ဗုဒ္ဓဂယာသည်
အိန္ဒိယနိုင်ငံအပါအ၀င် ကမ္ဘာတစ်ခုလုံးရှိဗုဒ္ဓဘာသာဝင်တိုအတွက် အမွန်မြတ်ဆုံးနေရာတစ်ခုဖြစ်ပါသည်
အိန္ဒိယနိုင်ငံအပါအ၀င် ကမ္ဘာတစ်ခုလုံးရှိဗုဒ္ဓဘာသာဝင်တိုအတွက် အမွန်မြတ်ဆုံးနေရာတစ်ခုဖြစ်ပါသည်
အစ္စလာမ်ဘာသာဝင်တို့ အတွက် မက္ကာ-မီနာ ၊ ခရိယာန်တို့ အတွက် ဗေထလဟမ- က အရေးကြီးသလို
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဂယာမှာ ထပ်တူထပ်မျှအရေးကြီးပါတယ် ဒီနေရာသည် သိဒ္ဓတ္ထမင်းသား
ဗုဒ္ဓအဖြစ်ကိုရရှိတော်မူခဲသောကြောင့် ဖြစ်ပါသည် ဗုဒ္ဓအဖြစ်ကိုရရှိလာသော မြတ်စွာဘုရားသည်
လူသားများအတွက်သာမက သတ္တ၀ါအားလုံးတို့ အကျိုးကျေးဇူးကို ဆောင်ရွက်သွားခဲသည်
ဗုဒ္ဓပြသည့်တရားဓမ္မတို့မှာခပ်သိမ်းသောသတ္တ၀ါအပေါင်းတို့၏အကျိုးကျေးဇူးကိုဆောင်ရွက်နိုင်စွမ်းရှိပါသဖြင့်
တစ်ကမ္ဘာလုံးရှိ လူအများတို့ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုလက်ခံကြပါသည် ။ ဤနေရာသည်
တစ်ကမ္ဘာလုံးရှိ လူအများတို့ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုလက်ခံကြပါသည် ။ ဤနေရာသည်
ဘိဟာရ်ပြည်နယ် ဂယာမြို့မှာ၁၂-ကီလိုမီတာခန့်ဝေးကွာရာအရပ်၌ တည်ရှိပါသည် ။ဂယာမြို့မှ
ဘတ်စကားဖြင့် အလွယ်တကူသွားရောက်နိုင်သည် ။ဗုဒ္ဒဂယာသည်
ဂယာဇနပဒ(ခရိုင်)မှာပါဝင်ပါသည်။ ဂယာမြို့ သည် ဗုဒ္ဓမပွင့်မှီကရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါသည်
။ဤနေရာတွင် ဂယာသူရအမည်ရှိသော အသုရာမင်းတစ်ပါးအုပ်ချုပ်ပြီး မင်းလုပ်တော်မူခဲပါသည်
။အသုရာသည်အမှန်စင်စစ်နာဂမျိုးနွယ်မှလူကိုပင်ဆိုးထားခြင်းဖြစ်ပါသည်ထိုအကြောင်းများကြောင့်
ဂယာမြို့သည် ဘာသာရေးနှင့် သမိုင်းရေးရာတို့အတွက် အရေးပါအရာရောက်သောမြို့ တစ်မြို့ဖြစ်သည်။
ဂယာမြို့သည် ဘာသာရေးနှင့် သမိုင်းရေးရာတို့အတွက် အရေးပါအရာရောက်သောမြို့ တစ်မြို့ဖြစ်သည်။
ဗုဒ္ဓဂယာ၏ဆက်နွယ်မူသည် ဂယာနှင်ခေတ်ဟောင်းကတည်းက ရှိနေခဲသည်။ ခေတ်ဟောင်းကဂယာသည်
နာဂမင်းဆက်တို့၏မြို့ဖြစ်ပါသည်။ နာဂမင်းဆက်တို့၏ အုပ်ချုပ်မူသည် အလွန်မွန်မြတ်သည်ကို
သိဒ္ဓတ္ထသိရှိခဲသည်။ ဤနေရာဗောဓိပင်အောက်၌ သဗ္ဗညုညဏ်တော်ကိုရရှိတော်မူခဲပါသည်။
ဂယာမြို့နှင့်နီကပ်နေသည့် အရပ်ဖြစ်သဖြင့် ဗုဒ္ဓဂယာဟူ၍အမည်တွင်ခဲကြပါသည်။ ထိုအချိန်မှစ၍
ဤနေရာဌာနသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အမွန်မြတ်ဆုံးနေရာဌာနတစ်ခု ဖြစ်လာပါတယ် ။
ဂယာမြို့၏ ရှေးဟောင်းသမိုင်းကို လေ့လာကြည်ရူသည့်အခါ နာဂမင်းဆက်အသုရာဘုရင်ဂယာသူရသည်
ဓမ္မဘာဝနာတိုကိုပွားများသောမင်းတစ်ပါးဖြစ်ကြောင်းကိုလည်းသိရှိနိုင်သည်ဂယာသုရမင်းသည်ဂယာမြို့၌လည်း
ဗုဒ္ဓ၀ိဟာရကျောင်းတိုက်များကိုတည်ဆောက်ခဲကြောင်းတွေရှိနိုင်ပါသည်။ခက်ခဲသော ဒုက္ကရစရိယာအကျင့်
သဒ္ဓတ္ထသည် ခြောက်နှစ်တိုင်တိုင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူခဲသည်။
အစာမစားရေမသောက်သည်ကျင့်စဉ်တို့ကြောင့် သိဒ္ဓတ္ထ၏ ကိုယ်ကာယသည် ပိန်းချုံးလာခဲသည် ။
ထိုတော့၌ ယောဂီအကျင့်ကို ကျင့်ကြံနေသော ယောဂီငါးပါးတို့လေး ရှိခဲရာခက်ထန်သည့် ဒုက္ကရစရိယာ
အကျင့်ကို ကျင့်ကြံအားထုတ်နေသော သိဒ္ဓတ္ထကိုမြင်၍ အားတက်သရော ဖြစ်လာသော
ထိုပဉ္စယောဂီတို့သည် သိဒ္ဓတ္ထအား အလုပ်အကျွေးပြုခဲကြသည် ။သိဒ္ဓတ္ထ၏ ခန္ဓာကိုယ်သည် တနေ့တခြား
ပိန်းချုံးလာလေ၏။ ငါးပါးသော ထိုယောဂီတို့၏ အမည်နာမမှာ ကောဏ္ဍည ၊ မဟာနာမ
၊ ၀ပ္မ၊ ဘဒ္ဒိယ၊ အဿဇိ တို့ဖြစ်ကြသည်။ ညအိပ်ပျော်နေသည့် အချိန် အိပ်မက်ထဲတွင် သိဒ္ဓတ္ထသည်
ကညာသုံးဖော် စောင်းတီနေကြောင်းကို မြင်မက်ခဲသည်။ ကညာတစ်ယောက်လက်ထဲမှာဆွဲကာ
တီးနေသော စောင်းတူရိယာကြိုးများမှာ တအားတင်းထားသဖြင့် စောင်းသံမှာ လွန်ပြင်းနေသည် ။
ဒုတိယ အပျိုကညာတီးနေသော စောင်းတူရိယာ၏ကြိုးများသည် ။ လျော့နေသဖြင့် တီးသံပေါ်မလာ
တတိယအပျိုကညာ ကိုင်ဆွဲ၍ တီးနေသော စောင်းကြိုးများမှာ အလွန်နာပျော်ဖွယ်ရာကောင်းနေ
ကြောင်း ကိုတွေးမြင်ခဲသည် ။စောင်းကြိုးများကို မတင်းမလျော့ အလယ်အလတ် မဇ္ဈိမ အခြေအနေမှာ
ထား၍တီးမှသာ သာယာပျော်ဖွယ်ရာ အသံပေါ်လာ လေသည်ဟုနားလည် သဘောပေါက်လာကာ-
ငါသည်လည်း တရားပေါက်အောင် ကျင့်ကြံအားထုတ်ရာတွင် ထိုစံကိုယူ၍
ကျင့်ကြံအားထုတ်မှ ကောင်းပေလိမ်မည်ဟုဆုံဖြတ်ကာဒုက္ကရစရိယာအကျင့်ကိုစွန့်ပယ်ရန်ဆုံးဖြတ်လိုက်သည်။
ဗုဒ္ဓခေတ်က သေနာနီရွာကို ယခု ဗကရော်လရွာ( ၀ါ) သုဇာတာ၏ ရွာဟုခေါ်ကြသည်။ဤ ရွာသည်
နေရဉ္ဖရာ မြစ်၏ ညာဘက်ကမ်းခြေမှာ တည်ရှိပါသည်။ ဤရွာသည် မဟာဗောဓီဘုရားတည်နေရာ
မှ ၁ ကီလိုမီတာ အရှေ့မြောက်အရပ်၌တည်ရှိပါသည် ၍ ရွာ၏သမိုင်းနှင့် စပ်လျက်၍ ၁၉၈၁-ခုနှစ်တွင်
“မြေအောင်ကိန်းဝပ်နေသည့် ဗုဒ္ဓယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ခုကို ဟိန္ဒူစတန်တိုင်း
သတင်းစာတွင် ဖတ်ရူခဲရပါသည် ။၍ ရွာနေရာကို ဘာရတိယ (အန္ဒိယပြည်လုံးဆိုင်ရာ)ရှေ့ဟောင်း
သုတေသနဌာန၏ ဥက္ကဌဖြစ်သူ သုတေသန ပညာရှင် K.M Srivastva ဦးဆောင်မူဖြင့် တူးဖော်ကြ
ရာ ကျောက်စာတစ်ခုကို ရရှိခဲပါသည် ။ ကျောက်စာကို လေ့လာဖတ်ရူကြည်သည် အခါ ယင်း
ကျောက်စာကို (ဒေ၀ပါလ) ဘုရင် (၈၁၅၊ ၈၅၅) ခရစ်သက္ကရာဇ် ကာလက သုဇာတာ၏ နေရာအဖြစ်
အမှတ်တရ ကမ္ဗည်း ရေးထိုးတင်ခဲကြောင်းသိရသည် ။ သုဇာတာသည် ဤရွာမှ လယ်သမားကြီး
တစ်ဦး၏ သမီးဖြစ်ခဲသည် ။ကျောက်စာ၌ဆက်လက်ရေးသား ကမ္မည်းထိုးထားသည်မှာ လယ်ရှင်သမီး
သုဇာတာသည် ။ပညောင်ပင်စောင့် ရက္ခစိုးကိုတိုင်တည်၍ ။ အိုရုက္ခစိုး နတ်မင်း သင်၏ ဆုမွန်ကောင်းဖြင့်
ကျွန်မမှာ သားယောင်္ကျားဖွားမြင်ရပါက ကျွန်မသည် သင်အားနွားမတစ်ထောင်၏
နိုရည်ဖြင့် နိုထမင်း (ခီးရ်) နို့ထောပတ်ချက်ပြုတ်ကာ ပူဇော်မည်’ ဟူ၍ရေးသားထားပါသည် ။
သုဇာတာသည် သားယောင်္ကျားဖွားမြင်လာသည် အခါ ရုက္ခစိုးနတ်ကို ပူဇော်ရန်ပြင်ဆင်ခဲသည်။
ဦစွာပထမ မိမိကျွန်မ ပုဏ္ဍာကို ပညောင်ပင်အောက်၌ နေရာရှင်းလင်းပြင်ဆင်ရန် လွတ်လိုက်သည် ။
၍ညောင်ပင် ကြီး အောက်မှာ ဗုဒ္ဓထိုင်နေတော်မူသည်ကို ကျွန်မတွေမြင်ခဲရသည်။ ကျွန်မသည်
ရုက္ခစိုးနတ်ကိုယ်ထင်ပြသည်အောက်မေ့၍ သခင်မ သုဇာတာအား အိမ်ပြန်၍ သူမြင်ခဲသည့်အတိုင်း အကြောင်းကြားလိုက်သည်။
သုဇာတာမှာလည်းရေမိုးချိုး ၊ နို့ဆွမ်းထမင်းတို့ကို ရွှေလင်ပန်းခွက်နှင့်ထည့်ကာ ပြင်ဆင်ပြီး ဂေါတမ
တရားကျင့်နေသည် ပညောင်ပင်ရှိရာသို့သွားခဲသည် ။ သုဇာတာကလည်း ပညောင်ပင်
အောက်ထိုင်နေသည့် ဂေါတမကို ရုက္ခစိုး ကိုယ်ထင်အောင့်မေ့ကာ ရှိခိုးပူဇော်ပြီးနောက် နို့ထမင်းကို
ဘုန်းပေးရန် လက်အုပ်ချီကာ လျှောက်ထားလေသည်။ သုဇာတမှ လှူဒါန်းခဲသည့် ဆွမ်းကို တပသီ
ဂေါတမဘုန်းပေးနေသည်ကို မြင်၍ ပဉ္စယောဂီ ငါးပါးတို့က ဘုရားလောင်းအပေါ်တွင် အမြင်ပြောင်း
သွား ကာ သိဒ္ဓတ္ထကုမာရ အားစွန့်၍ အခြားနေရာသို့ပြောင်းသွားကြလေသည် ။ ဆွမ်းစားသည်သိဒ္ဓတ္ထ
ကို လမ်းမှားပေါ်လျှောက်သည် တပသီဟုစွပ်စွဲခဲလေသည် ။ သူသည် ဘယ်သောအခါမျှ တရားမပေါက်နိုင်-
ဟုထင်ကာ စိတ်ပျက်ကြ၍ ထိုနေရာတွင် သိဒ္ဓတ္ထကို တစ်ယောက်တည်း ထား၍
ထွက်ခွာသွားကြလေသည် ။ သိဒ္ဓတ္ထလည်း ထိုညောင်ပင်တည်ရှိသည် အရပ်မှ
အခြားတစ်နေရာသို့ ပြောင်းရွေးရန် စိတ်ကူးလာသည် ။နေရဉ္စရာမြစ်ကို ဖြတ်ကျော် မကူးခင် သောတ္ထိယ
အမည်ရှိသော ရွာသားတစ်ယောက် သည် ကုဿမြက်ပင်တို့ဖြင့် ယက်ထားသည့် ဖျာထိုင်ခင်းတချပ်
လာရောက် လှူဒါန်းခဲသည် ။ မြစ်ကိုကျော်၍ ဂေါတမသည် မြစ်ကမ်းပါး နှင့် မနီးမဝေးရှိ ညောင်ပင် တစ်ပင်
အောက်၌ ထိုထိုင်ခင်းကို ခင်းကာ ထိုင်လေသည်။ ဤထိုင်ခင်း (အာသန) ကို ၀ဇ္ဇန -အာသနဟုခေါ်သည်
။လက်ရှိအချိန်တွင် ယင်း ထိုင်ခင်းကို ကျောက်တို့ဖြင့် လှပ တင့်တယ်စွာ
စိခြယ်ထားသည်။ ယင်းဝဇ္ဇန - အာသနသည် အလျား၇- ၆ အနံ ၄- ၁၀ နှင့် အမြင့် ၃ - ပမာဏ
ဖြင့်တည်ဆောက်ထားသည် ။ မဟာဗောဓီစေတီနှင့် ဗောဓီညောင်ပင်ကြားမှာ တည်ရှိပါသည်။
တက္ကသိုလ်မောင်သစ်။ ဆက်လက် ရေးပို့ ပူဇော်နေမယ်။ဓမ္မမိတ်ဆွေများသို့.။....
ကုသိုလ်တရားတွေတိုးပွားနိုင်ကြပါစေ မေတ္တာဖြင့်။......
တက္ကသိုလ်မောင်သစ်။ ဆက်လက် ရေးပို့ ပူဇော်နေမယ်။ဓမ္မမိတ်ဆွေများသို့.။....
ကုသိုလ်တရားတွေတိုးပွားနိုင်ကြပါစေ မေတ္တာဖြင့်။......
Post a Comment
သင်၏မှတ်ချက် ရေးပါ။.....