LATESTED NEWS

မိုးကြိုးပစ်ခံရခြင်းအန္တရာယ်မှကာကွယ်ရန်


သင်ဟာ အပြင်တွင်ရောက် ရှိနေပါက ကောင်းကင်ကိုအမြဲ မပြတ် လေ့လာအကဲခတ်နေပါ။ မည်းမှောင်လာမယ့်ကောင်းကင်၊ လျှပ်စီးလက်ခြင်း(သို့မဟုတ်)လေ တိုက်ခတ်မှုပြင်းလာခြင်း စတာ တွေကို အကဲခတ်စောင့်ကြည့်နေ ပါ။ များသောအားဖြင့် မိုးမရွာမီ လျှပ်စီးလက်တဲ့အတွက် မိုးရွာ အောင်အထိစောင့်မနေပါနဲ့။ မိုး ခြိမ်းသံကြားရပြီဆိုပါက လုံခြုံရာ နေရာတစ်ခုကို ချက်ချင်းရှာဖွေ ခိုလှုံပါ။ အကောင်းဆုံးခိုလှုံရာနေ ရာများမှာ ခိုင်ခံ့သောအဆောက် အအုံ၊ (သို့မဟုတ်) မော်တော် ယာဉ်တစ်စီးအတွင်း ခိုလှုံခြင်းဖြစ် ပါတယ်။ မော်တော်ယာဉ်တံခါးကို သေသေချာချာပိတ်ထားရန် မမေ့ ပါနဲ့။
သေးငယ်သောအဆောက် အအုံများဖြစ်သည့် ကျွဲ၊ နွားတင်း ကုပ်၊ ဂိုဒေါင်အငယ်စား၊ ပျော် ပွဲစားထွက်ရာနေရာ၊ ဘေ့စ်ဘော ကွင်း၊ အပြင်တွင်ချထားသောခုံ ရှည် စသည်တို့ကိုရှောင်ရှားပါ။ ပတ်ဝန်းကျင်တွင် ခိုလှုံစရာမရှိပါ က သစ်ပင်များမှ ဝေးရာတွင်နေ ပါ။ ဟင်းလင်းပြင်တွင် သစ်ပင်၏ အမြင့်ထက်နှစ်ဆခန့်ဝေးသောနေ ရာတွင် ခြေကိုစု၍ ထိုင်ချပါ။ လက်များဖြင့် နားနှစ်ဖက်ကိုပိတ် ထားခြင်းဖြင့် မိုးခြိမ်းသံအန္တရာယ် ကိုလျော့ပါးစေနိုင်ပါတယ်။
အကယ်၍ သင်ဟာ လူအုပ် စုလိုက်ဖြစ်နေပါက တစ်ဦးနဲ့တစ် ဦး အနည်းဆုံး ၁၅ ပေအကွာ ခွာနေပါ။ ရေမှဝေးရာရှောင်နေပါ။ အကြောင်းကတော့ ရေဟာလျှပ် စစ်လွယ်ကူစွာစီးနိုင်သော လျှပ် ကူးပစ္စည်းဖြစ်ပါတယ်။ ရေကူး ခြင်း၊ ရေထဲဖြတ်လျှောက်ခြင်း၊ရေ ကူးဝတ်စုံဖြင့်ရေငုပ်ခြင်း၊ ရေ လွှာလျှောစီးခြင်း စတာတွေဟာ အန္တရာယ်မကင်းတတ်ကြပါ။ ရေ အိုင်ငယ်များ၊ ဗွက်အိုင်များထဲ တွင် ရပ်မနေမိပါစေနှင့်။
သတ္တုပစ္စည်းများ ပါတတ် သော အ၀တ်လှန်းကြိုးများ၊ ခြံ စည်းရိုးများမှ ဝေးဝေးတွင်နေပါ။ နောက် ကျောပိုးအိတ်များကို လည်းချထားပါ။ ပြင်ပတွင် ကိစ္စ တစ်ရပ်ရပ်ဆောင်ရွက်နေပါက နောက်ဆုံးကြားလိုက်ရသော မိုး ခြိမ်းသံ နှင့် မြင်လိုက်ရသော လျှပ် စီးလက်ခြင်းတို့မှ အနည်းဆုံး မိနစ် ၃၀ခန့်ကြာအောင် စောင့်ဆိုင်း ပြီးမှ ဆက်လက်ဆောင်ရွက်ပါ။
(သင်ဟာအိမ်အတွင်းတွင်ရောက်ရှိနေပါက)
ရေကိုရှောင်ပါ။ရေဟာလျှပ် စစ်အလွယ်တကူ ကူးနိုင်သော လျှပ်ကူးပစ္စည်းဖြစ်တဲ့ အတွက် ရေမချိုးပါနဲ့။ လက်ဆေးခြင်း၊ အိုးခွက်၊ပန်းကန်များ ဆေးခြင်း၊ အ၀တ်လျှော်ဖွပ်ခြင်းစတာတွေ ကိုရှောင်ရှားပါ။ လိုင်းကြိုးဖုံးများ ကို မသုံးပါနဲ့။ ပြင်ပရှိ တယ်လီ ဖုန်းလိုင်းကြိုးအတွင်းသို့ လျှပ် စစ်စီးဝင်လာတတ်ပါတယ်။ မိုး တိမ်တောင်နီးကပ်နေစဉ် ကွန် ပျူတာ၊ လျှပ်စစ်အသုံးအဆောင် များကို အသုံးမပြုဘဲနေပါ။ တံခါး မ၊ ပြတင်းပေါက်၊ ပေါ်တီကိုများ အနီးတွင် မနေပါနဲ့။
(မိုးကြိုးပစ်ခြင်းကို ကာကွယ်ခြင်း- မိုးကြိုးလွှဲ)
မိုးကြိုးပစ်ခြင်းသည် အ ဆောက်အအုံများ၊ လုပ်ငန်း ဆောင်တာများအပေါ်တွင် ကမ္ဘာ အနှံ့ထိခိုက်မှုများပြားစေသော ဖြစ်စဉ်ဖြစ်ပါတယ်။ မိုးကြိုးပစ် ခတ်မှုတွင် တိုက်ရိုက်ထိခိုက်မှု (Direct Impact) နှင့်တစ်ဆင့်ခံ ထိခိုက်မှု (Secondary Impacts) ဟူ၍ ခွဲခြားနိုင်ပြီး အဆောက်အ အုံတစ်ခု(သို့မဟုတ်)လုပ်ငန်းတစ် ရပ်ကို လုံးဝပျက်စီး (သို့မဟုတ်) ရပ်တန့်သွားအောင်အထိ ပြု လုပ်နိုင်စွမ်းရှိကြပါတယ်။ တစ်ခါ တစ်ရံတွင်လည်း အမြောက်အ မြား သိုလှောင်ထားသော ပေါက် ကွဲစေတတ်တဲ့ ပစ္စည်းဂိုဒေါင်ကို မိုးကြိုးပစ်ခံရပါက မီးလောင် ကျွမ်းမှု ဖြစ်တတ်ပါတယ်။ တစ် ခါတစ်ရံတွင်လည်း အဝေးတွင် တပ်ဆင်ထားတဲ့ လျှပ်စစ်ဓာတ် အားပေးစက်ရုံများ၊ တာဝါတိုင် များ၊ ထရန်စဖော်မာများ မိုးကြိုး ပစ်ခံရပါက များစွာသောလုပ်ငန်း များရပ်တန့်သွားစေနိုင်တယ်။
မိုးကြိုးလွှဲအများစုဟာ မြေ ပြင်ပေါ်ရှိအဆောက်အအုံကို အ ကာကွယ်ပေးရန်အတွက် ပြုလုပ် ထားလေ့ရှိပါတယ်။ တစ်ခေတ် တစ်ခါက မိုးကြိုးပစ်ခြင်းဖြစ်စဉ် များကို လျော့ကျအောင်ပြုလုပ် ခဲ့ဖူးကြသော်လည်း အောင်မြင် မှုမရခဲ့ကြပါ။ မိုးကြိုးလွှဲတစ်ခုကို Lighting Rod, Lighting Arrestor, Surge Protector ဟု အမည်အမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြပါ တယ်။ မိုးကြိုးလွှဲအများစုရဲ့ သ ဘောတရားမှာ လျှပ်စစ်လွှဲပြောင်း ပေးသောစနစ်ဖြစ်ပြီး မိုးကြိုးပစ်ခံ ရမှုကြောင့်ရရှိလာနိုင်သော ထိ ခိုက်မှုကို လျှော့ချပေးနိုင်ကြပါ တယ်။ လျှပ်စီးကြောင်းရဲ့လမ်း ကြောင်းကိုလည်း ထိန်းချုပ်ပေးနိုင် ကြပါတယ်။
မိုးကြိုးလွှဲတစ်ခု တည် ဆောက်ပုံမှာ သတ္တုအစ (သို့မ ဟုတ်) သတ္တုချောင်းတစ်ခုကို လျှပ်ကူးပစ္စည်းများခံကာ မြေပြင် နဲ့ ဆက်သွယ်ပေးထားခြင်းဖြစ်ပြီး အဆောက်အအုံကို မိုးကြိုးပစ်ခံ ရပါက လျှပ်စစ်စီးကြောင်းကို အ ဆောက်အအုံကို မထိခိုက်စေဘဲ မြေပြင်သို့လမ်းလွှဲပေးလိုက်သော စနစ်ဖြစ်ပါတယ်။ ကြီးမားရှည် လျားသော အဆောက်အအုံများ ဖြစ်ပါက မိုးကြိုးလွှဲတစ်ခုတည်း တပ်ဆင်ရုံဖြင့် အဆောက်အအုံ တစ်ခုလုံး မကာကွယ်နိုင်တော့ပါ က မိုးကြိုးလွှဲအရေအတွက်ကို တိုးမြှင့်တပ်ဆင်ခြင်းဖြင့် အကာ အကွယ်ပြုဧရိယာကို အဆောက် အအုံတစ်ခုလုံး ဖုံးမိစေရန်လုပ် ဆောင်ပေးဖို့လိုအပ်ပါတယ်။
မိုးကြိုးအန္တရာယ်ကို မိုးတိမ် တောင်များ အဖြစ်များလေ့ရှိတဲ့ မိုးကြိုကာလ (ဧပြီလနဲ့မေလ) အတွင်း နေ့စဉ်မွန်းလွဲ၊ညနေပိုင်း အချိန်အခါများနဲ့ မုတ်သုံလေ ၀င် ရောက်စဉ်ကာလများတွင်အထူး ဂရုစိုက်ကာကွယ်ကြဖို့ လိုအပ်ပါ လိမ့်မယ်။
ဦးထွန်းလွင်(မိုးလေ၀သ)
http://dasurface.blogspot.com

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw