LATESTED NEWS

ဘဝနိဂုံး ( Life - As We Knew It )


 
ဒီနေ့မနက်လည်း ခါတိုင်းမနက်တွေလိုပဲ
နေမင်းကြီးဟာ အရှေ့ဖက်ကနေထွက်လာမယ်။
ဒီနေ့လည်း ခါတိုင်းနေ့လိုတွေပဲ
လူတွေအားလုံးဟာ သူတို့ရဲ့ လိုအပ်မူတွေအတွက် ပြေးလွှားရှာဖွေကြလိမ့်မယ်။
ဒီနေ့ညလည်း ခါတိုင်းညတွေလိုပဲ
လမင်းကြီးဟာ အမှောင်ထု ကမ္ဘာကြီးကို
ကြယ်တာယာပေါင်း ထောင်သောင်း မြောက်များစွာဖြင့် အလင်းပေးလိမ့်မယ်။



 ထုံးစံအတိုင်းပဲ
စီးဆင်းနဲမြဲ မြစ်ကလည်း စီးဆင်းနေမယ်။
သင်သိတဲ့အတိုင်းပါပဲ
ဘဝကြီးဟာ ရပ်နားတယ်ဆိုတာ လုံးဝမရှိဘူး။
သင်ဖြတ်လျှောက်သွားရင်းနဲ့
အိုခြင်းတရား၊ နာခြင်းတရား၊ နှင့် သေခြင်းတရားများကို
ဒုက္ခပေါင်း ထောင်သောင်းများစွာနှင့်တကွ
ကြုံတွေ့သွားရလိမ့်မယ်။

ဒီနေ့တော့
သင်ဟာ မနေ့က နေ့တစ်ရက်ကို ကျော်လွန်နိုင်ခဲ့ပြီး ရှင်သန်နေပါသေးတယ်။
တနေ့သော မနက်ဖန်မှာတော့
သင်အတွက် အလင်းရောင်တွေဟာ ကွယ်စပြုလာပါလိမ့်မယ်။
တနေ့တချိန်မှာတော့
သင်ဟာ ပြေးလွှား ရှောင်ပုံးလို့မရနိုင်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရလိမ့်မည်။

အဲ့ဒါက သင့်ရဲ့ ဘဝနိဂုံးပါပဲ --- သူငယ်ချင်း။

(D-eXistence)

Life ( As we knew it )
****************

Like every morning,
the sun will rise up from the east ...
Like everyday,
people will be running for their needs ...
Like every night,
the moon will help to lighten the world ...
With thousand and thousand of stars ...

&

As usual,
the river will continue its flow ...
As you know,
there is no break for the life time ...
As you passed by,
you will see growing old,suffering and dying ...
with thousand and thousand of disasters ...

&

Today,
you are able to walk away from yesterday ...
Tomorrow ,
you may not be able to see the light ...
One day,
you will not be able to run away ...
& That is the end ...
My Friend, That is the End.

by D-eXistence (Composed it about 4-5 Years ago )

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw