LATESTED NEWS
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

မိုးကြိုးပစ်ခံရခြင်းအန္တရာယ်မှကာကွယ်ရန်


သင်ဟာ အပြင်တွင်ရောက် ရှိနေပါက ကောင်းကင်ကိုအမြဲ မပြတ် လေ့လာအကဲခတ်နေပါ။ မည်းမှောင်လာမယ့်ကောင်းကင်၊ လျှပ်စီးလက်ခြင်း(သို့မဟုတ်)လေ တိုက်ခတ်မှုပြင်းလာခြင်း စတာ တွေကို အကဲခတ်စောင့်ကြည့်နေ ပါ။ များသောအားဖြင့် မိုးမရွာမီ လျှပ်စီးလက်တဲ့အတွက် မိုးရွာ အောင်အထိစောင့်မနေပါနဲ့။ မိုး ခြိမ်းသံကြားရပြီဆိုပါက လုံခြုံရာ နေရာတစ်ခုကို ချက်ချင်းရှာဖွေ ခိုလှုံပါ။ အကောင်းဆုံးခိုလှုံရာနေ ရာများမှာ ခိုင်ခံ့သောအဆောက် အအုံ၊ (သို့မဟုတ်) မော်တော် ယာဉ်တစ်စီးအတွင်း ခိုလှုံခြင်းဖြစ် ပါတယ်။ မော်တော်ယာဉ်တံခါးကို သေသေချာချာပိတ်ထားရန် မမေ့ ပါနဲ့။
သေးငယ်သောအဆောက် အအုံများဖြစ်သည့် ကျွဲ၊ နွားတင်း ကုပ်၊ ဂိုဒေါင်အငယ်စား၊ ပျော် ပွဲစားထွက်ရာနေရာ၊ ဘေ့စ်ဘော ကွင်း၊ အပြင်တွင်ချထားသောခုံ ရှည် စသည်တို့ကိုရှောင်ရှားပါ။ ပတ်ဝန်းကျင်တွင် ခိုလှုံစရာမရှိပါ က သစ်ပင်များမှ ဝေးရာတွင်နေ ပါ။ ဟင်းလင်းပြင်တွင် သစ်ပင်၏ အမြင့်ထက်နှစ်ဆခန့်ဝေးသောနေ ရာတွင် ခြေကိုစု၍ ထိုင်ချပါ။ လက်များဖြင့် နားနှစ်ဖက်ကိုပိတ် ထားခြင်းဖြင့် မိုးခြိမ်းသံအန္တရာယ် ကိုလျော့ပါးစေနိုင်ပါတယ်။
အကယ်၍ သင်ဟာ လူအုပ် စုလိုက်ဖြစ်နေပါက တစ်ဦးနဲ့တစ် ဦး အနည်းဆုံး ၁၅ ပေအကွာ ခွာနေပါ။ ရေမှဝေးရာရှောင်နေပါ။ အကြောင်းကတော့ ရေဟာလျှပ် စစ်လွယ်ကူစွာစီးနိုင်သော လျှပ် ကူးပစ္စည်းဖြစ်ပါတယ်။ ရေကူး ခြင်း၊ ရေထဲဖြတ်လျှောက်ခြင်း၊ရေ ကူးဝတ်စုံဖြင့်ရေငုပ်ခြင်း၊ ရေ လွှာလျှောစီးခြင်း စတာတွေဟာ အန္တရာယ်မကင်းတတ်ကြပါ။ ရေ အိုင်ငယ်များ၊ ဗွက်အိုင်များထဲ တွင် ရပ်မနေမိပါစေနှင့်။

အတုယူသင့်သည့်  အမျိုးသမီးအမျိုးအစားများ



တည်ငြိမ်သော အမျိုးသမီးတစ်ဦးက 
သူ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။အေးဆေးတဲ့အပြုံးတစ်ခုနဲ့ ဒေါသကိုထိန်းတယ်။
.
စိတ်ဓာတ်တည်ကြည်သော အမျိုးသမီးက
 တာဝန်တစ်ခုကို မနိုင်ဝန်မထမ်းဘူး။ကတိစကားတစ်ခွန်းကို...ချင့်ချိန်ပြီးမှပြောဆိုတတ်တယ်။
.
ရိုးသားသောအမျိုးသမီးတစ်ဦးက
ကိုယ်ကျိုးတစ်ခုဘဲ မကြည့်တတ်ဘူး။လုပ်ဆောင်မှု့တိုင်းသူတစ်ပါးအတွက်အမြဲထည့်တွက်ပေးတတ်တယ်။
.

ကားတစ်စီးရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်း ပျက်စီးမှုနဲ့ ပြုပြင်တာတွေကို မဖြစ်မနေသိထားသင့်တဲ့ အချက်များ

သိန်း မြင့်'s photo.

ကားတစ်စီးပိုင်ဆိုင်ထား သူတစ်ယောက်အနေနဲ့ ကားတစ်စီးရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်း ပျက်စီးမှုနဲ့ ပြုပြင်တာတွေကို မဖြစ်မနေသိထားသင့်တဲ့ အချက် တွေရှိပါတယ်။
ကားတစ်စီးရဲ့ အိတ်ဇောက မီးခိုးထွက်တာများနေရင် ကား အင်ဂျင်နဲ့ အိတ်ဇောပိုင်းမှာ ချို့ ယွင်းချက်ရှိနေပြီဖြစ်ပါတယ်။ မီး ခိုးအထွက်များနေတဲ့ ကားတစ်စီး ဟာ လောင်စာဆီယိုစိမ့်မှုဖြစ်နေ တာသေချာပါတယ်။ ထွက်တဲ့မီး ခိုးကို ကြည့်ပြီးတော့လည်း ချို့ ယွင်းမှုဖြစ်ရတဲ့အကြောင်းရင်းကို ခန့်မှန်းလို့ရနိုင်ပါတယ်။

Facebook တွင် မပြုလုပ်သင့်သော အချက် (၁၀) ချက်



Facebook သုံးစွဲသူများအနေနဲ့ လူမှုရေးမီဒီယာမှာတင်တဲ့ post တွေနဲ့ပတ်သက်ပြီး သတိထားသင့်ပါတယ်။ Facebook post တစ်ခုကြောင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရခြင်းမှ အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေက လှုမှုရေးမီဒီယာ သုံးစွဲသူတွေ အနေနဲ့ privacy setting အနည်းငယ်သာ အသုံးပြုနေကြတာကို သတိပေးထားပါတယ်။ ဒါကြောင့် လှုမှုရေးမီဒီယာ သုံးစွဲသူတွေ သတိပြုနိုင်ဖို့ Facebook မှာလုံးဝ မတင်သင့်တဲ့ အချက် ၁၀ ချက်ကို အောက်မှာ ဖော်ပြသွားပါမယ်။ ဒီအချက်တွေက Facebook သုံးစွဲသူနဲ့ ၎င်းတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာပါ။


(၁၀) အိမ်အပြင်ထွက်မည့် အကြောင်း


Facebook သုံးစွဲသူတွေဟာ အားလပ်ရက် ခရီးထွက်ခြင်း ဒါမှမဟုတ် ညဘက် အပြင်ထွက်ခြင်းစတဲ့ အိမ်ကနေ အပြင်ထွက်မယ့်အချိန်ကို လူတွေသိစေမယ့် post မျိုး မတင်သင့်ကြောင်း Huffington Post က ဖော်ပြခဲ့ဖူးပါတယ်။ Facebook က သင်ဘယ်မှာ ရှိနေတယ်ဆိုတာ လူတွေကိုအသိပေးဖို့ Facebook Places feature ထောက်ပံ့မှု ပေးထားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ လူတွေကို သင်ဘယ်မှာဆိုတာ အသိပေးဖို့ သတိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ friend list ထဲမှာ မယုံကြည်ရတဲ့ လူတွေ ပါဝင်လာနိုင်ပါတယ်။ ဥပမာဆိုရရင် သင်က Facebook ပေါ်မှာ ချစ်သူနဲ့ ဒီည ရုပ်ရှင်သွားကြည့်မယ်ဆိုတာ တင်လိုက်တဲ့အခါ သင်အိမ်မှာ နာရီအနည်းငယ်ခန့် မရှိတဲ့အကြောင်းကို သူခိုးတွေက သိသွားမှာပါ။ အဲဒီအချိန်အတိုင်းအတာက သင့်အိမ်ကို ကောင်းကောင်း ဖောက်ထွင်းနိုင်ပါတယ်။

ကွန်ပျူတာနှင့်တူသော မိန်းမ၊ ယောက်ျားများ



Hard-Disk နှင့်တူသော မိန်းမ
သူမဟာ အရာအားလုံးကို အမြဲတမ်းမှတ်မိတယ်။

RAM နှင့်တူသော မိန်းမ
သူမနဲ့ အဆက်အသွယ်ပြတ်သွားပြီဆိုတာနဲ့ သူမကလည်း သင့်အကြောင်းတွေအားလုံးကို မေ့သွားပါလိမ့်မယ်။

Windows နှင့်တူသော မိန်းမ
ဘာတစ်ခုကိုမှ မှန်မှန်ကန်ကန် ဖြစ်ဖြစ်မြောက်မြောက် သူမ မလုပ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမ မရှိဘဲလည်း ဘယ်သူမှ နေလို့မရဘူး။

Excel နှင့်တူသော မိန်းမ
သူမ လုပ်နိုင်တာတွေအများကြီးပဲလို့ ပြောကြတယ်။ ဒါပေမယ့် သင်ကတော့ အခြေခံလိုအပ်ချက်တွေ အတွက်သာ သူမကို အသုံးချလိမ့်မယ်။

Screen Saver နှင့်တူသော မိန်းမ
ဘာမှအသုံးမ၀င်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ အပျင်းပြေစေတယ်။

Internet နှင့်တူသော မိန်းမ
သူမဆီက အခွင့်အရေးရဖို့ အမြဲတမ်းခက်ခဲတယ်။

Server နှင့်တူသော မိန်းမ

အိုင်ဖုန်းသိမ်းယူထားတဲ့ မိခင်ဖြစ်သူကိုသမီးက အဆိပ်ခတ်သတ်ရန် ကြိုးပမ်း



ကိုလိုရာဒို-
အိုင်ဖုန်းသိမ်းယူထားလို့ မိခင် ဖြစ်သူကို သမီးက အဆိပ်ခတ်သတ်ရန်ကြိုး စားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ ကို လိုရာဒိုပြည်နယ် မှာ ဖြစ်ပွားခဲ့ ပါတယ်။
အဆိုပါဖြစ်ရပ်ကတော့ အသက် ၁၂နှစ်အရွယ်ခန့်သာရှိသေးတဲ့ မိန်းကလေး ငယ်ဟာ သူမရဲ့အိုင်ဖုန်းကို သိမ်းယူထား တဲ့မိခင်ကို လက်စားပြန်ချေတဲ့ အနေနဲ့ နှစ် ကြိမ်တိတိ အဆိပ်ခတ်သတ်ရန် ကြိုးပမ်း ခဲ့ပေမယ့် သူမရဲ့လက်စားချေမှုဟာ မအောင် မြင်ခဲ့ပါဘူး။


မိန်းကလေးရဲ့ ပထမအကြိမ် မိခင်ကို အဆိပ်ခတ်သတ်ရန် ကြိုးပမ်းပုံ က တော့ သူမရဲ့အမေအသုံးပြုနေတဲ့ ဖန်ခွက် မှာ လူကိုသေစေနိုင်တဲ့ အရောင်ချွတ်ဆေး သုတ်လိမ်းပေးခဲ့ပြီး ယင်းခွက်နှင့် ရေသောက် သုံးမိခဲ့တဲ့မိခင်မှာ အသက်မသေဘဲ နေ မကောင်းရုံလောက်သာ ခံစားခဲ့ရပါတယ်။
မိခင်ဖြစ်သူ Prentup ကတော့ ''ဖန်ခွက်ကို အရောင်ချွတ်ဆေး သုတ်လိမ်း နေတယ်လို့မထင်ဘဲ သန့်ရှင်းပေးနေတယ် လို့သာ ထင်ခဲ့တာပါ။ ပထမအကြိမ် သတ် တာ မအောင်မြင်တော့ နှစ်ပတ်လောက်အ ကြာမှာ ကျွန်မအိပ်ရာထဲမှာ အဆိပ်ခတ် ထားတဲ့ ဖန်ခွက်တစ်လုံးကို ထပ်ပြီး လာ ထားခဲ့တယ်''လို့ KDVR.TV ကို ပြောပြ ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သမီးဖြစ်သူ က သူမရဲ့အိုင်ဖုန်းကိုသိမ်းထားလို့ အဆိပ် ခတ်သတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာကို ပြောပြခဲ့ပါတယ်။ ယင်းသို့ ကြံစည်မှုဖြင့် အဆိုပါမိန်းကလေးကို သက် ဆိုင်ရာက အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရ ပါတယ်။

Ref: UPI

English Idioms


1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.

အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.

ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။


3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။

Call a spade a spade if you want to be honest.

ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။


လူတိုင်းဖြစ်နိုင်တဲ့စိတ်ရောဂါ(၃)schizophrenia


စိတ်ရောဂါတွေများစွာရှိတဲ့အထဲကမှ WHO-AIMS REPORT ON MENTAL HEALTH SYSTEM IN MYANMAR ရဲ့ အစီရင်ခံစာ (အောက်ကlinkတွင် ကြည့်နိုင်ပါသည်)
http://www.searo.who.int/LinkFiles/Mental_Health_Resources_WHO-AiMS_Report_MHS_Myn.pdf
The diagnosis of schizophrenia and neurotic disorders are the most frequent diagnoses in
out-patient facilities, and schizophrenia and mood disorders are the most common diagnoses
in mental hospitals. လို့ဖော်ပြထားချက်အရ မြန်မာနိုင်ငံမှာစိတ်ရောဂါအနေနဲ့ အတွေ့များတာက schizophrenia and neurotic disorders and mood disorders ဆိုတဲ့ (၃)မျိုးလောက်ပဲရှိတာ တွေ့ရပါတယ်. လူတွေပြောပြောနေတဲ့ depression လို့ခေါ်တဲ့စိတ်ကျရောဂါ
တောင် မြန် မာပြည်မှာ တွေ့ရတယ်လို့မပါဝင်ပါဘူး. မြန်မာလူမျိုးတွေရဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့နေထိုင်ပုံက depressionအဆင့်ထိမေ၇ာက်ပဲ stress အဆင့်နဲ့ပဲပြေပျောက်သွားတတ်တဲ့သဘောရှိလို့ပါ.တချို့နိုင်ငံတွေမှာ depression ဆိုတာစိုးရိမ်ရေမှတ် ရောက်နေချိန်မှာ မြန်မာမှာ အတွေကနည်းတာ ၀မ်းသာစရာတခုပါပဲ.

အသုံးဝင်မယ့်အရာလေးတွေပါ


၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။

ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည်
ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။

၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။

ရေခဲသေတ္တာထဲ မထည့်မီ ရေကို အရင်ကြိုလိုက်ပါ (တဲ့)။ ဆိုလိုသည်မှာ ရေကျက်အေးကို ရေခဲတုံးလုပ်ပါ။

၃။ ကြည့်မှန်ကို လုံးဝ ကြည်လင်နေစေလိုပါသလား။

မှန်ကို အရက်ပျံဖြင့် ပွတ်ပေးပါ (တဲ့)။

၎။ အင်္ကျီမှာ ပီကေတွေပေလာလို့ ကလေးကို ရိုက်မလို့လား။

မရိုက်ပါနဲ့ဗျာ။ အဲဒီအင်္ကျီကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ပစ်ထည့်ထားလိုက်ပါ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် (တဲ့)။

၅။ အစ်ကိုတို့ရဲ့ ရှပ်အင်္ကျီအဖြူလေးတွေကို ဖြူဖွေးတောက်ပြောင်သွားစေလိုပါသလား။

အင်္ကျီ ကို သံပုရာသီးခြမ်းနဲ့အတူ ရေပူထဲမှာ ၁၀ မိနစ်လောက် စိမ်ပါ။ (သူတို့ရေးတဲ့အတိုင်း ပြန်ရေးပြတာပါ။ ကျွန်တော်တစ်ခါမှတောင် မစမ်းဖူးပါဘူး။
အင်္ကျီကို သံပုရာသီးကဟာတွေ စွမ်းကုန်ရင် ကျွန်တော့်ကို မေတ္တာမပို့ဘဲ
မူရင်းရေးတဲ့သူကိုပို့ပါလို့၊ အဟိ။ သြော်၊ စမ်းကြည့်ပြီး တကယ်ဟုတ်တယ်
ဆိုရင်လဲ လက်တို့လိုက်ပါဦးနော်။)

၆။ သံပုရာသီးထဲက အရည်တွေကို အကုန်ညှစ်ထုတ်လိုပါသလား။

သံပုရာသီးတွေကို ရေနွေးနဲ့ တစ်နာရီကြာစိမ်ပြီးမှ ညှစ်ပါ (တဲ့)။

၇။ ဂေါ်ဖီထုပ်ကြော်ရင် အနံ့မနံအောင် -

ကြော်နေတုံး အိုးထဲကို ပေါင်မုံ့လေးတစ်ဖဲ့ ပစ်ထည့်လိုက်ပါ (တဲ့)။

၈။ ကြက်သွန်လှီးရင် မငိုရအောင် -

ပီကေ၀ါးပါ (လို့ပြောတာပဲ)။ (မှတ်ချက်။ စင်ကာပူတွင် ပီကေမ၀ါးရန် ဥပဒေဖြင့် တားမြစ်ထားပါ၏။)

၉။ အာလူးပြုတ်တာ အမြန်နူးချင်ရင် -

အားလူးတစ်ခြမ်း(တစ်လုံးလုံး မဟုတ်) ကို အခွံနွှာပြီးမှ ပြုတ်ပါ (တဲ့)။

၁၀။ ရှပ်အင်္ကျီမှာ မင်တွေစွန်းလာလို့ ယောက်ျား (ယောင်္ကျား လို့ မရေးလိုက်ပါနဲ့။ ဟိုယောင်ယောင် ဒီယောင်ယောင်၊ ယောင်ခြောက်ဆယ်တွေ ဖြစ်ကုန်ပါ့မယ်။) ကို ရန်မလုပ်ပါနဲ့။
အလွယ်လေးပါ။

မင် (“မှင်” မဟုတ်ပါ။) စွန်းသောနေရာကို သွားတိုက်ဆေးဖြင့် ကျကျနန ပွတ်ပေးပါ။ နောက်ပြီး သွားတိုက်ဆေး လုံးဝ ခြောက်သွားပြီ ဆိုမှ ပွတ်လျှော်ပါ (တဲ့)။

၁၁။ ကစွန်းဥပြုတ် အခွံနွှာရတာ ခက်နေပါသလား။

ပြုတ်ပြီးပြီးချင်း ရေအေးနဲ့ ချက်ခြင်း စိမ်ပါ (တဲ့)။

၁၂။ ကြွက်တွေလာလို့ စိတ်ညစ်နေပါသလား။

သူတို့လာမဲ့လမ်းမှာ ငြုပ်ကောင်းမှုံ့ ဖြူးထားပါ (တဲ့)။

(သတိတော့ထားပေါ့။ တော်ကြာ ကြွက်တွေအစား ကိုယ်အရင် နှာတွေ တဖြီးဖြီး ချေနေမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။)

လူတိုင်းဖြစ်နိုင်တဲ့ စိတ်ရောဂါ(၁)

ကျွန်တော် ဒီပို့ကို မတင်ခင် ပထမဆုံးပြောချင်ပါတယ်.ကျွန်တော်ကဆရာဝန်တစ်ယောက်မဟုတ်သလို၊ စိတ်ပညာရှင်တစ်ယောက်လည်းမဟုတ်ပါဘူး....

ကျွန်တော်က CIT(Canberra Institute of Technology) မှာ Community service ပညာသင်ကြားနေတဲ့ကျောင်းသူတစ်ယောက်သာဖြစ်ပါတယ်.ကျောင်းစာမှာ Subject တခုအနေနဲ့ ပါဝင်တဲ့ Mental Health Basic အကြောင်းဖတ်မိသမျှ ကို ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်.မှားတာပါခဲ့ရင်ထောက်ပြဆွေးနွေးနိုင်သလို နားလည်ပေးဖို့ ပထမ ဦးစွာ အသိပေးလိုပါတယ်.

ခုပထမဦးဆုံးပြောချင်တဲ့အကြောင်းတွေကတော့...

လူ့ဘဝနဲ့ ပတ်သက်ရင်



ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက
စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊
ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ
ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က
အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ်
ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

လူတိုင်းဖြစ်နိုင်တဲ့ စိတ်ရောဂါ(၂)



ဒီတပတ်မှာတော့ စိတ်ရောဂါအမျိုးအစားတွေဖော်ပြပေးလိုက်ပါတယ်.စိတ်ရောဂါအမျိုးအစားတွေကို ဘာသာပြန်လိုက်ရင် ဖတ်ရတဲ့သူအတွက်ရှုပ်ထွေးမှုတွေဖြစ်လာနိုင်သလို မူရင်းဆိုလိုရင်းပျက်မှာစိုးပါတယ်. ဒါကြောင့်စာပါအတိုင်းဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်.

Mental Illness / Disorders Common
Name Index
A
Acute Stress Disorder

ADD
ADHD
Adjustment Disorder
Agoraphobia Agoraphobia
Without History of Panic Disorder Amnestic Disorder
Antisocial Disorders
Anxiety Disorders
Anxiety Disorder Due to a General Medical Condition
Anxiety Disorder Not Otherwise Specified ( Anxiety Disorder NOS )
Avoidant Personality Disorder

ခါးနာသက်သာစေမည့် သဘာဝကုထုံး



အထိုင်များ၍သော်၎င်း၊ အားကစားတစ်ခုခုကြောင့်သော်၎င်း ခါးနာနေလျှင် အောက်ပါ သဘာဝကုထုံးနည်းဖြင့် သက်သာအောင် ကုသနိုင်ကြပါတယ်။

အဲဒီနည်းကတော့ သင်္ဘောရွက်ဖြင့် ကုသတဲ့နည်း ဖြစ်ပါတယ်။

ညမအိပ်ခင် သင်္ဘောရွက် လတ်လတ်ဆတ်ဆတ်နဲ့ ခပ်သန့်သန့်လေးကို တစ်ရွက် ခူးယူပြီး အကျီ င်္အတွင်း နာနေတဲ့ ခါးပေါ်ကို ကပ်ထားပြီး ပက်လက်လန်ပြီး အိပ်ပါ။

ခန္ဓာကိုယ်မှ အပူများကို သင်္ဘောရွက်မှ သဘာဝဓါတ်သဘောဖြင့် စုပ်ယူပေးပါည်။ ပူရှိန်းရှိန်းလေး ခံစားရပါမည်။ ခါးနာသက်သာတဲ့အထိ တစ်ပတ် ၁၀ ရက်ခန့် ညစဉ် လုပ်ပေးနိုင်ပါတယ်။

မနက်အိပ်ယာထတဲ့အချိန် ရေတစ်ခွက်သောက်ပြီးလျှင် နောက်ဖေးမ၀င်မီ ခါးနာသက်သာစေမည့် လေ့ကျင့်ခန်းကို အရင်လုပ်ပေးပါ။

လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ပုံထဲမှာ ပြထားပေးတဲ့အတိုင်း တည့်တည့် မတ်သပ်ရပ်ပြီး ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းပြီးလျှင် ခါးကို အားပြုပြီး ဖြေးဖြေးချင်းစီ စကောဝိုင်းသလိုမျိုး ဘယ်ပြန်ညာပြန် ၁၀ ကြိမ်ခန့် လှည့်ပေးပါ။

ဒီလိုလေ့ကျင့်ခန်းကို လုပ်ပေးခြင်းအားဖြင့် ခါးရိုးခါးဆစ်မှ အပူများထွက်သွားပြီး အကျောများလည်း ပွင့်သွားသလို အညောင်းအညာများလည်း ပြေသွားစေပါတယ်။

ညနေပိုင်း ရေချိုးခါနီးမှာလည်း နောက်တစ်ကြိမ် လေ့ကျင့်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

သတိပြုရန်။ ။ ခါးလှည့်သည့်အခါ ဖြေးညှင်းစွာ လှည့်ရပါမည်။ ခွန်အားထည့်ပြီး အလျှင်အမြန်လုပ်ပါက အခန့်မသင့်လျှင် ပိုနာသွားတတ်ပါသည်။

လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ေ  စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ ၁။ မြန်မာ့ဆေးကျမ်း ၂။ How to cure for waist.

ကျန်းမာရေးသတင်းများ

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ



Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။
Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ် အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာ သက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

ကျန်းမာရေးနှင့်ငုံးဥ

ကျန်းမာရေးနှင့် ငုံးဥ
လေ့လာမှုများစွာလုပ်ပြီးနောက်မှာ ငုံးဥကို စူပါအစားအစာ စာရင်းထဲမှာထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အာဟာရဗေပညာရှင်တွေက အတည်ပြုထားပါတယ်။ ဒါ့အပြင် တရုတ်တိုင်းရင်းသားဆေးဆရာတွေဟာ ရောဂါများကို ကုသမှုတွေမှာ ကြက်ဥထက်စာရင် ငုံးဥကပို၍ အစွမ်းထက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်ဟင်းလျာတွေမှာ ငုံးဥကိုထည့်သွင်းမှု များပြားတာဖြစ်ပါတယ်။
ငုံးဥကိုနေ့စဉ် (၂၅)ရက်ခန့် စားသုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်လို့သိရပါတယ်။ အစပိုင်း (၃)ရက်မှာ တစ်နေ့ကို သုံးလုံးစားသုံးရမှာဖြစ်ပြီး ကျန်ရက်တွေမှာတော့ ငါးလုံးစီ စားသုံးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်နဲ့ စိတ်ဖိစီးမှု အတိမ်အနက်ပေါ်မူတည်ပြီး ရက်တိုးသင့်ရင်တိုးရမှာဖြစ်ပါ တယ်။
ကလေးငယ်တွေကို ငုံးဥတစ်နေ့တစ်လုံး စားသုံးခြင်းဟာ ကိုယ်စိတ်ကျန်းမာခြင်းကို တိုးတက်စေပါတယ်။ ဆံပင်ကျန်းမာရေးကို မြှင့်တင်ပေးနိုင် ပါတယ်။ နို့ထွက်လည်း ပိုကောင်းစေပြီးနို့မှာ အာဟာရဓာတ်တွေပါဝင်မှုကို အရည်အသွေးပိုတက်စေပါတယ်။
ငုံးဥမှာပါဝင်တဲ့ ပိုတက်စီယမ်၊ မက်ဂနီစီယမ်လို သတ္တုဓာတ်များနဲ့ ဗီတာမင် ဘီ6 ကြောင့် ကျောက်ကပ်၊ အသည်းနဲ့ သည်းခြေအိတ်တွေမှာ ကျောက်တည်နိုင်ချေကို လျော့ပါးစေပါတယ်။ gym ကစားသူတွေလည်း ငုံးဥစားသုံးပေးမယ်ဆိုရင် အသားဓာတ်ကို ပိုမိုရရှိစေနိုင်ပါ တယ်။ ဒါ့အပြင် ငုံးဥမှာပါဝင်တဲ့ ovomucoid ပရိုတင်းနဲ့ lysozyme ဟာ ကြမ်းထော်ပြီး အနီပိမ့်တွေ ထွက်တတ်တဲ့ psoriasis ၊နှင်းခူနဲ့ ပန်းနာ ရင်ကျပ်ရောဂါတွေမှာဖြစ်တဲ့ ပိုးဝင် မှုနဲ့ ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်ပါ တယ်။
ငုံးဥအနှစ်ကို အသုံးပြုပြီး မျက် နှာဖုံး mask အဖြစ်အသုံးပြုမယ်ဆို ရင်အရေပြားကျန်းမာရေးကို မြှင့်တင် ပေးနိုင်ပြီး တောက်ပရွှန်းစိုစေပါ တယ်။
ငုံးဥအကာကို ခေါင်းလျှော်ရာ မှာသုံးရင် တောက်ပပြီး ထူထဲတဲ့ဆံ ပင်ကို ပိုင်ဆိုင်မှာပါ။
Health Updates Journal

ကျန်းမာရေး အတိုအထွာ ဗဟုသုတများ

လူသားတို့၏ ခန္ဓာကိုယ်သည် အံ့သြဖွယ် စွမ်းရည်များဖြင့် ဖွဲ့စည်း တည်ဆောက် ထားပါသည်။ ထိုစွမ်းရည်များ ထဲမှ တစ်ခုသည် နာမကျန်း ဖြစ်နေပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။
နံနက်ခင်း မျက်နှာ သစ်ပြီးစ အချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့် မိတတ် ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန် အနည်းငယ်မျှ ပေး၍ ကြေးမုံပြင်တွင် ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း ပုံရိပ်များကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် ကျန်းမာရေး ယိုယွင်းလာမှု၏ အစောပိုင်း လက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေး ဆိုင်ရာ ပညာရှင်တို့ ဆိုကြပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှု စစ်ဆေး သင့်ကြောင်း ပညာရှင်တို့ အကြံပြု ထားပါသည်။
(၁)လက်သည်း
လူသားတို့၏ အရေပြားတွင် ခုံးထနေသော မှဲ့များ တွေ့ရ ။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတ ဖြစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏ အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင် အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦးပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များ ထိခိုက် ပျက်စီးရာမှ ဖြစ်ပေါ်လာတတ် သောကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြား ကင်ဆာများ ထဲတွင် အသေအပျောက် အများဆုံးသော ရောဂါ ဖြစ်သည်ဟု နယူးယောက် စီးတီးမှ အရေပြား အထူးကု ဒေါက်တာ အေရီအော့စတိက ဆိုပါသည်။ သို့ရာတွင် စောစီးစွာ သိရှိကုသ နိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်း နိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အထက်ပါ အချက်များကို စောစီးစွာ သိနိုင်မည် ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများ ရှိနေပြီး ပင်ပန်း နွမ်းနယ်မှု ဒဏ်ကို ခန္ဓာကိုယ်က ခံစားနေရပြီ ဆိုပါက သတိထား သင့်ပါသည်။
အဘယ်ကြောင့် ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်းရာမှ ဖြစ်ပေါ် လာတတ်သော သင်္ကေတ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအဖြူစင်း များသည် ဆီးတွင် ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည် စုပ်ယူမထား နိုင်ခြင်း သင်္ကေတ ဖြစ်သည်ဟု ဒေါက်တာ အော့စတိက ဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာကိုယ်သည် အသားဓာတ် ထိန်းသိမ်း ထားနိုင်မှုထက် ဆုံးရှုံးမှုက ပိုများနေကြောင်း၊ ကျောက်ကပ်များ လုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့် ပြသကာ ဆီးစစ်ရန် လိုအပ်ကြောင်း ညွှန်ပြနေသော အမှတ်အသားဟု ဆိုရမည် ဖြစ်သည်။
(၂)ချိုင်း
တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ မြင်တွေ့ရလေ့ ရှိပါသည်။ နေရောင်ဒဏ်ခံ အဆီ သုတ်လိမ်း ထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချို ရောဂါရှိနေခြင်း သင်္ကေတဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။ သွေးထဲတွင် အင်ဆူလင် အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ် များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မား စေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်းကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ် စမစ်က ဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက်များ တွေ့ရပါက ဆီးချို၊ သွေးချိုရောဂါ ရှိမရှိကို စစ်ဆေးသင့်ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါဖြစ်ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသော ရောဂါဖြစ်သည်။
(၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်

မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် တို့တွင် သေးငယ် ပျော့ပြောင်းသော အဖြူရောင်(သို့မဟုတ်) ဝါကျင်ကျင် အလုံးလေးများ တွေ့ရလျှင် သတိထား သင့်သည်ဟု ဒေါက်တာ စမစ်က ဆိုပါသည်။ ထိုအလုံး ကလေး မျာကိုလည်း တွေ့ရ၊ တစ်ချိန်တည်း မှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရော ပမာဏလည်း မြင့်တက်နေပါက အသက် အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာ ဖြစ်သည်။ ထိုလက္ခဏာကို သိရှိ မြင်တွေ့ရပါက ကျွမ်းကျင်သူ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး သင့်သည်ဟုလည်း ဒေါက်တာ စမစ်က ဆိုထား ပါသည်။
(၄) ဦးရေပြား
ဦးရေပြား အရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏ လက္ခဏာ ဖြစ်
သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြား ထွက်စေသည်။ ကော်တီဆုန်း ဟော်မုန်းသည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝ လုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြားကိုလည်း သွေ့ခြောက်စေသည်။ ဦးရေပြား သွေ့ခြောက်ပြီး အရေခွံများ ကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်များ သုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်း စေနိုင်သော်လည်း လုံးဝ ပျောက်ကင်း သက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ဦးရေပြား သွေ့ခြောက်ပြီး အရေခွံများ ကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်းလျှော်ရည်များ သုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်း စေနိုင်သော်လည်း လုံးဝ ပျောက်ကင်း သက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှ ခေတ္တအနားယူခြင်း တို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅)ဝမ်းဗိုက်
အမျိုးသမီးများတွင် ဆီးခုံ အောက်ဖက်ပိုင်း၌ အမွေးနုများ ပေါက်လေ့ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံ တစ်လျှောက်တွင် မကဘဲ ဝမ်းဗိုက် အပေါ်ထိပါ ပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ် ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက် ဆေးတက္ကသိုလ် သားဖွားနှင့် မီးယပ်ဌာန ဒေါက်တာ ပါမာ လဘီရင်က ဆိုပါသည်။ ကျားဟော်မုန်း အများအပြား ထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့် နောက်ကျော များတွင် အမွေးကြမ်းများ ပေါက်ခြင်း တို့ဖြစ်ပေါ် တတ်ပါသည်။ ထိုရောဂါ လက္ခဏာများ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွား နိုင်ခြင်းနှင့် နှလုံးရောဂါ ကဲ့သို့သော ရောဂါ အန္တရာယ်များ ကြုံတွေ့ ရတတ်ပါသည်။ ထိုလက္ခဏာများ ဖြစ်ပေါ်ပါက သားဖွားနှင့် မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်း ပမာဏ ထိန်းညှိရန် လိုအပ်ပါသည်။
(၆)လျှာ
လျှာသည် ပုံမှန်အရောင် အဆင်းမဟုတ်ဘဲ အဖြူရောင် ဆေးသုတ်ထား သကဲ့သို့ ဖြူဆွတ်ဆွတ် ဖြစ်နေပါက အိပ်မောကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန် ဖိတ်စင်မှုကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာဖရိုင် ဟိုမာက ဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့် အဆို့ရှင်သည် အစာအိမ် အတွင်းသို့ ရောက်ပြီးသောအစာများကို နောက်ပြန် မဖိတ်စင်အောင် ပြုလုပ်ပေးသည်။
ထိုအဆို့ရှင် မလုံသောအခါ အစာခြေ အက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန် ဖိတ်စင်သောကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွားနေ ပါလိမ့်မည်။ ထိုရောဂါ လက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေး သောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ်များသော အစား အစာ၊ ပူစပ်သော အစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင် ပါသည်။ မသက်သာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ် ထုတ်လုပ်မှု လျှော့ချရန် ဆေးဝါးများ သောက်သုံး သင့်ပါသည်။
(၇)မျက်စိ
တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်း ညိုလာတတ်ပါ သည်။ မျက်ကွင်း ညိုရခြင်းတွင် အကြောင်းအရင်း များစွာ ရှိတတ်ပါသည်။ ညဥ့်နက် သန်းခေါင် တိုင်အောင် အလုပ်လုပ်ရသော အခါတွင် လည်း မျက်ကွင်း ညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်း ညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ်မတည့် ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်း ဟူသည့် ဓာတုပစ္စည်း တစ်မျိုး ထွက်ရှိပါသည်။
ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့် အခြား အရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာ ဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညို လာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်း ဖြစ်စေသော ဓာတ်မတည့်သည့် ပစ္စည်းကို သိရှိ ကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ်ကြွတက် နေသော အဖုလေး တွေ့ရ တတ်ပါသည်။
သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သား တက်ခြင်း ဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များကြောင့် ဆက်သွယ်တစ်ရှုးများ အလွန်အမင်း ကြီးထွား လာခြင်းဖြစ် သည်ဟု မျက်စိ အထူးကု ဒေါက်တာ ထရေစီဂိုး စတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက် ကြီးထွား မလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန်တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်း မျက်နှာသစ်ပြီး ချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံ သာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေး ပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေး ဆိုင်ရာ သတင်း အချက်အလက်များကို ရှာဖွေ ကြည့်နိုင် ကြပါစေ။
ရေးသားသူ — ဇော်လင်းမြင့် (ဆေး/မန်း)

လူတို့ စိတ်နေစိတ်ထား အကြောင်း သိကောင်းစရာ


၁။ ၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ လွမ်းခြင်း သတိရခြင်းဟာ လူပုဂ္ဂိုလ်တွေကို မဟုတ် ပါဘူး။
ယင်း လူပုဂ္ဂိုလ်၊ မိတ်ဆွေ၊ ချစ်သူ များနဲ့ ဖြတ်သန်းခဲ့တဲ့၊ အတူရှိခဲ့တဲ အချိန်၊ အတွေ့အကြုံနဲ့ ခံစားမှုများကို ပြန်လည် သတိရ၊ လွမ်းခြင်း ဖြစ်ပါတယ်။

၂။ အရယ်သန်သူ၊ ဟာသလုပ်တတ်သူ၊ စတတ်နောက်တတ်သူ အများစုဟာ ဝမ်းအနည်းဆုံး လူများ ဖြစ်ပါတယ်။

၃။ ၈၀ ရာခိုင်နှုန်းသော လူတို့ဟာ သူတို့ရဲ့ ခံစားချက်ကို ဘယ်သူ့ကိုမှ မပြောပဲ မြှိုသိပ်တတ်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ ခံစားချက်ကို အခြားသူတို့အား ပြောရင်လည်း နားလည်ကြမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။

၎။ သင့်ရဲ့ ဒုက္ခ နဲ့ ခံစားချက် များကို အခြားလူတို့ကို ဖွင့်ဟ ပြောပြတဲ့အခါ ၁ ရာခိုင်နှုန်းက ထပ်တူနီးပါး ခံစားပေးနိုင်ပြီး၊ ၄၉ ရာခိုင်နှုန်းက နားလည် စာနာပေးနိုင်ပါတယ်။ ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်းသော လူတို့က ဂရုမစိုက်ပဲ နောက်ဆုံး၂၅ ရာခိုင်နှုန်းက သင့်ဒုက္ခရောက်နေတာကို ပျော်နေတတ် ပါတယ်။ (မိမိ ရှင်သန်ပေါက်ဖွားသော ပတ်ဝန်းကျင်အပေါ် မူတည်၍ ရာခိုင်နှုန်း ကွဲပြားပါတယ်။)



၅။ ၇၅ ရာခိုင်နှုန်းသော အမျိုးသမီးတို့က အဖြေသိပြီးသား မေးခွန်း ကို မေးလေ့မေးထ ရှိတာကြောင့် မှန်ကန်ရိုးရှင်တဲ့ အဖြေ၊ ရိုးသာတဲ့ အဖြေကို ပေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၆။ မိမိနားက ကြားသမျှ အကြောင်းအရာကို ချက်ချင်းမယုံလိုက်ပါနဲ့။ ဖြစ်ရပ် အကြောင်းအရာတိုင်းမှာ သင့်ရဲ့ အမြင်၊ ပြောသူရဲ့ အမြင် အပြင် အမှန်တရား ဆိုတဲ့ ထောင့်တစ်ခုပါ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

၇။ မိမိ ဂရုစိုက်၊ မြတ်နိုးနေတဲ့ လူတစ်ယောက်က မိမိကို လစ်လျူရှုလိုက်တဲ့ အခါ နာကျင်မှု ဝေဒနာက ဦးနှောက်ကနေ ခန္ဓာကိုယ် နာကျင်မှုအထိ ကူးဆက် ပြန့်နှံ့သွားတတ်ပါတယ်။ ဒါကြောင့်မို့ ထမင်းမစားနိုင်ခြင်း၊ အိပ်ပျက်ခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ကြခြင်း ဖြစ်ပါတယ်။

ဗဟုသုတဆိုင်ရာများ

(၁)Vatican City က ကမ္ဘာပေါ်မှာ အသေးဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော် နဲ့ အကျယ်အ၀န်းက ၁၀၈
.၇ ဧကပဲရှိတယ်။ 
(၂) Suicide Statistics တွေအရ တင်္နလာနေ့ကကိုယ့်ကိုယ်ကို သတ်သေမှုအများဆုံးနေ့ဖြစ်တယ်။

(၃) ကမ္ဘာပေါ်မှာ နာမည် ပေးအများဆုံးနာမည်က မိုဟာမက် ဖြစ်ပါတယ်။

(၄)တစ်နှစ်ကုန်သွားတိုင်း သင့် ခန္ဒာကိုယ်ထဲက atoms 98% က အစားထိုးသွားတယ်။

(၅) သင်ကြိုက်ရာနံပါတ်တစ်ခုကို မှတ်ပြီး ..အဲဒီကောင်ကို ၂ ဆတိုး၊ ၁၀ ပေါင်း၊ ၂ နဲ့စား ပြီးတော့
မူလမှတ်ထားတဲ့ နံပါတ်ပြန်နှုတ်လိုက်ရင် ရလာမယ့် အဖြေက ၅ ဖြစ်ပါတယ်။

(၆)Dominica, Mexico, Zambia, Kiribati, Fiji နဲ့ Egyptအလံတွေမှာ ငှက်ပုံတွေပါကြတယ်။

(၇)M&M Chocolate က စစ်သားတွေကို လက်မှာ ကပ်စီးဖြစ်မနေပဲစားနိုင်အောင် တီထွင်ခဲ့တဲ့ပထမဆုံး ချောကလက် ဖြစ်ပါတယ်။

(၈)ကမ္ဘာလူဦးရေရဲ့ တစ်ဝက်လောက်ကJames Bond 007 ဇာတ်ကား ကြည့်ဖူးကြတယ်။

(၉)နှစ်စဉ်တိုးပြီးသုံးလာတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့သံလိုက်စွဲအားကြောင့် ကမ္ဘာကြီးဟာ 2327 ခုနှစ်မှာ
မြောက်ဝန်ရိုးစွန်းက လက်ရှိ Mid-Kansas နေရာရောက်လာမှာ ဖြစ်ပြီးတောင်ဝန်ရိုးစွန်းက အာဖရိက အရှေ့ပိုင်းနေရာကို ရောက်လာမှာ ဖြစ်ပါတယ်။

(၁၀)အမေရိကန်က Major League Baseball (MLB) ကစားသမားတွေကမဖြစ်မနေ အောက်ခံဘောင်းဘီ အနက်ရောင် ၀တ်ရပါတယ်ဘာလို့လဲဆိုတော့ ကစားနည်းက ဘောင်းဘီဂွပြဲနိုင်တဲ့ အတွက်ပါ။

(၁၁)ဇီးကွက် က ငှက်တွေထဲမှာ အပြာရောင်ကို မြင်နိုင်တဲ့ တစ်မျိုးထဲသော ငှက်ဖြစ်ပါတယ်။

(၁၂)Olympic အလံက စက်ဝိုင်းအရောင်တွေကအနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ နဲ့ အဖြူခံပေါ်မှာ ဆွဲထားတာကကမ္ဘာပေါ်က နိုင်ငံတွေ အလံတိုင်းမှာအနည်းဆုံး အဲဒီ အရောင် ၁ ရောင်ပါလို့ ဖြစ်ပါတယ်။

(၁၃)ကမ္ဘာအကြီးဆုံး McDonald ဆိုင်က Beijing, China မှာ ရှိပြီးတော့square feet 28,000 ရှိပြီး ငွေရှင်းကောင်တာ ၂၉ ခုရှိပါတယ်။

(၁၄)La Paz, Bolivia မြို့က ကမ္ဘာပေါ်မီးလောင်မှု အနည်းဆုံး မြို့ ဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ သောင်း ၂ ထောင် ကျော်မြင့်တဲ့အတွက် လေထုထဲမှာ ပါဝင်တဲ့ oxygen ပမာဏက
မီးလောင်ရလောက်အောင် မပါတော့တဲ့ အတွက်ပါ။

(၁၅)အပြာရောင် ဝေလငါးတွေ က ထုတ်တဲ့ အသံက 188 Decibels ရှိပြီးကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အကျယ်ဆုံး အသံထုတ်နိုင်တဲ့သတ္တ၀ါဖြစ်ပြီး အသံကို မိုင်ပေါင်း ၅၃၀ အကွာကနေတောင် ကြားရနိုင်ပါတယ်။

(၁၆)ကြက် နဲ့ ဘဲ က လူတွေစားတဲ့ အသားထဲမှာ မမွေးခင် ဥအနေနဲ့ကော သေပြီးတဲ့ အထိပါစားတဲ့ အကောင်တွေဖြစ်ပါတယ်။

(၁၇)လူတွေသေတဲ့ အခါမှာ နောက်ဆုံးအလုပ်လုပ်သွားတဲ့ အာရုံက အကြား အာရုံ ဖြစ်ပါတယ်။

(၁၈)အမေရိကန်က WAL-MART စတိုးဆိုင်က၇ မိနစ်တိုင်းမှာ $ 3,000,000.00 ပျမ်းမျှ အမြတ်ရတယ်။

(၁၉)ဘီယာကြော်ငြာ အများစုမှာ ဘီယာမှာအမြုပ်များများ ထွက်ဖို့ အတွက် ဆပ်ပြာရည်တွေ ထည့်သုံးကြပါတယ်။

(၂၀)ပန်းသီးပင်က နှင်းဆီပန်းပင် အမျိုးအနွယ်ဖြစ်ပါတယ်။

(၂၁)ဘဏ်ဓားပြ တိုက်နေတဲ့ အချိန်မှာအသတ်ခံရဆုံးလူတွေက ဘဏ်ဓားပြတွေသာဖြစ်တယ်။

(၂၂)၁၉၀၇ ခုနှစ်ရဲ့ နှစ်သစ်ကူးနေ့မှာ Theodore Roosevelt ကလူပေါင်း 8513 ယောက်ကိုလက်ဆွဲ နှုတ်
ဆက်ခဲ့ပါတယ်။

(၂၃)Alexander Graham Bell က သူ့ မိန်းမ နဲ့ အမေ ကိုတစ်ခါမှဖုန်း မခေါ်ခဲ့ဖူးဘူး ဘာလို့လဲဆိုတော့ သူတို့

က နားမကြား(နားလေး)နေကြလို့ဖြစ်ပါတယ်။

(၂၄)ကမ္ဘာပေါ်က ရေ ရဲ့ ၂ ရာခိုင်နှုန်းသာ သန့်ရှင်းတဲ့ ရေဖြစ်တယ်။

(၂၅)Neil Armstrong လပေါ်ကို ခြေချတုန်းကဘယ်ဘက် ခြေထောက် အရင်ချခဲ့တာ ဖြစ်ပါတယ်။

(၂၆)အက်စကီးမိုး တွေဟာ ရေခဲသေတ္တာကိုစားစရာတွေ မခဲဖို့ အတွက်သုံးပါတယ်။

(၂၇)အမေရိကန် ၄ ယောက်တိုင်းမှာ၁ ယောက်က တီဗီ မှာ ပါဖူးကြတဲ့ သူတွေဖြစ်ပါတယ်။

(၂၈)Sunday နဲ့ စတဲ့ လတိုင်းမှာ “Friday 13th” ဆိုတာ ရှိပါတယ်

(၂၉)Bill Hanna နဲ့ Joe Barbera တို့က Tom & Jerry ကို ၁၉၃၉ မှာ စပြီး ဖန်တီးခဲ့ကြတယ်။

အားလုံး ဗဟုသုတ အပေါင်းနဲ့ ပြည့်စုံကြပါစေ..........   

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ 

ထိချက်ပြင်းသော ဗဟုသုတများ ...............



1 .သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ

ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။

2 .ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်

ရဲရဲကြီး ပြင်လိုက်ပါ။

3 .အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက

ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က

အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့

အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။

4 .အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာဟာ အသိအမြင်

မှားယွင်းမှူတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။

5. အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး
လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့

အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။

6 .ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲ့ဒီ့အဆိုးဟာ အကောင်းဘက်ကို

တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ်

ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

7 .အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို

အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒိအဆိုးထဲက

အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့သူတွေကမှ ရတယ်။

8 .သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။

9 .စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို
အောက်တန်းကျသွားစေတယ်။
10 .ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှူ လုပ်နေတာပဲ။ အမှားတွေကို

များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။

11.တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း

သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲ့ဒီ့လို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊

မတိုးတက်ဘူး။
12 .မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့

မလွယ်ဘူး။
13 .အမှားနဲ့ဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့

မလုပ်မိဖို့ပဲ လိုပါတယ်။

14 .သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။

15 .ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။

16 .အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို

မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့်
လုပ်နေပါ။

17 .အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနီုင်ရည်ရှိမှ ပိုပြီး

ရင့်ကျက်တဲ့သူ ဖြစ်မယ်။

18 .ကိုယ်က သူများကို အပြစ်တင်နေတာ ရှူံ့ချနေတာဟာ သူဘယ်လိုလူ

ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့

သေသေချာချာ ပေါ်လွင်သွားပြီ။

19 .တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှူ

အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး

သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
20 .သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲ့ဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။

ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း

အဲ့ဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။

21 . ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။

မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။

22 .တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ

တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။

23 . အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊

စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။

24..ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။

25..ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊

ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီ့က စ, ပါ။

26 .သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို
ကိုယ်ချတာပဲ။


27 .သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

ဆရာတော် ဇောတိက (မဟာမြိုင်) 

အကြောသေရောဂါ ခံစားနေရတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ်သားငယ်က ပြုစုပေး



အကြောသေရောဂါ ခံစားနေရတဲ့ ဖခင်ကို အသက် ၇ နှစ်အရွယ်သားငယ်က ပြုစုပေး



တရုတ်ပြည် အနောက် တောင်ပိုင်းရှိ Guizhou ခရိုင်တွင် အသက် ၇ နှစ် အရွယ် ကျောင်းသားလေးဟာ အကြောသေ ရောဂါကို ခံစားနေ ရပြီး မလှုပ်ရှားနိုင်တဲ့ ဖခင်ကို ပြီးခဲ့တဲ့ နှစ် ကတည်းက ပြုစု လုပ်ကျွေး နေခဲ့တာပါ။

၂၀၁၃ ခုနှစ် နွေရာသီ ကာလလောက်မှာ အောင်ရွန်လင်း ဆိုတဲ့ အဆိုပါ ကလေးငယ်ဟာ ၀မ်းနည်း စရာ ကောင်းတဲ့ ကလေး ဘ၀ကို ရရှိ ခဲ့တယ်လို့ဆိုရမှာပါ။ တနေ့ ရွန်လင်းရဲ့ ဖခင်ဟာ သူတို့ရဲ့ အိမ် ဒုတိယ ထပ်မှာ ရုတ်တရက် လဲကျ သွားခဲ့ ပါတော့တယ်။ အဲ့ဒီမှာ သူ့ရဲ့ ကြောရိုးမကြီး ပျက်ဆီး ခဲ့ရပြီး ခါးအလယ် ပိုင်းကစလို့ မလှုပ်ရှားနိုင်တော့တဲ့ အကြောသေ ရောဂါကို ရရှိခဲ့တာပါ။

အဲ့ဒီရောဂါကို နှစ်ရှည်လများ ကုသ လာရတဲ့ နောက်ဆက်တွဲ ပြဿနာ တရပ်ကတော့ သူတို့ရဲ့မိသားစု ၀င်ငွေ ဆုတ်ယုတ် ထိခိုက် လာရခြင်းပါပဲ။





ရွန်လင်းရဲ့ ဖခင်ဟာ ဘယ်လိုအလုပ်မျိုးကိုမှ လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့ အခြေအနေကြောင့် သူ့ရဲ့ အမျိုးသမီးဖြစ်တဲ့ ရွန်လင်းရဲ့ မိခင်က သုံးနှစ်သမီးငယ်နဲ့အတူ ရွန်လင်းတို့ သားအဖကိုထားခဲ့ပြီး ထွက်ခွာ သွားခဲ့တာ နောက်ပိုင်းမှာ ဘာသံမှ မကြားရတော့အောင် အစအနပျောက်သွားခဲ့ပါတော့တယ်။

ရွန်လင်းဟာ မနက်တိုင်း ၆ နာရီဆို အိပ်ယာမှထ အစားသောက်အတွက် ပြင်ဆင်ကာ အထူးသဖြင့် သူ့ဖခင်ရဲ့ မနက်စာအတွက် သေသေချာချာ ပြင်ဆင်ပြီးမှသာ ကျောင်းသွားလေ့ရှိပါတယ်။ ပြီးရင် နေ့လည်ထမင်းစားချိန် မှာ သူ့ဖခင်ဆီပြန်လာပြီး ကိုယ်တိုင် ထမင်းကျွေးပါတယ်။



ရွန်လင်းဟာ သူ့လိုအရွယ် တခြားကလေးတွေလို ပျော်ရွှင်စရာကောင်းတဲ့ ကစားချိန်ဆိုတာ မရှိခဲ့ပါဘူး။ အတန်းပြီးတာနဲ့ ကျောင်းနားတ၀ိုက်ရှိ သံတိုသံစ၊ သစ်တိုသစ်စ၊ ဖြတ်စညှပ်စ စတဲ့ အပိုင်းအစလေးတွေကို လိုက်ရှာ လိုက်ကောက်ခြင်းဖြင့် သူ့ရဲ့ အချိန်တွေကို ကုန်ဆုံးစေကာ အဲ့ဒီက ရလာတာလေးတွေကို ပိုက်ဆံနဲ့ ပြန်လဲလှယ်လေ့ရှိပါတယ်။



“ကျနော့အဖေ ဆေးဖို့အတွက် ပိုက်ဆံလိုပေမယ့် ကျနော့မှာ ပိုက်ဆံမရှိဘူး” လို့ ကလေးငယ်က China Youth Daily သတင်းဌာနကကို ပြောပါတယ်။



အဲ့ဒီလိုနည်းနဲ့ ပိုက်ဆံရှာရင်း အိမ်ပြန်ရောက်လာရင်လည်း အိပ်ယာပေါ်မှာသာ အမြဲလဲလျောင်းနေရတဲ့ သူ့အဖေရဲ့ ကျောဘက်နဲ့ တင်ပါးတွေမှာ ပြည်တည်နာလိုမျိုး အခေါင်းပေါက်ဖြစ်နေတဲ့ အနာတွေကို ဆေးထည့် ပေးရပြန်ပါတယ်။



ဒီလို နာကျင်မှုတွေကို အဆုံးသတ်သွားဖို့အတွက် မိမိကိုယ်ကိုတောင် သေကြောင်းကြံစည်ဖို့ မကြာခဏ ဆိုသလို တွေးမိတယ်လို့ ရွန်လင်းရဲ့ အဖေက ဆိုပါတယ်။ သို့ပေမယ့် အဲ့ဒီအချိန်မှာပဲ သားဖြစ်သူ ရွန်လင်း တယောက် မိဘမဲ့အဖြစ် ကျန်ရစ်နေခဲ့မှာကိုလည်း မထားခဲ့ရက်နိုင်ဘူးလို့ ပြန်စဉ်းစားဆင်ခြင်မိပြီး သူ့အတွေးကို နောင်တရမိတယ်လို့ ဆက်ပြောပါတယ်။



“အဖေမရှိဘဲ ကျနော် အသက်ရှင်မနေနိုင်ဘူး” လို့ ရွန်လင်းကဆိုလိုက်ခြင်းဖြင့် ဒါဟာ သူတို့နှစ်ဦး အတူတူ ဆက်လက် နေထိုင်သွားကြမယ့် အခြေအနေတခုပါပဲလို့ ပြောလို့ရပါတော့တယ်။

Ref: CCTVnews

The Irrawaddy's Blog by thae thae 
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw