ဒီနေ့ မနက်ဖြန် သဘက်ခါ နဲ့
သားနေလာခဲ့တာ ဘ၀ရဲ့ သက်တမ်း
သုံးပုံပုံ ရင်တစ်ပုံ တောင် ကျိုးခါနီးပါပြီ...........
..........................
ဒါပေမယ့် ..................
လွယ်အိတ်လေးမနိုင့်တနိုင်
ကျောင်းသွားခဲ့ရတာလေးတွေ
ကကြီး ခခွေး အော်ကျက်ခဲ့ရတာလေးတွေ ကို
မနေ့ ကလိုပဲ စိတ်ထဲမှာ အောက်မေ့နေမိတယ်........အဖေ
..........................
ခုတော့.................
အဖေရယ် အမေရယ် သားရယ် သုံးယောက်တည်း
ပေါင်းစည်းထားတဲ့ မိသားစု အသိုက်မြုံလေး လေးလဲ
တစုတစည်း တည်း စုံညီစွာ ပြန်လည်ဆုံတွေ့ဖို့
ဘယ်လိုမှမဖြစ်နိုင်တော့ပါလာ
..........................
အသံပြင်းပြင်းတောင် မငေါက်ဘူးတဲ့ အဖေ
ဘယ်တော့ အခါမှ ဆိုးတယ် လို့ မပြောတဲ့အမေ
အဖေ ရယ် အဖေ့မှာ ရှိတဲ့
ခွန်အားတွေ ဥာဏ်အားတွေကို ဒီမိသားစုအတွက်
အားလုံးစိုက်ထုတ်ခဲ့တယ်နော်
..........................
ဒီကျေးဇူးတွေကို ဆပ်ဖို့
သိတတ်တဲ့အရွယ်ကစပြီး
အဖေ့ခြေဖမိုးကို ညစဉ်ကန်တော့ ခဲ့ပေမယ့်
တာဝန်ကျေတဲ့ သားတယောက် မဖြစ်သေးဘူးဆိုတာ
သားသိပါတယ် အဖေ
..........................
ကိုယ့်အလှည့် ကျရောက်ပြီလို့
သိလိုက်ရတဲ့အချိန်မှာတော့
အဖေက ကျွန်တော် တို့ကို စွန့်ခွာသွားခဲ့ပြီလေ
နောင်တ တရားဆိုတာ မကောင်းမှန်း
အခုမှသိလေတော့ ကျွန်တော့် ပခုံး ဟာ
ဝန်အပြည့်ထမ်းဖို့ ကို
မသိ ခဲ့ မတတ်ခဲ့၊ တာဝန်မကျေခဲ့တာ
ဒီဘ၀အတွက် ရင်နာစရာ တခုပါ .....
ကျွန်တော် အဖေ့ အုတ်ဂူရှေ့ကိုရောက်ရင်
အဖေ ဘယ်လိုပြောမှာလဲဟင်?
..........................
အမေ ..
အမေကော အိုနေပြီလားဟင်
မိုးလင်းကမိုးချုပ်
အလုပ်အမျိုးမျိုး နဲ့ အမေ
ဘ၀ရဲ့ခါးသီးတဲ့ အရသာတွေကို
အမေစားသုံးရလွန်းလို့
အမေပါးရေတွေတွန့်နေပြီလား
မဲ့ပြုံးပြုံးနေပြီလား
အမေ မဲ့ပြုံးမပြုံးပါနဲ့ နော်
အမေ့ ပီတိ အပြုံးတွေဝေစေချင်လို့
သား ရိုးသားကြိုးစားနေပါတယ်
နေ့ချင်းညချင်း မကြီးပွားသေးပေမယ့်
အချိန်တခုတော့ပေးပါအမေ
တခုပဲမှာချင်ပါတယ်
အမေ မအိုပါနဲ့အုံး
အမေ မသေပါနဲ့အုံးနော် .........။.
သားအတွက် အမေတယောက်ပဲ ရှိတော့ လို့ ပါ...။
ကာ၇ံငယ်
www.yetayzakyaw1500.blogsp
Post a Comment
သင်၏မှတ်ချက် ရေးပါ။.....