အဆိုပါ တိုက်ခိုက်မူ့သည် နဂိုတိုက်ခိုက်လေ့ရှိသော Spear Phishing တိုက်ခိုက်မူ့ထက်ပိုမို လွယ်ကူရိုးရှင်းသော်လည်း ထိခိုက်မူ့အန္တာရယ်မှာ ပိုမိုများပြားစေနိုင်ပါသည်
Mobile အသုံးပြုသူများကို ရည်ရွယ်၍ ပစ်မှတ်ထားသော Two Factor Authentication ကိုကျော်လွှားသွားနိုင်ပြီး Victims ၏ e-mail accounts ကိုပါယူဆောင်သွားနိုင်သည့် Spear Phishing တိုက်ခိုက်မူ့ အသစ်အကြောင်းကို Symantec မှ Reseracher များမှ သတိပေးချက်များ ထုတ်ပြန်ခဲ့ပါသည်။
တိုက်ခိုက်မူ့ကို စတင်ရန်အတွက် ပစ်မှတ်၏ အီးမေးလ် လိပ်စာနှင့် ဖုန်းနံပါတ် ကို သိရှိရန်တော့ လိုအပ်ပါသည်။
Attacker က User များအသုံးပြုလေ့ရှိသော password မေ့သွားလျှင် ၄င်း၏ Mobile ဖုန်းသို့ Verification code ပြန်လည်ပေးပို့ပေးသည့် e-mail password recovery feature ကိုအသုံးပြုပြီး ရိုးရှင်းစွာဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပါသည်။

E-mail ပိုင်ရှင်မှ “forgot password” နှင့် “verification code” တောင်းခံသည့် link ကို နှိပ်မိခြင်းဖြင့် Attacker မှ victim ၏ mobile phone သို့ code ကို SMS message ပေးပို့မည် ဖြစ်ပါသည်။
Attacker မှ victim ဆီသို့ “Google has detected unusual activity on your account. Please respond with the code sent to your mobile device to stop unauthorized activity.” ကဲ့သို့သော SMS Message ထပ်မံပေးပို့ခြင်းဖြင့် code ကိုပြန်လည် ရရှိစေရန် လုပ်ဆောင်မည် ဖြစ်ပါသည်။
ထိုအခါတွင် Victim မှ code ကို ပြန်လည်ပေးပို့လိုက်သောအခါတွင် attacker မှ victim ၏ email account ကို access လုပ်ခွင့်ရရှိသွားမည် ဖြစ်ပါသည်။