LATESTED NEWS

ရှန်တီမှော်ကျောင်း : အိပ်မက်စေတမန်





ကျေးစေခိုင်းရမှာ ရိုးတယ်…. စာလွှာပါးရမှာ အားနာတယ်.. ဖိုးလမင်းကို အောင်သွယ်ခိုင်းရမယ်…
ဖိုးလမင်းကိုတော့ အောင်သွယ်ခိုင်းလို့ မရဘူးကွယ်။ မင်းအကြောင်းအိပ်မက်တွေကို ကိုယ့်အကြောင်းအိပ်မက် ဖြစ်စေဖို့ အိပ်မက်ပေးကြမယ်။ ဘာ.. အိပ်မက်ပေးရအောင် ကိုဝေယံက သရဲလား? နတ်လား ? မဟုတ်ဘူး။ ကဝေယံဆိုတာ နှစ်ဆယ့်လေးကြိုးပညာတွေ တတ်ထားတဲ့ စုန်းထီးလေ။ လုပ်ပါဦး။ ဘယ်လို အိပ်မက်ပေးမှာလဲ ? ပေးချင်တယ်။ ဟဲဟဲ.. သိချင်လား ? သင်.. ပေး… မယ်…
လိုအပ်သော ပစ္စည်းများ


အဖြူရောင် ချည်ထည်အစ ( အ၀တ်စ ) ( ခေါင်းအုံး ချုပ်ရန်)
ခေါင်းအုံးထဲ ထည့်ရန် ဂွမ်း သို့ မဟုတ် မှို့
စက္ကူအဖြူသန့်သန့်
လာဗင်ဒါပန်း
နှင်းဆီပန်း
အပ်နှင့် အပ်ချည်


ညီလေးတို့ အနေနဲ့ ဒီအစီအရင်ကို လုပ်ချင်တယ်ဆိုရင် အိပ်မက်ပေးခေါင်းအုံးငယ်လေးကို အရင်လုပ်ရမယ်ကွ။ ဒါ့အတွက် စောစောက အဖြူရောင်ချည်ထည်စ (၂) စကို လေးထောင့်စပ်စပ် ဖြတ်ပြီး ဘေးက အနားတွေကို ချုပ်မယ်။ ခေါင်းအုံးချုပ်တာပေါ့ကွာ။ ချုပ်ပြီးရင် ချုပ်ရိုးရာတွေကို မပေါ်စေဖို့ ခေါင်းအံုးကို အတွင်းအပြင်လှန်လိုက်မယ်။ ပြီးရင် ခေါင်းအုံးထဲကို မှို့ သို့မဟုတ် ဂွမ်းတွေထည့်မယ်။ ဂွမ်း သို့ မဟုတ် မှို့ သိပ်အပြီးမှာ မမေ့ဖို့က အဲဒီထဲကို လာဗင်ဒါပန်းနဲ့ နှင်းဆီပန်းကိုလည်း မမေ့မလျော့ ထည့်လိုက်ဖို့ပါပဲ။ အပ်နဲ့ အပ်ချည်ကို သုံးပြီး ခေါင်းအုံးကို အပြီးသတ်ချုပ်လိုက်ပါ။
ဒီ့နောက်မှာတော့ မင်းအိပ်မက်ပေးချင်တဲ့သူရဲ့ အမည်၊ သူ့ကို ပေးချင်တဲ့ အိပ်မက် အကြောင်းအရာ( မင်းအကြောင်း ) ကို စာရွက်ထဲမှာ ရေးပါ။ ဘောမန်းနဲ့ရေးနော်။ ( ဘောမန်း = ဘောလ်ပင်မန်း ၊ မင်္ဂလာဖောင်တိန် ၊ ဘောပင်ကိုနဖူးပေါ်တင်ပြီးမေတ္တာပို့ထားဖူးတဲ့ဖောင်တိန်) ။ ပြီးရင် ကလပ်ကလေးတစ်ခု (ဒါမှမဟုတ်) ဆွမ်းအုပ်တစ်ခု ပြင်ဆင်ပါ။ အဲဒီအနီးမှာ နှင်းဆီပွင့်ဖတ်တွေနဲ့ စက်ဝိုင်း ၀ိုင်းပါ။ ကျယ်ကျယ်လေး။ အဲဒီ နှင်းဆီ စည်းဝိုင်းအတွင်းမှာ မင်းရှိနေရမှာ ဖြစ်တယ်။ အိပ်မက်ပေးခေါင်းအုံးကို လက်နှစ်ဖက်နဲ့ တရိုတသေ ကိုင်ပါ။ စောစောက ရေးထားတဲ့ မင်းအိပ်မက်ပေးချင်သူရဲ့ အမည်နဲ့ အကြောင်းအရာပါတဲ့ စာရွက်ဖြူကို ခေါင်းအုံးပေါ်ကို တင်ပါ။ ပြီးရင် ဒီဂါထာလေးကို ရွတ်ပါ။
Blessed Mother, Holy Goddess
Send (name of the person) a dream
And awaken his/her mind
Carry my voice far and galore
To the place where even sleep lays ashore
Send him/her this message loud and clear
This is not just a prayer mere. 
ပြီးပြီ။ ခေါင်းအုံးလေးကို ကလပ်ပေါ်တင်ပါ။ ထားလိုက်တော့။ သင်ညအိပ်တဲ့အခါကျမှ အဲဒီ ကလပ်ပေါ်ကနေ ခေါင်းအံုးကို ယူပြီး သင့်အိပ်ရာဘေးမှာ ထားအိပ်ပါ။ သူ့ကို ပေးချင်တဲ့ အိပ်မက်ကို သေချာ စိတ်ကူးပြီး အဲဒီခေါင်းအုံးလေးကို သူ့ အမှတ်နဲ့ ပြောပါ။ သူဟာ မင်းပေးတဲ့ အိပ်မက်ကို ရရှိပါလိမ့်မယ်။
ဒီအစီအရင်ကို ပိုစွမ်းစေချင်ရင် သို့မဟုတ် စွမ်းလို့ ကျေးဇူးတင်ချင်ရင် မနက်စောစောပိုင်းမှာ လက္ချမီဒေ၀ီကို နွားနို့ တစ်ခွက်နဲ့ ပူဇော်လိုက်ပါ။ ( ပူဇော်တယ် ဆိုပေမယ့် ကန်တော့စရာ မလိုပါဘူး။ ကန်တော့ချင်စိတ် ရှိမှ ကန်တော့ပါ။ ဘယ်လို ပြောရမလဲ ဆိုရင် အို… လက္ချမီဒေ၀ီ . သင့်ကို ကျွန်ုပ်ကျေးဇူးတင်ပါတယ်။ ဤ နွားနို့နဲ့ ပူဇော်ပါတယ်… ဒါပဲ ဒါဆို ရပြီ )
အိပ်မက်လှလှ ပေးနိုင်ကြပါစေ။
ရှန်တီ

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw