LATESTED NEWS

အမြင် အာရုံ ထက်သန် စေဖို့..


Image and video hosting by TinyPic
သင့်အမြင်အာရုံကို သဘာဝအတိုင်း ပိုမို ထက်သန် လာအောင် လုပ်လိုပါသလား… အမြင်အာရုံ ကောင်းမွန်ဖို့ အတွက် မျက်စိ လေ့ကျင့်ခန်းနဲ့ အစာအာဟာရတို့ကို အသုံးပြုပြီး သဘာဝ နည်းလမ်းအတိုင်း ပြုလုပ် ပေးနိုင်ပါတယ်…
မျက်စိလေ့ကျင့်ခန်းများဟာ အမြင်အာရုံပြဿနာတွေဖြစ်တဲ့ မျက်စိကျိန်းစပ်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိယားယံခြင်း၊ မျက်စိရောဂါပိုးဝင်ခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း စတာတွေအတွက် ထိရောက်ကောင်းမွန်စွာ ကူညီကုသပေးနိုင်ပါတယ်…
မျက်စိလေ့ကျင့်ခန်းတွေပြုလုပ်တဲ့အခါမှာ နေ့စဉ်ပုံမှန်လုပ်ဆောင်သွားဖို့လိုပါတယ်… လုပ်ဆောင်တဲ့အခါမှာလည်း အလျင်စလိုနဲ့ မြန်မြန်ဆန်ဆန်လုပ်နေဖို့မလိုပါဘူး… တည်တည်ငြိမ်ငြိမ် သက်တောင့်သက်သာနဲ့ထိုင်ပြီးမှ မျက်စိလေ့ကျင့်ခန်းတွေကို
လုပ်ဆောင်ရပါမယ်… လေ့ကျင့်ခန်းလုပ်တဲ့အချိန်ကိုလည်း တဖြည်းဖြည်းတိုးမြှင့်သွားနိုင်ပါတယ်… ဒါပေမဲ့ အလွန်ဆုံး ၂၅ မိနစ်လောက်ပဲ လိုအပ်မှာဖြစ်ပါတယ်… သင့်မျက်လုံးတွေကိုတော့ လေ့ကျင့်ခန်းကြောင့် ဒဏ်မဖြစ်အောင်သတိပြုရပါမယ်… ဖြည်းဖြည်းနဲ့ စူးစူးစိုက်စိုက်လုပ်သွားဖို့လိုပါတယ်…
* စူးစိုက်မှု – သင့်အိမ်က နံရံပေါ်မှာ ဘောပင်မင်အနက်နဲ့ အနက်ရောင်အစက်ငယ်လေးတစ်ခုလုပ်လိုက်ပါ…. နံရံကိုမျက်နှာမူပြီး ကော်ဇောပေါ်မှာ ဒါမှမဟုတ် ထိုင်ခုံတစ်လုံးပေါ်မှာ သက်တောင့်သက်သာထိုင်ပါ… နံရံပေါ်က အမည်းစက်ကို သင်တတ်နိုင်သလောက် အချိန်ကြာအောင် စူးစိုက်စောင့်ကြည့်ပါ… ဒီလေ့ကျင့်ခန်းဟာ သင့်မျက်လုံးတွေကို စူးစိုက်နိုင်စွမ်း မြင့်မားစေမှာဖြစ်ပါတယ်…
* အဖွင့်/အပိတ် – မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ပြူးကြည့်ပါ… ပြီးတော့ လုံးဝမှိတ်ထားပါ… ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာတော့ မျက်စိမနာအောင် ညင်ညင်သာသာလုပ်ဖို့လိုပါမယ်… တစ်ကြိမ်နဲ့တစ်ကြိမ်အကြား ၁ စက္ကန့်လောက်နားပြီး ၁၀ ကြိမ်လောက် ထပ်ခါထပ်ခါလုပ်ပေးပါ…
* လှည့်ပတ်မှု – သင့်မျက်လုံးတွေကို နာရီလက်တံအတိုင်း ၅ ပတ်လှည့်ပါ… နာရီလက်တံပြောင်းပြန်အတိုင်း ၅ ပတ်ပြန်လှည့်ပါ… ဒီလေ့ကျင့်ခန်းကတော့ သင့်မျက်လုံးကြွက်သားတွေကို သန်မာစေပါလိမ့်မယ်….
* ရွေ့လျားမှု – သင့်မျက်လုံးကို အပေါ်အောက် ဖြည်းညင်းစွာရွေ့လျားပေးပါ… ပြီးရင် ဘယ်ညာ ၅ ခါစီ ရွေ့လျားပေးပါ… ဒီလေ့ကျင့်ခန်းက မျက်လုံးရွေ့လျားမှုကို ပိုမို လိုက်လျောညီထွေဖြစ်စေပါတယ်…
* လှုပ်ရှားမှု – မျက်တောင်ကို ခပ်များများခတ်ပေးပါ… ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးကြွက်သားတွေကို သန်မာစေပြီး ခြောက်သွေ့မှုက ကာကွယ်ပေးပါတယ်…
* သွေးလည်ပတ်မှု – ယောဂလေ့ကျင့်ခြင်း၊ တရားထိုင်ခြင်းများဟာလည်း မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်…
မျက်လုံးအတွက်ကောင်းမွန်တဲ့ အစာအာဟာရတွေကတော့
၁) မုန်လာဥဝါ
၂) ကြက်ဥ
၃) နွားနို့
၎) တရုတ်ဆီးသီး
၅) ဘယ်ရီအနွယ်ဝင်အသီးများ
၆) စပျစ်အနွယ်ဝင်အသီးများ
၇) ရှောက်အနွယ်ဝင်အသီးများ
၈) ဂေါ်ဖီထုပ်
၉) ဟင်းနုနွယ်ရွက်
၁၀) ရေချိုငါး
၁၁) ငါးကြီးဆီ
မျက်စိကို ထိခိုက်စေသော အမူအကျင့်များ
၁) Monosodium Glutamate (MSG) လို့ခေါ်တဲ့ sodium glutamate ပါဝင်သော အစားအစာနှင့် ဖြည့်စွက်ပစ္စည်းများ စားသောက်သုံးစွဲခြင်း
၂) အချိန်အတန်ကြာ နေကို တိုက်ရိုက်ကြည့်ရှုခြင်း
၃) မျက်လုံးကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးနေရခြင်း
၎) လက်ကိုင်ဖုန်း၊ ကွန်ပျူတာများကို ကြာမြင့်စွာဆက်တိုက် အသုံးပြုခြင်း
Credit: နှိုင်းရင့်နွေ

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw