LATESTED NEWS
Showing posts with label ရသလေးများ. Show all posts
Showing posts with label ရသလေးများ. Show all posts

အတုယူသင့်သည့်  အမျိုးသမီးအမျိုးအစားများ



တည်ငြိမ်သော အမျိုးသမီးတစ်ဦးက 
သူ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။အေးဆေးတဲ့အပြုံးတစ်ခုနဲ့ ဒေါသကိုထိန်းတယ်။
.
စိတ်ဓာတ်တည်ကြည်သော အမျိုးသမီးက
 တာဝန်တစ်ခုကို မနိုင်ဝန်မထမ်းဘူး။ကတိစကားတစ်ခွန်းကို...ချင့်ချိန်ပြီးမှပြောဆိုတတ်တယ်။
.
ရိုးသားသောအမျိုးသမီးတစ်ဦးက
ကိုယ်ကျိုးတစ်ခုဘဲ မကြည့်တတ်ဘူး။လုပ်ဆောင်မှု့တိုင်းသူတစ်ပါးအတွက်အမြဲထည့်တွက်ပေးတတ်တယ်။
.

သံယောဇဉ်


ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။
ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက်တွေပြောခွင့်ရတယ်။

မဆက်သွယ်တာကြာတိုင်း ငါတို့ ဝေးကွာသွားတာ မဟုတ်ပါဘူး။
သတင်းတွေမကြားတိုင်း ငါတို့ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။

လူတိုင်းဖြစ်နိုင်တဲ့ စိတ်ရောဂါ(၁)

ကျွန်တော် ဒီပို့ကို မတင်ခင် ပထမဆုံးပြောချင်ပါတယ်.ကျွန်တော်ကဆရာဝန်တစ်ယောက်မဟုတ်သလို၊ စိတ်ပညာရှင်တစ်ယောက်လည်းမဟုတ်ပါဘူး....

ကျွန်တော်က CIT(Canberra Institute of Technology) မှာ Community service ပညာသင်ကြားနေတဲ့ကျောင်းသူတစ်ယောက်သာဖြစ်ပါတယ်.ကျောင်းစာမှာ Subject တခုအနေနဲ့ ပါဝင်တဲ့ Mental Health Basic အကြောင်းဖတ်မိသမျှ ကို ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်.မှားတာပါခဲ့ရင်ထောက်ပြဆွေးနွေးနိုင်သလို နားလည်ပေးဖို့ ပထမ ဦးစွာ အသိပေးလိုပါတယ်.

ခုပထမဦးဆုံးပြောချင်တဲ့အကြောင်းတွေကတော့...

လူ့ဘဝနဲ့ ပတ်သက်ရင်



ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက
စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊
ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ
ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က
အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ်
ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

နွေးထွေးသော မေတ္တာအိမ်ကလေး


အမေက ကျွန်တော့်ကိုမြင်သည်နှင့်
ဈေးဗန်းနှစ်ခုကို ထပ်လိုက်သည်။ မှိုနှင့်ကန်စွန်းရွက်အထုပ် ကလေးကို
လှမ်းပေးလိုက်သော အမေသည် ကျွန်တော့်ကို တွေ့လိုက်ရသဖြင့် ပြုံးရွှင်သွားသည်။
“ သားလေး၊ မင်းလာတာ မင်းအဖေမြင်လိုက်လား။” “ဟုတ်ကဲ့အမေ၊ အဖေလည်း လာနေပါပြီ။”
အဖေလာသောအခါ ကျွန်တော်တို့မိသားတစ်စု အိမ်သို့
ပျော်ရွှင်စွာပြန်လာခဲ့ကြသည်။ ကျွန်တော် ဘ ၀၏ နေ့ရက်တော်တော်များများသည်
ချမ်းမြေ့ပျော်ရွှင်ခြင်းများဖြင့် လူလားမြောက်ခဲ့ပါသည်။ ကျွန
်တော်တို့မိသားစုသည် ပိုက်ဆံမရှိကြသော်လည်း ဘ၀ကို နွေးထွေးစွာ
ဖြတ်သန်းခဲ့ကြသူများသာ ဖြစ်သည်။
“ အမေ၊ ကျွန်တော် ကျော်ကျော်တို့ဆိုင် ခဏသွားဦးမယ်။ အေး အေး၊
မကြာစေနဲ့နော်။ သား အဖေက ဂေါ်ဖီထုပ်ကားတွေ ၀င်အလာကို သွားစောင့်မလို့တဲ့။
အိမ်မှာ အမေတစ်ယောက်တည်း ရယ်။”
“ ဟုတ်ကဲ့ အမေ၊ ကျွန်တော် စောစောပြန်လာခဲ့ ပါ့မယ်။ ” ဒီနေ့သည် အပြန်အလှန်
ချစ်ခင် နွေးထွေးခဲ့သော ကျွန်တော်တို့မိသားစုလေး၏ နွေးထွေးမှုကို
အေးစက်စေခဲ့မှန်းသာ ကြိုသိခဲ့လျှင် ကျော်ကျော့်ဆိုင်ကို ကျွန်တော်
ထွကလာခဲ့မည် မဟုတ်ပေ။
“အာကာ၊ မင်း ဒီကိုမလာရင် ကောင်းလိမ့်မယ်ကွာ။ ” ကျော်ကျော့် စကားကြောင့်
ထိုင်စ ပြုလိုက်သော ကျွန်တော်သည် အံ့သြစွာဖြင့် ကျော်ကျော့်ကို
ကြည့်လိုက်သည်။ တခြားသူငယ်ချင်း များကလည်း လမ်းမကို အဓိပ္ပါယ်မဲ့
ငေးနေကြသည်။
“ မင်း ဘာစကားပြောတာလဲ ကျော်ကျော်။” “ပြောရမှာတော့ အားနာတယ်ကွာ။ မပြော
မဖြစ်လို့သာ ပြောရမှာကွ။ ”
“ အေး ပြောမယ်၊ မင်းတစ်မျိုးတော့ မထင်နဲ့။ မင်းအဖေက ခါးပိုက်နှိုက်၊
မင်းအမေက အလစ်သုတ်တဲ့မိန်းမတဲ့။ မင်းမမွေးခင်အထိ အဲဒီလောကမှာ
ကျင်လည်းခဲ့တာ။ နာမည်ကြီးဆိုပဲတဲ့ကွ။ ကျော်စွာ့အဖေ ရဲအုပ်က ပြောပြတာ။
ငါတို့အပေါင်းအသင်းတွေအားလုံး မင်းကိုခင်ပါတယ်။ ဒါပေမဲ့ ဗီဇ ဆိုတာမျိုးက
ပြောလို့ရတာမဟုတ်ဘူး။ ပြီးတော့ အခုလည်း အမင်းအဖေနဲ့အမေ ဒီအလုပ်တွေ
ဆက်လုပ်နေကြသလားဆိုတာ။ ” “တော် တော်တော့၊ ငါ မယုံဘူး။ မင်းစကားတွေကို
ငါမယုံဘူး ကွ။”
ကျော်ကျော့်ကို ကျွန်တော် အော်ဟစ်ပြောကာ လက်ဖက်ရည်ဆိုင်ထဲက ပြေးထွက်လာခဲ့
သည်။ မဟုတ်နိုင်ဘူး၊ ဒါဟာ မဟုတ်နိုင်ဘူးဟု ကျွန်တော်
တဖွဖွငြင်းဆန်လာခဲ့သည်။ ကျော်စွာ ဆိုတာ ကျွန်တော်တို့မြို့လေးကို
ပြောင်းလာသည့် ဒုရဲအုပ်၏သားတစ်ဦးဖြစ်သည်။ အဖေနှင့်အမေ့ ကျွန်တော်ကစပြီး
ဘယ်လိုမေးရမလဲ။
“ ဟော သားပြန်လာပြီပဲ။ အမေနဲ့အဖေတို့သားကို ထမင်းစားရင်းစောင့်နေတာကွ။”
“ကျွန်တော် မစားချင်ဘူးအဖေ။ ကျွန်တော် အဖေနဲ့အမေကို မေးစရာရှိတယ်။ ” “
ဘာမေးမှာလဲ သား ” “ အမှန်အတိုင်း ဖြေမှာပေါ့ သားရယ်၊ အမေတို့မှာ
ဒီသားလေးတစ်ယောက်ပဲ ရှိတာ။ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူး။ ”
အဖေက ကျွန်တော့်ကို သေချာစိုက်ကြည့်ကာ“ သား ဘာတွေဖြစ်လာတာလဲကွာ။ ”
အဖေနှင့်အမေကို ယုံကြည်သော်လည်း ကံကြမ္မာကိုတော့ မယုံရဲပေ။ “ပြောပါ
သားရယ်၊
အမလေး ငါ့သားက အမေတို့ကို စကားထာဝှက်မလို့လားဟင်။ ”
အမေ ကဟက်ဟက်ပက်ပက် ရယ်နေသည်။ ကျွန်တော် စကားစရမှာ ကြောက်ရွှံလာသည်။ “ အဖေက
ခါးပိုက်နှိုက်၊ အမေက လစ်သုတ်တဲ့မိန်းမလို့ ကျွန်တော့် သူငယ်ချင်း
အဖေကပြောတယ်တဲ့။ ကျွန်တော့် ဖွင့်မမေးချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်လေ
မှန်ကန်တဲ့အဖြေတစ်ခုကို အရမ်းသိချင်နေတယ်။”
ရယ်နေသောအမေ့အပြုံးတွေ ပျောက်ကွယ်သွားကာ မျက်ရည်တွေ တလိမ့်လိမ့် ကျလာသည်။
အဖေက အချိန်တော်တော်ကြာ ငြိမ်သက်ရင်း ငိုင်ကျသွားသည်။ ဒီအခြေအနေတစ်ခုက ပဲ
အမှန်တရားတစ်ခုကို သိလိုက်ရတော့သည်။ နှုတ်က ဖွင့်ပြောလိုက်ခြင်းထက်
အမူအရာများက ကျွန်တော်အဖို့ ပို၍ ခံစားရတော့သည်။ ကြမ်းပြင်ကို လက်သီးဖြင့်
ခပ်ပြင်းပြင်းထိုးရင်း ကျွန်တော် မျက်ရည်တွေ ကျလာကာ ငိုရှိုက်မိတော့သည်။
ငိုင်ကျသွားသော အဖေ့မျက်ဝန်းတွေက ရီဝေစွာဖြင့် ကျွန်တော့် ကိုကြည့်လာသည်။
“ ဘယ်သူ့ဆီက သိလာတာလဲ။ ဘယ်သူပြောလိုက်တာလဲဆိုတဲ့ စကားမျိုးတွေ အဖေ
မပြောတော့ဘူးသားရယ်။ ဒါတွေဟာ အမှန်တရားတွေဖြစ်ခဲ့တယ်။ ဒါပေမယ့်
တစ်ချိန်တုန်းကပဲ သား။ ငါ့သားကို မွေးတဲ့အချိန်ကစပြီး ငါ့သားဂုဏ်မငယ်ရအောင်
တို့ဟာ ရိုးသားဖြောင့်မတ်စွာနဲ့ အလုပ်လုပ်ပြီး နေလာခဲ့တာတော့ အဖေ
ကျိန်ပြီးပြောရဲတယ်သား။ ”
အဖေ ဘာတွေဆက်ပြောနေသည် ဆိုတာ ကျွန်တော် မကြားတစ်ချက် ကြားတစ်ချက်ဖြစ်လာကာ
ဝမ်းနည်းကြေကွဲ ၍သာ နေမိသည်။ အဲသည် နေ့သည် ကျွန်တော်တို့ မိသားစု
ငိုပွဲဆင်ခဲ့ရသောနေ့လေးဖြစ်ခဲ့ပါသည်။
အဖေနှင့်အမေ၏ ဝေယျာဝ စ္စများကို တတ်နိုင်သမျှ လုပ်ပေးသော် ကျွန်တော်တို့
မိသားစု၏ ပျော်ရွှင်ဖွယ်နေ့ရက်များကို ကျွန်တော်ကပင်
စတင်ဖျက်ဆီးလိုက်လေပြီ။
“ သား ဒီနေ့ ဘာလို့ ဈေးထဲကိုလိုက်မလာတာလဲ။ ” “ ကျွန်တော် စိတ်မပါလို့ပါ။ ”
အမေက စကားတိတ်သွားရင်း ကျွန်တော့် မျက်နှာကို စိတ်မကောင်းစွာဖြင့်
ကြည့်သည်။ “သား မန္တလေးကို ကျောင်းသွားတက်ရတော့ မယ်နော်။ ကျွန်တော်
မဖြေမိပါ။ ကျွန်တော့်ရင်ထဲက ခံစားနေရတာတွေကို ဖွင့်ပြော ၍ပင် မရနိုင်အောင်
ခက်ခဲနေမိသည်။ အပေါင်းအသင်းများ၏ အထင်သေးသော အကြည့်ကိုလည်း ကျွန်တော်
မခံစားနိုင်တာ အမှန်ပါ။
“ သားရယ်၊ ငါ့သား အခုလိုစိတ်ဆင်းရဲနေတာ အဖေ မကြည့်ရက်ဘူး။ အတိတ်ကဖြစ်
ရပ်တွေကို အဖေ ပြန်မတွေးချင်လောက်အောင်ပဲ သား။ အဖေ့မိဘတွေက
ကွယ်လွန်သွားကြတော့ မိဘမရှိတဲ့၊ ခိုကိုးရာမဲ့ခဲ့တဲ့ အဖေဟာ ၀မ်းတစ်ထွာအတွက်
ခါးပိုက်နှိုက်တစ်ယောက်ဖြစ်ခဲ့ရတယ်။ အဖေ့လိုပဲ မိဘမဲ့ရှာတဲ့ သားအမေခမျာလည်း
ထိန်းကျောင်းသူရဲ့ ခိုင်းစေမှုကြောင့် အလစ်သုတ်ပြေး တတ်တဲ့
မိန်းမတစ်ယောက်အဖြစ် အသက်ရှင်ရပ်ထည်ခဲ့ရတယ် ။
“ ဒီလိုနေရာက အဖေတို့နှစ်ယောက် ဖူးစာဆံပြီး ဘ၀တစ်ခုကို ထူထောင်ခဲ့ကြတယ်။
ရုန်းကန်ကျင်လည်ခဲ့ကြတယ်။ ဒါပေမယ့် သားရယ် သားကိုမွေးပြီးတာနဲ့
တစ်ပြိုင်နက် မိဘမေတ္တာကြောင့် အဖေတို့ဘ၀ကို ပြောင်းလဲပစ်ခဲ့ကြတယ်။
ရိုးသားဖြူစင်စွာနဲ့ ၀မ်းကျောင်းပြီး သားကို
ပြုစုစောင့်ရှောက်လာခဲ့တာပဲသား။ ”
“ သားဘ၀ကို အဖေနဲ့အမေရဲ့ အရိပ်မဲတွေ စွန်းထင်းခြင်းမရှိစေဘဲ လောကကြီးကို
ဖြူစင် ကြီးပြင်းစေချင်တယ်။ အဖေနဲ့အမေ မိဘမဲ့လို့၊ ပညာမတတ်လို့၊
အသိဥာဏ်မဲ့လို့၊ နိမ့်ကျညံ့ဖျင်းတဲ့ အလုပ်တွေလုပ်ခဲ့ရပေမဲ့
အဖေ့သားလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်လို့ အဖေတို့ဘ၀ကို
ပြောင်းလဲခဲ့တာပဲ သားရယ်။ ”
“ အမေနဲ့သားအဖေရင်ထဲက မေစေတနာတွေကို သားနားလည်ပေးပါ။
အရင်ကလိုပျော်ပျော်ပါးပါး နေကြရအောင်ပါ သားရယ်။ အမေ သစ္စာဆိုရဲပါတယ် သား။
အမေတို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နေ့ကနေပြီး ယနေ့တိုင်အောင် အမေတို့ ရိုးသားစွာ
အသက်မွေးခဲကြတယ်။ ”
အဖေနှင့်အမေတို့၏ မျက်ရည်ပေါက်များသည် ကျွန်တော့နှလုံးသားကို ပြင်းထန်စွာ
နာကျင် ထိခိုက်စေခဲ့သည်။ “ ကျွန်တော် ယုံပါပြီ အမေ။ ဘယ်သူတွေ
ဘာပဲပြောပြော
ကျွန်တော် ဂရုမစိုက်တော့ဘူး။ လောကမှာ အဖေနဲ့အမေရဲ့ ချစ်မေတ္တာတွေသာ
အရေးကြီးတယ် ” ဟု ကျွန်တော် ဆိုမိတော့သည်။
ထို့နောက် ကျွန်တော်တို့မိသားစုလေးသည် ပုံမှန် အပြန်အလှန် ဖြည့်ဆည်းယုယ
ကြင်နာခဲ့ကြပါသည်။ တက္ကသိုလ်ဖွင့်ရင်သာ ကျောင်းတက်ဖို့
ကြိုတင်ပြင်ဆင်နေခဲ့မိသည်။ “သားရေ၊ ဒီမှာကြည့်စမ်း၊
သားကျောင်းတက်ရင်ဝတ်ဖို့ အမေ အင်္ကျီတွေ ၀ယ်လာတယ်သား။ ”
“ တော်ပါပြီ အမေရယ်၊ များနေပါပြီ။ အမေကသားကို မျက်နှာမငယ်စေချင်လို့ပါ
သားရယ်။ ကျွန်တော်က ကျောင်းသွားတက်ရမှာကိုပဲ စိတ်မကောင်းဘူးအေမေ။
ကျွန်တော့် ကျောင်းစရိတ်အတွက် အမေနဲ့ဖေ အရမ်းပင်ပန်းစွာ ရှာဖွေနေရမှာပဲ။ ”
“ အမေလေးသားရယ်၊ ဒီလို အမေတို့ကိုကြည့်ပြီး စဉ်းစားပေးတဲ့ သားလေး
စိတ်ဓာတ်နဲ့ပင် လုံလောက်နေပါပြီ။ အမေတို့ သားအတွက် အားမာန်တွေ
ဖြစ်ပြီးသား။
ဟုတ်တယ် သားရေ၊ ဟိုရောက်ရင်သာ ငါ့သားက စာကြိုးစား။ အဖေနဲ့အမေက ငါတို့သားဟာ
တက္ကသိုလ်ကျောင်းသားကြီးဆိုပြီး ဘ၀တူလူတန်းစားတွေကြားမှာ ကြွားဝါ
ဂုဏ်ယူရပါစေကွာ။ ” အဖေ၏ ကြုံးဝါးသံကြီးကြောင့် ကျွန်တော် အားတက်သွားခဲ့
ရသည်။
ကျွန်တော်သည် ကျောင်းသွားမည့်နေ့က အဖေနှင့်အမေ လုံးဝ
မျက်နှာမကောင်းခဲ့ပါ။ မခွဲစဖူး ခွဲခွာရ ၍ ခံစားနေကြရသည်။
ကျွန်တော်သည်လည်း အဖေတို့၊ အမေတို့နှင့်
မခွဲချင် အောင်ဖြစ်မိသည်။ ကျွန်တော့် မျက်နှာအနေအထားကိုကြည့်၍ အဖေက
အမေ့ကို မငိုဖို့ မျက်လုံးဖြင့် တားမြစ်လိုက်သည်ကို ကျွန်တော်
မြင်လိုက်ရသည်။
“ သား ရော့၊ ဒီတစ်လလုံးလုံး သုံးဖို့ အဖေ နောက်ထပ်လာပို့အုံးမယ်။
လိုတာရှိရင်လည်း ကားကြုံနှင့်မှာလိုက်ကွာ။ စိတ်မပင်ပန်းမခံနှင့်၊
ကြားလား။
အဖေတို့၊ အမေတို့ရဲ့ ခြေလက်တွေဟာ သားအတွက်ဘဲ့ကွ။ သားလေးသာ
ဟိုဝတ်ရုံမဲကြီးဝတ်၊ ခေါင်းမှာလည်း လေးထောင့်ချွန်းအမဲအုပ် ဆောင်းကြီး
ဆောင်းနိုင်အောင် ကြိုးစား၊ ကြားလားသား။ ”
အဖေ၏စိတ်ကူးထဲမှာ ကျွန်တော့်ကို ဘွဲ့ဝတ်ရုံဝတ်ထားပြီးသည့်ပုံကို
မြင်ယောင်နေ ပြီထင်ပါ၏၊ “ ကျွန်တော် ကြိုးစားပါ့မယ့် အဖေ။ ”
အမေ့ပါးပြင်ကို
ယုယစွာနမ်းရင်း၊ ပထမဆုံး အကြိမ် ခွဲခွာခဲ့ ရလေသည်။ ကျွန်တော်သည် မိဘတွေ
ပင်ပင်ပန်းပန်းရှာဖွေ ပို့ပေးသည့် ပိုက်ဆံများကို ချွေတာနိုင်သမျှ ချွေတာ
သုံးစွဲခဲ့ရင်း ပထမစာသင်နှစ် ပြီးဆုံးခဲ့လေသည်။


ဒုတိယနှစ်စာသင်နှစ်မှာတော့ လူငယ်သာဘ၀အရ ကျွန်တော်
နှစ်သက်သော မိန်းကလေးတစ်ယောက် ရှိလာခဲ့သည်။ လှိုင်းဆိုသော မိန်း ကလေးသည်
ကျွန်တော်နှင့် အဆင့် အတန်း အဆမတန် ကွာခြားခဲ့သည်။ သူနှင့်
သွားလာသောအခါမျိုးမှာ ကျွန်တော့အတွက် အသုံးစရိတ်များ ပိုလာ ခဲ့တော့သည်။
ပို့ပေးသလောက် မငြင်းမိတော့ပေး။
အဖေနှင့်အမေ ပင်ပန်းနေတော့မှာဘဲ့။ ဒီငွေပမာဏရဖို့ ဘယ်လိုစုဆောင်းပြီး
ပို့နေခဲ့သလဲဆိုသသည့် အတွေးများ ပျောက်ကွယ်သွား ခဲ့ပါသည်။ ဒါပေမယ့်
ကျော်ကျော်တို့အုပ်စုတွေနှင့် အမှတ်မထင် ကန်တင်းမှာ စားပွဲချင်းကပ်လျက်
ဆုံမိသောအခါမှာတော့ ကျွန်တော်၏ ပျော်ရွှင်ဖွယ်နေ့ရက်များသည်
ပျက်စီးခဲ့ရပြန်ပါသည်။
“ ဒီကောင်၊ ဒီလောက်သုံးနေနိုင်တာထောက်ရင် ထူးခြားတယ်ကွာ။ ” “ အေး၊ သူ့မိဘ
အခြေအနေနဲ့ မသုံးနိုင်ပါဘူး။ အရင်က ဆို ကန်တင်းတောင် ထိုင်နိုင်တာမဟုတ်ဘူး။

“ မင်းတို့ကလည်း တုံးပါ့ကွာ၊ အလစ်သုတ်တဲ့ နေရာမှာ ၀ိဇ္ဇာလင်မယားပဲ။
ဒီအလုပ်တွေပဲ ပြန်လုပ်ပြီး သားဆီ ပို့ပေးမှာပေါ့။ ” “ အေးနော်၊
မန္တလေးတက်ပြီး တစ်ချီ၊ နှစ်ချီ ဆော်လိုက်ရင် တစ်လစာ အိုကေနေမှာပေါ့။ ”
ကျွန်တော် အသားတွေ တဆတ်ဆတ်တုန် လာသည်။ ထိခိုက်နာကျင်လာခဲ့သည်။ ပိုက်ဆံ
အမြန်ရှင်းကာကျွန်တော် ငှား၍နေထိုင် သော အဆောင်သို့ အမြန်ပြန်လာခဲ့သည်။
ကျော်ကျော်တို့အုပ်စုကို တစ်ခုခု လုပ်ပစ်ချင်မိအောင် ဒေါသထွက်ခဲ့သည်။
သွေးအေးသွားသော အခါမှာတော့ တစ်လတစ်လ အဖေလာပို့သော အစိမ်းရောင်ထောင်တန်များ၏
အရေအတွက်အပေါ် သံသယ၀င်လာခဲ့သည်။ “မဟုတ်ပါဘူး” ဟု နှလုံးသားက အကြိမ်ကြိမ်
ငြင်းဆန်နေသော်လည်း ဦးနှောက်ကတော့တွေး တော့ တွေးတောနေဆဲပင်။
ကျွန်တော် ယခုလို ခံစားနေသည့် အချိန်မှာပဲ အဖေနှင့်အမေ ပိုက်ဆံလာပို့ကြသည်။
ပိုက်ဆံ ပမာဏက များနေသည့်အပြင် အ၀တ်အစားနှင့် မုန့်များပါ
တော်တော်များများ ပါလာသောအခါ အဖေ၏ မေတ္တာမျက်ဝန်းများကို မကြည့်ချင်လောက်
သံသယဖြစ်လာခဲ့သည်။
“ ဘုရားဖူးချင်တာရေ၊ အမေ့သားလေးကို လွမ်းတာရောကြောင့် အမေလိုက်လာခဲ့တာ။ သား
မပျော်ဘူးလား။ ” ကျွန်တော် ခေါင်းညိတ်ပြမိ လိုက်သည် ထင်ပါ၏။
“ သားအကြိုက်ဟင်းတွေ အမေချက်ယူလာခဲ့တယ်။ မှိုနဲ့ကန်စွန်းရွက်ကြော်ကတော့
မပူတော့ဘူး။ ငရုတ်သီးစိမ်း မွန်မွန်လေးလည်း ထည့်ကြော်လာတယ်သား။ ” ကျွန်တော်
မပြောတော့ ပါဘူးဟု အကြိမ်ကြိမ် ဆုံးဖြတ်မိသော်လည်း၊ ရင်တွင်းဆန္ဒကိုကား
မတွန်း လှန်နိုင်တော့ ပေ။
“ အဖေနှင့်အမေယူလာခဲ့တဲ့ ပိုက်ဆံက ရိုးသားရဲ့လားဗျား။ ” “သား၊ ဘာပြောတယ်
မင်း………..။ ” အဖေက စားလုဆဲထမင်းလုတ်ကို ပြန်ချကာ လက်တစ်ဖက်က ဒေါသကြောင့်
ကျွန်တော့်ကို ရိုက်ရန် ရွယ်လိုက်သည်။ သို့သော်လည်း ကျွန်တော်
နားရင်းဆီသို့ ရောက်မလာခဲ့ပါ။ အမေ့မျက်ဝန်းများက အံ့အားသင့်ရာမှ
ဝမ်းနည်းကြေကွဲခြင်းသို့ အရောင်ပြောင်းသွားသည်။ ပျော်ရွှင်ဖွယ် အခြေနေမှ
တိတ်ဆိတ်ခြင်း၊ ကြေကွဲခြင်း သို့ရောက်အောင် ကျွန်တော်ပြုလုပ်မိသည့် အတွက်
နောင်တရသွားသည်။ ရင်တွင်းဆန္ဒကိုကား ဘာမှ ဘာမှမတတ်နိုင်တော့ပေ။
“ သား ယုံကြည့်ပါ။ အမေတို့ရဲ့ သစ္စာတရားကို သားယုံပါ။ အမေတို့ဟာ သားလေးအတွက်
ရိုးသားခြင်းဆိုတဲ့ အရာကို သေတဲ့အထိ ဖက်တွယ်ထားမှာပါ သားရယ်။ ”
အဖေသည် ကျွန်တော့်ကို ရိုက်ရန် ရွယ်လိုက်မိသည့် အတွက် အတော်နာကျင်သွားမှန်း
ကျွန်တော် နားလည်မိသည်။ အစားဖြစ်တော့သော အေးစက်စက်
ထမင်းချိုင့်ကြီးကိုပိုက်၍အဖေနှင့်အမေ ပြန်သွားရှာသည်။
ကျွန်တော်ကိုယ်တိုင်လည်း ၀မ်းနည်းနာကျင်စွာ အဆောင်ခုတင်ပေါ်မှာ
လူးလိမ့်မျက်ရည် ကျမိတော့သည်။
တစ်လတင်းတင်းပြည့်သွားသည့်တိုင်အောင် ကျွန်တော် ရင်ထဲ၍ ခံစားနေရဆဲပါ။
အဖေနှင့်အမေ တို့လည်း ကြေကွဲနာကျင်နေဆဲ ဖြစ်မည်ဆိုသော အတွေးမျိုး
ကျွန်တော့်မှာ ရှိနေပါသည်။ ၂-နာရီ ကျော်သော ကားစီးရမည့် ခရီးဖြင့်
အိမ်ရောက်နိုင်မှန်း သိသော်လည်း အိမ်ကို ကျွန်တော် မပြန်ဖြစ်တော့ပေ။
ရင်ထဲမှာရှိနေသော သံသယများ ကြောင့် ထင်ပါ၏။
“ အာကာဇော်၊ မင်း အဖေလာတယ်။ ” “ အေး-မရှိဘူး၊ အပြင်သွားတယ်လို့ ပြောလိုက်။”
ရင်ထဲက ပြင်းပြစွာ တွေ့ချင်သော်လည်း အဖေ့ကို ကျွန်တော် ဆင်းမတွေ့
ဟုဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ ကျွန်တော်၏ မိုက်မဲသော ဆုံးဖြစ်မှုသည်
အဖေပြန်သွားတော့မှ ပို၍နာကျင် သွားသည်။ အဆောင်အပြင်မှ ကျွန်တော့် အခန်းကို
လှမ်းကြည့်နေရှာသော အဖေ့ မျက်ဝန်းများနှင့် ဆုံတွေ့ချိန်မှာတော့ ကျွန်တတော်
တို်င်ကွယို၍ရပ်လိုက်ရင်း ပြေးခေါ်ချင်သောဆန္ဒတွေ ပြင်းပြခဲ့သည်။
သို့သောလည်း မခေါ်ခဲ့ပေ။ အဖေ့ မျက်ဝန်းများက ခွင့်လွှတ်အပြုံးမျးနှင့် အတူ
ကျွန်တော့်ကို မမြင်တွေ့လိုသည့် ဆန္ဒများ စွက်ဖက်နေမှ်း ကျွန်တော်သိသောအခါ
ဝမ်းနည်းကြေကွဲပြီး နောင်တရလာမိသည်။ “ အာကာဇော်၊ ရော့ မင်းအဖေ ပေးသွားတာ။ ”
အဆောင်မှူးထံထားခဲ့သော အရာများသည် ကျွန်တော့် သံသယစိတ်နှင့်
ရိုးသားခြင်းကို အရောင်ဆိုးဖို့ ကြိုးစားခဲ့သော အစိမ်းရောင်အရွက်များဟု
ထင်နေဆဲပင်။
“ သားကို အမေသိပ်လွမ်းတာပဲ သားရယ်၊ မှိုနဲ့ကန်စွန်းရွက်တွေလည်း
သားကိုမျှော်နေကြ သလိုပဲ။ ပြန်လာခဲ့ပါ သားရယ်။ အမေနဲ့အဖေ့ကို ယုံကြည်ရင်
သား ပြန်လာခဲ့နော်။ ဟူသော ပိုက်ဆံနှင့်အတူ ပါလာသည့် စာလုံးပေါင်းမမှန်သည့်
အမေ့စာလေးကို ရင်ခွင်မှာပိုက်ရင်း တစ်နေ့လုံး အပြင်မထွက်ဘဲ နေမိသည်။
အမေနှင့်အမေ၏ ကျွန်တော့်အပေါ် ချစ်ခင်မြတ်နိုးမှုကို
ပြန်လည်မြင်ယောင်လာခဲ့သည်။ အမေ၏သစ္စာတရားကို ကျွန်တော့်အပေါ်ထားခဲ့သော
စေတနာမေတ္တာနှင့်  နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော် ယုံကြည်ရမည်။
ကျွန်တော် အိမ်ပြန်ရမည်။ ဘာကိုမှ မတွေဝေတော့ပါ။ အမေမျက်ရည်ကျအောင်၊
အဖေစိတ်ဆင်းရဲအောင် မလုပ်တော့ဘူး။ မနက်ဖြန် ကျွန်တော် အိမ်ပြန်မည်ဟုသာ
တွေးနေမိတော့သည်။
လမ်းမှာ ကားပျက်နေတာရော၊ ကျွန်တော် အဆောင်က ထွက်လာတာ နောက်ကျတာရော
ထိုနှစ်ခုကြောင့် အဖေနှင့်အမေ ဈေးသိမ်းပြန် ချိန်လောက်ကျမှ
ကျွန်တော်တို့မြို့ ကလေး၏ ဈေးရှေ့သို့ရောက် လာခဲ့သည်။ အိမ်ရောက်တော့
သော့ခတ်ထားသော အိမ်တံခါးက ကြိုဆိုနေသည်။ ကျွန်တော် ရင်မောရသည်။
“ ဟေ့ အာကာ၊ ပြန်လာတာလား။ မောင်စိုးအောင်နဲ့ ခင်ရီ အလုပ်သွားလုပ်နေကြတယ်။
မင်း ပြန်လာမယ်မှန်း သိရင်သွားမှာ မဟုတ်ဘူး။ ”
“ ဘာအလုပ်လဲ ဘွားမေ။ ” ကားလမ်းမကြီးနားက ဈေးကြီးဆိုလား ဘာလား
မသိဘူးကွယ်။ အဲဒီ အဆောက်အအုံကြီးမှာ သွားလုပ်ကြတယ်။ ”
ဘွားမေပြောသော အဆောက်အအုံသည် ကျွန်တော်တိုကမြို့ငယ်လေးအတွင် မန္တလေးက
စူပါမာကတ်ကြီးဖွင့်ဖို့ ဆောက်နေသော အဆောက်အအုံဖြစ်သည်။ အဖေနှင့်အမေ
ဘာများလုပ်နေကြ သလဲလို့ တစ်လမ်းလုံး တွေးလာခဲ့မိသည်။
အုတ်သဲသယ်သူတွေ၊ မဆလာသယ်သူတွေ နှင့် ဆူညံအော်ဟစ်နေသော လူအုပ်ထဲသို့
ကျွန်တော် တိုးဝင်လာခဲ့သည်။ အဖေနှင့်အမေကို ပန်းရန်ဆရာက လှမ်းပြောနေသည်။
“ ကိုစိုးအောင်၊ အုတ်သယ်ပြီးရင် မဆလာဖျော်ဦးနော်၊ မခင်ရီပါ
အုတ်သယ်တာရပ်ပြီး မဆလာသယ်လိုက်။ ” “ ဟုတ်ကဲ့ ဆရာ၊ အခုပဲ လာပါပြီ။ ”
“ အဖေ ” ဟု ရေရွတ်လိုက်မိသည်။ ပန်းရန် ဆရာ၏ စကားကို ရိုကျိုးစွာဖြေကြားပြီး
ကျွန်တော်မှာရှိသော သဲနှင့်ထုံးတွေ ပုံထားရာသို့ လှမ်းလာနေသော အဖေ။
ပုဆိုးစုတ်လေး ခေါင်ပေါ်ခုလျက် အုတ်ခဲခြောက်လုံးကိုရွက်ပြီး လာနေသောအမေ။
ချွေးစက်တွေ တဒီးဒီးကျ နေသော်လည်း အမေနှင့်အမေမျက်နှာမှာ ပင်ပန်းသော
အရိပ်အယောင် လုံးဝ မတွေ့ရပေ။ သား အတွက်ဆိုသော အားမာန်တွေ နှင့် အုတ်ခဲတွေ
ရွက်သယ်နေရှာသော အမေနှင့်အမေ၏ ရိုးသားကြိုးစားခြင်းများကို ကျွန်တော်
စော်ကားလိုက်မိခဲ့သည် မဟုတ်ပါလား။
“ ဟယ် သားလေ ” အမေက ကျွန်တော့်ကိုမြင်တော့ အံ့သြခြင်း။
ပျော်ရွှင်ခြင်းတွေနှင့် အုတ်ခဲတွေကို ကိုင်းထားသောလက်ကို လွှတ်လိုက်သည်။
ယိုင်လဲလုဖြစ်သွားသော အမေ့ကိုယ်လေးကို ကျွန်တော် ပြေးထိန်းလိုက်သည်။
နေပူခံအောင် ၀တ်ထားသော အကျီပွပွကြီးကြားက သေးသွယ်ပါးလျသော အမေ့ ခန္ဓာ
ကိုယ်လေးက အမေ၏ပင်ပန်းမှုတွေကို ဖော်ပြနေသယောင်ပါ။ “ သား ပြန်လာမယ်ဆိုရင်
အဖေတို့ အလုပ်မသွားဘဲ အိမ်မှာ စောင့်နေမှာပေါ့။ ”
တဒီးဒီးကျနေသော ချွေးစက်တွေကို ပုဆိုး အဖျားစဖြင့်
ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း အဖေက စားဆိုးသည်။ “ ခင်ရီ ငါတို့ ဒီနေ့နားမယ်
လို့ပြောခဲ့ပြီး။ ငါတို့ မိသားစု အိမ်ပြန်ကြမယ်။ ”
လမ်းတစ်လျှောက်လုံး ကျွန်တော်စကားမစ နိုင်အောင်ဆို့ နင့်ခံစားနေမိသည်။
ဘေးစကားဖြင့် ကျေးဇူးကန်းဖို့ ကြိုးစားခဲ့သည်ကို ကျွန်တော် နောင်တ
အကြိမ်ကြိမ် ရနေမိသည်။ မနက်ပိုင်း ဈေးရောင်း၊ နေ့ခင်း ပန်းရန်လုပ်ပြီ
သားကိုတက္ကသိုလ်ကျောင်းသားကြီး ဖြစ်အောင် ပံ့ပိုးခဲ့သော အဖေနှင့်အမေ၏
ကျေးဇူးတရားများကို ပြစ်မှားဖို့ကြံရွယ်ခဲ့သော သားမိုက် ကျွန်တော်ပါတကား။
ခြေလှမ်းတွေကို ရပ်ပစ်လိုက်သော အဖေနှင့်အမေ့ရှ့မှာ ပိတ်ရပ်ရင်း
ဒူးထောက်ထိုင်ချလိုက်မိသည်။ “ အဖေတစ်ခါက ရိုက်ဖို့ရွယ်ခဲ့တဲ့ လက်နဲ့
ကျွန်တော်တို့ကို ရိုက်ပစ်လိုက်စမ်းပါ အဖေရယ် ”ကျွန်တော်ဆိုလိုသော
အဓိပ္ပါယ်ကို အဖေက နားလည်ခဲ့သည်။ “ သားရယ် မသိနားမလည်လို့ ပြောခဲ့တဲ့သားကို
ရိုက်ပစ်ဖို့ ရွယ်ခဲ့မိတယ်။ အဖေ့ လက်ကိုတောင် ယနေ့တိုင် မုန်းမိပါတယ်
သားရယ် ”
“ ခွင့်လွှတ်ပါ အဖေနှင့်အမေ ကျွန်တော် ရှိခိုးပြီး တောင်းပန်းပါတယ်။
အဖေနှင့်အမေရယ် စေတနာ မေတ္တာတွေကို သိလျှက်နဲ့ ဘေးပယောက ကို ယုံစားပြီး
စော်ကားခဲ့တဲ့စကားတွေကို သံသယအတွေးတွေနဲ့ တကယ်မိုက်မဲခဲ့တဲ့သားပါ။ ”
အမေက လက်အုပ်ချီထားသော ကျွန်တော် လက်နှစ်ဖက်ကို ငြင်သာစွာ ဆွဲယူပြီး “
အမေတို့ ခွင့်လွှတ်ပြီးသားပါ သားရယ်။ ” ဟု ကြည်နူးမျက်ရည်တွေနဲ့ ဆိုခဲ့သည်။ “
သား နားမယ့်နေ့ကို အချိန်ဘယ်လောက် ကြာကြာ အဖေတို့စောင့်နေဖို့
ဆုံးဖြတ်ခဲ့ပြီးသားပါ။ ကဲ ကဲ အဖေတို့မိသားစုလေး အိမ်ပြန်ကြမယ်ကွာ။ ”
“ ကောင်းပြီ အဖေ၊ ကျွန်တော်လိမ်မ္မာပါတော့မယ်။ စာလည်း ကြိုးစားပါ့မယ်။ အမေန
ဲ့အမေ့ကိုတစ်လှည့်ပြန်ပြီး လုပ်ကျွေးနိုင်မယ့်နေ့၊
ကျေးဇူးဆပ်ခွင့်ရမယ့်နေ့ကို အမြန်ရောက်အောင်ကျွန်တော်ကြိုးစားသွားမယ်။ ”
ကျွန်တော် ရဲရဲ ကြီး ကတိစကားဆိုမိသည်။
အဖေကခေါင်းတညိတ်ညိတ်နှင့် ပြုံးရှာသည်။ အမေကတော့ မျက်ရည်ကြည်တွေ
ဝေ့၀ဲနေရင်း ခေါင်းကို ညိတ်ပြရှာသည်။
သို့လျှင် အပြုံးကိုယ်စီနှင့်အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် နေခြည်ဖြာ၍
လှပနွေးထွေးသော မေတ္တာအိမ်ကလေးဆီသို့ ဦးတည် လိုက်ပါတော့သည်

အင်္ဂလိပ်စာနှင့် ပတ်သက်၍ အများစုမသိကြသောအချက်များ


၁။ လူသန်းပေါင်း ၁ ထောင်ကအင်္ဂလိပ်လိုပြောပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူ ၇ ယောက်ကို ၁ ယောက်နှုန်းရှိပါတယ်။

၂။ ကွန်ပျူတွေအကုန်လုံးမှာသိမ်းထားတဲ့ ၈၀ ရာခိုင်နှုန်းသောအချက်အလက်တွေဟာအင်္ဂလိပ်လိုပါပဲ။


၃။ ‘I’, ‘We’, ‘Two’, ‘Three’ စတဲ့အင်္ဂလိပ်စာလုံးတွေဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကနေရှိခဲ့တာဖြစ်ပြီး ရှေးအကျဆုံးဖြစ်ပါတယ်။

၎။ သရမပါတဲ့အရှည်ဆုံးအင်္ဂလိပ်စာကလုံးက ‘Rhythms’ ဖြစ်ပါတယ်။

၅။ ၉၈ မိနစ်တိုင်းမှာ အင်္ဂလိပ်ဘာသာနဲ့စကားလုံးအသစ်တစ်လုံးကိုတီထွင်ကြပါတယ်။

၆။ သတို့သမီး ‘Bride’ ဆိုတဲ့စကားလုံးဟာ ပရိုတိုဂျာမန်စကားလုံးဟောင်းတစ်လုံးကနေဆင်းသက်လာတာဖြစ်ပြီး ချက်ပြုတ်ရန် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

ကားဒရိုင်ဘာ အိပ်ပျာ်နေချိန် ကားခိုးမောင်းတဲ့ အိန္ဒိယက မျောက်



အိန္ဒိယနိုင်ငံ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုက ဘတ်စ်ကား ဒရိုင်ဘာ တစ်ရေး တမော အိပ်ပျော် နေချိန်မှာ မျောက်တစ်ကောင် ကားတက်မောင်းလို့ ရပ်ထားတဲ့ ဘတ်စ်ကား၂ စီးကို တိုက်မိ တယ်လို့ ဆိုလာ ပါတယ်။



Uttar Pradesh State Road Transport Corporation အဆိုအရ Bareilly ရှိ ဘတ်စ်ကား ရပ်နား စခန်းမှာ ကားပြန်လည် မထွက်ခင် ကားရပ်နားပြီး နာရီဝက်လောက် အိပ်ပျော် သွားတဲ့ ဘတ်စ်ကား ဒရိုင်ဘာရဲ့
ကားပေါ်ကို မျောက် တစ်ကကောင်က တက်ပြီး ကားစက်နှိုးကာ ကားမောင်းဖို့ ကြိုးစား ခဲ့တာလို့ သိရ ပါတယ်။

ဒရိုင်ဘာနိုး လာပြီး မျောက်ကို မောင်းထုတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မျောက်က ကားရဲ့ ဂီယာကို ပြောင်းလဲ မောင်းနှင်ခဲ့လို့ ဒရိုင်ဘာခမျာ ပြတင်းပေါက်ကနေ အပြင်ကို ထွက်ကျ သွားခဲ့ ပါသတဲ့။

ဘတ်စ်ကား ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ SK Sharma က Times of India ကို “ ကားဒရိုင်ဘာက ကားကို ပြန်လည် ထိန်းသိမ်း မောင်းနှင်ဖို့ ကြိုးစား ခဲ့ပေမယ့် ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးကို တိုက်မိ တော့မှပဲ ကားက ရပ်သွား ခဲ့တာပါ” လို့ ဆိုပါတယ်။

Sharma အဆိုအရ ဘတ်စ်ကား ကုမ္ပဏီအနေနဲ့ မျောက်တွေကို တခြားနေရာကို ပြောင်းရွှေ့နေရာ ချထားပေးနိုင်ဖို့ ဒေသ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေ တယ်လို့လည်း ဆိုပါတယ်။

"မိုးသည်း ညရဲ့ တစ္ဆေ" (Ghost Story)

 


(၂၀၁၁ - ၂၀၁၂ တုန်းက ONLINE မှာ လူကြိုက်များ သွား ခဲ့ တဲ့ ကျွန်တော် ရဲ့  ဤ၀တ္ထူကို မဖတ်ရသေးတဲ့ မိတ်ဆွေတွေ အတွက် ပြန်လည်...ပြုပြင်ရေးသားထားပါသည်...။ (ခေါင်းစဉ်ဟောင်း (တဲအတွင်းမှနာနာ ဘာဝ))

ရာသီဥတု ဖောက်ပြန်မှု ကြောင့် အချိန် အခါမဟုတ် မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေပြီး လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့်
လေသံနှင်မိုးသံ တို့မှာရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။
ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း တိတ်မည့်ပုံမပေါ်သေး သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရမည်နည်း။
့အားလပ်ရပ် ကို ကောင်းကောင်း အသုံးချ ခြင်သောကြောင့်  အလွန် ခေါင် လှတဲ့ နယ်မြိုလေးသို့  ကျွန်တော် စားရေးဖို့ ကုန်ကြမ်း ရှာ ထွက်ခဲ့ခြင်းဖြစ်သည်..။ အဲ့ ဒီအချိန်တုန်းက ကျွန်တော်..စူးစမ်းတတ်သည့်  မတောက်တခေါက် စာရေးဆရာပေါက်စလေး ပေါ့...။
ထိုဒေသ သည် ကားလမ်း မနဲ့ ဝေးကွာ လွန်းတာကြောင့် .....ခြေကျင်ခရီးသို့  ကျွန်တော် ရွေး ချယ်ခဲ့ မိပါသည်..။ ကျွန်တော့် အဖို့ ခြေကျင်လျောက် ရခြင်းမှာ သိပ်မဆန်း ကျယ်တော့ ပါ...
ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကာအကျီင်္ရှည်ကြီးတစ်ထည် ၊ မှလွဲ၍ ဘာမှမပါပေ။
လမ်းမှာလည်း တောလမ်းလေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် အမှောင်ဖုံးနေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း.။
ပိတ်ဖုံးနေတဲ့ နေတဲ့ အမှောင်ထူကြီးကို ကြည့်ပီး ကျွန်တော့် အတွက် အထီးကျန် မှုတွေ ဟာ...ရင်ထဲကိုရောက်ရောက် လာပေမယ့် လက်ရှိ တည်မြဲနေတဲ့ မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။
တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ မိသည်.။ ရာသီဥတု ကလည်းဆိုးဝါး သထက်ဆိုး ၀ါး လာပြီး လေးကြမ်းများပါ တိုက်ခတ် လျှက် ရှိ သည်။...
ကျွန်တော် မိုးရေထဲ လမ်းလျှောက်နေသည်မှာ ၂ နာရီ ခန့် ရှိနေပါပီ...။ တကိုယ်လုံး....တဆတ်ဆတ်တုန်နေပြီး .....ခြေထောက်များလည်း မသယ်ချင်လောက်အောင်....ညောင်းကိုက်လျှက်ရှိဧ။်
မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း ဖြစ်နိုင်တယ် ´
ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။
အနားရောက်မှ အိမ်လေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရ သောကြောင့် ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။
အဆိုပါ အိမ်လေး၏ အမိုးမှာကောင်းမွန်၍ အိမ်အတွင်း၌ ခြောက်သွေ့နေမည်ဟု အိမ်လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ လိုက်ခြင်းဖြစ်သည်။
အိမ်မှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရပေသည်။
ထို အိမ်အတွင်းမှာတစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာ အိမ် ထဲသို့ဝင်ခဲပါသည်။
အိမ်အတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ အိမ်အတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။
ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့်လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း အိမ်တံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။
ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။ ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။
ကျွန်တော်၏အတွင်းတွင်ခံ ၀တ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။
မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။ ကျွန်တော့်၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။
အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့် ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။ ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီးများက ၀င်လက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။
တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့် သွားခဲ့ တယ်။
ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ အိမ်ဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။
ထို့ကြောင့် ကျွန်တော်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည် သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။
ထိုလူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။
အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျှက်ရှိပေသည်။
ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တိုက မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။
ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုက်ပြန်သည်။
ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။
`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ မိတ်ဆွေရာ ။
ဒါပေမယ့် ဒီ အိမ်ကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´
အိမ်အပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော
ပေါင်းပင်ကြီးများသည် မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက `တစ်ချိန်က ဒီအိမ် လေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။
ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့ အမြဲနေတဲ့သူ မရှိတော့ဘူး´ သို့သော် သူတောင်းစားများနေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။
`ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ
`ဒီ အိမ်မှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။ `အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´
ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။ ဒီ့နောက်သူက ဆက်ပြီးပြောတယ် `တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီ အိမ်ပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီ အိမ်ထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´
ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ကျွန်တော်က-
`ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….`ဟား..ဟား..ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´
ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် …ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´
ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´
ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။ `ဟား…ဟာ.း…ဟား…ဟား…ဟား´ သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။
သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။
`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………
`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´
ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကိုမျက်ထောက်နီကြီးဖြင့် စူးစိုက်ကြညိ့နေလေသည်။
ကျွန်တော် အခုမှ သူပြောသမျှတွေသတိရ သွားပြီး ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
ကြိုးစားလျှက်...........
Writing by – (ကာရံငယ်)
Ye’ Tay Za Kyaw
Thankyou.
www.yetayzakyaw1500.blogspot.com
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw