LATESTED NEWS
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

တိုင်တမ်းနစ် သဘောင်္ ဘာကြောင့်မြုတ်သွားလဲသိလား (အကြောင်းရင်းအမှန်ကဒီလိုပါ :D )

by-yetayzakyaw

Funny Telent (ဟာသ)


Best Talent




မျက် လှည့် (ဟာသ)


သရုပ်ဆောင်များစွာပါဝင်တဲ့ ဟာသလေးပါ



Five Star ဟာသ


ကွန်ပျူတာနှင့်တူသော မိန်းမ၊ ယောက်ျားများ



Hard-Disk နှင့်တူသော မိန်းမ
သူမဟာ အရာအားလုံးကို အမြဲတမ်းမှတ်မိတယ်။

RAM နှင့်တူသော မိန်းမ
သူမနဲ့ အဆက်အသွယ်ပြတ်သွားပြီဆိုတာနဲ့ သူမကလည်း သင့်အကြောင်းတွေအားလုံးကို မေ့သွားပါလိမ့်မယ်။

Windows နှင့်တူသော မိန်းမ
ဘာတစ်ခုကိုမှ မှန်မှန်ကန်ကန် ဖြစ်ဖြစ်မြောက်မြောက် သူမ မလုပ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမ မရှိဘဲလည်း ဘယ်သူမှ နေလို့မရဘူး။

Excel နှင့်တူသော မိန်းမ
သူမ လုပ်နိုင်တာတွေအများကြီးပဲလို့ ပြောကြတယ်။ ဒါပေမယ့် သင်ကတော့ အခြေခံလိုအပ်ချက်တွေ အတွက်သာ သူမကို အသုံးချလိမ့်မယ်။

Screen Saver နှင့်တူသော မိန်းမ
ဘာမှအသုံးမ၀င်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ အပျင်းပြေစေတယ်။

Internet နှင့်တူသော မိန်းမ
သူမဆီက အခွင့်အရေးရဖို့ အမြဲတမ်းခက်ခဲတယ်။

Server နှင့်တူသော မိန်းမ

တိုတိုထွာထွာဟာသများ

My Photo

အချစ်
"မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"


ချစ်တဲ့အကြောင်းပဲပြောပါ
"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်တယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."


သင်ခန်းစာ
သူငယ်ချင်းနှစ်ယောက် ရှိကြသည်။ တစ်ယောက်က အရက်သောက်သည် နောက်တစ်ယောက်က
လုံးဝ မသောက်ချေ။ တစ်နေ့ အရက်သောက်သူ အရက်မူးမူးဖြင့် ကားတက်မောင်းသည်။
အရက် မသောက်သူကို တက်ကြိက်မိသည်။ အရက် မသောက်သူ ပွဲချင်းပြီး သေသွားသည်။
သင်ခန်းစာ - သောက်လျှင်သေမည်၊ မသောက်လျှင်လည်း သေမည်။



ငြင်းပါ

"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်"
"ဟင့်အင်းလို့ ပြော"



မျက်စိဆရာဝန်
အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
"အ၀တ်အစား ချွတ်လိုက်ပါ"
"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"
"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ"
"ရှင်က ဘယ်သူလဲ"
"မျက်စိ ဆရာဝန်"



ခွေးစကား
တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
"၀ုတ်"
အခုစကားပြောနေတာ ဘယ်သူလဲ
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသက် ၀ုတ်၊ ၀ုတ် ၀ုတ်"



ကူညီချင်ပါတယ်
ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"
"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"



ဂီတစာဆို
နာမည်ကြီး ဂီတစာဆိုကို သတင်းထောက်က မေးသည်။
"ဆရာ...ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျား"
"ကျွန်တော့် ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ ကျွန်တော်ရဲ့
ဖန်းတီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့ နားလည်လိုက်
ကတည်းကပဲဗျာ။"



*ဆရာဝန်တွေ ပြောတဲ့အတိုင်း*

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။ ဒီတစ်ခါတော့
အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။ ဒီတော့ဆရာဝန်က..

” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။ အရက်ဆိုတာ
တဖြည်းဖြည်းချင်းမျှဉ်းပြီး ဖြတ်ရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို
နှစ်ပက်ထက်ပိုပြီး မသောက်မိစေဘဲ နေကြည့်စမ်းပါ။ နောက်တစ်ပတ်
ကျွန်တေ့်ကိုပြန်လာပြပါ။ တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။ သူ့ကိုယ်က
အရက်နံ့တွေကတစ်ထောင်းထောင်း ထွက်နေတယ်။ ဒီတော့ ဆရာဝန်က
မနှစ်မြို့စွာနဲ့ ..

” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို
ကျွန်တော် ပြောထားတယ်လေ။ ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။
မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “



*မေ့နေလို့ပါဆိုမှ*

အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။

” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “

” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”

” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “

" မိန်းမစကား နားထောင်ငြား "


လူ ဆယ့်တစ်ယောက် ရဟတ်ယာဉ်တစ်စင်းပေါ်မှ ကြိုးတစ်ချောင်းဖြင့်တွဲခိုနေကြသည်။ ထိုရဟတ်ယာဉ်က သူတို့အားလုံးကို ဘေးလွတ်ရာသို့ပို့ဆောင်ပေးရန်ကြိုးစားနေခြင်းဖြစ်သည်။ လူဆယ့်တစ်ဦးမှာ အမျိုးသမီးတစ်ဦး နှင့် အမျိုးသား ဆယ်ဦးတို့ဖြစ်သည်။
ရဟတ်ယဉ်တွင်တွဲခိုနေစဉ် ကြိုးမှာ လူ ၁၁ ဦး၏ လေးချိန်ကိုမခံနိုင်သဖြင့် လေယဉ်မှူးက

လူတစ်ယောက်အနစ်နာခံ၍ လက်လွှတ်ပေးရန် တောင်းဆိုသည်။ မဟုတ်ပါက ကြိုးပြတ်၍ အားလုံးသေဆုံးနိုင်မည့်အခြေအနေသို့ရောက်ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် မည်သူလက်လွှတ်သင့်သည်ကို....မည်သူမျှမဆုံးဖြတ်နိုင်ပဲဖြစ်နေကြသည်။
နောက်ဆုံးတွင်အမျိုးသမီးက " တစ်ခြားသူတွေအသက်ကိုကယ်ဖို့ ကျွန်မအသက်ကိုစွန့်လွှတ်လိုက်ပါ့မယ်....ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ယောက်ျားတွေ၊ ကလေးတွေအတွက် အမြဲစွန့်လွှတ်အနစ်နာခံနေကြမို့လို့ပါပဲ "
ထိုအခါယောက်ျားများအားလုံးလက်ခုတ်တီး၍ ဩဘာပေးလိုက်ကြလေသတည်း။

ကွန်ပြူတာလောကမှ ဟာသများ


သားတို့လုပ်စရာမလိုတော့ဘူး
အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
“ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…”
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…
“သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။”

အကင်းပါးတယ်နော်
ကွန်ပြူတာကျောင်းသို့ သက်ဆိုင်ရာမှလူကြီးလာစစ်ရာ ကျောင်းသားများထဲမှ တစ်ယောက်ကို စာလှမ်း မေးလိုက်ရာ…
“Looping ထဲမှာ Do နဲ့ စတဲ့ Looping ကိုပြောစမ်းကွာ?”
ကျောင်းသားမှာ အိုးတိုးအမ်းတမ်းဖြစ်နေရာ တာဝန်ကျဆရာက အရိပ်ပြတဲ့ အနေနှင့်သူ၏ ဒူးကို ဖနောင့်လေး ထောက်ပြီး လူကြီးမသိအောင် ၀ိုင်းပြလိုက်သည်။ ကျောင်းသားက အကင်းပါးစွာ ပြောလိုက်တာကတော့….
“ဒူးလည် Looping ပါခင်ဗျာ….”

ရှင်းတယ်နော်
Programmer တစ်ယောက်ကို အင်တာဗျူးရာ…
“ခင်ဗျားတို့ Programmer တွေ Program ရေးတဲ့အခါ variable name တွေမှာ ဘာကြောင့် i ကိုအသုံးများ ကြတာလဲ ခင်ဗျ…”
Programmer ကပြန်ဖြေရာ…
“ဟုတ်ကဲ့ ဒါကတော့ သုံးချင်လို့ပါ…”

စိတ်ရှည်တယ်နော်
အသက်၆၀ ကျော် အဖိုးကြီးများကိုသင်သော ကွန်ပြူတာခန်းတစ်ခုတွင် Microsoft Word ကို စသင်ရာ…
“စာပိုဒ် တစ်ပိုဒ်ပြီးရင် နောက်တပိုဒ်အတွက် Enter Key ကိုနှိပ်ပါ။ E.N.T.E.R ဆိုတဲ့ Key ပါ…Keyboard မှာအကြီးဆုံး Key ပါ…တွေ့ပြီလားခင်ဗျာ…မတွေ့သေးရင်…Right Shift Key ရဲ့ အပေါ်မှာပါ…Back Space ရဲ့ အောက်မှာပါ…Keyboard ရဲ့ ညာဘက်အစွန်ဆုံး ထောင့်မှာလည်းရှိပါတယ် ခင်ဗျာ…တွေ့ပြီလား ခင်ဗျာ…”
ဒါကို အဖိုးကြီးတစ်ယောက်က Enter Key ကို လက်ညှိုး ထိုးပြပြီး…
“ဖိုးသား ဒါကိုနှိပ်ရမှာ လားဟင်…”
စာသင်တဲ့သူက…
“ဟုတ်တယ် အဲ့ဒါကို နှိပ်ရမှာ…ကဲ!!!ဖြောင်းဖြောင်းဖြောင်း!!!”

Program အတု
Programmer တစ်ယောက်ရေးထားသော Program တစ်ခုကို Tester မှ Error စစ်ရာ…ပထမ Run ကြည့်သည်။ နောက် Interface တွင် Input လုပ်ပြီး ဟိုနှိပ်ဒီနှိပ် ဟိုထည့်ဒီထည့် ကိုအချိန်တော်တော်ကြာ လုပ်ပြီး Program code များကို စစ်သည်။ ပြီးတော့ ပြန် Run ကြည့်သည်။ နောက်ပြီး Interface တွင် ပြန် Input လုပ်ပြန်သည်။ ဟို Click ဒီ Click လုပ်ပြီး Number တွေရော Text တွေရော Date မှန်တာရော မှားတာရော လျှောက်ထည့်သည်…Error ကမတွေ့ ဒါနဲ့ Code ကိုပြန်စစ်သည် ပြန် Run ကြည့်သည် ဒီအတိုင်း ထပ်ခါထပ်ခါ လုပ်ပြီး နောက် Tester ပြောလိုက်တာက…
“ဟူး…မင်း Program က Program အစစ်မှဟုတ်ရဲ့လား…”

ကျက်တဲ့နေရာမှားနေတယ်
ကွန်ပြူတာတက်နေသော ကျောင်းသားနှစ်ယောက် Programming စာမေးပွဲဖြေရန် စာကျက်နေကြရာပထမကျောင်းသားက -
Private Sub cmdDisplay_Click() Dim i As Integer For i=1 To 10 Step 1 ……စသည်တို့ကို အစချီပြီး ကျက်နေရာဒုတိယကျောင်းသားက –
ဆရာကြီးဂိုက်ဖြင့် လှမ်းပြောလိုက်တာက –
“ဟေ့ကောင် မင်းတော်တော်အတဲ့ကောင်ဘဲ Private Sub တို့ဘာတို့ဆိုတာ အဆင်သင့်ပါပြီးသားကွ။ Dim ကစကျက်ရမှာ”

ဒါတောင်အားမပါသေးဘူး
ကွန်ပြုတာစာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက် ရိုက်နည်းစသင်မည့် နေ့တနေ့တွင်….
“အားလုံး နားထောင်ပါ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့ ဖောင့်ပြောင်းပြီးရင် Cap Lock Keyကိုပိတ်ရိုက်ရမယ်…ကဲစရိုက်ရအောင်။”
ထိုအချိန်တွင် နောက်ဆုံးကွန်ပြူတာတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ…
“ဖြောင်း!…” ဆိုသောအသံတစ်ခုကြားလိုက်ရာ… သင်တန်းဆရာက ထိတ်လန့်သောအသံဖြင့်…
“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ…”ကျောင်းသားကပြန်ပြောလိုက်တာကတော့….
“ဆရာဘဲ Cap Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။ ဒါတောင် အားမပါသေးပါဘူး ဆရာ။”

ဘာမှတ်လဲ
ကွန်ပြူတာတက်နေသော ကျောင်းသားတစ်ယောက်အရပ်ထဲတွင် ရန်ဖြစ်ရာဒေါသတကြီးနှင့် ပြောလိုက်တာက..
“ဟေ့ကောင် မင်းငါ့ကို ဘာမှတ်လဲ Looping ထဲထည့်ပြီး Variable တွေနဲ့ထုလိုက်လို့ အသက်ပျောက်သွားမယ်။”

အရမ်းကြီးမှာဘဲနော်
ကွန်ပြူတာ သမိုင်းကိုဆရာက ကျောင်းသားများကို သင်ရာ…
“ဟိုး…အရင်တုန်းက ကွန်ပြူတာဟာ မင်းတို့မျက်စိထဲမြင်အောင် ပြောရမယ်ဆိုရင် စက်ရုံကြီးတရုံ၊ (သို့) ဂိုဒေါင်ကြီးတခုလိုပဲကွ….”ထိုစဉ် ကျောင်းသားတစ်ယောက်က ထပြီးမေးရာ…
“ဆရာဒါဆိုရင် Mouse ဆိုတော်တော်ကြီးမှာ ဘဲနော်”
ဆရာကရွဲ့ပြီး….”အေးပေါ့ကွာ Keyboard က Key တခုတခုဆို ထိုင်ခုံလောက်တောင်ရှိတာ…Key နှိပ်ဖို့ လူတွေတက်ဖိရတယ်..”
ဒါကိုကျောင်းသားက…
“မြင်ဘူးချင်လိုက်တာ ဆရာရယ်ဘယ်မှရှိလဲ ကျွန်တော်သွားကြည့်ချင်လို့ပါ…”
ဆရာကပြန်ပြောလိုက်ရာ….
“ဟေ့ကောင် မင်းကိုရွဲ့ပြောနေတာဟေ့!…”

ကုန်မှာစိုးတယ်
Microsoft Word ထဲတွင် စာလုံးများကို အရောင်ထည့်တာကို စသင်သောနေ့တွင်၊ ရိုက်ထားသောစာပိုဒ်မှ တစ်ပုဒ်စီကို အရောင်တစ်ရောင်စီထည့်ရန် ဆရာကပြောပြီးလုပ်ခိုင်းရာ….ကျောင်းသူတစ်ယောက်မှာ စာပိုဒ်မှ စာအနည်းငယ်ကိုသာ အရောင်ကို အနည်းငယ်စီထည့်နေတာကို ဆရာကမြင်သွားရာ
“ဟေ့ဘာလို့ အရောင်ကို စာပိုဒ်အားလုံးအတွက် မထည့်တာလဲ?” ထိုစဉ် ကျောင်းသူကပြန်ပြောလိုက်တာက
“ဆရာရယ် အရောင်တွေကုန်သွားရင် ဆရာတို့ပြန်ပဲပြန်ထည့် နေရမှာပေါ့”

Mask သုံးစေချင်တယ်
ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
“သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော် ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။”

(စိတ္တဇဆေးရုံမှ ဟာသများ)



၁)
တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊
ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က
ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က “ခင်ဗျားဘာဖြစ်လို့
သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ” လို့ မေးလိုက်တယ်။
လူနာပြန်ဖြေလိုက်တာက…
“ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ” ဟူတည်း။
၂)
ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ
စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ်
တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို “ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို
ဒီအခန်းက လွတ်ပေးမယ်” လို့ ပြောပြီး စမ်းသပ်လိုက်တယ်။
ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။
ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က
သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။
“ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ”
လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။
“အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ…”
၃)
ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။
သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး
ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ “ခင်ဗျား ဘာဖြစ်လို့
ဟိုလှန်ဒီလှန် လုပ်နေရတာလဲ” လို့ မေးလိုက်တယ်။
သူပြန်ဖြေလိုက်တာက “ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့
ဘီဆိုက်လှန်လိုက်တာပေါ့” ဟူတည်း။

သင်စိတ်ညစ်နေတဲ့ အခါ ဒီစာကို ဖတ်ပါ..။

 https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/10526029_471524269658957_7468455379630242660_n.jpg?oh=a6acbdbcbd89bbe8b5da84488952098d&oe=5447E487&__gda__=1412662335_cf0f6e239be34d5983a52d6ab977734b
** အချို့ကမေးကြတယ်…

စာတွေကခက်လို့ ကျောင်းဆက် မတတ်ချင်တော့ဘူး၊ စာကျက်ချင်စိတ်လည်း မရှိတော့ဘူးတဲ့။

** အချို့ကလည်း မေးကြပြန်တယ်.. ချစ်သူက ခွဲသွားလို့ ဒီဘဝမှာ မနေချစ်တော့ဘူးတဲ့၊ စားချင်စိတ်၊ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ဘူး လောကကြီးက ရက်
စက်လိုက်တာတဲ့။

** အချို့လည်း ပြောကြပြန်တယ် လောကကြီးကမတရားဘူးတဲ့ တစ်နေ့ ၈-နာရီအလုပ် လုပ်တာချင်းတူပေမယ့် အချို့မှာ စီးပွားတိုးတက် အောင်မြင်လို့ .. သူမှာတော့ တိုးတက်ရာလမ်းမမြင်တော့ ဒီလိုပဲ ဘဝနိဂုံးချုပ်ရ တော့မယ် ထင်ပါတယ်တဲ့။

ဒီလိုအတွေးအခေါ်မျိုး စာရေးသူတို့လည်း တခါတခါဖြစ်ပေါ် ဖူးပါတယ်။

ကိုယ်လုပ်တိုင်း မအောင်မြင်တဲ့အခါ၊ အခက်အခဲတွေ
ကျော်လွှားရတဲ့အခါမှာ ဒီစိတ်ဓာတ်မျိုးတွေ ဝင်လာတတ်ပါတယ်။

လောကကြီးမှာ ကိုယ့်စိတ်တိုင်းကျ အနိုင်ရကြစေဆိုရင် စာမေးပွဲတွေဆို တာ မရှိတော့သလို၊ ပြိုင်းပွဲတွေကလည်း ကျင်းပကြတော့မှာ မဟုတ်ပါဘူး။ လူတိုင်းဟာ ကိုယ့်စိတ်တိုင်းကျ ဖြစ်နေပြီကို။

ဒါမျိုးဆိုတာကလည်း လူလောက ၊ ယုတ်စွ နတ်ပြည်မှာတောင် ရှိမယ့်မထင်ပါဘူး။

ဒါကြောင့် စိတ်ဓာတ်တွေကျတဲ့ခါမှာ ဗုဒ္ဓဘာသာနည်းအရ ဂုဏ်တော် ပွားကြလို့ ဆရားသမားများက တိုက်တွန်းပေးခြင်းပါပဲ၊ ဂုဏ်တော် ပွားခြင်းဖြင့် သမာဓိတွေကောင်းလာမယ်။ ဗုဒ္ဓရဲ့တည်ငြိမ်တဲ့ စွမ်းအားတွေ စိမ့်ဝင်လာပြီး ကိုယ့်ကိုယ် ယုံကြည် မှုတွေများလာပါမယ်။

ဘာသာခြားများလည်း မိမိတို့ဆိုင်ရာ၊ ယုံကြည်ရာကို တစိုက်မက်မက် လုပ်ခြင်းအားဖြင့် စိတ်စွမ်းအာတွေ တက်လာမှာဖြစ်ပါတယ်။

နောက်တစ်ခုက.. ဘဝကို စိတ်ညစ်လို့ ထိုင်တွေးတောနေမယ့်အစား လုပ်သင့်တာ တစ်ခုခုကို အချိန်မဖြုန်းပဲ ချက်ခြင်းလက်ငင်း လုပ်ဖို့ပါပဲ။

တချို့ ဗုဒ္ဓကို စဉ်စားရင် အားလုံးပြည့်စုံပြီးသား လိုတိုင်းရ ၊ ကြံတိုင်အောင် ၊ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တဲ့ ဖန်ဆင်းရှင်ကြီးလို့ ထင်တတ်ကြပါတယ်။

ဗုဒ္ဓဟာ.. တန်ခိုးကြီးပေမယ့် လောကကြီးမှာ သူလို ၊ ကိုယ်လို
လောကဓံတရား တွေနဲ့ နေထိုင်းသွားခဲ့ပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားဟာ ဝေရဉ္ဖာပုဏ္ဏားရဲ့ ပင့်ဖိတ် ချက်အရ
ဝေရဉ္ဖာပြည်မှာ ဝါဆိုဖူးပါတယ်။

မြတ်စွားဘုရာ ဝါဆိုတဲ့ နှစ်မှာပဲ ဝေရဉ္ဖာပြည်ကြီး အစားအစာရှားပါတဲ့ ဒုဗ္ဘိက္ခကန္တရကပ် ဆိုက်ရောက်ပါ တော့တယ်။

လူတွေရှားပါးပြီးဆိုတော့လည်း ဗုဒ္ဓနှင့်ရဟန်းတော်များအတွက်လည်း ဆွမ်းမလောင်လှူနိုင်တော့ဘူးပေါ့။ အဲဒီအချိန်မှာပဲ ဥတ္တရပထတိုင်းမှ
မြင်းကုန်သည်တွေ မြင်းငါရာနဲ့ ဝေရဉ္ဇာပြည်ကို ဝါတွင်းသုံးလပတ်လုံး စတည်းချပါတယ်။

ရဟန်းတော်တွေဟာ ဝေရဉ္ဖာပြည်ထဲမှာ ဆွမ်းအခက်အခဲ
တွေ့တော့ မြင်းကုန်သည်တွေ ဆီသွားပြီး ဆွမ်းကြွပါတယ်။
မြင်းကုန်သည်များကလည်း သဒ္ဓါတရားနဲ့ ဆွမ်းလောင်းလှူကြပါတယ်။

သူတို့လည်း မြင်းကျွေးတဲ့ မုယောဆံကြမ်းတွေကိုပဲ
လောင်းလှူနိုင်ပါတယ်။ဒါကြောင့် ဗုဒ္ဓနှင့် ရဟန်းတော်များဟာ အဲဒီမုယောဆံကြမ်းတွေကိုပဲ ဘုဉ်းပေးရပါတယ်။

မြတ်စွာဘုရား မုယောဆံကြမ်းတွေ ဘုဉ်းပေးတာ မကြည့်ရက်တော့ အရှင်မဟာမောဂ္ဂလာန်က

“ မြတ်စွာဘုရား … ယခု ဝေရဉ္ဖာပြည်ကြီးဟာ အစာရေစာ ပြတ်လတ်ပြီး ဒုက္ခရောက်နေပါတယ်။ ရဟန်းတေယ်များအတွက်လည်း ဆွမ်းအခက်
အခဲတွေ့နေပါတယ်။ မြေကြီးရဲ့ အောက်အပြင်မှာ အဆီသြဇာနဲ့ ပြည့်စုံတဲ့
မြေဆီမြေလွှာတွေရှိနေပါတယ်။ တပည့်တော် အဲဒီမြေဆီမြေလွှာတွေ ရယူဖို့အတွက် ကမ္ဘာမြေကြီးကို ပြောင်းပြန်လှန်လိုက်ပါမယ်ဘုရား” လို့လျှောက်ထားလိုက်ပါတယ်။

ဒီတော့ ဗုဒ္ဓက… “ ချစ်သားမောဂ္ဂလာန် ဒါဆိုမြေကြီးကို မှီပြီးတည်နေတဲ့ သတ္တဝါတွေကိုဘယ်လို့လုပ်မလဲ” လို့မေးတော့။
“ တပည့်တော် လက်တစ်ဖက်ကို ကမ္ဘာမြေကြီး ဖန်ဆင်းပြီးတော့ အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ တင်ထားပါမယ်ဘုရား” လို့လျှောက်ထားပါတယ်။

“ ချစ်သာ မောဂ္ဂလာန် သင်ဒါတွေကို မနှစ်သက်နဲ့၊
ဖောက်ပြန်ခြင်းဆိုတဲ့ လောကဓံဟာ သတ္တဝါတိုင်း တွေကြုံရမှာပဲ” လို မိန့်တော်မူပါယ်။

ဒါဆို တပည့်တော်တို့.. “အစာရေစာ ပေါများတဲ့ မြောက်ကျွန်းကို တန်ခိုးနဲ့ ဆွမ်းခံကြွရင်ကောဘုရား” လို့မေးတော့။

"ချစ်သား… လောကဓံကို ကြံကြံခံစမ်းပါ.. သာမန်လူသားတွေအတွက် မဖြစ်နိုင်တဲ့ အရာကို မနှစ်သက်ပါနဲ့၊ မလုပ်ချင်စမ်းပါနဲ့"လို့ တားမြစ်တော်မူပါတယ်။ ( ပါရာဇိကပါဠိ၊ ဝေရဉ္ဖာ)

ဗုဒ္ဓနဲ့ရဟန်းတော်များ အဲဒီအစာရေဆာခေါင်းပါတဲ့ လောကဓံကို သုံးလကြာအောင် ကြံကြံခံသွားပါတယ်။

သင်...အဲဒီလို့နေရာမျိုးရောက်ရင် ဘယ်လိုရင်ဆိုင်မလဲ…။
အောင်မြင်တယ်ဆိုတာဒီလောကဓံတွေကို ကျော်လွှာနိုင်းခြင်းကို
ခေါ်တာပါ။

အောင်မြင်မှုဆိုတာ .. ဆုတောင်းရုံနဲ့ ရလာခြင်းမဟုတ်သလို၊ ဘုရာသခင် ကယ်မခြင်းကြောင့်လည်း မိမိထံ အလိုလိုရောက်လာတာ မဟုတ်ပါဘူး။

***စာတွေခက်လို့ စာမကျက်ချင်သူများ … အခေါက်အခါခါ လေ့လာလိုက်ပါ.. ။ တကြိမ်မရ၊ နှစ်ကြိမ်၊ အကြိမ်ပေါင်းများစွာ လေ့လာခွင့်ရှိပါတယ်။

ရည်းစား ပစ်သွားလို့ စိတ်ညစ်နေသူများ… စိတ်သစ် ၊ကိုယ်သစ်တွေနဲ့
မွေးလိုက်စမ်ပါ.. သူလိုလူကမ္ဘာပေါ်မှာ အများကြီးပါ၊ ကံကုန်လို့ မဆုံရတာကို .. ၊ နောက်တခါကံဆုံတဲ့သူနဲ့တွေ့မှာပေါ့၊

ကောင်းကင်မှာရှိတဲ့ ကြယ်များဟာ သောကြာကြယ်လောက် အလင်းမတောက်ပဘူးလို့ထင်ရပေမယ့် ၊ဟိုအဝေးကြီးမှာရှိတဲ့ ကြယ်တိုင်းမှာလည်း သူ့အလှနဲ့ သူ့အလင်းရောင်းတွေရှိပြီးသားပါ။

လင်းလတ်နေတဲ့ ကြယ်တိုင်းဟာ ချစ်စရာလေးတွေပါ။

* ကိုယ်လုပ်တိုင်း မအောင်မြင်လို့ စိတ်ညစ်နေသလား ?

ကိုယ့်အထက်ကိုပဲ မော်မကြည့်ပါနဲ့ ကိုယ့်အောက် မှာလည်း
လူတွေအများကြီး။ဒီထက်အောင်မြင်ချြင်ရင် ၊ ဒီထက် အသိပညာတွေမြင့်တင်လိုက်ပါ၊ စိတ်ကောင်း ၊ နှလုံးကောင်းမွေးပါ ၊ အမြဲတမ်း တတ်တတ်ကြွကြွရှိနေပါစေ…
အချိန်တန်ရင် အောင်မြင်၊ကျော်ကြားမှုတွေက မခေါ်ပဲနဲ့  ရောက်လာ
ပါလိမ့်မယ်။
မေတ္တာဖြင့်..............
http://yetayzakyaw1500.blogspot.com/

အူတက်အောင်ရီရသောဟာသများနဲ့အခြား



သူရဲကောင်းရွေးခြယ်ပွဲ.......


တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီး သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏ သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။


 “ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး
ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား 




“သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး.........
“ဘယ် မအေ..... ငါ့ကိုတွန်းချတာလဲကွ“ ဟူ၏။
 


မီးတစ်တို့လောက်

ကိုဘမောင်အား ၀မ်း စစ်ရန်လိုအပ်သည်ဟု ဆရာဝန်ကပြော၏။မနက်စောစော ထသွားသော ၀မ်းကို သာ ယူခဲ့ရန်လည်းမှာ၏။

ဒါနဲ့မနက်ဖက်တွင်သစ်သား မီးချစ်ဗူး အလွတ်တခု ထဲသို့ အစစ်ခံမည့်ပစ္စည်း ( ၀မ်း )ကိုထဲ့ကာ ဆေးရုံသို့ ယူသွားသည်။


တရက်ကြာသွားသည် ကိုဘမောင် အိမ်ပြန်မရောက်လာချေ။နှစ်ရက်၊ သုံးရက်ကြာသွား၏။ကိုဘမောင်ကား ပေါ်မလာချေ။

မိန်းမဖြစ်သူမှာ စိတ်ပူလာကာမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းဆက်၏။ရောက်မလာကြောင်းပြောကြသောအခါ ပို၍စိတ်ပူလာ၏။

နောက်ဆုံးတွင် ဆေးရုံ သို့ သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ဆီး၊၀မ်း၊သွေး စသည်တို့ကို စစ်ဆေးသော ဓါတ်ခွဲခန်းမှ တာဝန်ကျသူများကိုမေးရာ သူတို့လဲ ဘာမှ မသိကြောင်းဖြေ၏။

ဤ တွင် သန့်ရှင်းရေး အလုပ်သမား က ကိုဘမောင်မိန်းမအား လှမ်းပြော၏။

" ခွဲစိတ်ဆောင်ကိုသွားကြည့်ပါလားဗျ။အဲဒီမှာ ယောက်ကျားကြီးတစ်ယောက် ရောက်နေတာ သုံး လေး ရက်လောက်ရှိပီဗျ။

ခင်ဗျား ယောက်ကျား ဖြစ်ချင်ဖြစ်နေမှာ "

စကားမဆုံးမီစိုးရိမ်စိတ်ဖြင့် ခွဲစိတ်ဆောင်ဘက်သို့အပြေးသွားလိုက်မိ၏။

ခွဲစိတ်ဆောင်အတွင်းကုတင်ပေါ်တွင်ကား မျက်နှာ တခုလုံးပတ်တီးစီးထားသော ယောက်ကျားဖြစ်သူကို ရင်နင့်ဖွယ်ရာ မြင်လိုက် ရ၏။

ဇနီးဖြစ်သူလဲ ငိုယိုပီး ယောက်ကျား ကိုမေး၏။

" ကိုဘမောင်၊ရှင်ဘယ်လိုဖြစ်ရတာလဲ။ရှင့်ကို ဘယ်သူတွေကများ ခုလို ရက်ရက်စက်စက် လုပ်လိုက်ကြတာလဲဟင်...ပြောပါအုန်းရှင် "

ထိုအခါ အားယူရင်း ကိုဘမောင် ပြန်ဖြေလိုက်တာက.....

" ဘာမှ မမှတ်မိတော့ပါဖူး မိန်းမရာ။အဲ...ဒါပေမဲ့ မီးတစ်တို့လောက်ဆိုပီး လူသုံးယောက် ငါ့ဆီကတောင်းတာကိုပဲ နောက်ဆုံးမှတ်မိတော့တယ် ကွာ "....တဲ့

တိန်...ရီမောပျော်ရွှင်ပါစေ

Lon Ely .....






အရူးမ၏ကိုယ်ဝန်

ကျနော်တို့ ရပ်ကွက်က လူလတ်တန်းစားရပ်ကွက်လေးတစ်ခုပါ။

လူတန်းစား လည်း စုံတယ်ဗျ။ ဆိုက်ကားသမား၊ရုံးဝန်ထမ်း၊ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ၊ကျဘန်းလုပ်သား။TAXI မောင်းသူစသဖြင့်ပေါ့။

အဲ....ဒါနဲ့ လွန်ခဲ့တဲ့ ၂နှစ်လောက်ခန့် က ရုပ်ရည်သနားကမားနဲ့ အရူးမတစ်ယောက် ရောက်လာတယ်ဗျ။

ပထမ တော့ ဆိုးမယ်ထင်တာ။ဒါပေမဲ့ရင်ရင်လေးပါဗျာ။ရေကူဆွဲပေးတယ်။အထုပ်အပိုးပါရင်ကူသယ်ပေးတယ်။

ရပ်ကွက်ကလူတွေကလည်း သနားတာနဲ့ တွေ့သူက ကျွှေးကြပါတယ်။

အဲ ...အိမ်တော့ခေါ်မထားနိုင်ဖူးပေါ့ဗျာ။အိပ်တော့လား ဆိုက်ကားဂိတ်တခုမှာ အိပ်တယ်ဗျ။အဲဒီဂိတ်က ညပိုင်းဆို Taxi တွေလဲ ရပ်ထားတတ်တယ်။

မီးတိုင်ကလည်းမာကျူရီမီးတိုင်ဆိုတော့......ထမင်းကြော်ဆိုင်တခုလည်း ည ဘက်ရောင်းတယ်ဗျ။

ဘောပွဲရှိတဲ့ ညဆို ရောင်းကောင်းတာများ.....ပြောနေဖို့တောင်မလိုဖူးလေ။ပြောချင်တာက လူပြတ်တယ်ဆိုတာမရှိသလောက်ပဲဗျ။

ဒီလိုနဲ့ တနေ့ ကြားလိုက်ရတာက အရူးမမှာဗိုက်ကြီးနေသတဲ့။ဟာာာာာာာ....ဗျာာာာ။

လူမဆန်လိုက်ကြတာဗျာ။စိတ်မနှံ့သူကိုမှ ကြံရတယ်လို့ဗျာ။ကိုယ်ချင်းစာကြည့်ကြပါဗျာ...ဆိုးလိုက်တာ။

ဗိုက်ကလည်း တဖြည်း၂ နဲ့ လရင့်လာတယ်ဗျ။အရူးမကတော့ သူ့ဗိုက်ကိုကြည့်ပီး ငိုနေတတ်တယ်။မေးတော့လည်းမရဖူးဗျ။

ဒါနဲ့ ကျုပ်တို့လဲ စုံစမ်းတာပေါ့။ရပ်ကွက်လူကြီးတွေ၊ပါတီဝင်တွေ၊အရူးမကိုသနားသူတွေပေါ့ဗျာ။လုံးဝ တရားခံကိုမမိဖူး။

ဒီတော့ မမိမဲ့အတူတူဆဲလိုက်ကြတာ အကုန်မိုးမွှန်နေကြတာပါပဲ။

အဲ.......တရားခံက တကယ်ပိရိပီး သေသပ်တယ်ဗျ။ အတွေ့အကြုံရှိပုံလဲရတယ်ဗျ။

ဒါပေမဲ့ဗျာ......အမှန်တရားဆိုတာ ဖုံးထားလို့မှမရတာ။တရားနတ်စောင့်တယ်လေ။

နောက်ဆုံးမှာတော့ တကယ့်တရားခံအမှန်က ပေါ်ရတာပါပဲ။တရားခံအမှန်က ဘယ်သူလဲဆိုတော့

ခုကွန်ပြူတာရှေ့မှာစကားတလုံးမှမပြောပဲ ဒီသတင်းကို အဆုံးထိ ဖတ် ကြည့်နေတဲ့သူ ဖြစ်နေလေရဲ့။။။။။

ဟီးဟီးဟီး။ ။ ။ ။

တိန်

ရီမောပျော်ရွှင်ပါစေ
Lon Ely......

သိမှမသိပဲ

မြန်မာပြည်မှအဆိုတော်တစ်ယောက်သည် တနေ့တခြားနံမည်ကြီးလာပြီး ပြည်တွင်းသာမက ပြည်ပသို့ပါ မနားတန်းသွားရောက်ဖျော်ဖြေရ၏။

ရောက်သည့်နေရာတိုင်းမှလည်း ထူးထူး ဆန်းဆန်း ပစ္စည်းတခုခုကို ဇနီးသည် ထံအမြဲပို့ပေး၏။

ယခုလဲ မြို့ကလေးတမြို့၏ ဆိုင်တဆိုင်မှ

ဘာသာစကား ၅ မျိုး ( ပြင်သစ်။ပေါ်တူဂီ။ဘရာဇီး။ဆွီဒင်။အာဖရိကစကား ) တတ်သည့်ကြက်တူရွေးတကောင်ကိုမြင်ပီး ၀ယ်၏။

ဆိုင်ရှင်က မရောင်းပါဟု ငြင်းနေသည့်ကြားမှ ပိုက်ဆံအများကြီးပစ်ပေးကာ အတင်းဝယ်ယူလိုက်သည်။

ထို့နောက်...ကြက်တူရွေးကို မိန်းမထံ သို့ပို့ပေးလိုက်၏။

တလ ခန့်ကြာသော် အဆိုတော် မြန်မာပြည်ပြန်ရောက်လာ၏။

အဆိုတော် ကို မိန်းမ က အနမ်းဖြင့်ကြိုဆိုရင်း......

" ကျေးဇူးပဲမောင်။။။။မောင်ပို့ပေးလိုက်တဲ့ ကြက်တူရွေးက အရမ်း အရသာရှိတာပဲ။ "

အဆိုတော်မျက်လုံးပြူးပီး.......

" ဘာပြောတယ်။ကြက်တူရွေးကိုမင်းချက်စားလိုက်တယ်ဟုတ်လား။ဒီကောင်ကဘာသာစကား ၅ မျိုးတတ်တောင်တာကွ..."

အဲဒီခါမှာ မိန်းမဖြစ်သူပြန်ပြောလိုက်ပုံက.....

" ဟုတ်လား။ အင်း။ ကျမ အမွှေးနုတ်တော့ ဒီကောင် တခုခု ပြောဖို့ ကြိုးစားတယ်လို့တော့ ထင်မိသား..."...တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ


ကြည့်ချင်အုန်း

ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် ဘစ်စ်ကားတစ် စီးပေါ်တွင်ဖြစ်၏။

အဘိုးကြီးတဦး ၏ ရှေ့ တွင် အမျိုးသမီးငယ်တစ်ဦးသည် လှပသော မိမိ၏ ခြေထောက်နှစ် ဘက်ကို အဘိုးကြီးမြင်သာအောင်တမင်ထိုင်နေ၏။

ထိုအခါ အဘိုးကြီးမှ ခပ်တိုးတိုးလေသံဖြင့်......

" ကလေးမ....မင်းရဲ့ စကတ်တိုကို ဒီထက် မြင့်မြင့် လေး မ တင်ပေးမယ်ဆိုရင် ငွေတစ်သောင်းပေးမယ်....."

အမျီုးသမီးငယ် က စကပ်ကို မ တင်ပေးလိုက်သည်။

ငွေတစ်သောင်းကိုလည်း တဆက်တည်း တောင်း ယူလိုက်၏။

ထို့နောက် မျက်နှာ ကို ခပ်ပြုံပြုံး လေးလုပ်ပီး အမျီုးသမီးမှ အဖိုးကြီးဆီသို့ ဆက်ပြော၏။

" အန်လ်ကယ် နောက်တစ်သောင်း ထပ်ပေးရင် ကျမ အူအတက် ပေါက် လို့ ခွဲစိတ်တဲ့ နေရာကိုပြမယ်.."

အဘိုးကြီး လည်း ၀မ်းသာအားရ ငွေတစ်သောင်း အမြန် ထပ်ပေးလိုက်၏။

ထိုအခါ အမျိုးသမီးငယ်သည် .. ဘတ်စ် ကားပေါ်မှနေ၍ အဆောက်အဦးတခုသို့ လက်ညှိးညွှန်ပြလေ၏။

အဘိုးကြီးလည်း ကောင်မလေး ညွှန်ပြသော အဆောက်အဦးသို့လှမ်း ကြည့်လိုက်သည်။

ထိုအဆောက်အဦးကား........ရန်ကုန်ပြည့်သူ့ဆေးရုံကြီး.......ပေတည်း။

ရန်ကုန်မြို့ရှိလမ်းများ၏ ယခင်အမည်များ

၁။ ဒါလဟိုဇီလမ်း (Dalhousie Road) = မဟာဗန္ဓုလလမ်း
၂။ ဘားလမ်း (Barr Street ) = မဟာဗန္ဓုလပန်းခြံလမ်း
၃။ လွစ္စ်လမ်း (Lewis Street) = ဆိပ်ကမ်းသာလမ်း
၎။ ဖယ်ရာလမ်း (Phayre Road) = ပန်းဆိုးတန်းလမ်း
၅။ မဂိုလမ်း (Mogul Road) = ရွှေဘုံသာလမ်း
၆။ ကာနယ်လမ်း (Canal Street) = အနော်ရထာလမ်း (လမ်းမတော် ကျုံကြီးနား)
၇။ ဖရေဇာလမ်း (Fraser Road) = အနော်ရထာလမ်း (ကျောက်တံတား၊ ပန်းဘဲတန်းအနီး မြို့လယ်ခေါင်)
၈။ စထရန်းလမ်း (Strand Road) = ကမ်းနားလမ်း
၉။ စပတ်လမ်း (Sparks Road) = ဗိုလ်အောင်ကျော်လမ်း
၁၀။ သော်မဆင်လမ်း (Thompson Road) = ဗိုလ်တထောင်ဘုရားလမ်း
၁၁။ မောင်ထော်လေးလမ်း (Maung Htaw Lay Street) = ဗိုလ်ဆွန်ပက်လမ်း
၁၂။ ကော်မရှင်နာလမ်း (Commissioner's Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရန်ကုန်ဆေးရုံကြီးရှေ့လမ်း)
၁၃။ မောင့်ဂိုမာရီလမ်း (Montgomery Road) = ဗိုလ်ချုပ်အောင်ဆန်းလမ်း
၁၄။ ဘဂိုးဒါးလမ်း (Pagoda Road) = ရွှေတိဂုံဘုရားလမ်း
၁၅။ အက်ဒွပ်လမ်း (Edward Street) = ကုန်ဈေးတန်းလမ်း
၁၆။ ဂေါ်ဒွင်လမ်း (Godwin Road) = လမ်းမတော်လမ်း
၁၇။ ခရစ်လမ်း (Christ Street) = ဗိုလ်မြတ်ထွန်းလမ်း
၁၈။ ယောက်လမ်း (York Street) = ယောမင်းကြီးလမ်း
၁၉။ စတော့ကိတ်လမ်း (Stockade Road) နှင့် ဂျူဒါအီစကယ်လမ်း (Judah Ezekiel Road) = သိမ်ဖြူလမ်း
၂၀။ မောင်ခိုင်လမ်း (Maung Khaing Street) = ဗိုလ်ရွဲလမ်း
၂၁။ ဟယ်လ်ပင်လမ်း (Halpin Road) = ပြည်ထောင်စုရိပ်သာလမ်း
၂၂။ ကင်းဘဲလ်လမ်း (Campbell Road) = ငါးထပ်ကြီးဘုရားလမ်း
၂၃။ ဒတ်ဖရင်လမ်း (Dufferin Road) = စန္ဒကူးလမ်း
၂၄။ ကုတ်ကိုင်းလမ်း (Kokine Road) = ကမ္ဘာအေးဘုရားလမ်း
၂၅။ မဂျစ်လမ်း (Masjid Road) = သမိန်ဗရမ်းလမ်း
၂၆။ လန်ကက်စတာလမ်း (Lancaster Road) = န၀ဒေးလမ်း
၂၇။ မစ်ရှင်လမ်း (Mission Road) = အလုံလမ်း
၂၈။ ပရုမ်းလမ်း (Prome Road) = ပြည်လမ်း
၂၉။ စတီဗင်ဆန်လမ်း (Stevenson Road) = လှည်းတန်းလမ်း
၃၀။ ဗိုးလ်လမ်း (Voyle Road) = ဦးဝိစာရလမ်း
၃၁။ ၀င်ဒါမီယာလမ်း (Windermere Road) = သံလွင်လမ်း
၃၂။ ၀င်ဆာလမ်း (Windsor Road) = ရှင်စောပုလမ်း
 ၃၃။ ကီလီလမ်း = ၀ါးတန်းလမ်း (လမ်းမတော်)
၃၄။ မော်တင်လမ်း = လမ်းသစ်လမ်း (လမ်းမတော်)
၃၅။ စိန်ဂျွန်းလမ်း = မင်းရဲကျော်စွာလမ်း (လမ်းမတော်)
၃၆။ အောလီဖင်းလမ်း = ရွှေတောင်တန်းလမ်း (လမ်းမတော်)
၃၇။ စတီဘင်ဆင်လမ်း = လှည်းတန်းလမ်း (လမ်းမတော်)
၃၈။ လတ္တာလမ်း = လသာလမ်း (လသာ)
၃၉။ ကရစ္စလမ်း = စဥ့်အိုးတန်းလမ်း (လသာ)
၄၀။ ဂွတ္တလစ်လမ်း = ဆရာစံလမ်း (ဗဟန်း)
၄၁။ လင့်ခ်လမ်း = ရွှေဂုံတိုင်လမ်း (ဗဟန်း)
၄၂။ လောင်းဝစ်လမ်း = အင်းယားမြိုင်လမ်း (ဗဟန်း)
၄၃။ ဂွတ္တလစ်ရိပ်သာလမ်း = သာယာဝတီလမ်း (ဗဟန်း)
၄၄။ ၀ိတိုရိယအဲဗင်းနယူးလမ်း = ဂျိုးဖြူလမ်း (ဗဟန်း)
၄၅။ ကင်းဂျော့အဲဗင်းနယူးလမ်း = ကွမ်းခြံလမ်း (ဗဟန်း)
၄၆။ ချင်းချောင်းအဲဗင်းနယူးလမ်း = ကမ္ဘောဇလမ်း (ဗဟန်း)
၄၇။ ရဲဒီယာအဲဇင်းနယူးလမ်း = ၀င်္ကာဘာလမ်း (ဗဟန်း)
၄၈။ ဟာမစ်တစ်လမ်း = သာသနာ့ရိပ်သာလမ်း (ဗဟန်း)
၄၉။ တာဝါလိမ်းလမ်း = ဗိုလ်ချုပ်ပြတိုက်လမ်း (ဗဟန်း)
၅၀။ မောင့်ပုလဲဆင့်လမ်း = ပုလဲလမ်း (ဗဟန်း)
၅၁။ ပတ်လိန်းလမ်း = နတ်မောက်လမ်းသွယ် ၁ လမ်း (ဗဟန်း)
၅၂။ ပတ်အဲဗင်းနယူးလမ်း = နတ်မောက်လမ်းသွယ် ၂ လမ်း (ဗဟန်း)
၅၃။ ကွန်ဘိုကေးရှင်းလမ်း = ဘွဲ့နှင်းသဘင်လမ်း (ကမာရွတ်)
၅၄။ ချန်စလာလမ်း = အဓိပတိလမ်း (ကမာရွတ်)
၅၅။ စိန်ဗင်ဆင့်လမ်း = ဇောတိကလမ်း (ကမာရွတ်)
၅၆။ မာတင်အဲဗင်နယူးလမ်း = ခပေါင်းလမ်း (ကမာရွတ်)
၅၇။ နစ်ကလပ်အဲဗင်းနယူး = နှင်းပန်းလမ်း (ကမာရွတ်)
၅၈။ ပီတာလမ်း = ကြယ်ပြာလမ်း (ကမာရွတ်)
၅၉။ အာတီးယားလမ်း = သီရိမင်္ဂလာလမ်း (ကမာရွတ်)
၆၀။ ကော်ပိုရေးရှင်းလမ်း = စည်ပင်လမ်း (ကျောက်တံတား)
၆၁။ ရှပ်ဇရပ်ဇ်လမ်း = ဘဏ်လမ်း (ကျောက်တံတား)
၆၂။ စိန်မိုက်ကယ်လမ်းကျယ် = မဏိမေခလာလမ်း (ကြည့်မြင်တိုင်)
၆၃။ စိန်မိုက်ကယ် ၁ လမ်း = ရေတွင်းကုန်း ၁ လမ်း (ကြည့်မြင်တိုင်)
၆၄။ စိန်မိုက်ကယ် ၂ လမ်း = ရေတွင်းကုန်း ၂ လမ်း (ကြည့်မြင်တိုင်)
၆၅။ ဝိုင်းလမ်း = သိန္နီလမ်း (ကြည့်မြင်တိုင်)
၆၆။ ဘလုတ်လမ်း = ဗာဒံပင်လမ်း (ကြည့်မြင်တိုင်)
၆၇။ ဟာဂျီ အေ နှင့် ဘီ လမ်း = သရက်တော ၁ လမ်း (ကြည့်မြင်တိုင်)
၆၈။ ဟာဂျီ ၂ လမ်း = သရက်တော ၂ လမ်း (ကြည့်မြင်တိုင်)
၆၉။ ဟာဂျီ ၃ လမ်း = သရက်တော ၃ လမ်း (ကြည့်မြင်တိုင်)
၇၀။ ဟာဂျီ ၄ လမ်း = သရက်တော ၄ လမ်း (ကြည့်မြင်တိုင်)
၇၁။ ကိုတင်းလမ်း = သစ်ခွပန်းလမ်း (ကြည့်မြင်တိုင်)
၇၂။ ချင်းချောင်း ၁ လမ်း = ဒေါန ၁ လမ်း (ကြည့်မြင်တိုင်)
၇၃။ ချင်းချောင်း ၂ လမ်း = ဒေါန ၂ လမ်း (ကြည့်မြင်တိုင်)
၇၄။ ချင်းချောင်း ၃ လမ်း = ဒေါန ၃ လမ်း (ကြည့်မြင်တိုင်)
၇၅။ ချင်းချောင်း ၄ လမ်း = ဒေါန ၄ လမ်း (ကြည့်မြင်တိုင်)
၇၆။ ချင်းချောင်း ၅ လမ်း = ဒေါန ၅ လမ်း (ကြည့်မြင်တိုင်)
၇၇။ ဘောဂါတန်းလမ်း = ဘောဂလမ်း (ကြည့်မြင်တိုင်)
၇၈။ ဝင်ဆာလမ်း = ရှင်စောပုလမ်း (စမ်းချောင်း)
၇၉။ ဟုမ်းလမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၀။ အင်းနစ်လမ်း = ပန်းလှိုင်လမ်း (စမ်းချောင်း)
၈၁။ ကာလီမာလမ်း = မဟာဘောဂလမ်း (စမ်းချောင်း)
၈၂။ ခရစ်ရှနာလမ်း = ရန်ကင်းလမ်း (စမ်းချောင်း)
၈၃။ ဂုရုလမ်း = သုခမိန်လမ်း (စမ်းချောင်း)
၈၄။ စုပရာမန်းနီးလမ်း = ရတနာလမ်း (စမ်းချောင်း)
၈၅။ စူရတီပန်းခြံလမ်း = ပန်းခြံလမ်း (စမ်းချောင်း)
၈၆။ ဒူဗလီလမ်း = မြေနီကုန်းဈေးလမ်း (စမ်းချောင်း)
၈၇။ နာသာလမ်း = မြဝတီလမ်း (စမ်းချောင်း)
၈၈။ မော်ဂင်ဝတ်လမ်း = ဓမ္မာရုံလမ်း (စမ်းချောင်း)
၈၉။ မူဆာကြီးလမ်း = အောင်တော်မူလမ်း (စမ်းချောင်း)
၉၀။ မဟာမက်ပတေးလမ်း = စေတနာလမ်း (စမ်းချောင်း)
၉၁။ မူလာအီစမန်လမ်း = ပဒေသာလမ်း (စမ်းချောင်း)
၉၂။ မဒရာစာလမ်း = ဗိုလ်မိုးလမ်း (စမ်းချောင်း)
၉၃။ ယူနီယံလမ်း = ပြည်ထောင်စုလမ်း (စမ်းချောင်း)
၉၄။ ရှောလမ်း = ခတ္တာလမ်း (စမ်းချောင်း)
၉၅။ ရစ်ရှီလမ်း = သပြေညိုလမ်း (စမ်းချောင်း)
၉၆။ လက်ချမီးလမ်း = သုခလမ်း (စမ်းချောင်း)
၉၇။ အင်ဂလန်မင်လမ်း = သီရိမင်္ဂလာလမ်း (စမ်းချောင်း)
၉၈။ အလဝါလမ်း = သော်တာလမ်း (စမ်းချောင်း)
၉၉။ ဂျိုးဇက်လမ်း = မြန်မာ့ဂုဏ်ရောင်လမ်း (တာမွေ)
၁၀၀။ ဂေါ်ဒွင်လမ်း = မြို့မကျောင်းလမ်း (ဒဂုံ)
၁၀၁။ စင်ဂနယ်ပဂိုးဒါးလမ်း = အလံပြဘုရားလမ်း (ဒဂုံ)
၁၀၂။ ဘောင်ဒရီလမ်း = ဓမ္မစေတီလမ်း (ဒဂုံ)
၁၀၃။ စတီးဝပ်လမ်း = မော်ကွန်းတိုက်လမ်း (ဒဂုံ)
၁၀၄။ ဆင်းဒဝစ်လမ်း = နတ်သျှင်နောင်လမ်း (ဒဂုံ)
၁၀၅။ ဆင်မဆင်လမ်း = ပန်တျာလမ်း (ဒဂုံ)
၁၀၆။ လင့်ခ်လမ်း = သံတမန်လမ်း (ဒဂုံ)
၁၀၇။ ထရန်စပို့လမ်း = အာဇာနည်လမ်း (ဒဂုံ)
၁၀၈။ နယူးလင့်လမ်း = စကားဝါလမ်း (ဒဂုံ)
၁၀၉။ လင်တက်စတာလမ်း = နဝဒေးလမ်း (ဒဂုံ)
၁၁၀။ လီဒီစလမ်း = ခရေပင်လမ်း (ဒဂုံ)
၁၁၁။ ဝင်ဒါမီယာအောက်လမ်း = ချင်းတွင်းလမ်း (ဒဂုံ)
၁၁၂။ ဝင်ဒါမီယာကုတ် = ရွှေလီလမ်း (ဒဂုံ)
၁၁၃။ ဝင်ဒါမီယာဂါးဒင်း = ဥယျာဉ်လမ်း (ဒဂုံ)
၁၁၄။ ဝင်ဒါမီယာပတ်ခ် = ဇော်ဂျီလမ်း (ဒဂုံ)
၁၁၅။ ဝင်ဒါမီယာကရဲဆင့်လမ်း = ပန်းဝါလမ်း (ဒဂုံ)
၁၁၆။ ကဲင့်လမ်း = စမုံလမ်း (ဒဂုံ)
၁၁၇။ ချပ်ခ်ျလမ်း = အိမ်တော်ရာလမ်း (ဒဂုံ)
၁၁၈။ ဇဖါးရှားလမ်း = ဇီဝကလမ်း (ဒဂုံ)
၁၁၉။ ဖရေဇာလမ်း = တော်ဝင်လမ်း (ဒဂုံ)
၁၂၀။ ဖော်ဆိုက်လမ်း = ကင်းဝန်မင်းကြီးလမ်း (ဒဂုံ)
၁၂၁။ ဘဒ်လမ်း = ပဒုမ္မာလမ်း (ဒဂုံ)
၁၂၂။ လှိုက်လမ်း = မင်းကျောင်းလမ်း (ဒဂုံ)
၁၂၃။ လော့ဖို့ဒ်လမ်း = စွယ်တော်လမ်း (ဒဂုံ)
၁၂၄။ အီဒင်လမ်း = ဗိုလ်တထောင်ဈေးလမ်း (ပုဇွန်တောင်)
၁၂၅။ ကေလမ်း = ကရမက်လမ်း (ပုဇွန်တောင်)
၁၂၆။ ကိတ်လမ်း = ကြာညိုလမ်း (ပုဇွန်တောင်)
၁၂၇။ ဂျေလမ်း = နံသာဖြူလမ်း (ပုဇွန်တောင်)
၁၂၈။ နေကရွန်းလမ်း = နေကြာလမ်း (ပုဇွန်တောင်)
၁၂၉။ ပို့ကော်မရှင်နာလမ်း = ရေဝန်လမ်း (ပုဇွန်တောင်)
၁၃၀။ ဟိဝ်လမ်း = စိန်ခြယ်လမ်း (ပုဇွန်တောင်)
၁၃၁။ လင်းစဒေါင်းလမ်း = ရာဇဓိရာဇ်လမ်း (ဗိုလ်တထောင်)
၁၃၂။ ကလပ်လမ်း = ၅၅ လမ်း (ဗိုလ်တထောင်)
၁၃၃။ တင်းပယ်လ်လမ်း = ဝတ်ကျောင်းလမ်း (ဗိုလ်တထောင်)
၁၃၄။ ဒပ်ဖရင်လမ်း = စန္ဒကူးလမ်း (ဗိုလ်တထောင်)
၁၃၅။ မေရိုးလမ်း = မေယုလမ်း (ဗိုလ်တထောင်)
၁၃၆။ သွန်မဆင် ပထမရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၁ လမ်း (ဗိုလ်တထောင်)
၁၃၇။ သွန်မဆင် ဒုတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၂ လမ်း (ဗိုလ်တထောင်)
၁၃၈။ သွန်မဆင် တတိယရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၃ လမ်း (ဗိုလ်တထောင်)
၁၃၉။ သွန်မဆင် စတုတ္ထရိပ်သာလမ်း = ဗိုလ်တထောင် လမ်းသွယ် ၄ လမ်း (ဗိုလ်တထောင်)
၁၄၀။ ဟိဇယ်ဝတ်လမ်း = ဧရာမြိုင်လမ်း (ဗိုလ်တထောင်)
၁၄၁။ အဒမိမ်ဆင်လမ်း = ၅၄ လမ်း (ဗိုလ်တထောင်)
၁၄၂။ ဂရန့်လမ်း = ကြာဖြူလမ်း (ဗိုလ်တထောင်)
၁၄၃။ ဘက်ထရီလမ်း = ဝရစိန်လမ်း (ဗိုလ်တထောင်)
၁၄၄။ လစ်ဖိလမ်း = မီးပြလမ်း (ဗိုလ်တထောင်)
၁၄၅။ အယ်လ်ဂျင်လမ်း = ဧကရာဇ်လမ်း (ဗိုလ်တထောင်)
၁၄၆။ ဘရွတ်ကင်းလမ်း = ဗိုလ်ကလေးဈေးလမ်း (ဗိုလ်တထောင်)
၁၄၇။ စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း (ဗိုလ်တထောင်)
၁၄၈။ ကနေဒီလမ်း = ဦးအောင်မြတ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၄၉။ ကင်းအက်ဒွပ်အဲဗင်းနယူး = ဗိုလ်မင်းခေါင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၀။ လစ်ကင်းလံစစ်စတားလမ်း = ဒေါ်သိန်းတင်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၁။ အီဗင်ဆင်လမ်း = မြယာကုန်းလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၂။ ဘိုးလိန်းလမ်း = ဗညားဒလလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၃။ စိန်အန်ထော်နီလမ်း = ဦးဖိုးကျားလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၄။ နီကိုလ်းလမ်း = ငမိုးရိပ်လမ်း (မင်္ဂလာတောင်ညွန့်)
၁၅၅။ မတ္တရီကာလမ်း = သစ္စာလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၆။ အဲရိုးလိန်းလမ်း = နောင်ရိုးလမ်း (မင်္ဂလာတောင်ညွန့်)
၁၅၇။ သမိုင်းလင့်ခ်လမ်း = ကျိုက်ဝိုင်းဘုရားလမ်း (မရမ်းကုန်း)
၁၅၈။ ဒူးဘန်းလမ်း = မေလိခလမ်း (မရမ်းကုန်း)
၁၅၉။ ယာဒီလမ်း = သလ္လာဝတီလမ်း (မရမ်းကုန်း)
၁၆၀။ ကိုဟင်းလမ်း = ရွက်လှလမ်း (မရမ်းကုန်း)
၁၆၁။ ကရ်စ်ခ်လမ်း = သိင်္ဂီလမ်း (သင်္ဃန်းကျွန်း)
၁၆၂။ ချန်စဖို့လမ်း = အောင်သီရိလမ်း (သင်္ဃန်းကျွန်း)
၁၆၃။ စော်လမွန်လမ်း = ဥယျာဉ်လမ်း (သင်္ဃန်းကျွန်း)
၁၆၄။ တင်းပယ်လ်လမ်း = ဘောဂလမ်း (သင်္ဃန်းကျွန်း)
၁၆၅။ ကာပင်တိုင်လမ်း = ယုဇနလမ်း (သင်္ဃန်းကျွန်း)
၁၆၆။ ပနဒီယာလမ်း = သော်ကလမ်း (သင်္ဃန်းကျွန်း)
၁၆၇။ ဘာတာဖီလ်းလမ်း = နှင်းဆီကုန်းလမ်း (သင်္ဃန်းကျွန်း)
၁၆၈။ ဘတ်စ်လမ်း = မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၆၉။ မဟူရာဂျာလမ်း = မဟာမြိုင်လမ်း (သင်္ဃန်းကျွန်း)
၁၇၀။ ရှီမူရမ်လမ်း = အောင်မင်္ဂလာလမ်း (သင်္ဃန်းကျွန်း)
၁၇၁။ ရမ်းမင်းလမ်း = ယုဝလမ်း (သင်္ဃန်းကျွန်း)
၁၇၂။ ဝိတိုရိယလမ်း = ရတနာလမ်း (သင်္ဃန်းကျွန်း)
၁၇၃။ ဝီလျံလမ်း = သီတာအေးလမ်း (သင်္ဃန်းကျွန်း)
၁၇၄။ ဟာဒင်လမ်း = အောင်သုခလမ်း (သင်္ဃန်းကျွန်း)
၁၇၅။ ဟာမစ်ရှင်လမ်း = ဟင်္သာတလမ်း (သင်္ဃန်းကျွန်း)
၁၇၆။ အဗူးကေတဘာလမ်း = ကြိုးစက်ရုံလမ်း (သင်္ဃန်းကျွန်း)
၁၇၇။ အားနိုလ်းလမ်း = ပြည်တော်သာလမ်း (သင်္ဃန်းကျွန်း)
၁၇၈။ ကောလိပ်လမ်း = သခင်မြပန်းခြံလမ်း (အလုံ)
၁၇၉။ ကူရှင်လမ်း နှင့် အနောက်လမ်း = အောင်ရတနာလမ်း (အလုံ)
၁၈၀။ ဆူပါပင်လမ်း = ငုဝါလမ်း (အလုံ)
၁၈၁။ ဖူးကားလမ်း = စကားစိမ်းလမ်း (အလုံ)
၁၈၂။ ဖိုက်ခ်ျလမ်း = ရှမ်းလမ်း (အလုံ)
၁၈၃။ ချန်းမာဖီလမ်း = နှင်းဆီလမ်း (အလုံ)
၁၈၄။ စတားရက်လမ်း = နွယ်သာကီလမ်း (အလုံ)
၁၈၅။ နော်မန်ကျောင်းလမ်း = နံ့သာလမ်း (အလုံ)
၁၈၆။ ဖွိုင်လမ်း = ရန်ပိုင်လမ်း (အလုံ)
၁၈၇။ ဘင်တန်လမ်း = သီတာလမ်း (အလုံ)
၁၈၈။ ဆရာမတ်ကြီးလမ်း = ဝေဘာဂီလမ်း (အလုံ)
၁၈၉။ ပိုင်းလမ်းဖြတ်လမ်း ၁ = သိန္နီဖြတ်လမ်း ၁ လမ်း (အလုံ)
၁၉၀။ ပိုင်းလမ်းဖြတ်လမ်း ၂ = သိန္နီဖြတ်လမ်း ၂ လမ်း (အလုံ)
၁၉၁။ ပိုင်းလမ်းဖြတ်လမ်း ၃ = သိန္နီဖြတ်လမ်း ၃ လမ်း (အလုံ)
၁၉၂။ ဖရင်ကလင်လမ်း = သဇင်လမ်း (အလုံ)
 ကာရံငယ်(စုစည်းမိသမျှ)
http://yetayzakyaw1500.blogspot.com/
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw