LATESTED NEWS

ကွန်ပျူတာနှင့်တူသော မိန်းမ၊ ယောက်ျားများ



Hard-Disk နှင့်တူသော မိန်းမ
သူမဟာ အရာအားလုံးကို အမြဲတမ်းမှတ်မိတယ်။

RAM နှင့်တူသော မိန်းမ
သူမနဲ့ အဆက်အသွယ်ပြတ်သွားပြီဆိုတာနဲ့ သူမကလည်း သင့်အကြောင်းတွေအားလုံးကို မေ့သွားပါလိမ့်မယ်။

Windows နှင့်တူသော မိန်းမ
ဘာတစ်ခုကိုမှ မှန်မှန်ကန်ကန် ဖြစ်ဖြစ်မြောက်မြောက် သူမ မလုပ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမ မရှိဘဲလည်း ဘယ်သူမှ နေလို့မရဘူး။

Excel နှင့်တူသော မိန်းမ
သူမ လုပ်နိုင်တာတွေအများကြီးပဲလို့ ပြောကြတယ်။ ဒါပေမယ့် သင်ကတော့ အခြေခံလိုအပ်ချက်တွေ အတွက်သာ သူမကို အသုံးချလိမ့်မယ်။

Screen Saver နှင့်တူသော မိန်းမ
ဘာမှအသုံးမ၀င်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ အပျင်းပြေစေတယ်။

Internet နှင့်တူသော မိန်းမ
သူမဆီက အခွင့်အရေးရဖို့ အမြဲတမ်းခက်ခဲတယ်။

Server နှင့်တူသော မိန်းမ
သင်လိုအပ်နေပြီလားဆိုရင် အမြဲတမ်းအလုပ်ရှုပ်ပြီး မအားမလပ်ဖြစ်နေလိမ့်မယ်။

E-mail နှင့်တူသော မိန်းမ
သင့်ကို စကားဆယ်ခွန်းပြောတိုင်း ရှစ်ခွန်းက ဘာအဓိပ္ပါယ်မှ မရှိတာတွေဖြစ်နေလိမ့်မယ်။

Virus နှင့်တူသော မိန်းမ
ဇနီး လို့လည်း ခေါ်ကြတယ်။ သင်မျှော်လင့်မထားတဲ့အချိန်မှာ သူမရောက်လာမယ်။ သူ့ဘာသာသူ နေရာယူမယ်။ ပြီးရင် သင့်မှာရှိသမျှပစ္စည်းတွေအားလုံးကို ယူသုံးလိမ့်မယ်။ သူမကို စွန့်ခွာမောင်းထုတ်ဖို့ကြိုးစားရင် တစ်ခုခုကို သင်ဆုံးရှုံးရလိမ့်မယ်။ အဲ... စွန့်ခွာမောင်းထုတ်ဖို့ မကြိုးစားဘူးဆိုပြန်ရင်လည်း သင့်မှာရှိသမျှ အရာအားလုံး ဆုံးရှုံးပြီလို့သာ မှတ်လိုက်ပါ။

မိတ်ဆွေက ယောက်ျားလေးဆိုရင်တော့ အေးဆေးပဲပေါ့။ အဲ... မိန်းကလေးဖြစ်နေရင် ကျွန်တော့်ကို အပြစ်တင်မစောပါနဲ့ဦး။ ကွန်ပျူတာနှင့်တူသော ယောက်ျားများဆိုပြီး ခေါင်းစဉ်ပြောင်းဖတ်လိုက်ပါ။ ..... နှင့်တူသော ယောက်ျား ပေါ့ဗျာ။ အဆင်ပြေမှာပါဗျ။ အမောအပန်းပြေနိုင်ကြပါစေဟု....။

ကာရံငယ်
www.yetayzakyaw.blogspot.com

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw