LATESTED NEWS

အတိုက်အခိုက်များရန်မှ ကာကွယ်နည်း

 " အတိုက်အခိုက်များရန်က ကာကွယ်ဖို့ " . မိတ်ဆွေတို့ကိုသော်၎င်း ၊ မိတ်ဆွေတို့၏မိသားစုများကိုသော်၎င်း ၊ မိတ်ဆွေတို့၏ နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား စသည်တို့ကို ... ။ . အတိုက်အခံအပြိုင်အဆိုင်များကသော်၎င်း ၊ မနာလိုမုန်းတီးသူများကသော်၎င်း မကောင်းသောအတတ်ပညာများနှင့် ပြုစားစီရင် နှောက်ယှက်ခံနေရလျှင်သော်၎င်း ၊ သံသယဖြစ်နေလျှင်သော်၎င်း .... ။ အခြားသောပုံစံအမျိုးမျိုးဖြင့် နှောက်ယှက်တိုက်ခိုက်နေလျှင်သော်၎င်း .... ။ . တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေအိမ် ၊ ခြံဝန်း ၊ တိုက်ခန်း ၊ ဈေးဆိုင် ၊ ရုံးခန်း ၊ လုပ်ငန်း ၊ အလုပ်ရုံ ၊ ယဉ်ကား များ မသန့်မရှင်းဖြစ်နေလျှင်သော်၎င်း ... ။ . စုန်းတိုက် ၊ နတ်တိုက် ၊ အောက်လမ်းအတတ် ၊ အင်းအတတ် ၊ မှော်အတတ် စသည့် မကောင်းသောအတတ်ပညာများဖြင့် ပြုစားစီရင် တိုက်ခိုက်ခြင်းရန်မှ အကာအကွယ်ရစေရန်အတွက် ... ။ တိုက်ခိုက်ခံနေရသော အတိုက်အခိုက်အန္တရာယ်များ ၊ မကောင်းသောအတတ်ပညာများ အာနိသင်ပျယ်သွားစေရန်အတွက်၎င်း .... ။ . ကျွန်ုပ်တို့လက်တွေ့အသုံးချနေတဲ့ ၊ ရှေးဆရာအစဉ်အဆက် လက်ဆင့်ကမ်းအသုံးပြုလာခဲ့တဲ့ .. ဂမ္ဘီရယတြာနည်းတစ်ခု လက်ဆောင်ဖော်ပြပေးလိုက်ပါတယ် ... ။ . ( မိမိတို့ကို မကောင်းကြံပြီးစီရင်ထားတဲ့ အတတ်တွေ ၊ အတိုက်တွေအားလုံးကို မြေလှန် ၊ မီးတိုက်ပစ်တဲ့သဘော ... ရောက်မလာအောင် ကာကွယ်တဲ့ အခြေခံသဘောဖြစ်ပါတယ် ... ။ ပညာရှင်များ နက်နက်ရှိုင်းရှိုင်း တွေးခေါ်စဉ်းစားနိုင်ကြပါကုန် )  ( တစ်ပုံချင်းထောက်ကြည့်ပါ)

စလောင်းဖုံးထဲကိုထုံးအနည်းငယ်ထည့်ပါ။မြေစလောင်းဖုံးသန့်သန့်ဖြစ်ရပါမည်။
သကြားအနည်းငယ်ထည့်ပါ။

လက်ခလယ်ဖြင့်မွှေပါ။အတွင်းထဲသို့စိမ့်သွားအောင်မွှေပါ

၎င်းမြေလောင်းဖုန်းကိုဘုရားစင်ပေါ်တွင်သော်၎င်း ဆိုင်ကောင်တာစာပွဲပေါ်တွင်သော်၎င်းတင်ရ်ျမကြာခဏဖယောင်းတိုင်ထွန်းပေးခြင်အားဖြင့်အနှောက်ယှက်အတိုက်အခိုက်ဘေးမှကင်းဝေးပါတယ်။

မိတ်ဆွေတို့၏ ကောင်းကျိုးများကို အစဉ်လိုလားသော . 

မင်းသိမ်းခိုင် ( ရွှေရမ်းထူးလင်း ) . 

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw