ငွေဖိတ်ခေါ်ဖို့အတွက် စဉ်းစားရမှာတွေကအများကြီးရှိနေပါတယ် .... သာမန်ဆိုရင်တော့ ဘာမှစဉ်းစားမနေပဲ ... ငွေ ( ၂င်္လာ ) ကို အ၀င်ဓာတ်ဆင်လိုက်ရုံနဲ့ပြီးပါတယ် ... ဒါပေမယ့် ကျနော်ကတော့ အများကြီးထည့်သွင်းစဉ်းစားပါတယ် ... ဒီလိုသေသေချာချာစဉ်းစားခဲ့လို့လည်း ဓာတ်ရိုက်ပညာမှာ အောင်ပွဲခံခဲ့တာလို့ ယုံကြည်ပါတယ် ... ငွေဝင်ချင်တယ်ဆိုတိုင်း ငွေဝင်အောင်မလုပ်နိုင်သေးပါဘူးခင်ဗျာ ... ငွေဝင်ကံရှိနေမှသာ ငွေဝင်အောင်လုပ်နိုင်ပါလိမ့်မယ် ... ရှင်းအောင်နည်းနည်းပြောရရင် ... အိမ်ရှေ့မှာရေကန်ကြီးရှိပေမယ့် သူ့အလိုလိုတော့ အိမ်ထဲကိုရေတွေဝင်မလာနိုင်ပါဘူး ... ရေတွေဝင်လာစေချင်ရင်တော့ မြောင်းဖောက်ပေးမှဖြစ်ပါလိမ့်မယ် ... ဒီလိုပဲ ... ငွေဝင်ကံရှိနေပေမယ့် ကိုယ်က၀င်လာအောင်လမ်းကြောင်းမပေးသရွေ့ ငွေမ၀င်ပါဘူး ... နောက်တစ်ခုက ငွေဝင်ကိန်းရှိပြီး ငွေဝင်အောင်လမ်းကြောင်းပေးနေတာတောင်မှ ငွေမ၀င်တာတွေရှိတတ်ပါသေးတယ် ... ဘာကြောင့်ပါလဲ ... ရှင်းပါတယ် ... ငွေဝင်ဖို့လမ်းတွေကို ကိုယ်ကပြန်ပိတ်ထားလို့ပါ ... ခုကျနော်ပြောနေတာတွေအားလုံးက ဂမ္ဘီရအမြင်တွေနော် ... မရှုပ်ကုန်နဲ့ ... ရှင်းအောင်ဖတ် ... ထပ်ပြောမယ် ... ငွေမ၀င်တာဟာ ... ငွေဝင်လမ်းတွေပိတ်ထားလို့လည်းဖြစ်နိုင်ပါတယ် ... ဒီလိုပါ ... မိန်းမထမီတွေဟာ အနိဋ္ဌပါ .. ဒါကို အိမ်ရှေ့ဣဋ္ဌဋ္ဌာနမှာ လှန်းထားရင် လာဘ်ပိတ်တတ်ပါတယ် ... ဒီလိုပဲ ... ဘုရားစင်ဆိုတဲ့ ဣဋ္ဌနေရာမှာ ဘုရားနဲ့မသက်ဆိုင်တဲ့ ပစ္စည်းမျိုးတွေတင်ထားမိလို့ လာဘ်ပိတ်တာတွေ၊ မနက်လေမချွန်ပဲ .. ညလေချွန်မိလို့ လာဘ်ပိတ်တာတွေ၊ အိမ်နောက်ဖေးက ထမင်းအိုးကို အိမ်ရှေ့မှာထုတ်ယူစားသုံးမိလို့လာဘ်ပိတ်တာတွေ ... ပြောရရင်တော့ အများကြီးပေါ့ ... ဒီတော့ ငွေဝင်အောင်ဖိတ်ခေါ်တဲ့နေရာမှာ ဒါတွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ် ... ကိုယ်စီရင်မယ့်ဓာတ်က အစွမ်းနည်းနေရင် ( ၀ါ ) ငွေဝင်လမ်းပိတ်ဆို့တဲ့ဓာတ်ကိုမှမရှင်းနိုင်ရင် ထင်သလောက်မစွမ်းတော့ပါဘူး ... ဒါကိုအထူးဂရုစိုက်ရပါမယ် ... ဗေဒင်မေးသူဆိုတာ ... ပညာကိုသိချင်တာထက် ပညာရဲ့အကျိုးကိုခံစားချင်တာများပါတယ် ... ဟောရင်မှန်မှ ... လုပ်ပေးရင်စွမ်းမှ ... ။ ဒီတော့ ... ပေးသူ ဆရာက သူတို့ရဲ့အားနည်းချက်တွေကို ပိုင်ပိုင်နိုင်နိုင်အရင်ရှာပြီးစီရင်နိုင်ရပါမယ် ... လွယ်တော့မလွယ်ဘူးပေါ့ ... မေးသူဟာ လာဘ်ပိတ်စေတဲ့အရာတစ်ခုခုလုပ်ထားနိုင်ပါတယ် ... ဆရာကခန့်မှန်းရမှာပါ ... မခန့်မှန်းနိုင်ရင် ပေးတဲ့ယတြာဟာအဆင်မပြေတာများမယ် ... ခန့်မှန်းနိုင်ရင် ပေးတဲ့ယတြာထိရောက်ပါမယ် ... ပြောနေကြာပါတယ် ... ငွေဖိတ်ခေါ်ဖို့ ငွေဝင်ကံရှိမရှိ အရင်တွက်လိုက်ပါဦး ... ပြီးရင် ဘယ်လောက်လာဘ်ပိတ်နေပါစေ ... ပွင့်အောင်ဖွင့်နိုင်တဲ့ အောက်ပါနည်းလမ်းကိုသုံးလိုက်ပါ ...
အသက်မှန် ကို ၄ နဲ့မြှောက်ပါ ... အရေအတွက်အတိုင်းမုန့်လုံးရေပေါ်လုံးပါ ... ပြီးရင် ကြွေပန်းကန်တစ်ချပ်ထဲ အင်ဖက်ခင်းပြီး မုန့်လုံးရေပေါ် ၁၀ လုံးထည့်ပါ ... ကျန်တာကိုတော့ ဝေလိုဝေ ၊ စားလိုစားပါ ... အဲဒါကို တနင်္လာနေ့ မနက် ၉း၄၅ မှာလှူပေးရပါမယ် ... တစ်လတခါလုပ်ကြည့်ပါ ... လှူထားတုန်းခဏမှာ ဒိဝါတပတိဂါထာရွတ်တာတို့ဘာတို့ လုပ်ချင်လုပ်ပေါ့ ... ဘယ်လောက်ထိရောက်သလဲဆိုတာကတော့ ... လုပ်ကြည့်မှသိပါလိမ့်မယ် ... ငွေကြေးအဆင်ပြေကြပါစေ ...
Post a Comment
သင်၏မှတ်ချက် ရေးပါ။.....