LATESTED NEWS

ငါမရှိရင်"


 

နင်မရှိလဲရတယ် လို့
အလွယ်တစ်ကူ မပြောပါနဲ့လား..........
ငါမရှိရင် .................
နင့်ရင်ဖွင့်သံ
ဘယ်သူ လေးလေး နက်နက် နဲ့ 
ဂရုတစိုက် နားထောင်ပေးမှာလဲ...............။

ငါမရှိရင်..........
နင်အိမ်ပြန်နောက်ကျတာ ................
ဘယ်သူ အဖော်လုပ်ပြီး...လိုက်ပို့ပေးမှာလဲ.............။

ငါမရှိရင်.............
အကြောင်းအမျိုးမျိုးကြောင့်စိတ်ညစ်တဲ့ အခါ
နင် ဘယ်သူ့ကို ပြသနာရှာမှာလဲ................။

ငါမရှိရင် ...................
နင်ဖုန်းထဲမှာ ....ငါ့ကိုဒေါသထွက်ရင်
ဘယ်သူ့ကို ဖုန်းမကိုင်ပဲ ထားနိုင်မှာလဲ.......။

ငါမရှိရင်....................
နင် လိမ်မှန်း သိတာတောင်
့ငါကလွဲပြီ့း 
ဘယ်သူက ယုံပေး နိုင်မှာလဲ.............။

ငါမရှိရင် ..................
နင့်ကို အသက်တမျှ
တောင့်တနေတဲ့ သူ အဖြစ်
ဘယ်သူ ကျန်နေပေးမှာလဲ..............။

ချစ်တယ်ပြောဖို့လွယ်ပါတယ်
ချစ်တတ်ဖို့တော့ ခက်လိမ့်မယ် .....
နောက်ဆုံး..........
နင့်အတွက် ဆုံးရှုံးစရာဆိုလို့  နင်ကိုချစ်တတ်တဲ့ 
င့ါ ရဲ့ ..အချစ်တွေပဲ ရှိတယ်.........။

ကာရံငယ်
www.yetayzakyaw1500.blogspot.com

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw