Viber ကနေ ကိုယ်မသိတဲ့သူတွေ ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက messages တွေ ph call တွေဝင်နေ ခေါ်လာနေလို့ စိတ်အနှောက်အယှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။
အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ)
Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။
viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။
အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင် message ပို့လိုက်ပါ။


