LATESTED NEWS
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

"ရင်ထဲက...အဖေ......."



ပူပြင်း လှတဲ့ ဒီနွေရာသီညမှာ
ပိုမိုလွမ်းစွတ် သတိရလို့
တမ်းတမျက်ရည် ၀ဲမိတယ် အဖေ ၊
*************************
ပူပြင်း လှတဲ့ ဒီနွေရာသီညမှာ
ဘယ်ဆီ၊ဘယ်အရပ်
ဘယ်ဒေသမှာ အဖေရောက်နေမလဲလို့
သိချင်မိတယ် အဖေ ၊
*************************
ပူပြင်း လှတဲ့ ဒီနွေရာသီညမှာ
နွေးထွေးကြင်နာ နူညံ့လွန်းတဲ့
အဖေမေတ္တာ ချစ်ချင်းတွေကို
ပိုမိုအောင့်မေ့မိတယ် အဖေ ၊
*************************
ပူပြင်း လှတဲ့ ဒီနွေရာသီညမှာပဲ
အားမတန် မာန်လျော့
သေမင်းကို ဒူးထောက်လို့
အဖေ့ကို လက်လွှတ်ရတဲ့...........သားလေ....
နေ့တစ်နေ့ကို ပြန်မြင်ယောင်လို့


ဝဲဘက်ရင်အုံ တစစ်စစ်နဲ့
အခုချိန်ထိတိုင် နာကျင်နေရဆဲပါ အဖေ ၊
*************************
ပူပြင်း လှတဲ့ ဒီနွေရာသီညမှာ
အဖေ...အဖေ..အဖေ လို့
အားကိုးတကြီး ဟစ်အော်မိရင်း
ဘ၀တစ်သက် အဖေ့ထူးသံ
ကြားခွင့်မသာတဲ့
သားတစ်ယောက်ရဲ့..ကြွေကွဲမှုတွေ
နာကျင်မှုတွေ၊ဆုံးရှုံးမှုတွေ
အပူထပ်လို့
ရင်မှာနွမ်းကာ
နှလုံးသားတွေ မချိဘူး အဖေ။။။။
*************************
"သွားလေသူရေ...
အေးချမ်းတဲ့ ခရီးလမ်းမှာ..
အမှန်တစ်ကယ် ငြိမ်းချမ်းနေပါစေ"ရယ်လို့
အဖေရဲ့ ဆန္ဒ သိမ်းဆည်းထားတဲ့
အမေ့ရင်ထဲက အပူ
ဘယ်သူမှ မှီမယ်မထင်ပါဘူး အဖေ...
*************************
မရှိမှန်းသိလျှက်နဲ့
ရှာဖွေနေမိဆဲ နေသားမကျသေးတဲ့
အမေတစ်ယောက် အားငယ်နေတဲ့
မျက်ဝန်းတွေနဲ့
အဖေ့ပုံရိပ်တွေထဲက
အမေနိုးထဖို့ ခွန်အားမရှိသေးဘူး အဖေ...၊
*************************
ဘဝတစ်ခုလုံး
နှလုံးသားလှ ခဲ့တဲ့အဖေ
အပြုံးတစ်ခုနဲ့ ဘဝကို ထုဆစ်ခဲ့တဲ့အဖေ
သည်းခံခြင်းကိုကျင့် မေတ္တာတရားပွား
သဒ္ဒါလည်းမရှားတဲ့ အဖေ့အတွက်
ငြိမ်းချမ်းခြင်းဆိုတဲ့ တရား
ထာဝရအဖေ့အတွက် ဖြစ်ပါစေ...
ယနေ့အထိ အဖေ့တွက်ရည်စူး
ပြုပြုသမျှသော ကောင်းမှုတွေအတွက်
ရောက်ရာ ဘဝက သာဓုခေါ်ပါအဖေ။

ကာရံငယ်
www.yetayzakyaw1500.blogspot.com

ချစ်သူ ကဗျာ

 
ဟေ့ ....ချစ်..
ကို့ ပုခုံးကို မှီထား
ချစ် ခါးလေးကို ကို ဖက်ထားတယ်..။

ဟော့ဒီမှာ ကို့ နှလုံးသား...
ချစ်အပေါ် ကွယ် မှောက်ထားတယ်...

ကောင်းကင်ထက်မှာ ကြယ်တွေလှတာ
ဒီည ပိုပြီး ခမ်းနားတယ်..
ချစ် ရှိတဲ့နေရာ ချစ်ကမ္ဘာပဲ..။

ကို ပါတဲ့ ချစ်ဘ၀...မလှရင်ပြော..
ချစ် သဘောအတိုင်း ဆေးခြယ်ပေးမယ်..။

ချစ်နှုတ်ဖျားက ရေရွတ်သမျှ
ကို့ အတွက် ကဗျာချည်းပဲ.....
သဲသဲကွဲကွဲ ခံစားဖို့ နှလုံးသားတော့လိုမယ်..။

ရင်ဘတ်ချင်း အနီးဆုံးဖြစ်အောင်
ဖက်တွယ်ထား
တော်ကြာ လမင်းကြားရင်
ကိုတို့ရင်ခုန်သံကို မနာလိုဖြစ်နေဦးမယ်..။

ချစ်တယ်လို့ ကိုပြောရင် ပြန်မေးခွန်းမထုတ်နဲ့
ချစ်လို့ ...ချစ်တာကွာ...
ချစ်တာဟာ ချစ်လို့ပဲ....
ရှင်းရော.....လေ.........။

ပတ်ပတ်လည်ကို ကြည့် လိုက် ချစ်....
နှင်းဆီ...လေးတွေ ခင်းထားတယ်...
ရောင်စုံမီးလင်း....
အသဲလေးလည်းကျင်းထားတယ်..။

ဟော..............
ဇာတ်ဝင်ခန်းလေး ရောက်လာပြီ....
မရှက်နဲ့........ချစ်
မျက်လုံးလေးတွေ မှေးထား..
ဆံပင်လေးတွေ သပ်ပေးမယ်....
ကို့ အနမ်းလေးသိမ်းထားလိုက်နော်......
အဲ ......................
"ချစ် နှုတ်ဖျားက ကမ္ဘာမှာ အချိုဆုံး".....။

ကာရံငယ် grin emoticon smile emoticon
www.yetayzakyaw1500.blogspot.com
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw