LATESTED NEWS
Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

နှစ်ဘက်မိဘ - အလိုကျ

နှစ်ဘက်မိဘ - အလိုကျ

ကျွန်တော်က မြန်မာပြည်သား ပီသစွာနဲ့ ကိုရိးယားကားတွေကို တော်တော်လေး နှစ်သက်စွဲလန်းပါတယ်။ အရမ်းလည်း ကြိုက်ပါတယ်။ တစ်ချို့တွေကတော့ ကိုရီးယားကားတွေကို ကြိုက်တာကို မကောင်းမြင် အဖြစ်ပြောကြပါတယ်။ ဘယ်သူတွေ ဘယ်လို ပြောပြော ကျွန်တော်ကတော့ ကြိုက်မြဲ ကြည့်မြဲ နျစ်သက်မြဲပါ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့ ကော့သောင်းမှာ ပတ်စပို့ သွား ရိုက်ဖြစ်တယ်။ ပြန်လာတော့ ကျွန်တော် ဘာတွေ ၀ယ်လာဖြစ်တယ် ထင်လဲ။ ကိုရီးယား မြန်မာစာတမ်းထိုး ဇာတ်လမ်းတွေ တော်တော်များများ ၀ယ်လာဖြစ်ပါတယ်။ ဒီဗီဒီအခွေတွေပါ။ မှတ်မှတ်ရရ အနှိုင်းမဲ့ သစ္စာရှင်တို့၊ ဂျူမုံတို့၊ နတ်သမီးနဲ့ လူလိမ်တို့၊ သမားတော်တို့ တော်တော်လေးများပါတယ်။

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၈ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......

နံပါတ် (၁)

မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ.. ဘာဖြစ်လို့လဲ
ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...

ဘီလျံနာ၊ မီလျံနာတွေရဲ့ ဇာတာ


ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးကြီးတွေဟာ ဘယ်လိုဇာတာရှင်တွေလဲ။ သူတို့ ဇာတာမှာ ဘယ်ဂြိုဟ်၊ နက္ခတ်တွေက ဘယ်လို ရပ်တည်နေသလဲ။ သူတို့ ဇာတာလို အနေအထားတွေက ခင်ဗျားတို့ ကျွန်တော်တို့ဆီမှာရော ပါနေမလား။

သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့။ ခက်ခက်ခဲခဲ မတွေးလိုက်ပါနဲ့။ ခင်ဗျားဟာ သြဂုတ်လ ၂၃ ရက်ကနေ စက်တင်ဘာ ၂၂ ကြားမှာ မွေးတဲ့ ကန်ရာသီဖွားသာ ဖြစ်မယ် ဆိုရင် ခင်ဗျားမှာ ဘီလျံနာ သူဌေးကြီး ဖြစ်ဖို့ Chance ပိုများပြီလို့ ယုံကြည်လိုက်ပါ။ ဟုတ်ပါ့မလားလို့ သံသယ မဖြစ်ပါနဲ့။ ကမ္ဘာကျော် ဘီလျံနာကြီးတွေ အကြောင်း၊ သူတို့ ဘယ်ရွေ့ဘယ်မျှ ချမ်းသာကြောင်း အမြဲ သုတေသန လုပ်နေတဲ့ Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းလေ့လာချက်တစ်ခုမှာ အတိအကျ ဖော်ပြထားတာ ဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းဟာ ကမ္ဘာတစ်လွှားက ဘီလျံနာပေါင်း ၇၉၃ ဦးထဲက ၆၁၃ ယောက်ရဲ့ မွေးခုနှစ်ဒေတာတွေကို ပြုစု စစ်တမ်းယူရာမှာ အဲဒီဘီလျံနာ ခြောက်ရာကျော်ထဲက ၁၂ ရာခိုင်နှုန်း ဖြစ်တဲ့ ဘီလျံနာအယောက် ၇၀ ကျော်ဟာ ကန်ရာသီမှာ မွေးဖွားခဲ့ကြောင်း တွေ့ရပါတယ်။ ကန်ရာသီဖွား ဘီလျံနာသူဌေးကြီးတွေထဲက လူသိများတဲ့ နှစ်ဦးကတော့ ကမ္ဘာ့အဆင့်သုံး အချမ်းသာဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်နဲ့ Oracle ရဲ့ CEO လာရီအယ်လဆင်တို့ပဲ ဖြစ်ပါတယ်။ 
ကန်ရာသီဖွားတွေဟာ အလုပ် ကြိုးစားတယ်၊ စိတ်ဓာတ် ပြတ်သားခိုင်မာတယ်၊ အသေးစိတ်က အစ တိကျတယ်၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိတယ် ဆိုတဲ့ နက္ခတ်ဗေဒ ယူဆချက်တွေဟာလည်း ဒီလူတွေ ဘီလျံနာ ဖြစ်ဖို့ အာမခံနေသလိုပါပဲ။

ဒါပေမဲ့ ကန်ရာသီဖွား မဖြစ်လို့ စိတ်ပျက်စရာ မလိုပါဘူး။ ဘီလျံနာ အားလုံးဟာ ၁၂ ရာသီဖွားတွေ အကုန်လုံးထဲမှာ ပါဝင်နေဆဲပါ။ ကန်ရာသီနောက်က ၈ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး လိုက်တဲ့ ဘီလျံနာရာသီဖွားကတော့ မိဿရာသီပါ။

အလားတူပဲ ကုမ်ရာသီဖွားတွေကလည်း ၈ ရာခိုင်နှုန်းနဲ့ပဲ ဒုတိယအဆင့်ကနေ လိုက်နေပါတယ်။ ဥပမာအားဖြင့် ကမ္ဘာပေါ်မှာ ကျော်ကြားလှတဲ့ ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေးဟာ ကုမ်ရာသီဖွားပါ။

ဘီလျံနာရာသီဖွားတွေထဲမှာ ၆ ရာခိုင်နှုန်းနဲ့ နောက်ဆုံးက ဖြစ်လာတာက ဓနုရာသီဖွားပဲ ဖြစ်ပါတယ်။ ဓနုရာသီဖွားထဲက ထင်ရှားသူတစ်ဦးက နာမည်ကျော် ဟောလိဝုဒ် ဒါရိုက်တာ စတီဗင် စပီးဘတ် ဖြစ်ပါတယ်။

အထက်ပါ ဖော်ပြခဲ့တဲ့ ဘီလျံနာအများစု မွေးဖွားရာ ရာသီခွင်တွေနဲ့ မတူဘဲ ကမ္ဘာ့အချမ်းသာဆုံး အဆင့်ကို ရောက်ခဲ့တဲ့ ဘီလ်ဂိတ်ကတော့ ဗြိစ္ဆာရာသီဖွား ဖြစ်ပါတယ်။ ဗြိစ္ဆာရာသီဖွား ဖြစ်တဲ့ ဘီလ်ရဲ့ ပြင်းပြထက်သန်တဲ့ စိတ်ဓာတ်စွမ်းအားကြောင့် သူ့ရဲ့ Windows ကွန်ပျူတာတွေဟာ လူမုန်းများတဲ့ကြားက အရောင်းရဆုံး ဖြစ်လာတာ သက်သေပါပဲ။

ဘီလျံနာတွေနဲ့မတူပေမယ့် ဒေါ်လာသန်းချီ ကြွယ်ဝတဲ့ တခြားသော ရာသီဖွားအများစုလည်း ရှိပါတယ်။ ဒီထဲမှာ ထင်ရှားတာက ပြိဿရာသီဖွားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်တွေမှာ ဝယ်အားကောင်း၊ ဈေးကောင်း ချိန်ကို ပမာပြုတတ်တဲ့ နွားထီး သင်္ကေတနဲ့လည်း တိုက်ဆိုင်သလို ဇွဲကောင်း၊ ခေါင်းမာ၊ အပင်ပန်းခံတတ်တဲ့ ဥာဉ်တွေနဲ့ ကိုယ်ပိုင်စည်းမျဉ်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လေ့ ရှိတဲ့ ပြိဿရာသီဖွားတွေဟာ မီလျံနာအဆင့် ကြွယ်ဝသူတွေ ဖြစ်လာပါတယ်။

မိတ်ဆွေရော ဘီလျံနာ၊ မီလျံနာတွေ ကြီးစိုးတဲ့ ရာသီခွင်တစ်ခုခုမှာ မွေးဖွားခဲ့ပါသလား။ တကယ်လို့ ခင်ဗျားလည်း အဲဒီရာသီခွင်တစ်ခုခုမှာ မွေးဖွားခဲ့တယ်ဆိုရင် သူတို့လို ကြီးပွားချမ်းသာဖို့ အခွင့်အလမ်းက တခြားရာသီခွင်တွေထက် ပိုများနေမှာ အသေချာပါပဲ၊ ကြယ်တာရာတွေက ပေးတဲ့ ဆုလာဘ်ကို အမိအရ ဖမ်းဆုပ်လိုက်စမ်းပါဗျာ။

တရုတ် ၁၂ ကောင်အဟော ...


တရုတ်ဘွားနှစ်တွက်ရန် ဒီကို ကိုသွားပါ။ ကွန်ပြူတာ ပရိုဂရမ်အများစုသည် 1 လပိုင်း၊ 2 လပိုင်းမွေးသူများအတွက် အတန်ငယ် ကွာဟချက်ရှိနေပါသည်။ သတိပြု၍ တွက်ပါရန် ... ဥပမာအားဖြင့် .... 7.1.1985 မွေးသူကို နွားနှစ်ဘွား ဟု ပရိုဂရမ်မှ တွက်ပေး၏။ အမှန်စင်စစ် ၎င်းကာလမွေးသူမှာ ကြွက်နှစ်ဘွား ( သစ်သားကြွက် ) ဖြစ်ပါသည်။ သတိပြုကြပါကုန်။ သင်၏ နှစ်ဘွားကို ကောင်းကောင်းသိလျှင် အောက်ပါအဟောတို့ကိုဖတ်ရှုနိုင်ပါသည်။

ကြွက်နှစ်ဖွား အဟော

ကြွက်နှစ်သည် “ယင်း” နှစ်ဖြစ်သည်။ ကြွက်နှစ်ဖွားများသည် အများအားဖြင့် အကြားအမြင် ပါရမီရှင်များ ဖြစ်တတ်ပြီး မိမိအတွက်သော် လည်းကောင်း၊ ကောင်းကျိုးဆိုးကျိုးများကို အလိုအလျောက် ထိုးထွင်းသိမြင်တတ်သည့်အပြင် ဟောတတ်၊ ပြောတတ်သော စကားကြွယ်ဝသူများ ဖြစ်သည်။ အဟောအပြောကိုလည်း ၀ါသနာထုံတတ်သည်။ များသောအားဖြင့် ကြွက်နှစ်ဖွားများသည် ကံ ကောင်းတတ်ကြသည်။ သူတို့၏ အတွေးအခေါ်များသည် အနာဂတ်အတွက် အမြဲစိတ်စောနေလေ့ ရှိသည်။ ပစ္စုပ္ပန်တည့်တည့်ကိုသာ တွေးတောတတ်ပြီး ဖြေးဖြေးမှန်မှန် သို့မဟုတ် မြန်မြန်ဆန်ဆန် လုပ်တတ်သည့် မြင်းနှစ်အတွင်း မွေးဖွားသူများနှင့် အမြဲဆန့်ကျင်နေတတ်သည်။

ကြွက်နှစ်မွေးဖွားသူများသည် စိတ်တို၍ အသုံးအဖြုန်း ကြီးတတ်သည်။ ယင်းတို့သည် လောဘကြီး၍ သူတစ်ပါးကို ခေါင်းပုံဖြတ်ရန် ဝန်မလေးသူလည်း ဖြစ်သည်။ ညအချိန်မွေးဖွားသော ကြွက်နှစ်ဖွားတို့သည် နေ့၌ မွေးသူထက်ပို၍ စွန့်စွန့်စားစား လုပ်လိုသူ ဖြစ်တတ်သည်။ ထို့အပြင် ယင်းတို့သည် နေရာအနှံ့ ခရီးသွားလိုသူများ ဖြစ်သည်။ နေ့ဘက်မွေးဖွားသူတို့မှာ အသိဥာဏ်ထိုင်းမှိုင်း၍ ပျင်းရိတတ်သည်။ ယင်းတို့သည် နေ့စဉ်ရက်ဆက် အချိန်မှန်မှန် လုပ်ရသည့် အလုပ်ကို မုန်းတီးသူများ ဖြစ်သည်။ စီးပွားရေးလောက သူတစ်ပါးကို လိမ်ညာရန် ခေါင်းပုံဖြတ်ရန် ၀န်မလေးတတ်ပေ။ ယင်းတို့သည် ရန်လိုတတ်၍ အတင်းအဖျင်းလည်း ပြောတတ်သည်။ စိတ်သဘောထား သေးတတ်သည်။ ၎င်းတို့၏ ကောင်းသော အင်္ဂါရပ်တို့မှာ ချစ်စဖွယ်ရှိခြင်း၊ အလုပ်ကြိုးစားခြင်း ၊ ချွေတာခြင်းတို့ ဖြစ်သည်။

၎င်းတို့သည် ပညာရှင် ပါရဂူများ မဟုတ်သော်လည်း ဖန်တီးဥာဏ်ရှိသူများ ဖြစ်ရာ စာရေးဆရာများ၊ ဝေဖန်သူများ ဖြစ်မည်။ အစုအဝေးဖြင့် ပူးပေါင်း လုပ်တတ်သူများ မဟုတ်ပေ။ ၎င်းတို့သည် တစ်ကိုယ်တော် သမားများ ဖြစ်သည်။ အချစ်နှင့် ပတ်သက်၍ မြူဆွယ်ကောင်းမည်။ အစွဲသန်၍ စိတ်လှုပ်ရှား တတ်မည်။ လက်ဆောင်ပဏ္ဏာ အပေးရက်ရောမည်။

ကြွက်နှစ်သမားများသည် စိတ်သဘောများနှင့် အတွေးအကြံများမှာ ထွေပြားများလွန်းသဖြင့် အင်အားကုန်ခန်း တတ်လေရာ သူတို့အတွက်နားချိန် များများလိုအပ်သည်။ မောပန်းလာသောအခါ အပြည့်အနားယူရန် လိုအပ်ပြီး စောစောအိပ်ရာဝင်သင့်သူများ ဖြစ်ကြ၏။ အချို့သော ကြွက်နှစ်သမားများမှာ လျှို့ဝှက်ဆန်းကြယ်မှုများကို အဖြေရှာရင်း သူတို့ဖာသာ ရှုပ်ထွေးနေတတ်သည်။

ကြွက်နှစ်ဖွား အမျိုးသမီးများသည် အိမ်ထောင်ကျသည့်တိုင် အသက်မွေးဝမ်းကြောင်း အလုပ်၌လည်း အောင်မြင်စွာ လုပ်နိုင်စွမ်း ရှိသည်။ သို့ရာတွင် ပူပင်တတ်၍ နှမြောစု စုတတ်သည်။ ကြွက်နှစ်ဖွားများသည် အိမ်ထောင်ဖက်အဖြစ် နဂါး၊ နွား၊ မျောက်နှစ်ဖွားတို့ကို ရွေးချယ်သင့်သည်။ ယင်းတို့နှင့် အသင့်တော်ဆုံး အိမ်ထောင်ဖက်များမှာ နွားနှစ်ဖွားများ ဖြစ်သည်။ သို့သော် ခွေးနှစ်အတွင်း မွေးဖွားသူများနှင့် အိမ်ထောင်မပြုသင့်ပေ။ ထို့ပြင် မြင်းနှစ်ဖွားတို့နှင့်လည်း မပေါင်းအပ်ပေ။

ကြွက်နှစ်ဖွားများ၌ ထင်ရှားသော ပုဂ္ဂိုလ် ရှိတ်စပီးယား၊ တော်စတွိုင်း၊ ဂျူးဗန်း၊ ရှားလေ့ဘရွန်တေး၊ မာလွန်ဘဲရန်ဒို၊ မိုးဇက်၊ မာတာဟာရီ၊ နာကေဆင်၊ ဝေလမင်းသား ချားလ်စ်၊ ဗင်နက်ဆာ၊ အလက်ဇန္ဒြား မင်းသမီးတို့ ဖြစ်ကြသည်။


● နွားနှစ်အဟော

အနောက်တိုင်း ရာသီစက်ဝန်းမှ နွားကဲ့သို့ပင် တရုတ်ဝေဒပညာအရ နွားဖွားတို့မှာလည်း မြေကြီးကဲ့သို့ နှိမ့်ချသည်းခံတတ်၏။ နွားနှစ်သည် “ယင်း” ရာသီနှစ်ဖြစ်၍ တနင်္လာဂြိုဟ်နှင့် ဆက်စပ်နေပြီး မိခင်စိတ်ရှိသည်။ ယင်းတို့သည် ကာယဗလ ကြီးထွားသန်မာသူများဖြစ်သည်။ အလုပ်လုပ်ရာ၌ ကြိုးစားပန်းစားရှိ၍ တည်ငြိမ်သည်းခံတတ်သည်။ စကားပြောကောင်း၍ စီမံခန့်ခွဲသူများ ဖြစ်ကြသည်။ ယင်းတို့သည် အလုပ်ကြိုးစား လုပ်သဖြင့် လုပ်ငန်းအောင်မြင်တတ်သူ ဖြစ်သည်။

သို့သော် အလုပ်လုပ်ရာ၌ နှေးကွေး၍ ခေါင်းမာတတ်ကြမည်။ တစ်ခါတစ်ရံ မလိုစိတ်၊ ကလဲ့စား ချေလိုစိတ် ရှိမည်။ ချစ်စဖွယ် အမူအရာ မရှိချေ။ အချစ်ရေး၌ လှိုက်လှိုက်လှဲလှဲ မရှိပေ။ စိတ်ဆိုးလာလျှင် မလုပ်သင့်သည်များကို နှိုင်းနှိုင်းဆဆ မလုပ်တတ်ကြချေ။ နွားနှစ်ဖွားများသည် အတိတ်က ရွှေထီးဆောင်းခဲ့သည့် အကြောင်းကို တမြုံ့မြုံ့ တွေးနေတတ်ကြသည်။ ယင်းတို့သည် သက်တောင့် သက်သာမှုကိုလည်း နှစ်သက်ကြသည်။ နေ့ဘက် မွေးဖွားသော နွားနှစ်သမားများသည် ဘ၀တလျှောက် ခက်ခဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားရသည်။ ညမွေးသူများမှာ မိမိဘ၀ခရီးမှာ လွယ်ကူချောမွေ့ ပန်းခင်းသောလမ်းကို လျှောက်လှမ်းရမည်။ နွားနှစ်ဖွားယောကျာ်းများသည် မိန်းမတို့၏ သဘောကို စာနာနားလည်တတ်သဖြင့် မိန်းမတို့၏ အားထားဖွယ်ရာလည်း ဖြစ်သည်။

နွားနှစ်ဖွားပုဂ္ဂိုလ်သည် အိမ်ထောင်အကြီိးအကဲဖြစ်က မယားနှင့် သားသမီးများကို ချစ်တတ်သော်လည်း တစ်သွေးတစ်သံ တစ်မိန့် ကျင့်သုံးတတ်သည်။ အိမ်ရှင်မသည် စိတ်ကြံ့ခိုင်မည်။ အိမ်သူအိမ်သားများ မပူမပင်ရအောင် စီမံတတ်မည်။ သို့သော် တီတီတာတာ ပြောဆိုပြုမူမည် မဟုတ်ပေ။ နွားနှစ်ဖွား မိန်းမများမှာ အထူးမိန်းမဆန်တတ်ပြီး အရွယ်ရောက်သောအခါ အထူးပျော်ရွှင် နှစ်သိမ့်မှုကို ခံစားရတတ်သည်။ သူတို့၏ မသဘာဝကို ဟန့်တားမှု ခံရပါက ဖျားနာတတ်၏။ အထူးသဖြင့် နွားနှစ်ဖွားတို့သည် အသက်ရှည်တတ်၏။

နွားနှစ်ဖွားတို့သည် စီးပွားရေး၌ ကြွက်နှစ်ဖွားများနှင့် အလုပ်လုပ်သော် အောင်မြင်တတ်သည်။ ကျား၊ နဂါးနှစ်ဖွားများနှင့် ပေါင်းစပ် မလုပ်သင့်ပေ။ အိမ်ထောင်အဖြစ် ကြွက်၊ ကြက်နှင့် မြွေနှစ်ဖွားများကို ရွေးသော်သင့်၏။ မြင်းနှင့် ဆိတ်နှစ်ဖွားများကိုမူ အထူးရှောင်သင့်သည်။ နွားနှစ်ဖွားများ၌ ထင်ရှားသူများမှာ  နပိုလီယံ၊ ဟစ်တလာ၊ ချာလီချက်ပလင်၊ ဗီဗီယံလေး၊ ရစ်ချက်ဘာတန်၊ ပီတာဆဲလား၊ ဂျိန်းဖွန်ဒါ၊ လက်ဝှေ့ချန်ပီယံ ဖရန်ဘရူနိုး၊ ပေါ့ချူးမန်း၊ ရောဘတ်ရက်ဖို့ဒ်၊ ဒိုင်ယာနာမင်းသမီး ၊ ဝေါ့ဒစ္စနေးလ်၊ စပိန်ဘုရင်ဟွမ်းကာလို့စ်၊ အိန္ဒိယ၀န်ကြီးချုပ် နေရူး၊ ရော့ဂီတ အဆိုကျော် ဘရုစ်စပရင်းစတင်းနှင့် ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ ဖြစ်သည်။


● ကျားနှစ်ဖွား အဟော

ကျားနှစ်ဖွားများသည် ယန်းရာသီနှစ်ဖြစ်၍ အမဓါတ်ဖြစ်သော အလင်းရောင် နွေးထွေးခြင်းနှင့် လုပ်ငန်းဆောင်တာများကို ကိုယ်စားပြုသည်။ ကျားနှစ်ဖွားများသည် ခွန်အားနှင့် ပြည့်စုံ၍ စိတ်ဓါတ်ပြင်းထန် တက်ကြွကြပြီး တစ်ခါတစ်ရံ ရန်လိုတတ်သော သဘာဝရှိရုံမက ခက်ထန်ကြမ်းကြုတ်သော သဘောများလည်း ရှိတတ်သည်။ ညပိုင်းမွေးသူများအဖို့ ရန်လိုတတ်သော သဘာဝ ပိုမိုပြင်းထန် စူးရှတတ်သည်။ ယင်းတို့သည် မိမိကိုယ်ကိုလည်း အလွန်အထင်ကြီးသူများ ဖြစ်သည်။ အုပ်ချုပ်စိုးမိုးသူကို တော်လှန်လိုသူများလည်း ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် လုပ်တတ်ကြသည်။

ကျားနှစ်ဖွား အမျိုးသမီးများသည် သူတစ်ပါးအား စွဲဆောင်နိုင်စွမ်း ရှိသည်။ ယင်းတို့သည် ဥစ္စာပစ္စည်း မမက်မောသော်လည်း ခေါင်းမာတတ်သည်။ ရှေးရိုးစဉ်လာ ထုံးတမ်းများနှင့် လုပ်ရိုးလုပ်စဉ် ဓလေ့များကို တော်လှန်တတ်သည်။ များသောအားဖြင့် ကျားနှစ်ဖွားများသည် အချစ်တရွာ ဆင်နွတတ်ပြီး မျက်ရည်တစ်ရွာဖြင့် အဆုံးသတ်ရတတ်သည်။ ကျားနှစ်ဖွားများသည် အများနှင့် ဆက်ဆံရာတွင် ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားရှိပြီး ပြဿနာကို တည့်တည့်ကြည့်ရှု သုံးသပ်တတ်ပေသည်။ ယင်းတို့တွင် ကြင်နာနွေးထွေးသော နှလုံးသား ရှိတတ်ပြီး အပိုဖြုန်းတီးမှုလည်း ကင်းပေသည်။ ကျားနှစ်ဖွားသော အမျိုးသားများသည် လှိုက်လှိုက်လှဲလှဲ ချစ်တတ်သည်။ ထိုနည်းတူ သူ့ကိုလည်း သစ္စရှိရှိ ပြန်ချစ်စေချင်သည်။ စီးပွားရေး၌ တစ်ကိုယ်တော်သမားဖြစ်၍ တပါးသူသြဇာကို နာခံလိုစိတ်မရှိ၊ ငွေများများရှာတတ်၍ ငွေများများ သုံးဖြုန်းတတ်သည်။ ယင်းတို့သည် များသောအားဖြင့် စစ်ဘက်၌ဖြစ်စေ လူသူမပေါက်ရောက်သည့် နေရာမျိုးကို သွားရောက်လေ့လာရေး၌ဖြစ်စေ အောင်မြင်နိုင်မည်။

ကျားနှစ်ဖွား မိန်းကလေးတစ်ယောက်နှင့် ဖူးစာဖက်မိသော ယောက်ျားတစ်ယောက်အဖို့ အသေစောတတ်သဖြင့် ကြောက်စရာ ကောင်းလှသည်။ ထို့ကြောင့် ကျားနှစ်ဖွား မိန်းကလေးများသည် ဘ၀ခရီး သေဘက်နီးသော သက်ကြီးရွယ်အိုများနှင့် လက်ထပ်လေ့ရှိသည်။ သို့ရာတွင် ကျားနှစ်တွင် မွေးဖွားသော ယောကျာ်းလေးအတွက်ကား သာယာပျော်ရွှင်ဖွယ် အတိပြီး၏။ အဘယ့်ကြောင့်ဆိုသော် ကျား၏ ခက်ထန်ကြမ်းကြုတ်သော သဘောသဘာဝသည် ခိုးသူး မီးနှင့် တစ္ဆေတည်းဟူသော အဖျက်ရန် သုံးပါးကို အပြီးအပိုင် တိုက်ထုတ် နိုင်သောကြောင့်ပင်တည်း။

“ကျားတစ်ကောင်၏ အရိပ်အယောင်ကို မြင်ရရုံဖြင့် မြွေတစ်ကောင်သည် ဓါးရှခံရသလို နာကျင်တတ်သည်” ဟူသော တရုတ်စကားပုံအလိုအရ ကျားနှစ်ဖွားများသည် မြွေနှစ်ဖွားသူများကို လက်မထပ်သင့်ပေ။ မျောက်၊ နွားနှစ်ဖွားများနှင့်လည်း မသင့်ပေ။ ကျားနှစ်ဖွားများသည် မြင်း၊ ခွေး၊ နဂါး ၊ ၀က်နှစ်ဖွားများနှင့် အိမ်ထောင်ဘက် ပြုသင့်သည်။ ကျားနှစ်ဖွားများအတွက် အသင့်တော်ဆုံး ဖူးစာရှင်များမှာ ၀က်နှစ်ဖွားများ ဖြစ်ကြပေသည်။ ထင်ရှားသော ကျားနှစ်ဖွားများမှာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်း၊ မာကိုပိုလို၊ မာရီလင်မွန်ရိုး ၊ ကားလ်မတ်စ်၊ ပြင်သစ်သမ္မတဟောင်း ဒီဂေါ၊ အော်စကာဝိုင်း၊ နယ်သာလန် ဘုရင်မကြီးဘီထရစ်၊ ဗီသိုဗင်၊ အက်ဂါသာ ခရစ္စတီး၊ တွမ်ခရုစ်၊ ဗြိတိန် ဒုတိယမြောက် အယ်လစ်ဇဘတ် ဘုရင်မကြီး၊ ဖရက်ဒရစ်ဖော့ဆက်၊ ဆာဒေးဗစ်စတီး၊ လော့ဒ်အိုဝင်တို့ ဖြစ်ကြသည်။


● ယုန်နှစ်ဖွား အဟော

ယုန်နှစ်ဖွားများသည် “ယင်း” ရာသီနှစ် ဖြစ်သည်။ ယုန်နှစ်ဖွားများသည် ကံကောင်း၍ စိတ်ကောင်းရှိသည်။ ပျော်ရွှင်ခြင်း၊ ချစ်ခင်တတ်ခြင်း၊ ကြင်နာတတ်ခြင်း ရှိတတ်ကြသည်။ သို့သော် ယင်းတို့သည် စိတ်ထိခိုက်လွယ်၍ စိတ်ကူးယဉ်သူများလည်း ဖြစ်ကြလေသည်။ သူတို့သည် ဥာဏ်ပညာ ထက်မြက်၍ ပါးနပ်လိမ္မာကြသည့်အပြင် အမြော်အမြင်လည်း ကြီးကြသည်။

 ရှေးဟောင်း တရုတ်စကားပုံ တစ်ခုတွင် “ပါးနပ်သော ယုန်တစ်ကောင်၏ တွင်းမှာ ဂူပေါက်သုံးခုရှိ၍ မည်သည့်ကံကြမ္မာကို ဖြစ်စေ ပြုပြင် ပြောင်းလဲပစ်နိုင်သည်” ဟု ဆိုထားသည်။ ထိုနည်းတူ ယုန်နှစ်ဖွားများသည် (၀ါ) ထွက်ပေါက်မရှိသော လမ်းများကို လျှောက်လေ့ရှိသည်။ ထိုနည်းတူ တစ်လမ်းသွား အလုပ်များကိုလည်း လုပ်လိုစိတ်မရှိကြပေ။ ယုန်နှစ်ဖွားများသည် အခြေခံအားဖြင့်  နွေးထွေးကြင်နာသော နှလုံးသားပိုင်ရှင်များ ဖြစ်ကြသော်လည်း အပြင်ပန်းအားဖြင့်  အေးတိအေးစက်နိုင်ပြီး အတွေ့အထိအာရုံများကိုလည်း တွန့် ဆုတ်သော သဘောရှိသည်။ ယုန်နှစ်ဖွားများသည် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ရိုင်းစိုင်းခြင်းများကို ရွံရှာမုန်းတီးလေ့ရှိသည်။ အရာရာတွင် အလယ်အလတ် သဘောရှိသည်။ အခြားသူများကိုလည်း ကူညီတတ်၍ အကင်းပါးသူများဖြစ်သည်။

 ယုန်နှစ်ဖွား အမျိုးသားသည် အမျိုးသမီးများကို ဆွဲဆောင်နိုင်စွမ်းရှိ၍ အများနှင့် ရောနှော ပေါင်းသင်းတတ်သည်။ မိတ်ဆွေဖွဲ့ရာ၌လည်း လိမ္မာ၍ ရာသက်ပန်မိတ်ဆွေများ ရရှိတတ်သည်။ ထိုသို့သော အိမ်ထောင်ဦးစီးတို့သည် မိမိတို့ သားမယားကို ဂရုတစိုက်ထားရှိ၍ အေးအေးဆေးဆေး နေလိုစိတ် ရှိကြသည်။ ယင်းတို့၏ အားနည်းချက်မှာ လောင်းကစားတတ်ခြင်း ဖြစ်သည်။ ယုန်နှစ်ဖွား အမျိုးသမီးတို့သည် ကောင်းသော အိမ်ရှင်မ ဖြစ်တတ်သော်လည်း ပလွှားဝင့်ကြွားတတ်၍ ထင့်ခနဲရှိလျှင် စိတ်ထိခိုက်တတ်သည့် အထိမခံ ရွှေပန်းကန်များ ဖြစ်သည်။ စီးပွားရေး၌ ယုန်နှစ်ဖွားများသည် အောင်မြင်တတ်၍ နိုင်ငံရေး သံတမန်ရေးတို့၌လည်း အောင်မြင်တတ်သည်။

 ထင်ရှားသော ယုန်နှစ်ဖွားများမှာ ဟင်နရီဂျိမ်းစ်၊ ဆာဟဲ့လက်ဒေါက်ဂလပ်ဟုမ်း၊ စတာလင်၊ ရူးဒေါ့ဖ်နာရီယက်မ်၊ အာသာမီလာ၊ အယ်လဘတ်မင်းသား၊ ဖီဒယ်က်စထရို၊ ကွန်ဖြူးရှပ်၊ မာရီကျူရီ၊ အယ်လဘတ်အိုင်းစတိန်း၊ ဂျိန်းစဘွန်းရုပ်ရှင်မင်းသား ရော်ဂျာမိုး၊ ဟာသမင်းသားကြီး ဘော့ဟုပ်၊ စစ်တုရင် ချန်ပီယံများ ဖြစ်ကြသော အနာတိုလီကားလ်ပေါ့နှင့် ဂယ်ရီကက် ပါရော့ဗ်၊ ၀ိတိုရိယ ဘုရင်မကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း၊အမေရိကန် ကဗျာဆရာကြီး ဒေးဗစ်ဖရော့စ်တို့ ဖြစ်ကြသည်။


● နဂါးနှစ် အဟော

နဂါးနှစ်သည် ယန်းနှစ် ဖြစ်သည့် နဂါးသည် တရိပ်ရိပ်တက်နေသော တန်ခိုးအာဏာကို ညွှန်း၏။ သူ့ကိုယ်သူ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲ ဖန်ဆင်းနိုင်သည့် အခြေအနေ အမျိုးမျိုးနှင့်လည်း လိုက်လျောညီထွေရှိအောင် နေတတ်သည်။ အတိတ်သြဘာ အလွန်ကောင်းသော နှစ် ဖြစ်၏။ နဂါးများကို အကြီးနှင့် အသေးဟူ၍ နှစ်မျိုး ခွဲထားနိုင်သည်။ နဂါးနှစ်ဖွားများ၏ ထူးခြားချက်မှာ သဒ္ဒါတရား ထက်သန်သောသူ ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ်နေတတ်သော အတွေ့အကြုံအရ နားလည်လွယ်သော အစွဲအလမ်းကြီးသော နည်းလမ်းကျကျ အရာရာအပေါ် ကြည့်မြင်သုံးသပ် အကြံကောင်း ဥာဏ်ကောင်း တွေးခေါ်တတ်သော ထွန်းပေါက်အောင်မြင်သော ကျန်းမာသန်စွမ်းသော လျှို့ဝှက်ချက်ကို မြင်လွယ်သော စသည့် အရည်အချင်းတို့နှင့် ပြည့်စုံသည်။

ထို့ပြင် နဂါးနှစ်ဖွားတို့သည် ဥာဏ်ထက်မြက်၍ လုပ်ရည်ကိုင်ရည်ရှိသောကြောင့် ခေါင်းဆောင်များ ဖြစ်တတ်ကြသည်။ ကျန်းမာရေးကောင်းပြီး ရဲရင့်တက်ကြွသူများလည်း ဖြစ်သည်။ ပညာရှင် သို့မဟုတ် အနုပညာရှင် ဖြစ်တတ်ပြီး ပါးရည်နပ်ရည် ရှိမည်။ စိတ်တိုခြင်း၊ ကိုယ့်ဖို့သာကြည့်ခြင်း၊ ခေါင်းမာခြင်း များလည်း ဖြစ်တတ်သည်။ ယင်းတို့သည် အဝတ်အစားကို ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်တတ်သည်။ အချစ်နှင့် ပက်သက်၍ စိတ်ကူးယဉ်တတ်မည်။ ဗြောင်ပြောတတ်သဖြင့် ရေရှည်မိတ်ဆွေ သင်္ဂဟ မရှိတတ်။ အိမ်၌ အာဏာရှင်တမျှ အမိန့်ပေးသမျှ အားလုံးက လိုက်နာစေချင်သည်။

နဂါးနှစ်ဖွား အမျိုးသမီးများသည် ထကြွလုံ့လရှိသည်၊ စိတ်ကူးယဉ်တတ်သည်။ ကလက်တတ်သည်။ အိမ်ကို သပ်ရပ်စွာ ထားချင်သော်လည်း အိမ်မှုကိစ္စများကို လုပ်ရန်ပျင်းသည်။ မုန်းသည်။ ၀တ်ဆင်ရာ၌ တောင်ပြောင်သော အရောင်များ အဆင်များကို နှစ်သက်တတ်သည်။ နဂါးနှစ်ဖွားများမှာ စည်းစိမ်ချမ်းသာ၊ တန်ခိုးအာဏာ၊ ကုသိုလ်ကံကောင်းခြင်း၊ အသက်ရှည်ခြင်းတို့နှင့် ပြည့်စုံသည့်အပြင်  ဆန့်ကျင်ဘက် လိင်များအလယ်တွင် ထင်ပေါ်ကျော်ကြားတတ်သည်။ ငယ်ရွယ်စဉ်အခါကပင် ဤအရည်အသွေးများ အနည်းငယ် ထင်ရှားပြီး ဖြစ်သည်။ အားလုံးသော နဂါးနှစ်ဖွားများ (ကြီးငယ်မဟူ) မှာ ပြင်းထန်သော စိတ်ဓါတ်များ ရှိတတ်ပြီး အခြားသူများ၏ အမိန့်ပေးခြင်းကို စက်ဆုပ်တတ်ကြသည်။

အချစ်ရေး၌ နဂါးနှစ်ဖွားများသည် အခြားသူများထက်ပို၍ သဲသောကြောင့် ချစ်ကြိုက်သူ များသော်လည်း သစ္စာမဲ့တတ်သည်။ လုပ်ငန်းများ၌ဖြစ်စေ၊ စီးပွားရေး၌ဖြစ်စေ၊ အောင်မြင်တတ်သည်။ စီးပွားရေး၌ ကျား၊ မျောက်၊ ဝက် နှစ်ဖွားများနှင့် ဆက်ဆံက အကျိုးဖြစ်ထွန်းမည်။ နဂါးနှစ်ဖွား အမျိုးသမီးများမှာ ကာမဂုဏ်အာရုံများတတ်သဖြင့် ယုန်နှစ်ဖွားသူများနှင့် လက်မထပ်သင့်ပေ။ ထိုနည်းတူ မျောက်နှစ်ဖွားများနှင့်လည်း မသင့်တော်လှပါ။ အကောင်းဆုံးမှာ ကြက်၊ မြွေ ၊ ကြွက်နှစ်ဖွားများကို ရွေးသင့်ပေသည်။  ထင်ရှားသော နဂါးနှစ်ဖွားများမှာ အက်ဒ၀ပ်ဟိသ်၊ ဟာရိုးဝီလ်ဆင်၊ ဟိုချီမင်း၊ လော့ရင့်စ်ဟာဗေး၊ ထရီဗာ၊ ဟောင်းဝေါ့ဒ်၊ ပန်းချီဆရာ ဆာဗာဒါဒါလီ၊ အက်ဒဝပ်မင်းသား၊ စာရေးဆရာ ဂရေဟမ်ဂရင်း၊ ချေဂွေဗွားယား၊ မာတင်လူသာကင်း၊ ဒိန်းမတ်ဘုရင်မကြီး ဒုတိယမြောက် မာဂရက်၊ အေဗရာဟင်လင်ကွန်း၊ ပြင်သစ်သမ္မတကြီး ဖရန်ဆွာမီထရောင်း၊ ဖလောရင့်စ် နိုက်တင်ဂေး၊ ပြဇာတ်စာရေးဆရာကြီး ဂျော့ဗားနတ်ရှော၊ အက်ဒဝပ်ရှီဗာနာဇေ၊ ကလင့်ဖ်ရစ်ချက်၊ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်စ်ကိုဘန်း၊ ဂရီဂိုရီပက်၊ ခရစ္စတိုဖာရီး၊ ရက်ကွယ်ဝက်ခ်ျ၊ ဟစ်ဂမန်ဖရွိုက်နှင့် အီဂျစ်သမ္မတ ဘော့စ်နီမူဟာရက် တို့ ဖြစ်ကြသည်။


● မြွေနှစ် အဟော

မြွေနှစ်သည် ယန်းနှစ်ဖြစ်၍ နဂါးနှစ်ကဲ့သို့ပင် အတိတ်သြဘာ မင်္ဂလာရှိသော နှစ်ဖြစ်၏။ မြွေနှစ်ဖွားများမှာ အာရုံခံစားမှု ကောင်းသော ညို့ငင်အားကောင်းသော၊ စိတ်ဓာတ်မှန်ကန်တိကျသော အရည်အချင်းရှိသည်။ ချမ်းသာကြွယ်ဝသော စွဲလမ်းစွာ လုပ်ဆောင်တတ်သော သာယာပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်သော ချစ်ခင်နှစ်သက်ဖွယ်ရာ လုပ်ဆောင်နိုင်သောသူ ဖြစ်သည်။ ထို့ပြင် ဗဟုသုတပြည့်စုံခြင်း၊ ဥာဏ်ပညာပြည့်ဝခြင်း၊ သတိရှိခြင်း၊ အေးဆေးတည်ငြိမ်ခြင်း၊ စိတ်ကြီးခြင်း၊ အလွယ်တကူ စိတ်မပြေနိုင်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်းတို့ ပါရှိတတ်သည်။ ကံကောင်းခြင်း၊ သနားကြင်နာတတ်ခြင်းတို့လည်း ပါဝင်ပေသည်။ တစ်ယူသန်ခြင်း ဆန့်ကျင်တိုက်ခိုက်ခြင်းတို့လည်း ရှိသည်။

မြွေနှစ်ဖွားများမှာ လေးစားမြတ်နိုးဖွယ်ကောင်းသလို ကြောက်မက်ဖွယ်လည်း ကောင်းပေသည်။ ထို့ပြင် ယင်းတို့သည် ပညာရှိ၍ အရာရာတွင် နက်ရှိုင်းစွာ တွေးခေါ်တတ်သည်။ ခေါင်းမာတတ်၊ အတ္တစွဲလည်းရှိတတ်ပေသည်။ မိမိအား ဆန့်ကျင်သူကို အလိမ္မာသုံး၍ ကလဲ့စားချေ တတ်သည်။ မြွေနှစ်တွင် မွေးဖွားသော ယောကျာ်းကလေးအတွက် ကုသိုလ်ကံကောင်းသည် ဆိုရမည်ဖြစ်သော်လည်း မိန်းကလေး တစ်ယောက်အတွက် ကြင်ဖက်ရှာရန် ခက်လှသည်။ မြွေနှစ်ဖွား မိန်းကလေးများကို တစ်ကိုယ်ကောင်းဆန်၍ မကောင်းကျိုးသာ ပေးတတ်သည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ သို့ရာတွင် မြွေနှစ်ဖွား အမျိုးသမီးများသည် အခက်အခဲများကို အကောင်းဆုံးဖြစ်အောင် အသုံးချနိုင်သူများ ဖြစ်၏။ သူတို့သည် ခွန်အားပြည့်ဝ၍ သွက်လက်ချက်ချာသူများလည်း ဖြစ်၏။

ထို့ပြင် မြွေနှစ်ဖွား အမျိုးသမီးများသည် အလွန်လှပ၍ နှစ်နှစ်ကာကာချစ်သူများ ဖြစ်တတ်သည်။ သူတို့သည် လက်ဖွာ၍ မီးဖိုချောင်လုပ်ငန်းကိုလည်းကောင်း၊ အိမ်မှုကိစ္စကိုလည်းကောင်း မလုပ်လိုကြ။ သို့သော် မိခင်ကောင်းများကား ဖြစ်ကြသည်။ မြွေနှစ်ဖွားအမျိုးသားများသည် ချောမော၍ တစ်ပါးသူအား ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ပရိယာယ်ပါရဂူဖြစ်၍ မိမိမယားကို ပိုင်စိုးပိုင်နင်း ရှိတတ်သည်။ အချစ်ရေး၌ စွဲစွဲမြဲမြဲ မရှိလှပေ။ နဂါးနှစ်များကဲ့သို့ပင် မြွေနှစ်ဖွားများလည်း ပြောင်းလဲနေသော အခြေအနေများအတိုင်း လိုက်လျောညီထွေရှိအောင် သင့်တင့်လျောက်ပတ်စွာ နေထိုင်တတ်ကြသူများ ဖြစ်သည်။ ထို့ကြောင့် မြွေနှစ်ဖွား တစ်ဦးနှင့် ဆက်ဆံရာတွင် သင်သည်အခြေအနေမှန်ကို ခန့်မှန်းရန် မလွယ်ကူပေ။ မြွေနှစ်ဖွားများသည် လုပ်ငန်းတိုင်း၌ အောင်မြင်တတ်သည်။ ဇွဲနပဲရှိပြီး စေ့စပ်သေချာတတ်သည်။ ဂီတသမား၊ စာပေသမား၊ အတွေးအခေါ်သမားများလည်း ဖြစ်တတ်သည်။ စီးပွားရေး၌ မြင်း သို့မဟုတ် နဂါးနှစ်ဖွားများနှင့် တွဲဖက်လုပ်ကိုင်သင့်သည်။ အိမ်ထောင်ရေး၌ ကျွဲ၊ ကြက်၊ နဂါးဖွားမျာနှင့် အသင့်မြတ်ဆုံးဖြစ်သည်။  ကျား၊ ဝက် ၊ မျောက်ဖွားများကို ရှောင်သင့်ပေသည်။

ထင်ရှားသော မြွေနှစ်ဖွားများမှာ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၊ ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၊ ၀ီလျံဘလိတ်၊ ဟိန်းနရစ်ဘွိုင်း၊ အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၊ မော်နာကိုမင်းသမီး ဂရေစ့်ကယ်ရီ၊ အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ ၊ တရုတ်ပြည်ခေါင်းဆောင်ကြီး မော်စီတုန်း၊ ဟင်နရီမားတီး၊ စာရေးဆရာ အက်ဂါအယ်လင်ပိုး၊ ဂျင်းပေါ ဆာတေး၊ ဖာဂျင်းနီးယားဝုပ်ဖ် ၊ ဂျက္ကလင်းအိုနာစစ်၊ ရန်အိုနေးလ်၊ ပန်းချီကျော် ပီကာဆို၊ ဂျိုးဇက်ကွန်ရက်၊ အော်ဒရီဟက်မန်း၊ ဒင်းမာတင်၊ ဘရုရှီးလ်စ်တို့ ဖြစ်သည်။


● မြင်းနှစ် အဟော

ခွန်အားကြီးမားသော အဖိုဓါတ် (ယန်း) ဘူတသည် ကန်နှစ်အတွင်း ကောင်းစွာ ကြီးစိုး၏။ မြင်းနှစ်ဖွားများသည် တိကျပြတ်သားခြင်း၊ သန်မာခြင်း၊ သစ္စာရှိခြင်း၊ အားထားယုံကြည်လောက်ခြင်းနှင့် ပြည့်စုံ၏။ ထို့ပြင် ယင်းတို့သည် အောင်မြင်မှုကို လက်ကိုင်ထား၍ သီးခြားနေထိုင်တတ်သူ ဖြစ်သည်။ လျင်မြန်သော၊ ဖြတ်ထိုးဥာဏ်ရှိသော၊ ဆွဲဆောင်မှုရှိသော၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော၊ ဂရုမစိုက်သော၊ မြှောက်ပင့်တတ်သော၊ နိုင်ငံရေး ၀ါသနာပါသော၊ စိတ်မရှည်တတ်သော၊ အလွန်ပြင်းထန်တတ်သော၊ မာနကြီးသော၊ စိတ်ကြီးသော၊ တစ်ယူသန်သော၊ ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားသော ၊ အကြံဥာဏ်ဝေဖန်သုံးသပ်မှုကို လက်မခံသော သဘောတို့ ရှိသည်။ အရာရာကို ချစ်ခင်နှစ်သက်ဖွယ်ပြုမူ ဆောင်ရွက် အနိုင်ယူတတ်သည်။ ညမွေးမြင်းနှစ်ဖွားများသည် နေ့မွေး မြင်းနှစ်ဖွားများထက် တည်ငြိမ်သော ဘ၀ အကျိုးပေးများ ခံစားရတတ်၏။ တရုတ်လူမျိုးတို့၏ ရှေးဟောင်း အယူအဆ မြင်းသည် ပိုးနှင့် ပိုးထည်များကို ဆက်စပ်နေသည့်အားလျော်စွာ ထိုနှစ်ဖွားများမှာလည်း ပိုးနှင့် ပိုးထည်များတွင် အကျိုးပေး သန်ပေသည်။

မြင်းနှစ်ဖွားများသည် ပရိယာယ်ကြွယ်ဝသည့်အပြင် တဘက်သား ချီးမွမ်းပြောဆိုရာတွင်လည်း သိမ်မွေ့ညက်ညောသည်။ ထို့ကြောင့်လည်း သူတို့ကို လူချစ်လူခင်များခြင်း ဖြစ်သည်။ ယင်းတို့၏ ချို့ယွင်းချက်မှာ စကားများလွန်းခြင်း၊ ဟန်ထုတ်လွန်းခြင်း၊ အရိပ်သုံးပါး နားမလည်ခြင်းတို့လည်း ရှိတတ်သည်။ မြင်းနှစ်ဖွား အမျိုးသားများသည် ကောင်း၍ အမျိုးသမီးများအတွက် မကောင်းဟု တရုတ်များ အယူအဆ ရှိကြသည်။ အမျိုးသားတို့သည် မိတ်ဆွေအပေါင်းအသင်းများနှင့် အကျွမ်းတ၀င် ရှိတတ်ကြသည်။ ယင်းတို့သည် ကျကျနန ၀တ်စားတတ်ကြသည်။ အကြံဥာဏ်ယူသည်ထက် အကြံဥာဏ်ပေးတတ်ကြသည်။ အိမ်ထောင်ဦးစီးအနေဖြင့် ပိုင်စိုးပိုင်နင်းသဘော တစ်ကိုယ်ကောင်း ကြံသည့်စိတ်ဓါတ် ရှိတတ်သည်။ မြင်းနှစ်ဖွား အမျိုးသမီးများသည် ရှိုးမိုးထုတ်တတ်သူများဟူ၍ နာမည်ကြီးပြီး အလှအပကြိုက်တတ်သည်။ စိတ်ကူးယဉ်သမားများလည်း ဖြစ်ကြမည်။ အတင်းအဖျင်းပြောခြင်း၊ အငြင်းသန်ခြင်း၊ ခေါင်းမာခြင်း စသည့် ဥာဏ်များ ရှိတတ်သည်။ မိမိကိုယ်ကို မိမိယုံကြည်ခြင်း၊ စကားပြောကောင်းခြင်း၊ ဇ၀နဥာဏ်ရှိခြင်း၊ မာနကြီးခြင်း၊ ငွေကြေးရှာဖွေတတ်ခြင်း တို့လည်း ရှိတတ်သည်။

အချစ်ရေး၌ အပေးသမားများဖြစ်ကြပြီး အခြားသူများ၏ အပျော်ကြံခြင်း ခံရတတ်သည်။ စီးပွားရေး၌ ခွေးနှစ်ဖွားရှိသူနှင့် အလုပ်လုပ်က အောင်မြင်မည်။ နိုင်ငံရေး၊ ရုပ်ရှင်၊ ပြဇာတ် စသည့် အနုပညာလောက၌ အထူးအောင်မြင်နိုင်သည်။ မြင်းနှစ်ဖွားများသည် ကျား၊ ခွေးနှစ်ဖွားများနှင့် သင့်မြတ်သည်။ နွား၊ ယုန်နှင့် မြင်းနှစ်ဖွားတို့နှင့်ကား ဖီလာဖြစ်သည်။ ကြွက်နှစ်ဖွားနှင့်ကား ဓမ္မသောက ဖြစ်၏။ ယင်းတို့ အကောင်းဆုံး ဘ၀ကြင်ဖော်မှာ သိုးနှစ်ဖွား ဖြစ်သည်။

မြင်းနှစ်ဖွားများ၌ ထင်ရှားသူများမှာ ကရုရှက်၊ ရင်းဖရန့်၊ ရုစဗဲ့၊ ပတ်စချာ၊ အိုင်ဇက်နျူတန်၊ ဆိုဇင်နစ်ဇင်၊ဂျင်ဂျစ်ခန်၊ မာဂရက်မင်းသမီး၊ ၀င်ဆာမြို့စားကြီး အရစ်တိုတယ်အိုနာစစ်၊ ရှောင်ကွန်နရီ၊ ဘယ်ဂျီယန်ဘုရင် ဘော်ဒွင်၊ အမေရိကန် အာကာသသူရဲကောင်း နေးလ်အမ်းစထရောင်း၊ လီယိုနစ်ဘရက်ဇညက်၊ ကီမင်ကော့စ်နာ၊ ဂျိမ်းစ်ဒင်း၊ ဟာရစ်ဆန်ဖို့ဒ်၊ သောမတ်အယ်ဗာဒီဆင်၊ ဂျင်းဟက်မန်း၊ နယ်ဆင်မင်ဒဲလား၊ ဘောရစ်ယယ်ဆင်၊ မိုက်ကယ်ယော့၊ လူဝီပတ်ချာ၊ အန်န၀ါဆာဒတ်၊ မိုက်တိုင်ဆန်တို့ ဖြစ်သည်။


● ဆိတ်နှစ်ဖွား အဟော

ဆိတ်နှစ်သည် ယင်းနှစ်ရာသီ ဖြစ်သည်။ ဆိတ်နှစ်ဖွား သားသမီးများမှာ မိဘများကို လေးစားကြည်ညို ချစ်ခင်သူများဖြစ်ခြင်းကြောင့် စံပြ သားကောင်း သမီးကောင်းများ ဖြစ်လေ့ရှိ၏။ များသောအားဖြင့် သူတို့သည် မိဘရိုးရာ နောက်ခံအကြောင်းများ (အယူအဆများ) မှ သွေဖီပြုလုပ်လိုစိတ် မရှိကြပေ။ အစဉ်အလာ ဓလေ့ထုံးစံသမားများ ဖြစ်ကြပြီး ပုဂ္ဂလိက ခံစားချက်နှင့် လွတ်လပ်မှုကို အလေးထားလေ့ မရှိကြပေ။ သူတို့၏ သွင်ပြင်မူယာများသည် အရောင်များနှင့် မွမ်းမံထားပြီး ပြောသမျှ စကားလုံးများကိုလည်း ကြိုတင်စီစဉ် ရွေးချယ်ထားလေ့ရှိသဖြင့် ဘ၀လမ်းကြောင်းကို သတိထားရွေးချယ်ပြီး ဖြစ်သည့်အပြင် လက်တွေ့ကျကျ သုံးသပ်ချဉ်းကပ်ပြီး ပြုလုပ်လေ့ရှိကြသည်။ သူတို့မှာ မြင့်မြတ်သည့် အာဇာနည်စိတ်ဓါတ် သဘောမျိုးလည်း ကိန်းအောင်းနေသည်။ အခြားသူများအတွက် ကုသိုလ်ကံကောင်းထောက်မစေသည့်ပြင် တန်ခိုးအာဏာ ရာထူးဌာနန္တရ ရရှိသူများနှင့်လည်း ဆက်ဆံရတတ်သည်။ စာရေးဆရာကြီး တန်ချန်ရူးက “ဆိတ်ထီးသည် သူ့တွင်ရှိသော ဦးချိုကို အရမ်းမဲ့ အသုံးပြုသည်မဟုတ်၊ ဆိတ်အား မလှုပ်နိုင်အောင် ချုပ်ထားပါက တပဲပဲ အော်နေမည် မဟုတ်၊ နောက်ဆုံးသားသတ်ရုံတွင် အသတ်ခံရသည့်တိုင်အောင် ခုခံခြင်းမပြုပေ” ဟု ရေးသားထားဖူးသည်။ ထိုနည်းတူ ဆိတ်နှစ်ဖွားများသည် သဘောကောင်း မနောကောင်း ဖြစ်ကြသည်။

ထို့ပြင် ဆိတ်နှစ်ဖွားများသည် ကျက်သရေတင့်တယ်သော စေတနာ၊ မေတ္တာထားသော လောကီစည်းစိမ် ဖန်တီးခံစားဝါဒ လက်ကိုင်ထားသောသူ ဖြစ်သည်။ ရန်သူကို အောင်နိုင်သောအခါ ရွှင်လန်းဝမ်းသာမဆုံး ဖြစ်တတ်သော၊ ညံ့ဖျင်းစွာ စိတ်လှုပ်ရှားတတ်သော၊ လိုလားချက်ကို ရိုးသားစွာ တောင်းဆိုတတ်သော၊ အခက်အခဲ ကြုံတွေ့သောအခါ ကူညီမှုကင်းမဲ့တတ်သောသူ ဖြစ်သည်။ စဉ်းစားတွေးတောမှု၊ မိမိကိုယ်ကို ထိန်းချုပ်မှု၊ အခြားသူကို ရိုသေကိုင်းရှိုင်းလေးစားမှုနည်းသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိသည် လူ့အသိုင်းအ၀ိုင်းတွင် အရေးပါမှု နည်းတတ်သည်။ သတိပြု ဆင်ခြင်ပါ။ ထို့ပြင် ယင်းတို့သည် စိတ်ကူးယာဉ် သမားများလည်း ဖြစ်တတ်သည်။ ရိုးသား၍ အနုပညာပါရမီ ရှိကြသည်။ အ၀တ်အစား လှပစွာဆင်ယင်၍ ရှက်တတ်၊ အဆိုးမြင်တတ်၍ အခြားသူများအပေါ်၌ မှီခိုတတ်ကြမည်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သရုပ်ဆောင်သည့် ပညာရပ်များ၌ ပေါက်ရောက်အောင်မြင်တတ်ကြသည်။ ရာထူးကြီးများ၌ မမြဲတတ်ပေ။

ဆိတ်နှစ်ဖွားအမျိုးသမီးများသည် စိတ်ထားဖြူစင်မည်၊ အချိန်ကို လေးစားသူများမဟုတ်၊ သားသမီးကို အုပ်ထိန်းရာ၌ ခပ်လျော့လျော့ ခပ်ပေါ့ပေါ့ ဖြစ်တတ်သည်။ ခင်ပွန်းသည်များက ချစ်သည်ကို သစ္စာရှိရှိ စွဲစွဲလမ်းလမ်း ပြန်၍ ချစ်တတ်ကြသည်။ ဆိတ်နှစ်ဖွားများသည် ယုန်၊ ၀က်နှင့် မြင်းနှစ်ဖွားများနှင့် ပေါင်းဖက်သင့်၍ နွား၊ ခွေးနှင့် ကြွက်နှစ်ဖွားများကို ရှောင်သင့်သည်။ အကောင်းဆုံးမိတ်ဖက်မှာ မြင်းနှစ်ကောင်ဖွားသူပင် ဖြစ်သည်။

ဆိတ်နှစ်ဖွားများ၌ ထင်ရှားသူများမှာ မိုက်ကယ်ဘင်ဂျလို၊  မူဆိုလီနီ၊ အိုင်ဇက်အဆီမော့၊ တင်းနစ်ချန်ပီယံ ဘောရစ်ဘေကာ၊ စာရေးဆရာ ဆာအာသာကွန်နင်ဒွိုင်း၊ စစ်တုရင်ချန်ပီယံ ဘော်ဘီဖစ်ရှာ၊ မီခေးလ်ဘာချော့ဗ်၊ ပေါကစ်တင်း၊ အက်ဒဝင်မော့စ်ဆက်၊ အိုလီဗာနော့သ်၊ ဘရုစ်ဝီလီ၊ စာရေးဆရာ မတ်တွိုင်း၊ ရူးဒေါ့ဗာလင်တီနို၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ပဲရက်ဇ်ဒီကွေလျားနှင့် ဗြိတိန်ဝန်ကြီးချုပ် ဂျွန်မေဂျာတို့ ဖြစ်ကြသည်။


● မျောက်နှစ် အဟော

ထူးထူးခြားခြား ယင်းနှင့် ယန်း နှစ်မျိုးစလုံး ပေါင်းစပ်ထားသော နှစ်ဖြစ်သည်။ မျောက်နှစ်ဖွားများသည် ပြောဆိုဆက်ဆံရခက်သော ဂွတတ၊ ခိုးလိုးခုလု လူစားများ ဖြစ်သည်။ ယင်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စိတ်အပြောင်းအလဲ မြန်ဆန်တတ်၍ ကြွပ်ဆတ်ဆတ် နိုင်၏။ စိတ်ရူးပေါက်စွာ လုပ်တတ်သည်။ ရန်လိုတတ်ပြီး စိတ်တိုလွယ်သူများလည်း ဖြစ်သေး၏။ မျောက်နှစ်ဖွားသည် ဥာဏ်ပညာရှိသော ၊ ပျော်ရွှင်စွာနေထိုင်တတ်သော ၊မာနကြီးသော၊ မိတ်ဆွေသဘောကဲ့သို့ ဖော်ရွေသော လက္ခဏာများ ဒွန်တွဲနေသည်။ သို့သော် မထေမဲ့မြင် ပြုတတ်သော ၊ ကြွားဝါသော၊ ငြင်းခုန်တတ်သော၊ လှည့်ပတ်တတ်သော၊ စိတ်ပြောင်းတတ်သော၊ မသမာသောနည်းဖြင့် သာရာစီးတတ်သော၊ စပ်စုသောသူ ဖြစ်သည်။ တီထွင်တတ်ခြင်း၊ ဟိတ်ဟန်ကောင်းခြင်း၊ မှတ်ဥာဏ်ကောင်းခြင်းတို့လည်း ရှိတတ်သည်။ သူတို့သည် လွတ်လပ်စွာနေထိုင်ခြင်း၊ ရည်မှန်းချက် ကြီးမားခြင်း၊ အောင်မြင်လိုခြင်းအတွက် ၀ီရိယဥာဏ် စိုက်ထုတ်ခြင်း ရှိသောသူ ဖြစ်သည်။ အစပိုင်းတွင် စိတ်အားထက်သန်သလောက် အလွယ်တကူ အရှုံးပေးတတ်ခြင်း၊ အဆုံးမသတ်နိုင်ခြင်း၊ မျက်နှာလိုက်ခြင်းများ ရှိတတ်သည်။ သူတို့သည် ဟာသဥာဏ်လည်း ရှိ၍ ပညာဗဟုသုတ ရှာလိုစိတ် ပြင်းပြသူလည်း ဖြစ်သည်။ ပရိယယ်ပေါကြွယ်ဝသည့်ပြင် ကောက်ကျစ်စဉ်းလဲတတ်သေးသည်။

မျောက်နှစ်ဖွားအမျိုးသားများသည် ပျော်တတ် ရွှင်တတ်၍ ချစ်ခင်ဖွယ်ကောင်းသော်လည်း စိတ်ချရသူများ မဟုတ်ပေ။ အရူးအမူး ချစ်တတ်သော်လည်း ကြာလျှင် ရိုးသွားတတ်သည်။ ထို့ပြင် ယင်းတို့သည် အာဏာရမက် တက်မက်ကြ၍ သူတို့မှာ ရှိသော အသိပညာဥာဏ်ကို အာဏာရရှိရေးအတွက် အသုံးချကြသည်။ အမျိုးသမီးများမှာ အိမ်မှုကိစ္စများ၌ စိတ်မဝင်စား၊ ပစ်စလက်ခတ် နေတတ်ကြသည်။ ဖန်တီးဥာဏ် ရှိသည်။ အချစ်ရေး၌ ကံဆိုးတတ်ကြသည်။ ချစ်လိုက်ကွဲလိုက် ဖြစ်ကြသည်။ မျောက်နှစ်ဖွား ကျား၊မ မရွေး အချိန်ကျ၍ လိုအပ်သည့်အခါမှ အသင့်သုံးစွဲရန် သူတို့အသိဥာဏ်ကို သိုသိုသိပ်သိပ် သိမ်းဆည်းထားတတ်၏။ သူတို့၏ ပလွှားဝင့်ဝါမှုကို မြှောက်ပင့်ပေးခြင်းဖြင့် မျောက်နှစ်ဖွားများကို ပေါင်းသင်းရလွယ်ကူ၏။ အိမ်ထောင်ရေး၌ မြင်း၊ မြွေ၊ ၀က်နှင့် အထူးသဖြင့် ကျားနှစ်ဖွားများကို ရှောင်သင့်သည်။ အသင့်တော်ဆုံး ဖူးစာဖက်များမှာ နဂါး၊ ကြွက်၊ ဆိတ်နှစ်ဖွားများ ဖြစ်ကြည်။

မျောက်နှစ်ဖွားများ၌ ထင်ရှားသူများမှာ ထရူးမင်း၊ ဂျူးလီယပ်ဆီဇာ၊ ချိန်ဘာလင်၊ လီယိုနာဒိုဒါဗင်ချီ၊ ဂေါ်ဂင်၊ မီလတန်၊ ကိုင်ရွန်၊ ချားလ်ဒစ်ကင်း၊ ဒူးမား၊ အဲလီဇဘက်တေလာ၊ လင်ဒန်ဂျွန်ဆင်၊ ဂျက္ကလင်းဘိဆက်၊ ယူဘရိုင်းနား၊ မိုနာကိုမင်းသမီး ကာရိုလင်း၊ အိုင်ရန်ဖလဲမင်း၊ ပုတ်ရဟန်းမင်းကြီး ဒုတိယဂျွန်ပေါ၊ အက်ဒဝပ်ကနေဒီ၊ မာရီယိုပူဇို၊ အိုမာရှာရစ် ၊ ရော့ဒ်စတီးဝပ်၊ ဝင်ဆာမြို့စားကတော် မစ္စက်ဆင်မဆင်၊ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ တို့ ဖြစ်ကြသည်။


● ကြက်နှစ် အဟော

ကြက်နှစ်သည် ယန်းနှစ်ဖြစ်၏။ ကြက်နှစ်ဖွားများသည် ကိလေသန် ပူပန်တတ်၍ လေးလေးနက်နက် ခံစားမှုမရှိဘဲ ဆန့်ကျင်ဘက် လိင်များနောက်သို့ တန်းလန်းစွဲ လိုက်လေ့ရှိသည်။ သူတို့သည် ကျန်းမာသန်စွမ်း၍ စိတ်ဓါတ်ပြင်းထန်သည့်ပြင် ဖြတ်လတ်သွက်သူများ ဖြစ်ကြ၏။ ကြက်ကို မကောင်းမှုများမှာ ကာကွယ်ပေးတတ်သော အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားသောကြောင့် ကြက်နှစ်ဖွား အမျိုးသားများသည် ချစ်ခင်နှစ်သက်ဖွယ် လင်ယောက်ျားများ ဖြစ်သည်။ နေ့ဘက် မွေးသူများသည် မာနကြီး၍ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချသူများ ဖြစ်သည်။ ညဘက်မွေးသူများမှာ ဆုံးမလွယ်ကူ၍ ပျော့ပျောင်းသော သဘောရှိ၏။ များသောအားဖြင့် ကြက်နှစ်ဖွားများသည် လူသိများသော  ပရိတ်သတ် ကြိုက်နှစ်သက်သော အနုပညာရှင်များ ဖြစ်ကြသည်။

သို့သော် စိတ်ထဲတွင် တစ်ဦးတည်း နေလိုမှု ထိန်းချုပ်မှုတို့ကို လိုလားသည်။ ပွင့်လင်းသော အကြံဥာဏ်ရှိသူ၊ ချီးမြှင့်ခံရလျှင် နှစ်သက်သူများ ဖြစ်သည်။ ဖြုန်းတီးတတ်သော ကျေနပ်နှစ်သိမ့် တင်းတိမ်ရောင့်ရဲတတ်သော  တစ်ခါတစ်ရံ အောင်မြင်မှုအတွက် ကြွားဝါတတ်သော လက္ခဏာရှိသည်။ ယင်းတို့သည် ရဲရင့်၍ အတွေးအခေါ် နက်နဲကြ၏။ လုပ်ရည်ကိုင်ရည်ရှိပြီး ပွင့်ပွင့်လင်းလင်း ရှိသည်။ ကြွက်နှစ်ဖွား အမျိုးသားများသည် ငွေဖြုန်းတီးတတ်သည့် လင်ယောက်ျားများ ဖြစ်တတ်သည်။ မိမိအိမ်ထောင်ကို ကောင်းစွာထားရန် စိတ်ကောင်းရှိသော်လည်း လက်တွေ့မလုပ်တတ်ကြပေ။ အချစ်ကိစ္စ၌ ကြွက်နှစ်ဖွားများသည် မတည်ငြိမ်ကြ။ အိမ်ထောင်ရှင် အမျိုးသမီးများသည် မိခင်ကောင်းများဖြစ်တတ်၍ အိမ်မှုကိစ္စများကို ကောင်းစွာနိုင်နင်းကြမည်။ လင်ယောက်ျားအပေါ်၌ အားကိုးအားထား မပြုကြပေ။

အလုပ်အကိုင်အားဖြင့် သရုပ်ဆောင်ကောင်း ဖြစ်နိုင်သည်။ ငွေကြေးကိုင်တွယ်စီမံရာ၌ ညံ့ဖျင်းမည်။ စီးပွားဖက်အဖြစ် နဂါး သို့မဟုတ် ကျားနှစ်ဖွားသူတို့ကို ရွေးသင့်သည်။ မျောက်နှစ်ဖွားသူတို့နှင့် စီးပွားတူမလုပ်သင့်ပေ။ အိမ်ထောင်ပြုရာ၌ နွား၊ မြွေ၊ နဂါးနှစ်များကို ရွေးချယ်ပါ။ ကြွက်၊ ခွေးနှင့် ကြက်နှစ်ဖွားများနှင့် ပေါင်းဖော်ရသော် မဆိုးလှပေ။ ယုန်နှစ်ဖွားများကိုကား လုံးဝစိတ်ကူးမထည့်သင့်ပေ။

ထင်ရှားသည့် ကြက်နှစ်ဖွားများမှာ မိုက်ကယ်ကိန်း၊ စတိဒေးဗစ်၊ အက်ဒင်ဘာရာမြို့စားကြီး ဖိလစ်မင်းသား၊ ဒီအိပ်ခ်ျလော့ရင့်စ်၊ ဆမ္မားဆက်မွန်၊ ဂျိမ်းစ်မေဆန်း၊ ယိုကိုအိုနို၊ နန်စီရေဂင်၊ ဂျက္ကလင်းဆူဆန်၊ ဆာပီတာဥစတီနော့ဗ်၊ ဂျုံးကောလင်း၊ရုဒတ် ကစ်ပလင်း၊ ဘာဘရာတေလာ၊ဘရက်ဖို့ဒ်၊ မိုက်ကယ်ဟက်ဆဲတင်း၊ ဒေါလ်လီပါတွန်နှင့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ ဖြစ်ကြသည်။


● ခွေးနှစ်အဟော

ခွေးနှစ်အတွင်း မွေးဖွားသူများမှာ ယင်းဘဝနှင့် သက်ဆိုင်သည်။ သူတို့သည် လျင်မြန်ဖြတ်လတ်၍ အကင်းပါးသည့်အပြင် အမြဲအသင့်ရှိနေကြသည်။ အိမ်စောင့်ခွေး ဟူသော အသုံးအနှုန်းမှာ အလွန်ဆီလျော် လိုက်ဖက်သော အသုံးအနှုန်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဖွားသူများသည် မိမိကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း၊ ကောင်းစွာ ကာကွယ်စောင့်ရှောက်တတ်၏။ နေ့မွေးများသည် သာယာဖြောင့်ဖြူး လွယ်ကူချမ်းသာသော ဘ၀စည်းစိမ်ကို အပြည့်အဝ ခံစားခွင့်ရ၊ ငွေကြေးရွှင်သော်လည်း ညမွေးသူများမှာ ဘဝရပ်တည်ရေးအတွက် အောင်မြင်မှုနည်းပါး၍ တကယ့်တိရစ္ဆာန်ခွေးပမာ ခက်ခဲပင်ပန်းစွာ ရှာဖွေစားသောက်ရသည်။ ခွေးနှစ်ဖွားများသည် အခြေခံအားဖြင့် တစ်ဖက်သားအား ကူညီစိတ်အပြည့်ရှိသောကြောင့် သူတို့၏ အကြံပြုချက်များကို အမှတ်မထင် မပြုသင့်ပေ။ သို့ရာတွင် ပြုမူဆောင်ရွက်ပုံ သေသပ်သဖြင့် ဝင်ရောက်စွက်ဖက် ခလောက်ဆန်သလို ထင်မှတ်ရတတ်သည်။ သူတို့သည် တစ်ကိုယ်ကောင်းစိတ်ကင်းပြီး သစ္စာရှိသူများ ဖြစ်တတ်ပါသည်။ သူတို့၏ ထိုးထွင်းသိမြင်တတ်သော ဇဝနဥာဏ်သည် သူတို့၏ ထက်မြက်သော စွမ်းအားတစ်ခု ဖြစ်သည်။

များသောအားဖြင့် ခွေးနှစ်ဖွားများသည် လျှို့ဝှက်တတ်သော၊ ခေါင်းမာသော၊ တစ်ကိုယ်တည်း အတွေးနှင့် စိတ်လှုပ်ရှားနေသောသူ ဖြစ်သည်။ လောကကို အပြစ်မြင်သော၊ အပျက်မြင်ဝါဒ လက်ကိုင်ထားသော သစ္စာရှိသော၊ ရိုးသားယုံကြည်ရသော၊ စိတ်ချအားကိုး မျက်နှာလွှဲ နားလည်လွယ်သော၊ အမြော်အမြင် ဆင်ခြင်တတ်သော၊ လျှို့ဝှက်မှုအတွက် စိတ်ချရဆုံးသော ၊ အလုပ်ကြိုးစားသော ၊ ရက်ရောတတ်သောသူ ဖြစ်သည်။ သို့သော် သဲကဲစွာ မပြောဆိုတတ်မှု၊ ပရဟိတအကျိုးနှင့် ဆန့်ကျင်မှုတို့ ရှိတတ်သည်။ ယင်းတို့သည် ငွေကြေးမမြဲတတ်ပေ။ ရလိုက် ကုန်လိုက် လူစားမျိုးဖြစ်သည်။ ထို့ပြင် ခွေးနှစ်ဖွား အများစုသည် လူအများနှင့် ရောထွေးဆက်ဆံခြင်းကို မကြိုက်၊ ဘာသိဘာသာ နေထိုင်တတ်ကြသည်။ အဆိုးမြင် သဘောထားဘက်သို့ ယိမ်းသော်လည်း သဘောထား မသေးကြ။ ဥပဒေ၊ ဆေး၊ ဘာသာရေးတို့၌ ထူးချွန်မည်။  မြင်း သို့မဟုတ် ယုန်နှစ်ဖွားသူများနှင့် တွဲဖက်လုပ်ကိုင်ပါက စီးပွားရေးဖြစ်ထွန်းမည်။ အိမ်ထောင်ဖက်အဖြစ် ကျားနှစ်ဖွားများကို ရွေးသင့်ပေသည်။ ဆိတ်၊ နဂါး သမားများကို ရှောင်သင့်သည်။ ခွေးနှစ်ဖွားအမျိုးသမီးများသည် သစ္စာရှိသော အထိန်းအသိမ်းကောင်းသော အိမ်ရှင်မများ ဖြစ်တတ်သည်။

ခွေးနှစ်ဖွားများ၌ ထင်ရှားသူများမှာ ဆိုဖီယာလောရင်း၊ ဆွီဒင် (၁၆)ဆက်မြောက် ကားလ်ရူစတပ်ဘုရင်၊ ပန်းချီကျော် ပေါလ်ဇေးဆင်း၊ ဆာဝင်စတန်ချာချီ၊ အမေရိကန် သမ္မတ ဘီလ်ကလင်တန်၊ ဟင်နရီကူးပါး၊ တင်မိုသီဒယ်တန်၊ ဗစ်တာဟူရိုး၊ ရှာလီမက်လိန်း၊ မက်ဒေါနား၊ နော်မန်မင်လာ၊ ဂိုဒါမီယာ၊ ပရက်စ်လေ၊ စတားလုံး၊ မာသာထရစ်ရှာ၊ ဗော်တဲယား၊ ၀ီလျံမင်းသား၊ ရောဘတ်လူဝီစတီဗင်ဆန်၊ ဒေးဗစ်နီဗင်၊ လီနင်၊ ဆိုကရေးတီး၊ ဘရစ်ဂျစ်ဘားဒေါ့၊ မေရီကွန်၊ မက်ဂီစမစ် တို့ ဖြစ်ကြသည်။


● ၀က်နှစ် အဟော

ဝက်နှစ်သည် ယင်းနှင့် ယန်း ဘဝနှစ်ခုလုံး ရောထွေးနေသော ရှားရှားပါးပါး နှစ်တစ်နှစ်ပင် ဖြစ်သော်လည်း “ယင်း” ဘဝလွန်ကဲသည်ဟုလည်း ဆိုနိုင်သည်။ဤနှစ်ဖွားများသည် သန်စွမ်းရဲရင့်သည်၊ ဥာဏ်ထက်မြက်ခြင်း မရှိစေကာမူ အလုပ်ကြိုးကြိုးပမ်းပမ်း လုပ်တတ်သည်။ ဗဟုသုတရှာမှီးရန် စိတ်ဝင်စားသည်။ ယင်းတို့သည် ကြွားဝါတတ်ခြင်း၊ မြှောက်ပင့်တတ်ခြင်း ရှိ၍ တစ်ခါတစ်ရံ ကာမဂုဏ်စိတ် ပိနေတတ်သည်။ စိတ်ဓါတ်အားဖြင့်  အေးဆေးတည်ငြိမ်သိမ်မွေ့၍ ရှက်တတ်သည်။ ယဉ်ကျေး၍ စိတ်ကောင်းရှိသည်။ သစ္စာရှိ၍ အလွန်အားကိုးရသော မိတ်ဆွေများ ဖြစ်သည်။ အငြင်းအခုံ မလိုလားကြသော ရိုးသား၍ စီးပွားရေး၌ သူပြိုင်ငါပြိုင် မလုပ်လိုကြပေ။ ငွေကို မက်မက်မောမော မရှိလှပေ။ သူတစ်ပါး၏ အလိမ်အညာကို ခံရမည်။ တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်တတ်သူများဖြစ်၍ တစ်ယူသန်တတ်သည်။ တစ်ခါတစ်ရံ၌ ပျင်းရိလေးတွဲမည်။ ၀က်နှစ်ဖွားအမျိုးသားများသည် ၀တတ်သည်။ ၀က်နှစ်ဖွား အများစုမှာ အေးဆေးတည်ငြိမ်၍ သဘာဝအားဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူများ ဖြစ်သည်။ အများနှင့် ဆက်ဆံရာ၌ လျှို့ဝှက်ဆန်လေ့ ရှိသည်။ ပွင့်ပွင့်လင်းလင်း မရှိသူများ ဖြစ်သည်။ အန္တရာယ်နှင့် ကြုံတွေ့သောအခါ အစဉ်အမြဲ အသင့်အနေအထား ရှိတတ်ကြသည်။ ယင်းတို့သည် အောက်သက်ကြေ၍ လက်တွေ့ဆန်သူများလည်း ဖြစ်သည်။ သူတို့သည် အစားအစာနှင့် အာရုံခံစားမှုများတွင် ပျော်မွေ့၍ သင့်တင့်သည်ထက် ပို၍ ဇိမ်ခံလေ့ ရှိသည်။

ဝက်နှစ်တွင် မွေးဖွားသော အမျိုးသမီးများသည် သစ္စာရှိသော ဇနီးများဖြစ်၍ သားသမီးများကို ချစ်ခင်တွယ်တာသည့် မိခင်ကောင်းများ ဖြစ်ကြသည်။ အမျိုးသားများ ဖြစ်ပါက မိမိသားမယားကို ရိုးမြေကျ စွဲစွဲလမ်းလမ်း သစ္စာရှိစွာ ချစ်တတ်သည်။ တစ်နည်းဆိုရသော် မိမိအိမ်ထောင်ဖက်အပေါ် မေတ္တာမပျက် သစ္စာဖက်၍ ရွှေလက်မြဲမြဲ တွဲသွားမည့် သူများဖြစ်သည်။ ကြင်နာသနားတတ် သူများလည်း ဖြစ်တတ်သောကြောင့် သနား၍ အိမ်ထောင်ဖက် ပြုခဲ့သူများလည်း တွေ့ရများသည်။ ၀က်နှစ်ဖွားများသည် အိမ်ထောင်ဖက်အဖြစ် ယုန်၊ ဆိတ်၊ ကျား၊ မြင်းနှစ်မွေးဖွား သူများကို ရွေးချယ်သင့်ပေသည်။ မြွေနှစ် မွေးဖွားသူများနှင့်မူ အထူးရှောင်သင့်သည်။ မျောက်နှစ်ဖွားများကို ယူလို့ရသော်လည်း တကျက်ကျက် ရန်ဖြစ်နေတတ်သည်။ ယင်းတို့ သတိပြုရန်မှာ ကာမဂုဏ်အာရုံနှင့် စည်းစိမ်ခံမှုတွင် လွန်ကဲတတ်သူဖြစ်၍ ကျန်းမာရေး ထိခိုက်နိုင်လေသည်။

ဝက်နှစ်ဖွားများ၌ ထင်ရှားသူများမှာ အော်လီဗာကရွန်းဝဲလ်၊ ဒေါက်တာရွိုက်ဇာ၊ ဟင်နရီဖို့ဒ်၊ ရော့ကီဖဲလား၊ အဋ္ဌမမြောက် ဟင်နရီဘုရင်၊ ဘစ်စမတ်၊ နိုဝယ်ကားဝပ်၊ ဂျူအယ်လင်တန်၊ ချန်ကေရှိတ်၊ ဘာဘရာကာဆယ်၊ ဗလာဒီမာနာဆိုကော့၊ တင်နက်ဆီဝီလျံ တို့ ဖြစ်ကြသည်။

ဆရာသုတဆန်း

ငွေဝင်​​အောင်​ ​ငွေဖိတ်​​ခေါ်နည်း

ငွေဖိတ်​​ခေါ်ဖို့အတွက်​ စဉ်းစားရမှာ​တွေကအများကြီးရှိ​နေပါတယ်​ .... သာမန်​ဆိုရင်​​တော့ ဘာမှစဉ်းစားမ​နေပဲ ... ​ငွေ ( ၂င်္လာ ) ကို အ၀င်​ဓာတ်​ဆင်​လိုက်​ရုံနဲ့ပြီးပါတယ်​ ... ဒါ​ပေမယ့်​ ကျ​နော်​က​တော့ အများကြီးထည့်​သွင်းစဉ်းစားပါတယ်​ ... ဒီလို​သေ​သေချာချာစဉ်းစားခဲ့လို့လည်း ဓာတ်​ရိုက်​ပညာမှာ ​အောင်​ပွဲခံခဲ့တာလို့ ယုံကြည်​ပါတယ်​ ... ​ငွေဝင်​ချင်​တယ်​ဆိုတိုင်း ​ငွေဝင်​​အောင်​မလုပ်​နိုင်​​သေးပါဘူးခင်​ဗျာ ... ​ငွေဝင်​ကံရှိ​နေမှသာ ​ငွေဝင်​​အောင်​လုပ်​နိုင်​ပါလိမ့်​မယ်​ ... ရှင်း​အောင်​နည်းနည်း​ပြောရရင်​ ... အိမ်​​ရှေ့မှာ​ရေကန်​ကြီးရှိ​ပေမယ့်​ သူ့အလိုလို​တော့ အိမ်​ထဲကို​ရေ​တွေဝင်​မလာနိုင်​ပါဘူး ... ​ရေ​တွေဝင်​လာ​စေချင်​ရင်​​တော့ ​မြောင်း​ဖောက်​​ပေးမှဖြစ်​ပါလိမ့်​မယ်​ ... ဒီလိုပဲ ... ​ငွေဝင်​ကံရှိ​နေ​ပေမယ့်​ ကိုယ်​က၀င်​လာ​အောင်​လမ်း​ကြောင်းမ​ပေးသ​ရွေ့ ​ငွေမ၀င်​ပါဘူး ... ​နောက်​တစ်​ခုက ​ငွေဝင်​ကိန်းရှိပြီး ​ငွေဝင်​​အောင်​လမ်း​ကြောင်း​ပေး​နေတာ​တောင်​မှ ​ငွေမ၀င်​တာ​တွေရှိတတ်​ပါ​သေးတယ်​ ... ဘာ​ကြောင့်​ပါလဲ ... ရှင်းပါတယ်​ ... ​ငွေဝင်​ဖို့လမ်း​တွေကို ကိုယ်​ကပြန်​ပိတ်​ထားလို့ပါ ... ခုကျ​နော်​​ပြော​နေတာ​တွေအားလုံးက ဂမ္ဘီရအမြင်​​တွေ​နော်​ ... မရှုပ်​ကုန်​နဲ့ ... ရှင်း​အောင်​ဖတ်​ ... ထပ်​​ပြောမယ်​ ... ​ငွေမ၀င်​တာဟာ ... ​ငွေဝင်​လမ်း​တွေပိတ်​ထားလို့လည်းဖြစ်​နိုင်​ပါတယ်​ ... ဒီလိုပါ ... မိန်းမထမီ​တွေဟာ အနိဋ္ဌပါ .. ဒါကို အိမ်​​ရှေ့ဣဋ္ဌဋ္ဌာနမှာ လှန်းထားရင်​ လာဘ်​ပိတ်​တတ်​ပါတယ်​ ... ဒီလိုပဲ ... ဘုရားစင်​ဆိုတဲ့ ဣဋ္ဌ​နေရာမှာ ဘုရားနဲ့မသက်​ဆိုင်​တဲ့ ပစ္စည်းမျိုး​တွေတင်​ထားမိလို့ လာဘ်​ပိတ်​တာ​တွေ၊ မနက်​​လေမချွန်​ပဲ  .. ည​လေချွန်​မိလို့ လာဘ်​ပိတ်​တာ​တွေ၊ အိမ်​​နောက်​​ဖေးက ထမင်းအိုးကို အိမ်​​ရှေ့မှာထုတ်​ယူစားသုံးမိလို့လာဘ်​ပိတ်​တာ​တွေ ... ​ပြောရရင်​​တော့ အများကြီး​ပေါ့ ... ဒီ​တော့ ​ငွေဝင်​​အောင်​ဖိတ်​​ခေါ်တဲ့​နေရာမှာ ဒါ​တွေကိုထည့်​သွင်းစဉ်းစားဖို့လိုပါတယ်​ ... ကိုယ်​စီရင်​မယ့်​ဓာတ်​က အစွမ်းနည်း​နေရင်​ ( ၀ါ ) ​ငွေဝင်​လမ်းပိတ်​ဆို့တဲ့ဓာတ်​ကိုမှမရှင်းနိုင်​ရင်​ ထင်​သ​လောက်​မစွမ်း​တော့ပါဘူး ... ဒါကိုအထူးဂရုစိုက်​ရပါမယ်​ ... ​ဗေဒင်​​မေးသူဆိုတာ ... ပညာကိုသိချင်​တာထက်​ ပညာရဲ့အကျိုးကိုခံစားချင်​တာများပါတယ်​ ... ​ဟောရင်​မှန်​မှ ... လုပ်​​ပေးရင်​စွမ်းမှ ... ။ ဒီ​တော့ ... ​ပေးသူ ဆရာက သူတို့ရဲ့အားနည်းချက်​​တွေကို ပိုင်​ပိုင်​နိုင်​နိုင်​အရင်​ရှာပြီးစီရင်​နိုင်​ရပါမယ်​ ... လွယ်​​တော့မလွယ်​ဘူး​ပေါ့ ... ​မေးသူဟာ လာဘ်​ပိတ်​​စေတဲ့အရာတစ်​ခုခုလုပ်​ထားနိုင်​ပါတယ်​ ... ဆရာကခန့်​မှန်းရမှာပါ ... မခန့်​မှန်းနိုင်​ရင်​ ​ပေးတဲ့ယတြာဟာအဆင်​မ​ပြေတာများမယ်​ ... ခန့်​မှန်းနိုင်​ရင်​ ​ပေးတဲ့ယတြာထိ​ရောက်​ပါမယ်​ ...  ​ပြော​နေကြာပါတယ်​ ... ​ငွေဖိတ်​​ခေါ်ဖို့ ​ငွေဝင်​ကံရှိမရှိ အရင်​တွက်​လိုက်​ပါဦး ... ပြီးရင်​ ဘယ်​​လောက်​လာဘ်​ပိတ်​​နေပါ​စေ ... ပွင့်​​အောင်​ဖွင့်​နိုင်​တဲ့ ​အောက်​ပါနည်းလမ်းကိုသုံးလိုက်​ပါ ...
အသက်​မှန်​ ကို ၄ နဲ့​မြှောက်​ပါ ... အ​ရေအတွက်​အတိုင်းမုန့်​လုံး​ရေ​ပေါ်လုံးပါ ... ပြီးရင်​ ​ကြွေပန်းကန်​တစ်​ချပ်​ထဲ အင်​ဖက်​ခင်းပြီး မုန့်​လုံး​ရေ​ပေါ် ၁၀ လုံးထည့်​ပါ ... ကျန်​တာကို​တော့ ​ဝေလို​ဝေ ၊ စားလိုစားပါ ... အဲဒါကို တနင်္လာ​နေ့ မနက်​ ၉း၄၅ မှာလှူ​ပေးရပါမယ်​ ... တစ်​လတခါလုပ်​ကြည့်​ပါ ... လှူထားတုန်းခဏမှာ ဒိဝါတပတိဂါထာရွတ်​တာတို့ဘာတို့ လုပ်​ချင်​လုပ်​​ပေါ့ ... ဘယ်​​လောက်​ထိ​ရောက်​သလဲဆိုတာက​တော့ ... လုပ်​ကြည့်​မှသိပါလိမ့်​မယ်​ ... ​ငွေ​ကြေးအဆင်​​ပြေကြပါ​စေ ...

၁၀တန်းဖြေဆိုကြမယ့် ကျောင်းသား/ကျောင်းသူတို့အတွက် …

ပညာရေးကံကောင်းပြီး ပညာရေးကံကို အထောက်အပံ့ဖြစ်စေတဲ့ ယတြာလေးတစ်ခုတင်ပြလိုက်ပါတယ်။ ၁၀တန်းဖြေဆိုကြမယ့် ညီငယ်/ညီမငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတိုးတက်ပြီး ပိုင်ပိုင်နိုင်နိုင်ဖြေဆိုနိုင်ကြစေဖို့အတွက်ပါ။ ၁၀တန်းလို့ဆိုလိုက်တာနဲ့ ညီငယ်/ညီမငယ်တချို့ဟာ ၁၀တန်းနတ်ကြီးတယ်ဆိုပြီး ကြောက်လန့်စိုးရိမ်ကုန်ကြပါတယ်။ စာမေးပွဲအခန်းထဲမှာ မေးခွန်းဖတ်ပြီး ခြေဖျားလက်ဖျားအေးလိုအေး၊ မူးလိုမူး၊ ဝေလိုဝေနဲ့ ထိတ်လန့်စိတ်မခိုင်ဖြစ်ကုန်တတ်ကြတယ်။ စာတွေကို ပိုင်ပိုင်နိုင်နိုင်ကျက်ထားရင်ကြောက်စရာမလိုပါဘူး။ စိုးရိမ်စရာလည်းမရှိပါဘူး။ ဒါပေမယ့် အချို့က အကြောင်းမဲ့သက်သက်ကို အစိုးရိမ်ပိုလွန်းနေကြပါတယ်။ နောက်တစ်ခုပြောချင်ပါသေးတယ်။ ဒီယတြာလုပ်ထားရင် ၁၀တန်းအောင်မှာလားလို့ ညီငယ်တချို့ ကျနော့်ကို မေးကြပါတယ်။ ဒီယတြာတွေက ၁၀တန်းအောင်အောင်လုပ်ပေးတဲ့ယတြာတွေလုံးဝမဟုတ်ပါဘူး။ အောင်ခြင်းမအောင်ခြင်းက ကိုယ်တိုင်ကြိုးစားရမှာပါ။ စာတစ်လုံးမှမကျက်ပဲ ယတြာလုပ်ပြီးသွားဖြေလည်း ကျတာကကျမှာပါပဲ … ဒါဖြင့် ယတြာလုပ်နေစရာလိုသေးလို့လားဆရာရယ် ကိုယ့်ဘာသာစာပိုင်အောင်ကျက်ပြီးဖြေတော့မှာပေါ့လို့ အချို့က ဆိုပြန်တယ်။ ဒါလည်းရတာပါပဲ … ဒါပေမယ့် ယတြာရဲ့သဘောကို သိစေချင်ပါတယ်။ ယတြာတွေဟာ မိမိရဲ့ပညာရေးကံကို အထောက်အပံ့ဖြစ်စေတာပါ။ ဥပမာ … ကိုယ်ကျက်ထားတဲ့စာကို တိုက်တိုက်ဆိုင်ဆိုင်မေးခွန်းထွက်လာစေတယ်။ မေ့လျော့နေတဲ့စာတွေကို ပြန်လည်အမှတ်ရစေတယ်။
ကျန်းမာရေးအညံ့အဖျင်းတွေကနေလွတ်မြောက်စေပါတယ်။ ဒီလိုအဖျက်ဓာတ်တွေမလာအောင် ယတြာတွေက ထောက်ပံ့ကူညီပါတယ်။ ဒါကြောင့် ယတြာကို ယုံယုံကြည်ကြည်လုပ်ဆောင်ထားခြင်းအားဖြင့် မိမိရဲ့ ပညာရေးကံကို မြှင့်တင်ရာရောက်ပါတယ်။ ကဲ … လိုရင်းစလိုက်ရအောင် …
 
ဗာဒံ ( ဗန်ဒါ ) ရွက်တစ်ရွက်ရဲ့ အချောဘက်မှာ ဆော့ပင် ( Marker Pen ) နဲ့ မိမိရဲ့ခုံနံပါတ်အပြည့်အစုံကို ချရေးပါ။ ဥပမာ … ဆပသ - 9012 
ပြီးရင် အဲဒီအရွတ်ကို ဖန်ခွက်တစ်လုံးမှာပတ်ပါ။ ပြန်မပြေအောင် အပ်ချည်ဘာညာသုံးပါ။
အဲဒီဖန်ခွက်ထဲကို ရေထည့်ပြီး တံခွန် ၉ လုံးထည့်ပါ။ ပြီးရင် အောက်ပါနေ့သားအလိုက် အညွန့်တွေထည့်ပါ။
တနင်္ဂနွေသားသမီး … ကံ့ကော် ၂ ညွန့်။
တနင်္လာသားသမီး … ဇော်စိမ်း ၃ ညွန့်။
အင်္ဂါသားသမီး … ရွက်လှ ၄ ညွန့်။
ဗုဒ္ဓဟူးသားသမီး … မေမြို့ ၅ ပွင့်။
ကြာသပတေးသားသမီး … သပြေ ၆ ညွန့်။
သောကြာသားသမီး … နှင်းဆီ ၇ ပွင့်။
စနေသားသမီး … အုန်း ၁ ညွန့်။
ပြီးရင် အစီရင်ဖန်ခွက်ကို ဘုရားမှာတင်လှူပြီး ပညာရေးအတွက် လိုရာဆုတောင်းပါ။ ပြီးမှ စာမေးပွဲသွားဖြေပါ။ စတင်လုပ်ရမှာက စာမေးပွဲဖြေဆိုမယ့်နေ့မနက်ပိုင်းဖြစ်ပါတယ်။ နောက်ရက်တွေမှာလည်း အညွန့်တွေလဲလှူ လှူပေးရမှာပါ။ ကျန်တာတွေတော့ မလဲလည်းရပါတယ်။ လဲနိုင်ရင်တော့ ပိုကောင်းတာပေါ့ … စာမေးပွဲရက်တိုင်းလုပ်ပေးခြင်းအားဖြင့် နေ့အလိုက်ဖြေဆိုမယ့် ဘာသာတွေအတွက် ကံကောင်းထောက်မမှုကိုဖြစ်စေပါလိမ့်မယ်။ ယုံယုံကြည်ကြည်လုပ်သွားပါ။ စာတော့ကျက်ထားပါရဲ့ … ဖြေဆိုခါနီးကျမှ အစမေ့နေလို့ မဖြေခဲ့ရဘူး။ ဖြေနေရင်း အဆုံးသတိမရတော့လို့ မဖြေခဲ့ရဘူးမဖြစ်ရလေအောင် … ဇဲန်းဒါး ( Zenda ) ကို စာတွေမေ့သွားတဲ့အခါ ရွတ်ဖို့မမေ့လိုက်ပါနဲ့ … စာမေ့သွားတဲ့အခါ ဒီသံစဉ်လေးကို အထပ်ထပ်ရွတ်ပေးပါ။ ဖျတ်ခနဲဆိုသလို စာတွေပြန်လည်အမှန်ရလာစေပါလိမ့်မယ်။ အားလုံးပဲ … အမှတ်ကောင်းတွေရရှိပြီး ဂုဏ်ထူးထွက်ကြပါစေ ….


ဆရာသုတဆန်း

အလွယ်ဆုံးမဟာဘုတ် Excel ပရိုဂရမ်

မဟာဘုတ်ပညာဆိုတာ မြန်မာ့ရိုးရာပညာစစ်စစ် တစ်ခုပါ။ လွယ်လွန်းတော့လူတွေစိတ်မ၀င်စားကြပါဘူး။ ကျနော်ကတော့ ဗေဒင်နဲ့ပတ်သက်ရင်ဘာမဆိုစိတ်ဝင်စားတယ်။ ဒါပေမယ့် ဟိုဟာကျော်ရေး၊ ဒီဟာကျော်ရေးလုပ်နေတာနဲ့ မဟာဘုတ်ပညာကို တသီးတသန့်မရေးဖြစ်သေးပါဘူး။ အခုလည်း သုံးရလွယ်တဲ့ မဟာဘုတ် Excel ပရိုဂရမ်လေးတစ်ခုရေးဖြစ်သွားပါတယ်။ အဲဒီမှာ ဆန်းပညာတွေပါထည့်ရေးမယ်လို့ကြံရင်း မရေးဖြစ်သေးတာနဲ့။ ရသလောက်လေးတင်ပေးလိုက်ပါတယ်။ မပြည့်စုံသေးမှန်းသိပေမယ့် စမ်းသပ် Version အဖြစ်တင်ပေးလိုက်တာပါ။ ဆက်လက်ကြိုးစားပါဦးမယ်။
အခု ဒီပရိုဂရမ်လေးကို Excel2003 စွမ်းရည် 70% နဲ့ကြိုးစားပေးထားတာပါ။ မလုပ်တတ်လုပ်တတ်နဲ့လုပ်ထားရတာဆိုတော့ အမှားအယွင်းလေးတွေရှိနိုင်ပါသေးတယ်။ မှားယွင်းတာလေးတွေ ဘ၀င်မကျတာလေးတွေရှိရင် Email ကနေအကြောင်းကြားပေးကြပါ။ ပြင်ဆင်ပေးပါမယ်။ 


အသုံးပြုနည်း
  • အမည်နေရာမှာ အင်္ဂလိပ်+မြန်မာ နှစ်သက်ရာဘာသာနဲ့ တွက်လိုသူရဲ့အမည်ရိုက်ပါ။
  • မွေးသက္ကရာဇ်နေရာမှာ တွက်လိုသူရဲ့မွေးသက္ကရာဇ် လ/ရက်/နှစ် အစီအစဉ်မှန်အောင်ရိုက်ပါ။ ပြီးရင် မွေးချိန်ရွေးပါ။ အတိအကျမသိလည်း မနက်မွေး/ မွန်းလွဲမွေး ( AM,PM ) တော့ရွေးပေးပါ။
  • တွက်မည့်နှစ်နေရာမှာ တွက်ချင်တဲ့ကောဇာသက္ကရာဇ် လ/ရက်/နှစ် အစီအစဉ်မှန်အောင်ရိုက်ပါ။ မေးချိန်ကိုလည်းရွေးပေးပါ။
  • ပြီးရင် မာတိကာ မှ " မဟာဘုတ် " ကိုနှိပ်လိုက်ပါ။ မဟာဘုတ်ဇာတာရှိရာ Page ကိုရောက်သွားပါလိမ့်မယ်။
  • ဒီပရိုဂရမ်ကို 1900 ခုနှစ်မှစတင်ကာဘယ်ခုနှစ်မဆိုတွက်နိုင်အောင်စီစဉ်ပေးထားပါတယ်။

မဟာဘုတ်ခွင်ကြည့်နည်း

အထက်မှာ မဟာဘုတ်ပရိုဂရမ်စာမျက်နှာကိုဖော်ပြပေးထားပါတယ်။
  • မူလဆိုတာ မူလခွင် ( ၀ါ ) သင့်ရဲ့မွေးဖွားချိန်မှာရှိတဲ့ မဟာဘုတ်ခွင်ပါ။
  • ကောဇာဆိုတာ ကောဇာခွင် ( ၀ါ ) သင်မေးတဲ့နှစ်ရဲ့မဟာဘုတ်ခွင်ပါ။
  • အသက်ဆိုတာ အသက်ခွင် ( ၀ါ ) သင်မေးချိန်မှာရောက်နေတဲ့အသက်ရဲ့မဟာဘုတ်ခွင်ပါ။



ခွင်မှာအ၀ါရောင် Background လေးနဲ့ဖော်ပြထားတာက သင့်မွေးနံရှိတဲ့နေရာဖြစ်ပါတယ်။ ပရိုဂရမ်က Auto ဖော်ပြပေးမှာပါ။ အဲဒါလေးရှိတဲ့နေရာကြည့်ပြီး ဘာဖွားဇာတာ၊ ဘယ်ဌာနမှာမွေးနံရောက်နေတယ်ဆိုတာအလွယ်ဆုံးသိနိုင်ပါတယ်။ ကဲ ... ကိုယ့်ဟာကိုယ်စမ်းသပ်တွက်ကြည့်နိုင်အောင် ဒေါင်းကြည့်ရအောင် ... လင့်ခ်တွေကိုအောက်မှာဖော်ပြပေးထားတယ်။ ကျနော်ဆိုဒ်က Upload လုပ်မရလို တခြားSite မှာတင်ပေးလိုက်တယ်။ ဒေါင်းလို့အဆင်မပြေလည်းပြောကြပါ။

Size 5.95KB
RAR ဖိုင် MahaboteChar(Version - 0.0.1)
Zip ဖိုင် MahaboteChar(Version - 0.0.1)

" အချစ်ရေးနှင့်-စိတ်ညှို့ပညာ " အချစ်ကို ညှို့ယူမယ်






ဒီတစ်ခါ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကတော့ ဗေဒင်အကြောင်းလည်း မပါဘူး။ ယတြာအကြောင်းလည်းမပါဘူး။ အဆောင်တွေအကြောင်းလည်း မဟုတ်ပါဘူး။ မရေးတာကြာပြီဖြစ်တဲ့ စိတ်တန်ခိုးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ စိတ်တန်ခိုးနဲ့ ပတ်သက်ပြီး ရေးရတာကတော့ အရမ်းတာဝန်ကြီးမားပါတယ်။ တစ်စုံတစ်ယောက်က မင်းကကော ဘယ်အဆင့် ရောက်နေလို့လဲလို့ မေးလာခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဘာအဆင့်မှ မရသေးပါဘူး။ ဘာအဆင့်မှလည်း မလိုချင်ပါဘူး။ ကြိုးစားဆဲ-လေ့လာဆဲပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ဆိုက်လေးထဲကို လာရောက်လေ့လာတဲ့ စာဖတ်သူများကို သိစေချင်တဲ့ စေတနာသက်သက်ဖြင့် သိသလောက် ရေးသားပေးလိုက်တာပါ။
အချစ်ဆိုသောအရာ


ဟုတ်ပြီ။ အချစ်ဆိုသော အရာသည် လူသားတိုင်းနှင့် လုံးဝကင်းကွာလို့ မရတဲ့အရာ။ အားလုံးနှင့် သက်ဆိုင်နေသောအရာ၊ အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အရာ ဖြစ်တယ်။ မချစ်တတ်သော လူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။ တစ်ရာမှာ တစ်ရာ-ရာခိုင်းနှုန်းမှာ ချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။ လူနည်းစုလောက်သာ ချစ်တတ်တဲ့စိတ်ကို မချစ်တတ်တဲ့စိတ်ဖြစ်အောင် ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ ဒါကြောင့် လူသားတိုင်းမှာ မွေးဖွားလာပြီ ဆိုကတည်းက ပူးတွဲပါဝင်လာတဲ့ ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ


အိုကေနော်....။ ဒီအချစ်ဆိုတဲ့ အရာကြီးကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ။ လူဆိုတာကလည်း လူအမျိုးမျိုး ရှိတာဆိုတော့ အချစ်ဆိုတဲ့ အရာကို တွေ့ဆုံရင်ဆိုင်လာကြရတဲ့ အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ခံစားချက်ခြင်း မတူညီကြတဲ့အတွက် ရင်ဆိုင်ပုံခြင်းလည်း မတူညီကြပြန်ဘူး။ တစ်ချို့က နူးနူးညံ့ညံ့လေး ရင်ဆိုင်ကြတယ်။ တစ်ချို့တော့ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကတော့ ဘာသာတရားနဲ့ လက်တွဲပြီး ရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့ အရက်ဆိုင်ကနေ ရင်ဆိုင်တတ်ကြတယ်။ ကဲ... ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကိုပဲ လိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့


နောက်တစ်ခုက အကျိုးသက်ရောက်မှု့။ တစ်ချိုကတော့ အချစ်ကြောင့် ကောင်းသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ ကျွန်တော်တို့ ရင်ထဲကို အချစ်ဆိုတဲ့ အရာက ၀င်ရောက်လာပြီ ဆိုကြပါစို့။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အခု ကျွန်တော်က စိတ်တန်ခိုးနဲ့ ပါတ်သက်ပြီး ပြောမှာဆိုတော့ ဒီပြင့်အပြင်က ကြိုးစား အားထုပ်မှု့တွေကို မပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ ပါတ်သက်တာကိုပဲ ပြောတာကောင်းတယ်။ အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာ ဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း


အဲဒီတော့ ဒီနေရာမှာ ကျွန်တော်က ယောက်ျားလေးဆိုတော့ ယောက်ကျားလေး နေရာကနေ ရေးမယ်နော်။ ဥပမာ ကျွန်တော်က ကောင်မလေး တစ်ယောက်ကို ကြိုက်နေပြီ ဆိုကြပါစို့။ အရေးကြီးတာက အဲဒီကောင်မလေး ကျွန်တော်ကို ပြန်ချစ်အောင် ၊ ပြန်ကြိုက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ တစ်ခု သတိပြုရမှာက ဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာက စိတ်အလုပ်ကို လုပ်မှာနော်။ ရုပ်အလုပ် မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်။


ကျွန်တော်တို့မှာ အရမ်းအရေးကြီးတာက စိတ်အား ထက်သန်ခြင်း ဆိုတာပါပဲ။ မိမိလုပ်တဲ့ အလုပ်ကို ယုံကြည်ရမယ်။ ငါ ဒီစိတ် အလုပ်ကို လုပ်တယ်။ တစ်နေ့ထက် တစ်နေ့ ငါအလိုရှိတဲ့ အရာနဲ့ ပို၍ပို၍ နီးစပ်လာပြီ ဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။ နောက်ပြီး စိတ်ဇောထက်သန်စွာနဲ့ နေ့စဉ်ပုံမှန် လုပ်သွားရမယ်။ ဦးတည်ချက်ကလည်း တိကျနေရမယ်။ အကြီးလိုလို အငယ်လိုလို မရဘူးနော်။ ဖြူဖြူကျော်သိန်းဆိုရင် ဖြူဖြူကျော်သိန်းပဲ။ ဖြူဖြူကျော်သိန်းကို မရရင် မိုးဟေကိုကွာ အဲဒီလိုမရဘူး။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ကိုယ့်ရဲ့ ပစ်မှတ်က ကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုက ကိုယ်က ဘာလိုချင်နေတာလဲ။ ကောင်မလေးရဲ့ မေတ္တာတရားနော်။ အဲဒီတော့ သူ့ဆီက စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်က လိုချင်နေတာ ဆိုရင် ကိုယ့်ဆီမှာလည်း မေတ္တာတရား ရှိနေရမယ်နော်။ စစ်မှန်ရမယ်။ ကိုယ်က အတုကြီးဆိုရင် သူ့ဆီကလည်း အတုကြီး ပြန်လာလိမ့်မယ်နော်။ ဒါဟာ အမှန်တရားပဲ။ တန်ပြန်သက်ရောက်မှု့ပဲ။ တူညီတဲ့ တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်။

ဒါကိုတော့ နိမိတ်လို့ ပြောရင်ရမလားပဲ။ ကိုယ်ကြိုက်နေတဲ့ ကောင်မလေးရဲ့ ပုံကို ပြတ်ပြတ်သားသား အာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်း မြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်။

အိုကေ...။ စပြီ။ ကောင်မလေးကို ညှို့တော့မယ်။ အရင်ဆုံး ငြိမ်ငြိမ်လေး ထိုင်နေပြီးစရမယ်။ ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင် စုစည်းလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့ စိတ်ကသာ အောင်မြင်စေမှာဖြစ်တယ်။ ဒါကိုလည်း သမာဓိလို့ ပြောရင်ရမလား။ ဘယ်လိုပဲပြောပြော အဓိကကတော့ သင့်ရဲ့ စိတ်ဟာ အေးချမ်းပေါ့ပါးနေရမယ်။ တည်ငြိမ်နေရမယ်။ ယောက်ယက် ခတ်မနေရဘူး။ ဟိုရောက်ဒီရောက် ဖြစ်မနေရဘူး။ ကိုယ်ချစ်ခင် စွဲလန်းနေတဲ့ ကောင်မလေးဆီကို ကိုယ့်ရဲ့ စိတ်အာရုံကို အပြည့်အ၀ စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်။

အိုကေ ...။ နောက်တစ်ဆင့်တက်ပြီ။ သွားတွေ့တော့မယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်ပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ကောင်မလေးကို သွားတွေ့မယ်။ ရောက်ပြီ။ ကောင်မလေးကို တွေ့ရပြီ။ ကိုယ်က ကောင်မလေးကို အရင်ဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်။ အဲဒီမှာ ကောင်မလေးကလည်း ကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာ ပြန်လည်ပြုံးပြတယ်နော်။ အဲဒီမှာ ကိုယ်က ကောင်မလေးကို အချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ ကောင်မလေးရဲ့ မျက်ဝန်းကို စိုက်ပြီး ကြည့်လိုက်တယ်။ ကောင်မလေးကလည်း ကိုယ့်မျက်ဝန်းတွေကို ပြန်လည် စိုက်ကြည့်နေပြီ။ သူနဲ့ ကိုယ်နဲ့ မျက်လုံးခြင်းဆုံ နေပြီနော်။ မျက်စိကို လုံးဝမလွဲလိုက်နဲ့။ စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာ မဖြူ။ ကျွန်တော် မဖြူကို စကား ပြောချင်တယ်။ ကျွန်တော့် စကားကို သေသေချာချာ နားထောင်နော်။ ကျွန်တော်ကတော့ မဖြူ့ကို အရမ်းချစ်တယ်။ စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ တကယ်မြတ်မြတ်နိုးနိုး ချစ်တာပါ။ အရမ်းလည်း စွဲလန်းနေပါတယ်။ ကျွန်တော်က မဖြူကို စွဲလန်းချစ်ခင် နေသလိုပဲ မဖြူကလည်းကျွန်တော်ကို ပြန်ချစ်ရမယ်။ ပြန်ချစ်တယ် မဟုတ်လားလို့ တစ်ခါတည်း ပြန်မေးလိုက်တယ်။ အဲဒီမှာ သူက ကိုယ့်ကို တစ်ခါတည်း ပြုံးပျော် ရွှင်လန်းစွာနဲ့ စကားပြန်ပြောတယ်။ ကျွန်မလည်း ရှင့်ကို ချစ်ပါတယ်ရှင်ပေါ့။

(ဒါက ဥပမာ ပြောတာနော်။ တော်ကြာ ကိုယ့်မှာ ချစ်သူရှိတဲ့လူတွေက ဘာလုပ်ရမှန်းမသိ ဖြစ်နေဦးမယ်။ ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့ လူတွေကြပြန်တော့ ကိုယ့်ချစ်သူရဲ့ ရင်ထဲကို ၀င်ပြီး ကိုယ့်ကို ပိုချစ်သထက်ချစ်အောင် ၊စွဲလန်းသထက် စွဲလန်းအောင် ၊ သတိယသထက် သတိယအောင် ၀င်ပြီး ကိုယ်ချစ်သူလေးရဲ့ စိတ်ကို ညှို့လို့ရတာပေါ။)

အခု အပေါ်မှာ ပြောခဲ့တာတွေ အားလုံးဟာ စိတ်ကူးနေတာနော်။ စိတ်ကူးနေတာ။ အဲဒီလို နေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ။

အကောင်းဆုံးကတော့ ကိုယ်ကြိုက်နေတဲ့ ကောင်မလေး အိပ်စက်တဲ့အချိန် လုပ်တာ အကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား။ စိတ်ပညာနှင့် ပါတ်သက်၍ ကျွန်တော်ဟာ ပညာရှင်မဟုတ်ပါ။ ဆရာသခင် လမ်းပြပေးခဲ့သော နည်းနာများကို အခြေခံ၍ စိတ်တန်ခိုးဆိုသော လမ်းရှည်ကြီးကို စိတ်ရှည်လက်ရှည် ဆက်လက်ခရီးဆက်နေသော သာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည် ကောင်းကင်ပေါ်လည်း ပြန်သန်း နိုင်သော တနခိုးကို မလိုချင်ပါ။ ရေထဲမှာ သွားနိုင်သော သူလည်း မဖြစ်လိုပါ။ အရာ ၀တ္ထုများကို မတို့မထိပဲ ရွေ့ရှားအောင်လည်း မစွမ်းဆောင်ချင်ပါ။ ကျွန်ုပ်လိုချင်သော စိတ်တန်ခိုး ဆိုသည်မှာကား ကျွန်ုပ်နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော လူမှု့ရေး၊ စီးပွားရေး၊ လုပ်ငန်းဆောင်တာ ကိစ္စများကို သာ ကျွန်ုပ် ဆန္ဒရှိသည့်အတိုင်း စေစားနိုင်သူသာ ဖြစ်ချင်ပါသည်။ ထို့ကြောင့် အောင်မြင်သော ဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ ရှေ့ရှု့ကြကုန်သော သူအပေါင်းတို့အတွက် ရည်ရွယ်၍ သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

ကိုယ့်စရိုက်ကို မှန်းကြည့်ရအောင်

-သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။
ကျွန်တော် တော. စမ်းပြီးသွားပြီး မှန်တယ်လို. ဆိုရမယ်။ လုပ်နည်းက ဒီလို
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော.။
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင်.မှာ ချစ်မွေး ပါတယ်

G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။
သဘောကျလျှင် comment လေးရေးပေးပါ။

အထူးဟောကိန်း ဗေဒင်

Image and video hosting by TinyPic
ရိုးရိုးလေးတွက်ကြည့် ကိုယ့်အကြောင်းကိုယ်သိ
ကျွန်တော်က တော့ ၆ .. :)
ဥပမာ။ ။ တွက်မယ့်သူရဲ့ မွေးနေ့က အောက်တိုဘာလ၊ ၈ ရက်နေ့ ၊ ၁၉၅၀ ဆိုရင်
လ + ရက် + နှစ် = ၁၀ + ၈ + ၁၉၅၀ = ၁၉၆၈ ဒီလိုလေး ရိုးရိုးလေး ပေါင်း လိုက်ပါ။
ပြီးတော့ ရလာတဲ့ အဖြေ ၁+၉+၆+၈ = ၂၄
ပြီးတော့ ရလာတဲ့ အဖြေ ၂+၄ = ၆
ဂဏန်းတလုံး ဖြစ်အောင် လုပ်လိုက်တာပါ။ ပြီးရင် အောက်မှာ သူ့ နံပါတ်နဲ့ သက်ဆိုင်တဲ့အဖြေတွေကို ကြည့်လိုက်ရအောင်
ပေါင်းလိုက်တဲ့ ဂဏန်းတစ်လုံးက—–
၁ ဆိုရင် လောကမှာ မရှိသေးသောအရာတွေကို တီထွင် ဖန်တီးသူ
———————————————————————-
၁ ဂဏန်းရသူတွေဟာ မူလဖန်တီးသူတွေပါ။ သူတို့တွေဟာ ဆန်းပြားတဲ့ အတွေးတွေ အိုင်ဒီယာ တွေနဲ့ ပြည့်စုံနေတဲ့သူတွေပါ။ ကိုယ့်ကိုတိုင် စဉ်းစား တွေးခေါ်နိုင်တဲ့အတွက်လည်း ခေါင်းမာပါတယ်၊ မိမိယုံကြည်ချက်ကို လွယ်လွယ်နဲ့ မလျှော့ပါဘူး ဒါကြောင့်လည်း ဘ၀မှာ တခါတရံ အောင်မြင် တတ်ပါတယ်။ သူတို့တွေဟာ ရိုးသားပါတယ် ခေါင်းမာတယ်ဆိုသော်ငြား လည်း သူတို့မှာ သူတစ်ပါးသူတို့ဘက်ပါအောင် စည်းရုံးနိုင်တဲ့ အရည်အချင်း တွေ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း အလုပ်တွေမှာ
ခေါင်းဆောင် သို့မဟုတ် သဌေး ဖြစ်တတ်ပါတယ်။ သတိထားစရာ အချက် ကတော့ မိမိမှာ စိတ်ကူးစိတ်သန်းကောင်းသော်လည်း လောကမှာ မိမိထက် သာသူတွေ ရှိတတ်စမြဲ ဖြစ်တာကြောင့် ခေါင်းမမာသင့်ဘဲ တခြားသူ အကြံဥာဏ်ကို လက်ခံလျှင် ဘ၀မှာ ပိုအောင်မြင်တတ်ပါတယ်။

အောင်မြင်သူ ၁ ဂဏန်းသမားများ – Tom Hanks (Hollywood ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ Robert Redford ( Hollywood ရုပ်ရှင်မင်သား၊ ဒါရိုက်တာ၊စာရေးဆရာ ) Nancy Reagan ( အမေရိကန် သမ္မတ ရောနယ်ရေဂင် ၏ ဇနီး ) စသဖြင့် အများကြီးရှိသေး
၂ ဆိုရင် ငြိမ်းချမ်းရေးသမား
—————————–
၂ သမားတွေက ဗီဇကိုက သံတမန်လို ဖြစ်တယ်။ သူတို့ဟာ တစ်ပါး သူရဲ့ လိုအပ်ချက်တွေ၊ခံစားချက်တွေ ကို အရင်ဆုံး စဉ်းစားသုံးသပ်လေ့ ရှိတယ်၊ သိလည်း သိတယ်။ သူတို့ဟာ တစ်ဦးတည်းနေရတာကို သဘော မကျ ပါဘူး၊ ဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေ ဟာ သူတို့ အတွက် အလွန် အရေး ကြီးပါတယ်။ ဘ၀မှာ အောင်မြင်ဖို့အတွက် သူတို့မှာ သူငယ်ချင်း ကောင်း သို့မဟုတ် ပါရမီဖြည့်ဘက် ကောင်း လိုအပ်ပါတယ်။
အောင်မြင်ကျော်ကြားသူ ၂ ဂဏန်းသမား – အမေရိကန်သမ္မတ Bill Clinton၊ မက်ဒေါနား၊ သောမတ်အက်ဒီဇင်
၃ ဆိုရင် အတွေးအခေါ်ကောင်းသူ
———————————-
၃ တွေက ထိုးထွင်းတဲ့ ဥာဏ်ရှိတယ်။ ဆွဲဆောင်မူကောင်းတယ်၊ romantic ဖြစ်တယ်၊ ပြီးတော့ အေးဆေး သမားတွေပါပဲ။ သူတို့တွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေထိုင်တတ်သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေ အများကြီး ရှိလိမ့်မယ်၊ ချစ်ခင်ဖွယ်ဖြစ်အောင် နေတတ် တဲ့အတွက်လည်း လူချစ်လူခင် များပါတယ်။ သူတို့တွေဟာ သူတစ်ပါး ပျော် အောင်လည်း အမြဲလုပ်တတ်တယ်။ ဒါကြောင့် သူတို့ တွေဟာ နာမည်ကြီးတတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများကတော့ – Bill Cosby ( အမေရိကန်ဟာသ ပညာရှင်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ) ၊ Jodi Foster ( ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ )
၎ ဆိုရင် ရှေးရိုးဝါဒီ
——————-
၎ တွေဟာ စဉ်းစားချင့်ချိန်တတ်ပါတယ်။ အသိတရားရှိတယ်၊ ဘယ်အချိန်မှာ ဘယ်ပြောမလဲ ဘယ်လုပ်ရမလဲဆိုတာကို ကောင်းစွာ သဘောပေါက် သူတွေ ဖြစ်တယ်၊ အလိုက်သိတတ်တယ်။ သူတို့ဟာ အရာတခုကို ကောင်းစွာ သဘောပေါက်မှ အဲ့အလုပ်ကို စလုပ်တယ်၊ မပေါက်သေးရင် အရင်ဆုံး နားလည်အောင် လုပ်ပြီးမှ အဲ့အလုပ်ကို စလုပ် ပါတယ်။ သူတို့ဟာ သဘာဝအလှကို နှစ်သက်သူတွေဖြစ်ရာ ခရီးသွား ခြင်း ကို အထူး စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ သူတို့တွေမှာ မဆုတ်မနစ် လုပ်တတ်တဲ့ သဘောသဘာဝ ရှိရာ တခါတရံ အလွန်ခေါင်းမာ တတ် ပါတယ်။ ဇွဲ ရှိတဲ့ အတွက်ကြောင့်လည်း သူတို့ လုပ်ငန်းတွေမှာ အောင်မြင် တတ်ပါတယ်။
အောင်မြင်သူများ – ဗိုလ်ချုပ်အောင်ဆန်း ၊ မာဂရက် သက်ချာ (Margaret Thatcher -ဗြိတိန် ရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်) ၊ အာနိုး (Arnold Schwarzenegger)၊Oprah Winfrey (မင်းသမီး၊ အမေရိကန် TV show တွေမှာ အောင်မြင်နေသူ )၊
၅ ဆိုရင် သူများနဲ့ မတူ ထူးခြားသူ
————————————-
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်ပါတယ်။ သူတို့ဟာ ဗီဇကိုက စပ်စုတတ် တယ်၊ ကျရူံးမှာလည်း မကြောက်တတ်ပါဘူး။ အတန်းထဲမှာ ဆိုရင် မေးခွန်း တွေ တခုပြီးတခု သူတို့ ခေါင်းထဲမှာ ထွက်ပေါ်လာတတ် တယ်။ ဥာဏ်ထက်သူဆိုရင်လည်း မမှားပါဘူး။ သူတို့မေးလိုက်တဲ့ မေးခွန်းတွေဟာ ဖြေသူက တော်တော် လေးကို ကျွမ်းကျင်မှ သူတို့ သဘောကျ တဲ့ အဖြေကို ရတတ်တယ်။ သူတို့လေးတွေ သတိထားဖို့ကတော့ အကြောင်းအရာတခုကို အလုံးစုံနားလည်အောင်
ထောင့်ပေါင်းစုံက ချဉ်းကပ်လေ့လာပြီးမှ ကောက်ချက် ချသင့်ပါတယ်၊ မဟုတ်ရင် အမှားတွေ လုပ်မိတတ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီးရင်လည်း သူဟာ အဲ့အတိုင်း လုပ်တတ်လို့ပါ ဒါကြောင့် အရာအားလုံးကိုကောင်းကောင်း လေ့လာစေချင်ပါတယ်။
အောင်မြင်သူများကျော်ကြားသူများ – ဟစ်တလာ၊ မော်စီတုန်း၊ လင်ကွန်း (အမေရိကန် သမ္မတ)၊ Helen Keller
၆ ဆိုရင် စိတ်ကူးယဉ် ဆန်သူ (သို့) သဘာဝအလှတွေ၊ သဘာဝ အဖြစ်အပျက်တွေကို စိတ်ကူးဖြင့် ဖော်နေရာမှာ စိတ်ကူးကောင်းသူ
——————————————————————-
၆ တွေဟာ ပျော်ပျော်နေတတ်သူတွေဖြစ်ပါတယ်။ မိသားစု စုစုဝေးဝေး နဲ့ နေထိုင်ရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သစ္စာ ရှိသူ ဖြစ်ပြီး သူတစ်ပါး နားလည်သဘောပေါက်အောင်လည်း စွမ်း ဆောင် နိုင်သူ ဖြစ်ရာ ဆရာအလုပ်တွေမှာ အောင်မြင်တတ်ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေကို သစ္စာရှိသူဖြစ်ရာ မိမိကိုယ် သစ္စာမဲ့ ပြု လုပ်သွားပါက အငြိုးကြီးစွာဖြင့် တစ်သက်လုံး မခေါ်တတ်ပေ။ သူတို့ဟာ စိတ်ကူး စိတ်သန်းကောင်းသဖြင့် တခါတရံ လောကကြီးကို သူတို့ ဥာဏ်ပညာဖြင့် ပြောင်းလဲပစ်တတ်ပါတယ်။
အောင်မြင်ကျော်ကြားသူများ – အိုင်စတိုင်း၊ ကိုလံဘတ်(စ်)၊ Jane Seymour ( အင်္ဂလန် ဘုရင်မ)၊ ဒေါ်ခင်ကြည် ( ဗိုလ်ချုပ်အောင်ဆန်း ဇနီး)၊ ဦးညီပု (ပထမဆုံး မြန်မာသရုပ်ဆောင်မင်းသား)၊ ဦးကျော်ဟိန်း (ရုပ်ရှင်မင်းသား)
၇ ဆိုရင် ဥာဏ်ထက်မြက်သူ
———————————
၇ တွေဟာ ရှာဖွေရေးသမားလို့ ပြောလို့ မတတ်အောင်ကို အကြောင်းအရာ
တခုပြီးတခု အမြဲတမ်း လေ့လာ ရှာဖွေ နေတတ်သူပါ။ သူတို့ ကို puzzle game တွေ ဆော့ခိုင်းရင် အရင်ဆုံး အဖြေရှာနိုင်သူပါ။ သူတို့ဟာ အလုပ် တခုကို ဘယ်တော့မှ တစွတ်ထိုး မလုပ်ပါဘူး၊ဖြည်းဖြည်းနဲ့
အောင် မြင်အောင် လုပ်ပါတယ်။ သူတို့ဟာ အတွေးအခေါ် ကောင်းသူ တွေ
ဖြစ်ပြီး ဗဟုသုတ လည်း နှံစပ်ပါတယ်။ သူတို့တွေဟာ လျှိဝှက်တတ်ပါတယ်။ သူတို့ ဘ၀ကို သူများတွေ လာစပ်စုတာကို မကြိုက်ပါဘူး။ အမြဲတမ်း လေ့လာ နေသူဖြစ်ရာ ဘာလုပ်လုပ် သူများထက်ကို သာ နေတတ်ပါတယ်။
အောင်မြင်ကျော်ကြားသူ – ဦးဇာဂနာ၊ ဦးဇော်ဝမ်း ၊ မင်းသမီး ဒိုင်ယာနာ ၊ William Shakespeare ၊ Michael Jackson Galaxy
၈ ဆိုရင် ပြဿနာရပ်ရပ်တွေကို ဖြေရှင်းနိုင်သူ
——————————————-
၈ တွေဟာ ပြဿနာအရပ်ရပ်တွေကို ခေါင်းအေးအေး နဲ့ ဖြေရှင်းနိုင်သူ ဖြစ် ပါတယ်။ သူတို့ဟာ ကောင်းမွန်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိသူတွေ ဖြစ်ပြီး ဆုံးဖြတ်ချက် ချရာတွေလည်း တိကျပြီး အကျိုးရှိတဲ့ ဆုံးဖြတ်ချက် မျိုးတွေ ချတတ်ပါတယ်။ သူတို့ဟာ ဘ၀ ကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်း ချင်သူ တွေဖြစ်ပြီး ထိုသို့ ဖြတ်သန်းဖို့လည်း သူတို့မှာ စနစ်တကျ လုပ်ထား တဲ့ အစီအစဉ်တွေ ရှိတတ်ပါတယ်။ သူတို့ဟာ လူအများကို ဦးဆောင် နိုင်သူတွေဖြစ်ပြီး လူသားတိုင်းရဲ့ ရည်မှန်းချက်အများစုကို နားလည် သူ ဖြစ်ပါတယ်။ လူသားအများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း လိုတဲ့ စိတ်ဆန္ဒတွေ ရှိပြီး ဖြစ်အောင်လည်း လုပ်ပေးနေတဲ့အတွက် သူတို့ ရဲ့ ဘ၀ဟာ သူတို့လိုချင်သလို ဖြစ်မလာတတ်ပါဘူး။ ဒါကြောင့် မိမိ အတွက် နဲ့ တပါးသူ တွေ ရဲ့ အတွက် မျှမျှတတ စဉ်းစားပြီး လုပ်စေလိုပါတယ်။
အောင်မြင်ကျော်ကြားသူ – မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် (အပေါ်က ၈ အကြောင်းကို ဘာသာပြန်ရင်း အမေစု ဘယ်ဂဏန်းလဲ သိချင်တာ နဲ့ တွက်ကြည့်တော့ ၈ ဂဏန်း ရတာ တွေ့ရလို့ ၀မ်းနည်းဝမ်းသာ ဖြစ်ရပါတယ်) ၊ ဆရာကြီး ဦးသုခ ၊ Edgar Cayce ( စိတ်ပညာရှင် အနောက်နိုင်ငံမှာ ဘ၀ကူးတယ်(သံသရာလည်ခြင်း) အဆိုကို လက်တွေ့ မှန်ကြောင်း လုပ်ပြသူ) ၊
၉ ဆိုရင် ဖျော်ဖြေသူ (သို့) ဂရုဏာရှင်
————————
၉ သမားတွေဟာ ဖျော်ဖြေတက်ဆက်တဲ့ဘက်မှာ ထူးချွန်သူတွေ ဖြစ်ပါတယ်။
သူတို့ဟာ ဂရုစိုက်တတ်တယ်၊ ကူညီရိုင်းပင်းစိတ်ရှိတယ် နောက်ဆုံး သူ့မှာ ပိုက်ဆံ ၁ ထောင်ပဲ ကျန်လို့ အကူအညီတောင်းလာရင်တောင် သူ့ပိုက်ဆံ ကို သူများဆီ စွန့်ကြဲတတ်တယ်။ သူတို့ဟာ ဘ၀မှာ ကံကောင်းတတ်တယ်၊
ပြင်းပြင်းထန်ထန် အလုပ်ကြိုးစား စရာမလိုဘဲ စိုင်ကော်လို့ ချုံ ပေါ် ရောက် ဆိုသကဲ့သို့ မိမိဘက်မှ ကံတရားက အမြဲပါနေတတ်တယ်။ ကံအရမ်း ကောင်းသူပေါ့။
အောင်မြင်ကျော်ကြားသူ – Elvis Presley (ပရက်စလေ ဂန္တ၀င်အဆိုတော်) ၊ Jimmy Carter ( အမေရိကန် သမ္မတ) ၊ Harrison Ford ( India Jones ရုပ်ရှင် သရုပ်ဆောင် ) ၊ မာသာထရီဆာ( Mother teresa)
အထူးဟောကိန်းဗေဒင်

မြန်မာ့ရိုးရာဗေဒင်တွင်လာရှိသော သားသမီးရေး


ယောင်္ကျားဖြစ်သူ၏ မွေးနံနှင့် မိန်းမဖြစ်သူ၏ မွေးနံကိုပေါင်းပြီးလျှင်(၂)ဖြင့်စားရ၏။ ထိုသို့စားသော အခါ ( ၀ )ကြွင်းလျှင် မိန်းကလေးမွေး၏။
ဥပမာ။ ။ ယောင်္ကျား အင်္ဂါသား၊ မိန်းမ ကြာသာပတေးသမီး
၃ + ၅ = ၈
၈ + ၂ = ၀ ကြွင်း၏။
ထို့ကြောင့် ထိုအိမ်ထောင်ဖက်နှစ်ဦး၏ ပထမကလေးမှာ မိန်းကလေးဖြစ်နိုင်ပေသည်။ ဒုတိယကလေးကိုတွက်လိုသောအခါ၊
မိခင်၏မွေးနံနှင့် ပထမကလေး၏မွေးနံကို ပေါင်းရ၏။
ဥပမာ။ ။ ပထမကလေးမှာ ဗုဒဟူးသမီးဖြစ်၏။ မိခင်မှာ ကြာသပတေးဖြစ်၏။
ထို့ကြောင့် ၄ + ၅ = ၉
၎င်းရလာဒ်ကို (၂)ဖြင့်စားသော် (၁)ကြွင်း၏။
ထို့ကြောင့် ဒုတိယကလေးမှာ ယောင်္ကျားလေးဖြစ်လိမ့်မည်။
yetayzakyaw1500.blogspot.com/ (ကာရံငယ်)

ကျွန်ုပ်နှင့် ထူးဆန်းသော ရှေ့ဟောင်း ဗေဒင်ကျမ်းပုရပိုက်

တစ်ခုသောလ၌ ကျွန်ုပ်သည် မြန်မာနိုင်ငံ၏ နယ်စပ်မြို့ကလေး တစ်မြို့သို့ အလွန်သိချင်နေသော ကိစ္စတစ်ခု၏ သဲလွန်စကို ရသဖြင့် ခရီးထွက်ခဲ့လေ၏။ ထိုသဲလွန်စမှာ နယ်စပ်မြို့ရှိ တောရကျောင်း တစ်ကျောင်းတွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးထံတွင် လွန်စွာရှေ့ကျ၍ လွန်စွာမှလည်း တန်ဖိုးရှိသော ရှားပါးသော ရှေ့ပုရပိုက်မူ ဗေဒင်ကျမ်းတစ်ကျမ်း ရှိသည်ဟူ၍ သဲလွန်စ ရရှိလေသောကြောင့် ထိုခရီးအား ထွက်ခွါလာခဲ့ခြင်း ဖြစ်လေ၏။ ထိုပုရပိုက်သည် နှစ်ပေါင်းအားဖြင့် (၁၀၀) ကျော် ပြီးဖြစ်လေ၏။



ထိုနယ်စပ်မြို့ကလေးသို့ ရောက်ရှိနေစဉ်တွင် ကျွန်ုပ်နှင့် သိကျွမ်းခင်မင်သော ကိုပုနှင့် မတင်လှဟု အမည်ရသောသူတို့၏ အိမ်တွင် ခွင့်တောင်း၍ တည်းခိုရလေ၏။ ထိုနေ့ညတွင် ကျွန်ုပ်သည် ထိုမြို့ကလေးသို့ ရောက်ရှိကာစဖြစ်သောကြောင့် ဘာမျှ မယ်မယ်ရရ မစုံစမ်းသေးဘဲ မြို့လယ်ဘုရားကြီးဘေးရှိ မဘဲဥ မြန်မာထမင်းဆိုင်တွင် ထမင်းစားရလေ၏။

နောက်တစ်နေ့ မနက်စောစောတွင် ကျွန်ုပ်သည် စောစီးစွာဖြင့် အိပ်ယာမှထကာ ရေချိုး၍ ကိုယ်လက်သန့်စင်ကာ ဘုရားရှိခိုး၏။ မြတ်ဘုရားအား အလင်းတိုင် အမွှေးတိုင်များကို ပူဇော်၏။ ဆရာသခင်အားလည်း အမွှေးတိုင်များဖြင့် ပူဇော်ကာ ရှေ့ဟောင်းပုရပိုက်နောက်သို့ လိုက်နေသော ဤခရီးစဉ်သည် ချောမောပါစေသတည်း။ အောင်မြင်ပါစေသတည်းဟု ဆုတောင်း အဓိဋ္ဌာန်မိလေ၏။

ထို့နောက် ကျွန်ုပ်သည် ဘုရားဝတ်ပြုသော ၀တ်စုံကို ချွတ်၍ အ၀တ်တန်းတွင် အင်္ကျီချိပ်ဖြင့် ချိတ်ကာ ကျွန်ုပ်၏ ခရီးဆောင်အိပ်အတွင်းမှ ဂျင်းဘောင်းဘီတစ်ထည်ကို လှဲယ် ၀တ်ဆင်၏။ ထိုပနောက် အပေါ်အင်္ကျီကိုမူ ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်ကို ၀တ်ဆင်၏။ ထို့နောက် ကျွန်ုပ်၏ ခ၇ီးဆောင် ကျောပိုးအိပ် သေးသေးလေးအတွင်း၌ ပုတီး ၊ တားရော့၊ နှင့် ကင်မရာ၊ လက်ပတော့ကွန်ပြူတာ အစရှိသော ကျွန်ုပ်၏ အသုံးအဆောင် ပစ္စည်းများကို ထည့်ရလေ၏။ ထို့နောက် ကျွန်ုပ်၏ ပိုက်ဆံအိပ်ကို တစ်ချက်မျှ စစ်ဆေး၍ ဘောင်းဘီအိပ်ထဲကို ထိုးထည့်ရင်း ကျောပိုးအိပ်ကို ကျောတွင်ပိုး၍ အိမ်ရှင် ကိုပုနှင့် မတင်လှကိ နှုတ်ဆက်ကာ ထွက်လာခဲ့လေ၏။

ကျွန်ုပ်သည် ကိုပုတို့ အိမ်မှ ထွက်လာကာ လမ်းထိပ်လဘက်ရည်ဆိုင်သို့ ခေတ္တ ၀င်ထိုင်ကာ လဘက်ရည်တစ်ခွက်ကို မှာယူရင်း လွတ်နေသော စားပွဲတစ်လုံးတွင် ၀င်ထိုင်ကာ ပတ်ဝန်းကျင်သို့ အကဲခတ် ကြည့်ရင်း မသိမသာ အကဲခတ်နေမိ၏။ လဘက်ရည်ဆိုင်တွင်း၇ှိ လူအများစုသည် မနေ့က ထွက်သွားသော နှလုံးဂဏန်း အကြောင်းကို ပြန်လည်၍ ဟောင်ဖွာဟောင်ဖွာနှင့် ပြောဆိုနေကြလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နံဘေးလဘက်ရည်ဝိုင်းတွင် ဆိုင်ကယ်တက္ကစီ အင်္ကျီ ၀တ်ထားသော လူသုံးယောက်တို့၏ စကားဝိုင်းကို ကျွန်ုပ်သည် နားစွန့်ကြည့်လိုက်၏။

ထိုသူသုံးယောကထဲတွင် ဗလကောင်းကောင်း ဆိုင်ကယ်တက္ကစီသမား ပြောနေသာ အသံကို အောက်ပါအတိုင်း ကြားလိုက်ရလေ၏။ မနေ့တုန်းက ငါသွား၇တဲ့ ခရီးကတော့ တော်တော်လေးကြမ်းတယ်။ တောတွေကို ဖြတ်၇တယ်။ တောင်တွေကို ကျော်ရတယ်။ ရေချောင်းလေးတွေကိုလည်း ဖြတ်ခဲ့ရတယ်။ လမ်းမှာ ဆိုင်ကယ်မောင်းလို့ မရလို့ ဆင်းတွန်းရတဲ့ နေရာတွေလည်း ရှိတယ်။ ဒါတောင် လမ်းတစ်ဝက်မှာ လမ်းက ဆုံးသွားလို့ တောင်ပေါ်ရောက်အောင် လမ်းဆင်းလျှောက်ပြီး ကုန်းပေါ်ရောက်အောင် လိုက်ပို့ပေးလိုက်ရတယ်။

ထိုအခါ အခြားတက္ကစီသမားတစ်ဦးက မင်းကို ဘယ်သူက ခေါ်သွားတာလဲ။ နောက်ပြီး အဲဒီလမ်းက ဘယ်ဘက်မှာ ရှိတာလဲဟု မေးလိုက်လေရာ ထိုဗလကောင်းကာင်း လူက... ငါ့ကို ခေါ်သွားတာ လူမဟုတ်ဘူးကွ။ ဘုန်းတော်ကြီးတစ်ပါးပဲ။ အဲဒီ ဘုန်းတော်ကြီးက တောင်ပေါ်မှာ တစ်ပါးတည်း သီတင်းသုံးနေတာကွ။ ငါဒီမှာနေနေတာ ငါ့တစ်သက် အဲဒီဘက်မှာ လမ်းရှိတယ်လို့တောင် မကြားမိဘူး။ လမ်းလို့သာ ပြောလိုက်၇တာပါကွာ အမှန်က လမ်း မဟုတ်ပါဘူး။ တောထဲက တစ်ယောက်သွား လူသွားလမ်းလေးပါ။ ဒါကလည်း လမ်းတစ်ဝက်ကိုပဲ ရောက်တာပါ။ ကျန်တဲ့ (၇)မိုင်လောက် ခရီးကို လမ်းဆက်လျှောက်ရတာဟု ထိုဆိုင်ကယ်သမားက ပြောပြလေ၏။

ထို့နောက် ထိုဆိုင်ကယ်သမားက ဆက်လက်၍ အဲဒီဘုန်းတော်ကြီးက ကြည့်လိုက်ရင် အရိုးပေါ် အရည်တင်နေတာ။ အသားပိုဆိုလို့ နည်းနည်းလေးတောင် မရှိဘူး။ ထူးဆန်းတာက အဲဒီဘုန်းတော်ကြီးဆီ ကျောင်းကို ရောက်ပြိးတဲ့နောက် ဘုန်းကြီးဆီက ဆိုင်ကယ်ခတောင် လုံးဝ မလိုချင်တော့ဘူး။ လှူချင်စိတ်တန်းချင်စိတ်တွေ တဖွားဖွားပေါ်လာလို့ ဆိုင်ကယ်ခတောင် လုံးဝမတောင်းတော့ဘူး။ လှူလိုက်တယ်။

နောက်တစ်ခု ရှိသေးတယ်။ အဲဒီတောင်က အပေါ်ကို ရောက်ကာနီးလေ ပိုမတ်လေပဲ။ တောင်ပေါ်မှာ အုပ်ခဲတွေ သဲတွေ ပုံထားတာတွေ့တယ်။ အဲဒါ ဆရာတော်ကို ဒါတွေက ဘာလုပ်ဖို့လည်း ဘုရား နောက်ပြီး ဒီလောက်မြင့်တဲ့ တောင်ပေါ်ကို ဘယ်သူတွေ ဘယ်သူတွေ လာပို့ထားတာလဲဘုရားလို့ ငါက လျှောက်တော့
ဆရာတော်က ဘုရားတည်မလို့၊ ငါကိုယ်တိုင် နည်းနည်းချင်း ထမ်းတင်ထားတာလို့ ခပ်တိုးတိုး ဖြေတယ်။

အဲဒီမှာ ငါလည်း အရမ်း အံ့သြသွားတယ်။ အဲဒါနဲ့ ဆရာတော်ဘုရား ဘာအလိုရှိလဲ ဘုရားလို့ ငါက လျှောက်တော့ ဒကာတဲ့ ငါ ဘုန်းကြီး သူတောင်းစား မဟုတ်ဘူးတဲ့။ ငါ့မှာကွာ ဘုန်းကြီးက အဲလိုပြောလိုက်တာကို စိတ်မဆိုးမယ့်အပြင် အဲဒီဘုန်းကြီးကို ကြည်ညိုလွန်းလို့ ထိုင်ပြီး ဦးချလိုက်မိတာ ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိဘူးဟု ပြောလိုက်သံကို ကြားလိုက်မိလေ၏။

ကျွန်ုပ်လည်း ထိုဆိုင်ကယ်သမားပြောလိုက်သော အသံကို ကြားလိုက်မိသောခန၌ ကျွန်ုပ်၏ စိတ်၌ မည်သို့ ဖြစ်သည်မသိ။ ထိုတောင်နျင့် ထိုဘုန်းတော်ကြီးကို လွန်စွာ စိတ်ဝင်စားမိလေတော့၏။ ထို့နောက် ထိုဆရာတော်အား သွားရောက်ဖူးမြင်လိုသော စိတ်များလည်း တဖွားဖွားပေါ်ပေါက်လာသောကြောင့် ကျွန်ုပ်သည် ထို ဆိုင်ကယ်သမားများဝိုင်းသို့ ကူးသွားကာ ဆိုင်ကယ်သမားအား အောက်ပါအတိုင်း ပြောဆိုလိုက်လေတော့၏။

ဒီမှာ မိတ်ဆွေကြီး ကျွန်တော် အဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားချင်တယ်။ ဆိုင်ကယ်ခကတော့ မိတ်ဆွေကြီး ကြိုက်သလောက်ယူနိုင်ပါတယ်။ လိုက်ပို့နိုင်မလားဟု ပြောလိုက်လေရာ ထိုဆိုင်ကယ်သမားသည် ကျွ။န်ုပ်အား အံ့သြသော မျက်လုံးဖြင့် ကြည့်လိုက်ပြီးလျှင် ဒီမှာ မောင်ရင် မင်းအဲဒီ ဘုန်းတော်ကြီးကျောင်းကို သွားချင်ရင်တော့ သွားပါ။ လိုက်ပို့ပေးပါ့မယ်။ ပိုက်ဆံတစ်ပြားတစ်ချပ်မှ ပေးစရာမလိုပါဘူးဟု ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ပ်လည်း လွန်စွာ ၀မ်းသာသွားသောကြောင့် ထိုသူများ၏ လဘက်ရည်ဖိုးကျသင့်ငွေကို စားပွဲထိုးလေးအား ခေါ်၍ ရှင်းပေးလိုက်လေတော့သတည်း။

ရှားပါးသော နှစ်ပေါင်းတစ်ရာကျော် ပုရပိုက်၏ ပထမဦဆုံး စာမျက်နှာအား ဓာတ်ပုံရိုက်၍ ယူလာခဲ့စဉ်...

ဒုတိယပိုင်းအား အလျဉ်းသင့်သလို ဆက်လက်ရေးသားသွားပါမည်....

သင့်ချစ်သူ ဘယ်လိုမျိုးလဲ


ဘယ်လိုချစ်သူမျိုးနဲ့ တွေ့ချင်လဲဆိုတာ စိတ်ဝင်စားကြမှာဘဲနော်
ကျွန်တော် ...နယ်ကို သွားတုန်းက.... ဒဿကျော်စွာရဲ့ ဖူးစာရှင်ရှာနည်းဆိုတဲ့ စာအုပ်လေးက စာအုပ်လေးက အရမ်း ဖတ်လို့ ကောင်းပါတယ်...။
ကျွန်တော့်တောင် ကိုယ့် ဖူးစာရှင်ဘယ်သူလဲ ဆိုတာကို အရိပ်အမွတ်သိခဲ့ ရပြီးပါပြီ.. တကယ်လညှ်းန်မယ်ထင်ပါတယ်..
သူကဘယ်လို ရေးလဲ ဆိုတော့ ....တွက်ချက်မှု အလိုက်.. ပုံနဲ့ တကွပြပြီး...
ရုပ်ရဲ့ သွင်ပြင်ကိုဖော်ပြ ပေးထားတာပါ..။
လွယ် လည်းလွယ်ကူပါတယ်...
အဲ့ နည်းကိုပြန် Share ဖို့ က ပုံတွေပါပါတော့ ခက်ခဲ တဲ့ အတွက်
အောက်က  နည်းတခုကို ပဲ တင်ပေးလိုက်ပါတယ်..။
> အိုကေ ... ဒါဆိုရင် ... ကျွန်တော် ... မေးခွန်းလေးတွေမေးမယ် ...multiple choice
> ... ပေါ့
> one ... two ... three ... ရွေးရုံလေးပါ ... ပြီးရင် ... အမှတ်ပေးမယ်...
> အားလုံးပေါင်း ...... မေးခွန်း ခြောက်ခုပေါ့ ... အမှတ်တွေပေါင်းပြီးရင် ...
> ကိုယ်ဘယ်လိုချစ်သူမျိုး ... ရနိုင်မလဲ ... သိကြရမယ်
> ကဲ ... စလိုက်ကြရအောင် ...
> ... ၁ ... သင်လိုချင်တဲ့ ချစ်သူရဲ့ ရုပ်ရည်သွင်ပြင် ...
>
> ... one ... သိတ်ချော သိတ်လှရမယ် ...
>
> ... two ... ကြည့်ကောင်းရင်ပြီးတာပါဘဲ
>
> ... three ... ဒါတွေက အရေးမကြီးပါဘူး
>
>
>
> ... ၂ ... သင်လိုချင်တဲ့ ချစ်သူရဲ့အရည်အချင်း ...
>
>
> ... one ... ဘာမဆိုစွမ်းဆောင်နိုင်ရမယ်
>
> ... two ... အေးချမ်းတဲ့ ဘ၀လေး ဖန်တီးနိုင်တယ်
>
> ... three ... ကိုယ့် အတွက် အမြဲတမ်း hero ပေါ့
>
>
>
> ...၃ ... ဒီလိုဖြစ်နေစေချင်တယ်
>
> ... one ... အမြဲတမ်း ကိုယ့်အတွက် အဆင်သင့်
>
> ... two ... ဘာဘဲဖြစ်ဖြစ်လေ နားလည်ပေးရမှာပေါ့
>
> ... three ... စိတ်ချင်းဆက်နေတယ်
>
>
> ... ၄ ... သူ့ရဲ့မိသားစု နဲ့ ယှဉ်ရင်
>
> ... one ... ကိုယ်က နံပါတ်စဉ် တစ်ပေါ့
>
> ... two ... ဟိုဘက် ဒီဘက် ညီညီမျှမျှပေါ့
>
> ... three ... နားလည်ပေးရမှာပေါ့လေ
>
>
>
> ... ၅ ... သူနဲ့လက်ထပ်ဖြစ်ပြီးရင်တော့
>
>
> ... one ... တိုက်ကြီးကြီး ကားအကောင်းစားကြီးနဲ့နေချင်တယ်
>
> ... two ... သီးသီးသန့်သန့် အေးအေးချမ်းချမ်းလေး နေချင်တယ်
>
> ... three ... မိဘတွေနဲ့အတူတူပေါ့
>
>
>
> ... ၆ ... လက်ထပ်ပြီး ရေရှည်မှာ
>
> ... one ... အရင်လိုဘဲ ကိုယ့်ကို ဦးစားပေးရမှာပေါ့
>
> ... two ... သူ့ဦးဆောင်မူ့ အောက်မှာဘဲနေတော့မယ်လေ
>
> ... three ... ညှိညှိနိုင်းနိုင်းနဲ့ နေကြရမှာပေါ့
>
>
> one ... ကိုရွေးရင် ... တစ်မှတ်
> two ... ကိုရွေးရင် ... နှစ်မှတ်
> three ... က သုံးမှတ်ပေါ့
> မေးခွန်း ၆ ခု စလုံး က အမှတ်တွေကို ပေါင်း ... ပြီးရင် ...
> ဘယ်နှစ်မှတ် ရသလဲ ... ပြောပြ ... ပြီးရင် ... အဖြေ ပြောပြမယ် ...
> အဖြေတွေက ( ၃ ) မျိုးပါ
> ၈ မှတ် အောက် ... ၈ မှတ်နဲ့ ၁၂ မှတ်ကြား ... ၁၄ မှတ်နဲ့ အထက် ... တွေပါ ...
>
>
> ၈ မှတ်အောက်ရသူတွေ
>
> ... သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး နဲနဲလောဘ ကြီးတတ်တဲ့ ချစ်သူမျိုးနဲ့
> ဆုံရတတ်ပါတယ်တဲ့
> အတ္တလဲကြီးတတ်ကြတယ် ... မိမိသာ ပထမ ချစ်သူက ဒုတိယလို့သဘောထားတတ်ကြသူတွေ
> လိုမျိုးပေါ့
> ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုသာ ရှေ့တန်းတင်တတ်ကြပါသတဲ့.. လက်တွေ့ဆန်သူများလို့လဲ
> ပြောရင်ရမလားပေါ့ ... ... ကိုယ်ရမယ့်
> ချစ်သူရဲ့ ပုံစံကို ပြောတာ
>
> ၈မှတ် နဲ့ ၁၂မှတ် ကြား
>
> ... သူတို့တွေကတော့ မှန်လိုချစ်သူမျိုး ရတတ်ကြပါတယ်တဲ့...
> ကိုယ်ပြုံးရင်ပြန်ပြုံးပြမယ် ... ကိုယ်မဲ့ရင်ပြန်မဲ့ပြမယ်ပေါ့ ...
> အရမ်းလဲ ကိုယ့်အပေါ်မဆိုးသလို ... သိတ်ပြီးတော့လဲ... မကောင်းပြန်ဘူး ... အဓိက
> ကတော့ ကိုယ်ပေးနိုင်သလောက်ဘဲ ... ပြန်ရမယ့်
> ချစ်သူမျိုးပေါ့...အရမ်းတော့လဲ မျှော်လင့်ချက်ထားလို့ မရတတ်ဘူး ...
>
> ၁၄မှတ် နဲ့ အထက်
>
>
> ... သူငယ်ချင်းရေ အရမ်းကို ပျော်လိုက်ပါတော့ ... ကံကောင်းခြင်းတွေနဲ့ အတူ...
> ချစ်သူတစ်ယောက် သူငယ်ချင်းဆီကို
> ... ရောက်လာပါလိမ့်မယ် ... မိတ်ဆွေ ... အစစ အရာရာ သည်းခံတတ် ...
> အနစ်နာခံတတ်တဲ့ချစ်သူ ... ခပ်သိမ်းသော... အရာအားလုံးထက် ... ပိုပြီး ...
> ကိုယ့်ကို ချစ်မယ့် သူ တစ်ယောက် ...
> မိတ်ဆွေ ... ရနိုင်ပါလိမ့်မယ် ...... နေရောင်ခြည်ကဲ့သို့ ... ကိုယ်ဘ၀ကို ...
> နွေးထွေးစေမယ့်
> ချစ်သူမျိုးပေါ့ ... သူငယ်ချင်းရဲ့ ဘ၀တစ်လျှောက်လုံးမှာ... ဂရုတစိုက်နဲ့ ...
> စွဲစွဲနစ်နစ် ... နဲ့ ... သူက ... ခင်ဗျားကို
> ချစ်သွားပါလိမ့်မယ်

ကာရံငယ်

လက်သန်းဗေဒင်တွက်မယ်











သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ့ဒီ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။
1. လက်သန်း ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ... ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးလုပ်ခြင်း မခံ၇ပါ။ 
2.လက်သန်း အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကိုယ် ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။

3. လက်သန်း အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။


ထိုနည်းတူစွာ အဲဒီ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။

4. လက်သန်း အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။

5. လက်သန်း အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ္စာ ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။

6.လက်သန်း အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။

Credit: mynamar yoe tar bay din

# လျှပ်တစ်ပြက်ဗေဒင်မေးမည်


.
“လျှပ်တစ်ပြက်ဗေဒင်” (Quick Baydin) ဆိုတဲ့ ကဏ္ဍသစ်လေးကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီမှာ လူတွေ အမေးအမြန်း များတတ်တဲ့ မေးခွန်းလေးတွေကို စီစဉ်ထားပါတယ်။ ဒီအထဲက ကိုယ်နဲ့ တိုက်ဆိုင်တဲ့ မေးခွန်းရှိရင် “Click” တစ်ချက်နှိပ်ပြီး မေးလိုက်ရုံပါဘဲ။ မွေးသက္ကရာဇ် မလိုပါဘူး။ ဒါပေမယ့် ဒီတွက်ချက်နည်းက Randomize အပေါ်မှာ အခြေခံထားတာဖြစ်လို့ မေးခွန်းတစ်ခုကို (၂)ခါမေးလို့ မရပါဘူး။ (၂)ခါ (၃)ခါ ထပ်မေးလို့ မေးခွန်းတွေ ကွဲလွဲနေရင် “ပထမဆုံး” ထွက်လာတဲ့ အဖြေကသာ အတည်ဖြစ်ပါတယ်။
.
အပျော်မေးရင်တော့ “အပျော်တမ်းဗေဒင်” ဖြစ်သွားပါမယ်။ အပျင်းပြေမေးရင် “အပျင်းပြေ ဗေဒင်” ဖြစ်သွားပါမယ်။ ယုံကြည်စိတ်နဲ့ မေးရင်တော့ “တကယ်မှန်တဲ့ ဗေဒင်” ဖြစ်သွားပါမယ်။ တကယ် ယုံယုံကြည်ကြည်နဲ့ မေးရင် လက်ဖျားခါလောက်အောင် မှန်တယ်ဆိုတာ ကိုယ်တွေ့ တွေ့လာရလိမ့်မယ်။
ဒါကြောင့် တကယ် သိလိုစိတ်ရှိမှ မေးပါ။ အပျင်းပြေ မမေးပါနဲ့ ။ တစ်နေ့ကို မေးခွန်း (၃)ခုထက် ပိုမေးရင် နောက်ပိုင်း မေးခွန်းတွေ  သိပ်ကြီးမမှန်နိုင်တော့ပါ။ မေးခွန်းများလေ၊ အမှားများလေ ဖြစ်မယ်။ ဒီဝက်ဆိုဒ် ရှိနေသရွေ့ အချိန်မရွေး လာမေးလို့ ရပါတယ်။ တစ်နေ့ကို (၃) ခုကနေ အများဆုံး (၅)ခုလောက် အထိ ဘဲ မေးစေချင်ပါတယ်။
.
ဘာရယ် မဟုတ်ပါဘူး။ အပျင်းပြေ လျှောက်နှိပ်ကြည့်မယ် ဆိုရင်လည်း နှိပ်ကြည့်ပေါ့။ ဒါပေမယ့် မေးခွန်းတစ်ခုအတွက် “ပထမဆုံး” ပေါ်လာတဲ့ အဖြေက အတည်ဖြစ်သွားတတ်တယ်ဆိုတာ မမေ့နဲ့။  နောက်ထပ် ဘယ်လောက် အဖြေမူကွဲတွေ ပေါ်ပေါ် ပထမဆုံး နှိပ်လိုက်လို့ ပေါ်လာတဲ့ အဖြေကဘဲ အမှန်ဆုံးဖြစ်တယ်ဆိုတာ နောက်ပိုင်းကိုယ်တွေ့ကြုံလာရင် သိလာရလိမ့်မယ်။ ကဲ – မေးလို့ရမယ့် မေးခွန်းကဏ္ဍလေးတွေကို ကြည့်ကြရအောင်။
.
မေးနိုင်သော မေးခွန်းကဏ္ဍများ (သက်ဆိုင်ရာ မေးခွန်းကဏ္ဍပေါ်တွင် Click နှိပ်လိုက်ပါ)
.
. . စတဲ့ ကဏ္ဍများထဲက မိမိနှစ်သက်ရာကို ရွေးချယ် မေးမြန်း နိုင်ပါတယ်။ ပထမဆုံး ပေါ်လာတဲ့ မေးခွန်းရဲ့ ဘေးမှာ Drop Down Item လေး ရှိပါတယ်။ အဲဒါလေးကို နှိပ်လိုက်ရင် မေးလို့ရနိုင်တဲ့ မေးခွန်းတွေ ပေါ်လာပါလိမ့်မယ်။
ဒီပရိုဂရမ်လေးထဲက အဟောတွေကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တည်းက ရေးသား ထားတာဖြစ်ပြီး ၊ အခုလို အွန်လိုင်း ပရိုဂရမ်လေးဖြစ်လာအောင် ပရိုဂရမ်မာ “ကိုမောင်မောင်မြင့်” (နက္ခတ်ဗေဒင်) က ကူညီရေးဆွဲ ပေးပါတယ်။ ကိုမောင်မောင်မြင့်ကို ဒီနေရာ ကနေ ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။ ကိုမောင်မောင်မြင့် ရဲ့ ဆိုဒ်ကို ဒီနေရာကို Click လုပ်ပြီး သွားကြည့်နိုင်ပါတယ်။ သူ့ ၀က်ဆိုဒ်မှာ နက္ခတ်ဗေဒင်စနစ် နဲ့ ဗေဒင်လည်း ဟောပေး နေပါတယ်။
.
မှတ်ချက်။    ။ မိမိတို့ သိလိုသော မေးခွန်း မပါသေးလျှင် ထိုမေးခွန်းကို အောက်ဖက် Comment ထဲတွင် ဖော်ပြပေးလျှင် – ထိုမေးခွန်း နှင့် အဖြေများကို ထပ်မံ ဖြည့်စွက်ပေးပါမည်။
.
စာဖတ်သူ မိတ်ဆွေများလုံး ကျန်းမာချမ်းသာကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw