LATESTED NEWS

အလွယ်ကူဆုံး Proxy ကျော်နည်း ...




ဒီပိုစ့်ကို ''အလွယ်ကူဆုံး Proxy ကျော်နည်း'' လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်..။ ဘာလို့လဲဆိုတော့ တခြား Proxy ကျော်နည်းတွေလို Proxy နံပါတ်တွေနဲ့ Port နံပါတ်တွေ လိုက်ပြောင်းထည့်ပေးဖို့ မလိုပဲ ဒီအောက်ကလင့်လေးကို Notepad နဲ့ ကူးမှတ်ထားပြီး မိမိတို့ အသုံးလိုတဲ့အခါ Browser ရဲ့ Address Bar မှာ copy-paste နဲ့ ထည့်၊ Enter ခေါက်လိုက်ရင် နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites တွေကို တွေ့ရပါလိမ့်မယ်..။ နေ့စဉ် Proxy ကျော်ပေးနိုင်တဲ့ Websites ၁၀ခုလောက်ကို ဒီအောက်ကလင့်မှာ ဖေါ်ပြပေးထားလို့ တခုမရ၊ နောက်တခုနဲ့ ပြောင်းသုံးပေးလိုက်ရင် ကျနော်တို့လို Blogspot တွေကိုပါ အလွယ်တကူ ဝင်ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ Proxy ကျော်တယ်ဆိုတာ ဘာကို ပြောတာလဲ..။ တချို့က မသိသေးပါဘူး..။ မိမိတို့ အသုံးပြုနေတဲ့ အင်တာနက်လိုင်းကို ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင်းတွေက ၎င်းတို့ မကြည့်စေချင်တဲ့ ဝဘ်ဆိုဒ်တွေကို ပိတ်ထားတတ်ကြပါတယ်..။ အရင်တုန်းက မြန်မာပြည်မှာဆို ကျနော်တို့လို Blogspot တွေနဲ့ တခြား ဖရီး ဆိုဒ်တွေကို ဝင်ကြည့်လို့ မရအောင် ပိတ်ထားတတ်ပါတယ်..။ အခုနောက်ပိုင်းတော့ သေချာမသိတော့..။ နောက်ပြီး လိုင်းကျတဲ့အခါမျိုးတွေမှာလည်း မိမိတို့ ကြည့်ချင်တဲ့ ဆိုဒ်တွေကို ဝင်လို့ မရတတ်ပါဘူး..။ အဲ့လိုအခါမျိုးတွေမှာ Proxy ကျော်မှ အဆင်ပြေပါတယ်..။ Proxy ကျော်နည်းတွေ အများကြီးရှိတဲ့ထဲက ဒီနည်းလေးက အလွယ်ဆုံးမို့ နောက်ပြီး Google ကလည်း Support လုပ်ပေးထားလို့ အားလုံးအတွက် အဆင်ပြေမယ်ထင်တဲ့အတွက် ဒီ Proxy ကျော်နည်းပိုစ့်မှာ ဒီအောက်ကလင့်လေးကို ဝင်ပြီးအသုံးပြုတတ်အောင် ပုံလေးတွေနဲ့ ပြပေးလိုက်ပါတယ်..။ Blogspot တွေနဲ့ တခြား ဝဘ်ဆိုဒ်တော်တော်များများကို ဝင်လို့ မရတတ်တဲ့ သူများ အောက်မှာ ဆက်ကြည့်ပေးပါ..။
ဒီအောက်ကလင့်လေးကို မိမိတို့ရဲ့ မှတ်ရလွယ်တဲ့ နေရာလေးမှာ Notepad နဲ့ပဲ ဖြစ်ဖြစ် ၊ တခြားနည်းနဲ့ပဲ ဖြစ်ဖြစ်သေချာမှတ်ထားလိုက်ပါဗျာ..။ အခု တခါတည်း လုပ်တတ်ချင်တဲ့သူများကတော့ ဒီလင့်ကို https://groups.google.com/forum/#!forum/f5proxy
 
အပေါ်ဆုံးမှာ လက်ပုံလေးနဲ့ ပြထားတဲ့ လင့်က ဒီနေ့ သို့မဟုတ် မနေ့က တင်ပေးထားတဲ့ အသုံးပြုလို့ ရတဲ့ Proxy ဆိုဒ်တွေကို ဖေါ်ပြပေးထားပါတယ်..။ အပေါ်ဆုံးတခုကို ကလစ်ပြီး ဝင်သွားလိုက်ရင် အောက်က ဒုတိယပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။ အောက်ကလင့်တွေကတော့ အရင်နေ့တွေအတွက် အသုံးပြုလို့ ရတဲ့ Proxy ကျော်ပေးနိုင်တဲ့ ဝဘ်ဆိုဒ်လင့်တွေပါ..။ နေ့စွဲတွေနဲ့ပါ ရှာကြည့်နိုင်ပါတယ်..။



အပေါ်ဆုံးတခုကနေ ဝင်သွားလိုက်ရင်URL HERE ဆိုတဲ့ နေရာတွေမှာ မိမိတို့ ဝင်ကြည့်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာတွေကို ရိုက်ထည့်ပါ..။ သို့မဟုတ် Notepad လိုမျိုး မှတ်ထားတဲ့ထဲက copy-paste နဲ့ ထည့်ပါ..။ ပြီးရင်တော့ SUBMIT ဆိုတဲ့ စာသားနေရာတွေကို နှိပ်ပေးလိုက်ရင် မိမိတို့ ပုံမှန်ကြည့်လို့ မရတဲ့ ဆိုဒ်တွေကို ဒီဆိုဒ်တွေက ကျော်ပြီး ကြည့်လို့ ရအောင် ကူညီပေးပါလိမ့်မယ်..။


မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw