊ ဟက်ကာတွေက မိမိကွန်ပျူတာကနေ မိမိရောက်လိုတဲ့ ကွန်ပျူတာ (သို့မဟုတ်) ဆာဗာတွေ ဆီကို အင်တာနက်ကနေ လှမ်းပြီး ချိတ်ဆက်နေလို့ဖြစ်ပါတယ်။
ဒီလိုဝင်ထွက်နိုင်ဖို့ ၀င်ပေါက်ထွက်ပေါက် (Port) နဲ့ ချိတ်ဆက်မှုလမ်း (Protocol) တစ်ခုခုကို အသုံးပြုရပါတယ်။
အများဆုံး အသုံးပြုတာက Transmission Control Protocol (TCP) ချိတ်ဆက်မှု လမ်းကြောင်းကို အသုံးပြုတတ်ပါတယ်။
ပုံမှန်ဝင်ပေါက်ထွက်ပေါက် နံပါတ်တွေက သုညကနေ 1023 အတွင်းမှာရှိပေမယ့် ထရိုဂျန်နဲ့ တခြားဆော့ဖ်ဝဲတွေက Port 1024 ကနေ 49151 အတွင်းမှာ အသုံးပြုကြပါတယ်။
ဒါကို ဖော်ထုတ်နိုင်ဖို့ ၀င်းဒိုးမှာ အလိုအလျောက်ပါဝင်တဲ့ Netstat Tools ကို အသုံးပြုမှာဖြစ်ပါတယ်။
အရင်ဆုံး အင်တာနက်အသုံးပြုနေရင် Browser အားလုံးနဲ့ Software တွေကို ပိတ်လိုက်ပါ။ Windows Key+R ကိုနှိပ်ပါ။
Run box လေးပေါ်လာပါလိမ့်မယ်။
CMD လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ Command Prompt ကို ရောက်သွားပါ့မယ်။
အရင်ဆုံး မိမိကွန်ပျူတာကနေ အပြင်ကို ဘာတွေထွက်နေလဲဆိုတာ လေ့လာပါ့မယ်။ Command Prompt မှာ Netstat -a လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါတယ်။
ကွန်ပျူတာ အသုံးပြုသူတိုင်းဆောင်ထားသင့်တဲ့ ဝင်းဒိုး Password ဖျက်နည်း (PDF စာအုပ်)
ကွန်ပျူတာ အသုံးပြုသူတိုင်းဆောင်ထားသင့်တဲ့ ဝင်းဒိုး Password ဖျက်နည်း..
ဆရာတွေအတွက် ဘာမှအခက်ခဲ မရှိပေမယ့် အသုံးပြုခါစသူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ ဆရာတွေ အနေနဲ့ အမှားတွေ့ရင်လည်း သင်ပြလမ်းညွန်ပေးစေချင်ပါတယ်။ အလွယ်ကူဆုံး Windows Password ဖျက်နည်းလေးပါ။
အသုံးပြုပုံကို ညီးလေး ကီးကီး က PDF လေးနဲ့ တဆင့်ချင်းရှင်းပြပေးထားပါတယ်...။
 Credit : ကီး ကီး
 အခြား Window Password ဖျက်နည်းတွေကိုတော့ ဒီနေရာ နဲ့  ဒီနေရာမှာ  လေ့လာ ဒေါင်းယူနိုင်ပါတယ်..။  ဖိုင်လ်ဆိုက်ဒ်ကတော့ KB လောက်ပဲရှိပါတယ်..။
Xilisoft Video Cutter v2.2.0 Build-20121226
Xilisoft Video Cutter v2.2.0 Build-20121226 | 23.1
Video ဖိုင်တွေကို မိမိ လိုသလို ဖြတ်တောက်ပြီး Edit လုပ်နိုင်တဲ့ ဆော့ဝဲလေးပါ
တောင်းထားတဲ့ အကိုရှိလို့ ပြန်လည် မျှဝေလိုက်ပါတယ်
 Fullversion ဖြစ်ဖို့ အတွက် serial key ကိုသုံးထားပါတယ်
NAME နေရာမှာ မိမိ ကြိုက်တဲ့ နာမည်ထည့်
Serial ဆိုတဲ့ နေရာမှာတော့ notepad ဖိုင်လေးထဲမှာ ထည့်ပေးထားပါတယ်
ကျနော်လဲ ထပ်ထည့်ပေးလိုက်တယ် အဆင်ပြေမယ် key လေးကို သုံးလိုက်ပါ
တခု့မဟုတ်တခု့တော့ အဆင်ပြေမှာပါ  ဒေါင်းဖို့အတွက်တော့
လေးနေရာပေးထားပါတယ် ကြိုက်တဲ့နေရာကနေ ယူသွားလိုက်ပါ
ဒေါင်းရန်
mega  |  mediafire | zippyshare  |  box
Languages: English, Italian, French, German, Spanish, Chinese, Japanese
Xilisoft Video Cutter is powerful video cutter software which could assist you to select and cut video segments of your favorite video file, and cut out the segments you dislike. Xilisoft Video Cutter can make video cut of all popular video formats such as cut DAT (the video format used in VCD), cut AVI, cut MPEG, MP4, WMV, 3GP, H.264/MPEG-4 AVC, H.264/PSP AVC, MOV, ASF, etc.
To help on how to cut video, the video cutter software allows you to set the begin-point and end-point to cut video accurately, and offers low priority conversion in background mode and the function to specify the After Done action.
Xilisoft Video Cutter is so easy to operate and fast to finish video cut tasks with the best output quality. Free download Xilisoft Video Cutter and enjoy video cut right now.
Main Functions:
Cut video, select and cut video segments of your favorite file, and cut out the segments you do not want. The video cutter makes video cut to perfect your movies and videos.
AVI cutter, MPEG/MP4 cutter, WMV cutter, can cut video of all popular video formats like cut DAT, cut AVI, cut MPEG, MP4, WMV, 3GP, H.264/MPEG-4 AVC, H.264/PSP AVC, MOV, ASF, etc.
Key Features:
The video cutter supports previewing the original files and the output files;
On how to cut video using Xilisoft Video Cutter, you could set the begin-point and end-point before video cut super accurately;
The video cutter software offers low priority video cutting conversion in background mode;
Multiple After Done actions are provided in the video cutter for you to designate the status after all video cut tasks are finished;
It supports different kinds of skins for your choice;
Multilanguage version: English, Japanese, German and Chinese are provided.
ဗွီဒီယိုတွေမှာ Watermark logo လေးတွေလုပ်ကြမယ်
မိမိတို့  facebook တို့  youtube တို့ မှာ video လေးကို upload တင်တဲ့ အခါ မိမိတို့ နာမည်လေးတွေနဲ့ video မှာ ထည့် သွင်းချင်သူတွေအတွက်ပါ။။ ခဏလေးနဲ့  ဗွီဒီယိုတစ်ခုလုံး မိမိတို့ နာမည် ကိုထည့် သွင်းပေးမှာဖြစ်ပါတယ်။မြန်မာစာနဲ့ ပါ မိမိတို့ ရေးချင်တဲ့ နာမည်ကိုရေးလို့ ရမှာဖြစ်လို့ လုံးဝအလန်းပါ။အသုံးပြုတာကတော့ မခက်ခဲပါဘူး။
စာရေးချင်ရင် T စာလုံးနေရာမှာ စာလုံးအကြီးအသေး အေ၇ာင်ပုံစံ တွေကြိုက်သလို ရေးလို့ ရပါတယ်။ပြီးရင်run ဆိုတာလေးကိုနိုပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။
fullversion လုပ်ဖို့ အတွက် series key ထည့် ပေးထားပါတယ်။
မူရင်းဆိုဒ်မှာဒေါင်းရမှာဖြစ်တဲ့ အတွက်  WonderFox  video water mark pro ကိုရွေးပြီးဒေါင်းလုပ်ယူပါ။တစ်ခြားစိတ်ဝင်စားတာတွေလည်းအများကြီးဒေါင်းလို့ ရပါသေးတယ်။ကျန်တာတွေ
အတွက်တော့ မိတ်ဆွေတို့ ဒေါင်းချင်သပဆိုဒေါင်းနော်...........အားမနာနဲ့ 
 လိုင်စင်ကုဒ်တောင်းရင် အောက်ကကီးလေးကိုထည့် ပေးလိုက်ပါ။
License code: 47818FCBD0FEB1E2FF02
Register မလုပ်ချင်တဲ့ ၀က်ဘ်ဆိုက်များပေါ်တွင် ကျော်၍ အသုံးပြုခြင်း
အင်တာနက်အသုံးပြုတဲ့သူတွေအနေနဲ့ တစ်ခါတလေမှာ Download တွေ ပြုလုပ်ချင်တာပဲဖြစ်ဖြစ် အခြားသော ၀က်ဘ်စာမျက်နှာများစွာမှာ အကြောင်းအရာတစ်ခုကို သိရှိလိုတဲ့အခါမှာပဲ ဖြစ်ဖြစ် Register ပြုလုပ်ခိုင်းတဲ့အခါမျိုးမှာ မပြုလုပ်ချင်ဘဲ Download ဆွဲချင်သူတွေ၊ စာဖတ်ချင်သူတွေအတွက် Firefox ကနေ Add-on ထည့်သွင်းပြီး ကျော်၍ အသုံးပြုနိုင်ပါတယ်။
4Share လို Download Site တွေပဲဖြစ်ဖြစ်၊ အခြားသော ဆိုက်တစ်ခုမှာပဲဖြစ်ဖြစ် Register မလုပ်ချင်တဲ့အ ခါမှာ ဒီအဆင့်ကို ကျော်လွှားဖို့အတွက် Log in with BugMeNot ဆိုတဲ့ Add-on ကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ ဒီ Add-on ဟာ ကိုယ်အသုံးပြုချင်တဲ့ဆိုက်မှာ ယာယီအကောင့်တစ်ခုကို အလို အလျောက်ထည့်ပေးပြီး ယာယီအသုံးပြုခွင့်ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
Log in with BugMeNot ကို Install ပြုလုပ်ဖို့အတွက်ဆိုရင်  ဒီနေရာကို  အရင်သွားရမှာ ဖြစ်ပါတယ်။ အဲဒီ Add-on လေးကို ထည့်သွင်းဖို့ Add to Firefox ဆိုတဲ့ Button ကို နှိပ်လိုက်ရင် ဒေါင်းလုတ်ပြုလုပ်ပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။
အသုံးပြုပုံကတော့ ကိုယ် Log in ၀င်ရမယ့်နေရာက User Name Box နေရာလေးမှာ Right Click ကို နှိပ်လိုက်ပါ။ ဒါဆိုရင် Popup Menu ရဲ့ အောက်ဆုံးမှာ Log in with BugMeNot ဆိုတဲ့ Button လေး ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒါလေးကို ရွေးချယ်လိုက်ရင် Random Account တစ်ခုချပေးမှာဖြစ်ပါတယ်။ ကလစ်တစ်ချက်နှိပ်ပြီး ကိုယ်အသုံးပြုချင်တဲ့ဆိုက်ကိုကျော်ပြီး ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Add-on ကို ဆိုက်ဒ်တိုင်းမှာတော့ အသုံးပြုနိုင်မှာမဟုတ်ဘဲ အချို့သော ဆိုက်တော်တော်များများမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Windows Media Player က "Server Execution Failed" ပြဿနာ ဖြေရှင်းနည်း
ကွန်ပျူတာမှာ Windows Media Player နဲ့ MP3,MP4 တွေ ဖွင့်တဲ့အခါ  Server Execution Failed ဆိုပြီး ဖွင့်မရပဲ အပေါ်ကပုံလို Error ပြတတ်ပါတယ်..
အဲ့ဒီ Error ကို အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်..
Start က Search ထဲမှာ services  ရေးထဲ့ပါ ...
Service Box တတ်လာရင် အောက်နားအထိ Scroll Down ဆွဲချပြီး   Windows Media Player Network Sharing ကိုရှာပါ ..
တွေ့ရင် Right Click နဲ့ ပုံထဲကအတိုင်း Restart လုပ်ပေးလိုက်ပါ..
ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ..။
Window ပြန်တတ်လာရင် စောစောက MP3 or MP4 တစ်ခုခုကို စမ်းဖွင့်ကြည့်လိုက်ပါ ...  ဆိုတဲ့ Error မရှိတော့တာ တွေ့ရမှာပါ...။
တချို့ စက်တွေမှာ အပေါ်ကနည်းအတိုင်း အဆင်မပြေဖြစ်တတ်ပါတယ် .. တကယ်လို့ အဆင်မပြေသေးရင် ဒါလေးကို  ဒေါင်းယူပါ Click နှစ်ချက်နှိပ်ပြီး Run ပေးလိုက်ပါ..  Windows Media Player ရဲ့ Problem ကို သူ့ဖာသာသူ Repair လုပ်သွားမှာပါ.. ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ..။
.....  အဆင်ပြေပါစေ .....
How to IDM Uninstall & Install (internet download manager ကို Uninstall ပြုလုပ်ပုံနှင့် Full Version install ပြုလုပ်နည်း အဆင့်ဆင့်)
 IDM ကို Uninstall လုပ်တာ မရဘူး...
C:/Program file မှာလဲ ဖျက်လို့မရဘူး... 
Install လုပ်တာလဲ အဆင်မပြေဘူး...
Serial Key တောင်းနေတယ်..... 
ဖြုတ်လဲ မရဘူး တပ်လဲ မရဘူးး......
.....မရဘူးးးး ...... အဆင်မပြေဘူးးးး.........ဖြုတ်မရဘူးးးးးးး.......ဘယ်လိုလုပ်ရမလဲ......????
 IDM နဲ့ အဆင်မပြေပေါင်းများစွာတွေ ကြားရနေရတာနဲ့ ဒီနေ့ အပြတ်ရှင်းပေးလိုက်ပါတယ်....:P
လုပ်ပုံ လုပ်နည်းလေးတွေကို တဆင့်ချင်း ရှင်းပြနေရင် ရှုတ်သွားမှာမို့ Vedio လေးနဲ့ ရှင်းပြလိုက်ပါတယ် ...။ တခြား ဖြုတ်မရတဲ့ Program တွေ Software တွေကိုလဲ ဒီနည်းအတိုင်း ဖြုတ်နိုင်ပါတယ် ... ။ 
( Run box မှာရေးထည့် တဲ့ စာလုံးက regedit ပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်..။)
ဒီဗွီဒီယိုလေးကတော့ IDM ကို ဖြုတ်ထုတ် ပုံ လေးပါ...။
စက် Restart ကျသွားမှာပါ ..။ Window ပြန်တတ်လာရင် အောက်က Video လေးထဲက အတိုင်း ဆက်လုပ်သွားလိုက်ပါ..။
Northon Ghost ဖြင့် HDD တွေကို Clone ရိုက်နည်း
 ဒီ Post ကိုတော့ အထူးသဖြင့် Internet ဆိုင်တွေ၊ Game ဆိုင်တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့
HDD တွေကို Clone ရိုက်ရသလည်း ဆိုတာကို အရင်ရှင်းပြပါ့မယ်။
ကျွန်တော်တို့ စက်တစ်လုံးကို Window တင်တဲ့အခါမှာ WindowInstallation အပိုင်းချည်းပဲကို အနည်းဆုံး ၄၅ မိနစ်လောက်ကြာပါတယ်။ ဂိမ်းဆိုင် သို့မဟုတ် အင်တာနက်ဆိုင်အတွက် အခြားလိုအပ်
တဲ့ Software တွေကိုပါ ထပ်သွင်းမယ်ဆိုရင် အနည်းဆုံး ၂နာရီကျော်ကျော်လောက်ကြာပါတယ်။ ဒါဟာ စက်တစ်လုံးတည်းအတွက်ပါ။အကယ်လို့များ ကျွန်တော်တို့က ဆိုင်တစ်ဆိုင်မှာ စက်အလုံး ၂၀
ရှိတယ်ဆိုပါစို့ ကျွန်တော်တို့က တစ်လုံး ချင်းစီ တင်မယ်ဆိုရင်အချိန်ဘယ်လောက်ကြာမလည်းဆိုတာကို တွက်ကြည့်လိုက်ပါ။
ဒီတော့ ကျွန်တော်တို့က အချိန်တွေကိုလျော့ချပြီး အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ဖို့နည်းလမ်းကတော့ HDD Clone ရိုက်နည်းပဲဖြစ်ပါတယ်။ Clone ရိုက်နည်းများစွာရှိတဲ့အထဲမှာမှ ကျွန်တော်ဒီ Post မှာ Northon Ghost နဲ့ လုပ်ဆောင်နည်းကို ပြောပါ့မယ်။
ကဲ စကားတွေများသွားပြီဆက်လိုက်ရအောင် ကျွန်တော်တို့ အရင်
ဆုံး Northon Ghost ကို Install လုပ်လိုက်ပါ့မယ်။ ပြီးသွားပြီဆိုတာနဲ့Software ကို ဖွင့်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က အောက်ပါပုံ
အတိုင်း
Ghost Advanced ကိုဝင်လိုက်ပါ့မယ်။ ဒီနေရာမှာ ကျွန်တော်တို့က
ညာဘက်ခြမ်းမှာရှိသော Clone ဆိုတာကို ၀င်လိုက်ပါ့မယ်။ ဒါဆိုရင်
အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင်တော့ ကျွန်တော်တို့က Next ကိုနှိပ်
လိုက်ပါ့မယ်။အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ
ကျွန်တော်တို့က တစ်ခု အရေးကြီးဆုံး သတိထားရမယ့်အချက်က HDD ရဲ့ Model Number, Serial Number တွေပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီ အချက်တွေကို သတိမထားပဲ မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် မူရင် Final လုပ်ထားတဲ့ HDD ကို ထိခိုက်ပျက်
စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Board မှာတပ်ဆင်မယ့်အခါမှာ Port ဘယ်လောက်မှာတပ်မှာလည်း?..... နောက်တစ်ချက်က HDD ရဲ့ Lable မှာပါတဲ့ Size, Model, Serial Number
တွေကို သေချာမှတ်ရပါမယ်။ မူရင်း HDD ကို Source နေရာမှာဖော်ပြပေးပြီးတော့ Clone လုပ်မယ့် HDD ကို Desination နေရာမှာဖော်ပြပေးမှာဖြစ်ပါတယ်။ အထပ်ဖော်ပြပါပုံအတိုင်း Select မှတ်ပေး
ပြီးတာနဲ့ Next ကို နှိပ်ပေးလိုက်ပါမယ်။
ဖော်ပြပါပုံကတော့  Clone လုပ်မယ့် Disk ကို ပြောတာဖြစ်ပါတယ်။
ကျွန်တော်တို့က OK ကို နှိပ်လိုက်ပါမယ်။
ပြီးသွားရင် အထပ်ပါပုံအတိုင်းမှ Next ကို နှိပ်လိုက်ပါမယ်။ Advanced settings
ထဲကို ၀င်စရာမလိုပါ...
အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် ကျွန်တော်တို့က Run Nowဆိုတာကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ အောက်ပါပုံအတိုင်း
ပေါ်လာမှာဖြစ်ပါတယ်။
ဒီနေရာမှာ Message ပြတာကတော့ OK နှိပ်ပြီးတာနဲ့ စက်က Restartကျသွားပြီး DOS Mode ထဲကနေ လုပ်မယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။
OK နှိပ်ပြီးတာနဲ့ ကွန်ပျူတာက Restart ကျသွားပါမယ်။ ပြန်တက်လာတဲ့
အခါမှာတော့
ရွေးချယ်စရာ ထဲမှာမှ Option 1 ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့
 HDD ကို Clone လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
% 100 ပြီးသွားပြီဆိုရင်တော့  HDD ကို Clone လုပ်ဆောင်ခြင်းပြီးသွားပြီဖြစ်ပါတယ်။ ဒီအခါမှာတော့ မိမိကွန်ပျူတာတွေမှာ တပ်ဆင်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အချိန်အားဖြင့် အနည်းဆုံး
၃၀ မိနစ်လောက်ကြာမြင့်မှာဖြစ်ပါတယ်။ နောက်ထပ်ဆက်လက်ပြီးတော့လည်း Ancronic True Image ဆိုတဲ့ Software နဲ့ Clone လုပ်နည်းကိုလည်း ဖော်ပြပေးပ့ါမယ်။ Ancronic နဲ့ ဆိုရင်တော့
အများဆုံး ၁၅ မိနစ်လောက်ပဲကြာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်
ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်
Remember Credential လုပ်မိသွားရင်
Network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတော်တော်များများကို shared folder
တွေကို access လုပ်ကြရတော့မယ်ဆိုရင်
ဆိုရင် ကျွန်တော်တို့ က run ကနေ \\pc-name ခေါ်ရင်အပေါ်ကပုံလေးလို မျိုး access
လုပ်ပိုင်ခွင့်ရှိမရှိ…ဒီ network administrator ခွင့်ပြုထားတဲ့သူဟုတ်မဟုတ်…နောက်ပြီးတော့
ဒီ Network ထဲကမဟုတ်ပဲနဲ့ လာတဲ့ Annonymous Access လုပ်မယ်ဆိုရင်ဒါလေး
ပေါ်လာပါတယ်….ဒီနေရာမှာသတ်မှတ်ထားတဲ့ user name နဲ့ password ကိုထည့်ပြီးတော့
ok လိုက်ရင်ဘာမှမဟုတ်ပေမဲ့….remember credential လုပ်ထားမယ်ဆိုရင်ဒီစက် .
ဒီ userဟာ..network ချိတ်လိုက်ရင် ဒီ network ထဲက share လုပ်ထားတဲ့ data တွေကို
မြင်ခွင့်၊ထိတွေ့ ခွင့်ရှိသွားမှာဖြစ်သလို …Map Network Drive ဆောက်ထားရင်လည်းတစ်ခါတည်း
နဲ့ အဲဒီ folder ထဲက access တွေကိုအသုံးပြုခွင့်ရနိုင်မှာဖြစ်ပါတယ်….နောက်ပြီးတော့ Printer
တွေကိုလည်းစိတ်ကြိုက်အသုံးပြုခွင့်ရနိုင်မှာဖြစ်ပါတယ်…..ဒီထက်ကို အတွေ့ အကြုံရင့်ကျက်သူဆို
ရင်တော့ ဒီ network ထဲကိုစိတ်ကြိုက်မွှေနှောက်နိုင်မှာပါ…..
နောက်ပြီးတော့ network ထဲက server နဲ့ ချိတ်ထားတဲ့ pc မှန်သမျှဟာ စက်ဖွင့်လိုက်တိုင်းကို
congested ဖြစ်စေပါတယ်….Server တစ်လုံးတည်းကို Domain + ISA + File server function
အစုံသုံးမယ်ဆိုရင်( Media Office တွေမှာပိုသိသာပါတယ်……ဘာလို့ လဲဆိုတော့သူတို့ က file server
ကိုအမြဲလိုလိုသုံးတော့ အလုပ်ရှုပ်မခံချင်တော့ remember လုပ်ထားရောလေ……)
Network မှာ Password ကအသက်ဖြစ်ပါတယ်….Password ကို Policies အညီပေးတတ်ဖို့ ကိုယ့် network password ကလည်း strong , complexities & ခန့် မှန်းရမလွယ်တဲ့အရာ
ဖြစ်ဖို့ လိုအပ်ပါတယ်….
နောက်တစ်ခုကကိုယ့် network ထဲမှာ domain server ကတစ်လုံးတည်း client တွေကအများကြီး
ဆိုကြပါစို့ ဗျာ…အယောက် ၁၀၀ လောက်ရှိမယ်ဆိုပါစို့ ဗျာ…network admin တွေအနေနဲ့ shared
folder (installer) တွေနဲ့ groups အလိုက်…user တွေအလိုက်အသုံးပြုခွင့် policies တွေမပေးထား
ပဲနဲ့ domain administrator right ကို remember credential နဲ့ လုပ်ထားတာအန္တရာယ်ကြီးပါတယ်..
ဘာလို့ လဲဆိုတော့ remember မလုပ်ထားရင်စက်ကို reset ချတာပဲဖြစ်ဖြစ်….နောက်ဒီ network
ထဲမှာခဏပဲသုံးပြီးတော့ထွက်သွားတာပဲဖြစ်ဖြစ်….သူ့ ရဲ့ windows credential ထဲမှာကိုယ့် network
password မကျန်ခဲ့လို့ ပါ…remember လုပ်ထားရင်တော့ကျန်ခဲ့တာပေါ့ဗျာ…
တကယ်လို့ remember လုပ်ထားမိတယ်ဆိုရင်ပြန်ဖျက်ဖို့ အတွက်နည်းလမ်းတွေဖော်ပြပေးလိုက်ပါတယ်…
client pc ကိုသွားပါ……
အဲဒါကတော့ run ထဲကနေ cmd ခေါ်လိုက်ပါ…ပြီးရင်
net use * /delete
လို့ ရိုက်ထည့်လိုက်ရင်…သူက ချိတ်ထားတာကိုဖျက်၊မဖျက်မေးလိမ့်မယ်…အဲဒါကို yes လုပ်လိုက်
ပြီးရင် reset ချလိုက်ပါ…..အိုကေသွားပါပြီ…
စမ်းကြည့်လိုက်ကြပါအုံး……နော်…
အားလုံးအဆင်ပြေကြပါစေဗျာ….
hidden file တွေကိုဘယ်လိုပြန်ဖော်ကြမလဲ….
ကျွန်တော်တို့ နေ့ စဉ်အသုံးပြုနေတဲ့ memory stick တို့ usb devices တွေမှာ virus ခဲ့ရင်ရှိ stick ထဲမှာ
ရှိတဲ့ folder တွေအကုန်လုံးကို virus က Hidden လုပ်ထားတတ်ပါတယ်။ကိုယ်ကလည်း stick ကို
virus သတ်ပြီးပြီ…ဒါပေမဲ့ stick ထဲက folder တွေကိုရှာမတွေ့ တော့ဘူး။ နောက် Windows Explorer ထဲ
က Tool Menu ထဲက Folder Option မှာလည်း Hidden တွေကိုပြန်ဖော်ပြီးပြီ။ဒါပေမဲ့ မပေါ်ဖူးဖြစ်နေရင်
ဒါလေးက အသုံးတည့်မှာပါ။
အရင်ဆုံး Antivirus တစ်ခုခုနဲ့ virus ကုန်စင်အောင်သတ်ပါ။
ပြီးရင် command promt ကိုသွားပါ။ windows logo key + run ကနေ cmd ရိုက်ပြီး Enter ခေါက်
ရရင် C:> မှာ cd I: ဆိုပြီးရိုက်လိုက်ပါ။
ဒါဆိုရင် I:> ဆိုပြီးပေါ်လာပါမယ်။
I:> attrib -s -h /s /d *.* ဆိုပြီးရိုက်ထည့်လိုက်ပါ။ 
ပြီးရင် I:>dir ဆိုပြီးရိုက်လိုက်ရင် hidden folder တွေအကုန်ပြန်ပေါ်ပြီဖြစ်ပါတယ်။ 
မသိသေးတဲ့သူများအတွက်ကိုရည်ရွယ်ပြီးရေးထားတာဖြစ်ပါတယ်။အဆင်ပြေကြပါစေဗျာ။
ကိုယ်လွှင့်ထားတဲ့ Wi-Fi ကိုခိုးသုံးမသုံးကြည့်ရအောင်…ခိုးသုံးထားရင် Banned ကြမယ်
ကျွန်တော်တို့ တစ်တွေ internet ဆိုင်လုပ်တာပဲဖြစ်ဖြစ်…..ကိုယ့် Wi-fi ကိုအခြားသူတွေ
ဆီကိုလွှင့်ချင်တယ်ဆိုပါစို့ ဗျာ…ကိုယ်ယူထားတဲ့ line ကလည်းကောင်းတယ်ဆိုပါစို့ …
အခြား user တွေကိုလည်းခွဲပေးချင်တယ်…တစ်ခုကိုယ်စိုးရိမ်တာက ကိုယ့် wi-fi ကို
မဆိုင်တဲ့သူတွေခိုးသုံးကြမှာကိုပေါ့ဗျာ…
 ဒီနေ့ ခေတ်နည်းပညာတွေကလည်းအံ့မခန်းတိုးတက်လိုက်တာများ…wireless security
password ကိုဖောက်တဲ့နည်းပညာတွေကော…အထောက်အကူပစ္စည်တွေကောဟာ….
online မှာတင်ပျံ့ နှံ့ နေသလို မြန်မာပြည်ကလူတွေစိတ်အ၀င်စားဆုံးဒုတိယကိစ္စတစ်ခုလည်း
ဖြစ်လာလို့ နေပါတယ်….(ပထမကတော့ gmail password ကိုဖောက်တာပေါ့ဗျာ)
နိုင်ငံခြားမှာကတော့ free wi-fi , wi-fi hotspot တွေလည်းတော်တော်များများရှိလေတော့
သူတို့ အနေနဲ့ ဒါမျိုးကိုစိတ်လည်းမ၀င်စားကြပါဖူး….သူတစ်ပါးပိုင်ဆိုင်မှုကိုဒါဟာလည်း
တစ်နည်းအားဖြင့်ချိုးဖောက်မှုတစ်ခုပေါ့လေ….(ဥပဒေကြောင်းအရပြောတာပါ)
သို့ သော်လည်းကိုယ်လွှင့်တော့မယ်ဆိုရင်အဲလိုအကြောင်းတရားတွေကိုလည်းထည့်သွင်း
စဉ်းစားထားရမယ်…ဒါမှပဲကိုယ့် wi-fi ကိုကိုယ်မသိပဲနဲ့ ကိုယ့်ခွင့်ပြုချက်မရပဲနဲ့ အသုံးပြု
နိုင်တာကိုကာကွယ်ဖို့ နည်းလမ်းတွေလည်းရှိထားသင့်တယ်လေ…..
ခုပြောမယ့်နည်းလမ်းကတော့အရမ်းအထူးအဆန်းကြီးမဟုတ်ပါဖူး…..ဒါပေမယ့်သိထားရင်
ကာကွယ်ဖို့ အကျိုးရှိမယ်ထင်လို့ ပါ….ကျွန်တော်တို့ Network မှာ Service ပေးတဲ့ devices
တိုင်းပေါ့( Router,Server, Access Point,….) စတာတွေမှာ သူတို့ ကိုလာရောက်ချိတ်ဆက်
တဲ့ devices တွေရဲ့ ကိုယ်ပိုင်နံပါတ်( MAC Address )တွေရှိတတ်ပါတယ်…..လူတစ်ဦးနဲ့ တစ်ဦး
နာမည်မတူသလိုပဲ…Network Adapters (Wire/Wireless) တွေမှာလည်းမတူညီတဲ့ မှတ်ပုံတင်
MAC Address တွေဆိုတာရှိပါတယ်…..အဲဒီ MAC တွေကိုခုနကပြောတဲ့ Service ပေးတဲ့
devices တွေက မှတ်သားထားလေ့ရှိပါတယ်…ဥပမာတစ်ခုကတော့ဗျာ…Router တစ်လုံးကို
3G-handphone တစ်လုံးနဲ့ Ipad တစ်လုံးကလာချိတ်တယ်ဆိုပါစို့ …..အဲဒီ device နှစ်ခုလုံးရဲ့
MAC တွေဟာ Router ထဲကိုရောက်သွားတယ်……ပြီးတော့ အဲဒီ devices တွေက IP ပေးပါ…
ပေးပါဆိုပြီး Router( dhcp service) ကို request လုပ်တယ်……
Router ကနေ ပြီးတော့မင်းသုံးဖို့ အတွက် IP Address ကဒီလောက်…sub-net mask ကဒီလောက်
default gateway ကဒီလောက်….Alternate DNS ကဒီနံပါတ်…..Preferred DNS ကဒါဆိုပြီး
IP assign လုပ်ပေးပါတယ်။သူ့ ကို အင်ထုပြီး IP တောင်းမှာစိုးလို့ MAC နဲ့ မှတ်ထားပြီးတော့
IP ကိုချပေးတာဖြစ်ပါတယ်………ဒါကတော့ Router ကနေပြီးတော့ စက်တွေကို IP assign
လုပ်ပေးတဲ့ DHCP ဖြစ်ပါတယ်……
အဟဲ…MAC နဲ့ ပတ်သက်လို့ စိတ်ထဲမှတ်မှတ်ရရတစ်ခုဖြစ်ဖူးတယ်ဗျ….တကယ်လည်းပညာရခဲ့တဲ့
ဟာပါ…အရင်တုန်းကကျွန်တော်က Follow Me , Ta Fa Trading Co.,Ltd မှာ service သွားလုပ်
တုန်းကပေါ့ဗျာ……လိုအပ်ချက်အရ Wireless N Router တစ်လုံးနဲ့ ထပ်ချိတ်ရတာပါ…..
MPT Adsl modem တစ်လုံးချိတ်ထားတယ်…အဲဒါကနေခွဲသုံးမှာပေါ့….Modem-to-Router
Router-to-Switches , Switches-to-Client PC ပေါ့….အဲဒီမှာ Router installed လုပ်ပြီးတော့
ှုအင်တာနက်ကမရဖူး……မဟုတ်သေးပေါ့ဗျာ……လူလည်းချွေးတွေပြန်နေပြီ..နောက်တော့မှ
မသင်္ကာလို့ MAC ကို clone လုပ်ပြီးတော့မှ Router ထဲထည့်လိုက်တော့မှအဆင်ပြေသွားတာပေါ့…
သူကသုံးမယ့် MAC ကိုပါ Assign ထပ်လုပ်ပေးရတဲ့ သဘောပေါ့…..
MAC filtering လုပ်ထားပုံ
ကဲ…ဒါဆိုရင် MAC ရဲ့ အလုပ်လုပ်ပုံကိုအကြမ်းဖျင်းတော့နားလည်လောက်ပြီထင်ပါတယ်…..ခုပြောမယ့်
နည်းစနစ်လည်းဒီ MAC နဲ့ ပဲအဓိကထားပြီးလုပ်မယ့်လုပ်ဆောင်ချက်ဖြစ်ပါတယ်….ကျွန်တော်တို့ 
Router တို့ Access Point တို့ ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရင်ပိုအဆင်ပြေတယ်…..
MAC Filtering လုပ်ပုံ
အရင်ဆုံး
ပုံထဲကအတိုင်း MAC_Filtering ဆိုတာလေးကိုရှာတယ်…ကျွန်တော်တို့ လုပ်မှာက Wireless ဆိုတော့
Wireless Mode ထဲမှာပဲရှိပါတယ်…..Router တိုင်းမတူညီပေမဲ့ Wireless Router တိုင်းရဲ့ Wireless
Mode ထဲမှာအဲဒါလေးရှိတယ်ဗျ…ခုကျွန်တော်ပြထားတာကတော့ AZtech N Wireless Router လေးပါ…
ပါတယ်……အဲဒါကြောင့်အဲဒီ Device ကအင်တာနက်သုံးလို့ မရတော့ပါ…..အခြားသောကိုယ်တွေခွင့်
ပြုထားတဲ့စက်တွေကတော့သုံးလို့ ရတယ်…ထိခိုက်မှုမရှိပါ……..တကယ်လို့ ကိုယ့် wireless က
security နည်းနည်းအားနည်းတယ်ဆိုရင်ဒါလေးနဲ့ ဆို ကိုယ့် Wi-Fi ကိုကိုယ်မသိပဲသုံးနေတဲ့ MAC တွေ
နဲ့ IP တွေကိုသိနိုင်ပြီး MAC Filter နဲ့ ကန့် သတ်လို့ ရတယ်ဆိုတာလေးကို share ပေးလိုက်ပါတယ်..
Virus များကြောင့် File၊ Folder များပျောက်ဆုံးနေလျှင်
ကွန်ပျူတာတွင်ဖြစ်စေ၊ Flash Drive များတွင်ဖြစ်စေ Virus များကြောင့် File၊ Folder များပျောက် ဆုံးနေပြီး Use space တွင်လည်းအဆိုပါ File များကိုသိမ်းဆည်းထားသည်ဟု ဖော်ပြနေပါက အောက်ပါအတိုင်းလုပ်ဆောင်ခြင်းဖြင့် File၊ Folder များကိုပြန်လည်တွေ့ရှိရမည်ဖြစ်ပါသည်။
ထိုသို့ပြု လုပ်ခြင်းသည် Virus များကို ရှင်းလင်းခြင်းမဟုတ်ပဲ Virus Effect ကြောင့်ပျောက်ဆုံးနေသည့် Data များကိုသာ ရှာဖွေခြင်းဖြစ်ပါသည်။ ထို့ကြောင့် Data များကိုရှာဖွေပြီးသော်လည်း Virus ကိုရှင်းလင်း ရန် လိုအပ်မည်ဖြစ်ပါသည်။
၁။ Start မှတစ်ဆင့် Run Box တွင် regedit ဟုရေးသား၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ Explorer\ Advanced\ FolderHidden\ SHOWALL
ထိရောက်စေရန် အဆင့်ဆင့် ၀င်ရောက်ရပါမည်။
၃။ SHOWALL ကို Left Cclick ဖြင့်နှိပ်၍ ညာဘက် Box (Pane) အတွင်းရှိ CheckedValue  ကို Right Click မှတစ်ဆင့် Modify သို့ဝင်ရောက်ရပါမည်။ ValueData တွင် ၀(သုည) ကို 1 ဟုပြောင်း လဲပေးရပါမည်။
၎။ အကယ်၍ ညာဘက် Box (Pane) အတွင်း၌ CheckedValue ကိုမတွေ့ရှိပါက SHOWALL ကို Right Click နှိပ်၍ New မှတစ်ဆင့် DWORD (32-bit) Value ကိုတည်ဆောက်ပေး၍ အမည်ကို CheckedValue ဟုပေး၍ Value ကို 1 ဟုပေးရပါမည်။
၅။ ထို့နောက်ကွန်ပျူတာကို Restart ချပြီးနောက် Hidden ဖြစ်နေသည့် File၊ Folder များကိုပြန်လည် တွေ့ရှိရမည်ဖြစ်ပါသည်။
Blue Screen Error ဖြေရှင်းနည်း
ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw