LATESTED NEWS

ခြေထောက် အကြောထုံး ခြင်းအတွက် သိမှတ်ဖွယ်ရာ အဖြာဖြာ


Image and video hosting by TinyPic
အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ ရောင်ရမ်းလာခြင်းကို ဆေးပညာအရ varicose vein လို့ ခေါ်ပါတယ်။ များသောအား ဖြင့် ခြေထောက်နှင့်ခြေမျက်စေ့တို့ တွင် ဖြစ်ေ လ့ရှိပြီး၊ သွေြးေ ကာ အဆို့ ရှင်များအားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း ကြောင့် ဒီရောဂါဖြစ်လာပါတော့ တယ်။ အဲဒီလိုပိတ်ဆို့ ခြင်းက ကြီးမားမားပြသနာမဟုတ်သော်ငြား၊ လွန်ကဲစွာ အကြောထုံးလာခဲ့ ရင်ဖြင့် နောက်ဆက်တွဲရောဂါအန္တာရာယ်များဖြစ်ပေါ်လာစေပါတယ်။
အလှုပ်အရှားနည်းသည့် သက်ကြီးရွယ်အိုများ၊ အရွယ်မတိုင်မီအ၀လွန်သူများ နှင့် ကိုယ်ဝန်ေ ဆာင် အမျိုးသမီးများ ဖြစ်လေ့ရှိပါ တယ်။ ရောဂါလက္ခဏာများကတော့ (၁)ခြေထောက်ရောင် ကိုင်းခြင်း (၂) သွေးကြောများယားယံခြင်း (၃) အရေပြားအရောင် ပြောင်းလဲသွားခြင်းတို့ ဖြစ်ပါ တယ်။ သာမန်အကြောထုံးခြင်းကို အနေအထိုင်အစားအသောက်ဖြင့် ထိန်းထားနိုင်သော်လည်း၊ သာမန်ထက်ဆိုးရွားလာရင်တော့ လိုအပ်သောစစ်ဆေးမှုတွေလုပ်ပြီး၊ ရောဂါအတိမ်အနက်ပေါ် မူတည်ကာ (၁) လေဆာပစ်ခြင်း၊ (၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ (၃) ခွဲစိပ်ခြင်း စသည်ဖြင့် ကုသမှုခံယူသင့်ပါတယ်။
အနေအထိုင်ဆင်ခြင်ပါ။
(၁) ကောင်းစွာသွေးလည်ပတ်စီးဆင်းခြင်းက အကြောထုံးဝေဒနာ (လုံးဝ)မဖြစ်စေနိုင်ပါ။ ထို့ြေ ကာင့် လမ်းများများလျှောက်/ခပ် ဖွဖွပြေး/စက်ဘီးစီး/ရေကူး စသည့်လေ့ကျင့်ခဏ်း တစ်ခုခုကို
နာရီဝက်(သို့ မဟုတ်)၄၅မိနစ်ခန့်  နေ့ စဉ် ပုံမှန်လုပ်ပေးခြင်း ဖြင့် သွေးလည်ပတ်မှုကော င်းစေ သည့်အပြင် ကိုယ်အလေးချိန်ပါကျစေပါတယ်။ (၂) ကြာမြင့်စွာ မတ်တပ်ရပ်အလုပ်လုပ်ခြင်း ကြေ ခထောက်ကို ၀န်ပိစေပြီး၊ အကြောထုံးလာစေလို့ သတိပြုပါ။ (၃) ခုံပေါ်မှာအကြာကြီးထိုင် ၍အလုပ် လုပ်ခြင်း၊ တီဗွီကြည့်ခြင်း (သို့ မဟုတ်)ကွန်ပြူတာကြာမြင့်စွာသုံးခြင်း၊ ခြေထော က် ၂-ချောင်းချိပ်ထိုင်ခြင်း၊ ပေါင်ပေါ်သို့ လေးလံသောပစ္စည်းတင်၍ ထိုင်ခြင်း စသည်တို့ က သွေးလ ည်ပ တ်မှုကို တားဆီးပိတ်ဆို့ စေပါတယ်။ (၅) ဒေါက်မြင့်ဖိနပ်စီးပြီး ခရီးဝေးလမ်းလျှောက်ခြင်း (သို့ မ ဟုတ်)မတ်တပ်ရပ်ခြင်းကလည်း သွေးကြောပိတ်ဆို့ စေနိုင်ပါတယ်။ (၆) မိမိခြေထောက် ထက်ေ သးငယ်သည့် ဖိနပ်စီးခြင်း၊ ခြေ အိပ်သေးသေးဝတ်ဆင်ခြင်း တို့ ကလည်း ခြေထောက်ေ သွြးေ ကာထုံးစေတဲ့ ပြသနာများပါဘဲ။ (၇) တခါတရံမှာ အကြောထုံး များက သီးမခံနိုင်လောက်ေ အာင် ယားယံစေသော်လဲ၊ ကုတ်ခြစ်ခြင်းမပြုပါနှင့်။ သွေးထွက်အနာဖြစ်စေပါတယ်။
အစားအသောက်ဖြင့်ထိန်းပါ။
(၁) သကြား၊ အချိုကဲသောအစားအစာများ၊ ရေခဲမုန့် ၊ ဆီကြော်မုန့် များ၊ အဆီများသောအစား အစာများ၊ တိရိစ္ဆာန်မှရသော အ ဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသောအသင့်စား အစားအစာ များ၊ ဆား နှင့် ငန်သောအစားအစာများ…စသည်တို့ ကိုရှောင်ပါ (သို့ မဟုတ်)အနည်းငယ်သာ စားပါ။ (၂) ဆေးလိပ် နှင့် အရက်ကိုတတ်နိုင်သလောက်ရှောင်ပါ။ (၃) ငါးများများစားပါ။ (၄) ပဲပိ စပ်၊ ကြက်သွန်နီ၊ ဂျင်း တို့ က သွေးလည်ပတ်မှုကိုများစွာကောင်းးကျိုးပြုပါတယ်။ (၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီး တို့ က အကြောထုံးပိတ်ဆို့ ခြင်းအတွက် အကောင်းဆုံးဓာတ် စာမျာြး ဖစ်ကြပါတယ်။ (၆) ၀မ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက် ဆက်နွယ်နေတာမို့ ၊ ၀မ်းမ ချုပ်အောင် အမျှင်ဓာတ်များသောအစားအစာများစားပေးပါ။ (၇) မုန်လာဥနီနှင့်ဟင်းနုနယ်ကိုတွဲ ဖက်စားပေးခြင်းဖြင့်၊ ၄င်း ၂-မျိုးဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်း ထက်မြတ်စေ ပါတယ်။
လွယ်ကူသက်သာအိမ်တွင်းကုထုံး။
(၁) ပန်းသီးရှာလကာရည်က အကြောအထုံးများကိုပြေပျောက်စေလို့  မကြာခဏလိမ်းပေးပါ။ (ပန်းသီးရှာလကာရည်ကို City mart တွင်ရ၏) (၂) ကြက်ဆူဆီကလည်း အကြောထုံး၍ေ ရာင်ကိုင်း နာကျင်ခြင်း ကို အချိန်တိုအတွင်းပျောက်ကင်းသက်သာစေ၍၊ ရေချိုး ပြီး ကြက်ဆူဆြီ ဖင့် အသာအယာနှိပ်နယ်လူးပါ။ (၃) နာကျင်မှုသက်သာစေရန် နှင့် သွေးလည်ပတ် မှု ကောင်းစေ ရန် အတွက် ရေဘုံပိုင်မှရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့  အဆက်မပြတ်လောင်း ချပေးပါ။
Credit: Pauk Pauk

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw