LATESTED NEWS

"နင်နောင်တမရပါစေနဲ့"


ပေးခဲ့ဘူးတဲ့အချစ်တွေ
မထိုက်လို့ လွဲခဲ့တဲ့
နင့် အချစ်တွေအတွက် ..
ငါနောင်တ မရဘူး....။
******************
သုံးစွဲလိုက်ရတဲ့ ငါ့အချိန်တွေ
နင်အလွဲသုံးစား လုပ်ခဲ့တဲ့
ငါ့ မျှော်လင့်ခြင်းတွေ အတွက်လဲ
ငါနောင်တ မရဘူး။
******************
ရယူမှုတွေ မပါပဲ ပေးဆပ်ခဲ့တဲ့ အကြိမ်တွေနဲ့
ငါ့ရဲ့ တန်ဖိုးထားမြတ်နိုးမှုကို နားမလည်ပဲ
အပေါ်ယံတွေနဲ့ ပျော်ရွှင်ခဲ့တာတွေ အတွက်
ငါနောင်တမရဘူး
******************
အချစ်တစ်ခုကို အတည်ပြုပြီး
နင့်ကိုပဲ ရူးခဲ့တဲ့
နင် သံယောဇဉ်တွေ အတွက်လဲ


ငါနောင်တ မရဘူး။
******************
အချစ်တစ်ခုကို အတည်ပြုပြီး
နင့်ကိုပဲ ရှုးခဲ့တာ
တွယ်တာသမျှကို ဥပေက္ခာပြုရင်း တစိမ်းဆန်ခဲ့တဲ့
နင့်သံယောဇဉ်တွေ အတွက်လဲ
ငါနောင်တမရဘူး
******************
နင်စိတ်ပျက်အားငယ်တိုင်း
နင့်ဆီရောက်လာပြီး
အားငယ်မှုတွေ ဖျောက်ဖျက်ပေးခဲ့တာတွေ
နင်ပျော်ရွှင်တဲ့ အခါတိုင်း
ငါ့ကို မေ့ထားခဲ့တာတွေ အတွက်
ငါနောင်တမရဘူး
******************
တခြားသူနဲ့ နင်ပျော်မြူးနေချိန်တိုင်း
ကျခဲ့ရတဲ့ ငါမျက်ရည်အတွက်
နင့်ဘေးမှာ ဘယ်သူမှ မရှိတဲ့အခါ ငါ့ရဲ့ ဂရုစိုက်မှုတွေကို
နင်အလိုရှိခဲ့တာတွေ အတွက်လဲ
ငါနောင်တ မရဘူး...။
******************
နောက်ဆုံး
နာကျည်းမှုတွေများခဲ့လို့...............
ငါ ထွက် သွားခဲ့ ရင်
ဂရုစိုက်မှု ..တွေ ပေးခဲ့ တဲ့ 
ငါ့နှလုံးသား တစ်ခုအတွက်လဲ
နင် နောင်တမရပါစေနဲ့

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw