LATESTED NEWS
Showing posts with label Viber. Show all posts
Showing posts with label Viber. Show all posts

Viber ကနေ ကိုယ်မခေါ်စေချင်တဲ့ Viber Call များ ၊ Message များကို Block နည်း




 

Viber ကနေ ကိုယ်မသိတဲ့သူတွေ ၊ ကိုယ်ဖုန်းမခေါ်စေချင်တဲ့သူတွေက messages တွေ ph call တွေဝင်နေ ခေါ်လာနေလို့ စိတ်အနှောက်အယှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။
အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ)
Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။
viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။
အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင် message ပို့လိုက်ပါ။

VIBER ကနေ ကိုယ် ကိုမလိုချင်တဲ့ MESSAGES တွေ PH CALL တွေ မလာအောင် လုပ်နည်း


အခု ကျနော် ပြောပြမှာကတော့ ယောက်ျားလေးများအတွက်အဓိကပေါ့ဗျာ:)
တော်တော်များများကလည်း သိပီးသားဖြစ်မှာပါ။
မသိသေးသောသူများအတွက်ပေါ့ဗျာ ရောင်းရင်းတို့ရာ...
Viber ကနေ ကိုယ် ကိုမလိုချင်တဲ့ messages တွေ ph call တွေဝင်နေ လာနေလို့ စိတ်အနှောက်အရှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။

Viber ကို PC မှာ Install လုပ်ပြီးသုံးချင်တဲ့ သူများအတွက်။

Viber ကို PC မှာ Install လုပ်ပြီးသုံးချင်

လုပ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် မြန်မာဆိုဒ်တွေမှာလိုက်မွှေပြီး ကောင်းနိုးရာရာတွေကို ပြန်လည်တင်ပေးလိုက်ပါတယ်ခင်ဗျာ။
အခုကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် သုံးခွင့်ရပြီးနောက်ပိုင်းမှာ နာမည်
ကြီးလာတဲ့ Communication Software တစ်ခုကတော့
Viber ဖြစ်ပါတယ်။ အဲဒါကို ဖုန်းနဲ့ ခေါ်ဆိုအသုံး
ပြုနိုင်ပါတယ်။ ဖုန်းအချင်းချင်းကို အင်တာနက်ကွန်နရှင်ရှိယုံဖြင့် ဘယ်နိုင်ငံကိုမဆို အခမဲ့ ခေါ်ဆိုနိုင်ပါ
တယ်ဗျာ။ အခုဆိုရင် ဖုန်းအချင်းချင်းသာခေါ်ဆို အသုံးပြုနိုင်တဲ့ Viber ကို PC နဲ့ပါ အသုံးပြုလာနိုင်ပါပြီ။
Viber ကို PC to PC , PC to Phone , Phone to Phone , Phone to PC အမျိုးမျိုး အဆင်ပြေစွာနဲ့အ
သုံးပြုလို့ရပါပြီ။ အင်တာနက်ကွန်နရှင်ရှိဖို့နဲ့ Viber Account ရှိဖို့ဘဲလိုပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ
PC အတွက်ဆိုရင်တော့ တင်ထားတဲ့ window က အနိမ့်ဆုံးတော့ Window XP SP3 လောက်တော့ရှိ
ထားသင့်ပါတယ်ဗျာ။ Window 7 , Vista အားလုံးရပါတယ်။ XP sp2 မရပါဘူး။ အသုံးပြုပုံကိုတော့
အောက်မှာ ပုံနဲ့တကွသေချာစွာရှင်ပြပေးထားပါတယ်ဗျာ။ 

Code:

Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Version


Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။

Viber Animated Message ပြုလုပ်နည်း



Viber Animated Message သည် Android ရော IOS အတွက်ရော ရယူလို့ရပါတယ်။ Viber animated message ဘယ်လိုရယူမလဲဆိုတာမပြောခင် နဲနဲလောက်ရှင်းပြချင်ပါတယ်။ Viber ကို update လုပ်ပေမဲ့ new version မှာဘာလို့ Animated Message မပါဘာတာလဲ ? ဆိုတာလေးကိုပြောပြချင်တာပါ။ အမှန်တစ်ကယ်တော့ Viber New Version 4.2.1 မှာ Animated Message ဆိုတဲ့ Feature မပါဝင်ပါဘူး။ Viber က သပ်သပ် Zoobe – 3D animated messages သပ်သပ်ပါ။ Viber သွင်းထားပြီးသား ဖုန်းမှာ Zoobe – 3D Animated Message Application ထပ်မံထည့်သွင်း လိုက်ခြင်းကြောင့် Viber မှာ Plug-in တစ်ခုအနေ အသုံးပြုလို့ရသွားတာပါ။ Zoobe – 3D Animated Message Application ကို Viber မှာတင် သုံးလို့ရတာမဟုတ်ပါဘူး တခြား Tango, Upptalk, WhatsApp, Freepp စတဲ့ Message ပို့တဲ့ Application တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ Viber မှာတော့ သူက icon တစ်ခုအနေနဲ့ ပို့လာလို့ Viber Animated Message ဖြစ်သွားရခြင်းပဲဖြစ်ပါတယ်။ Zoobe – 3D Animated Message Application ဟာ google play storeမှာ အခမဲ့ရယူနိုင်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ လူကြိုက်အများဆုံး စာရင်းမှာ 5 stars ပေးခြင်းကိုခံခဲ့ရပါတယ်။ Zoobe ဟာ Viber ရှိမှ ရပ်တည်လို့ရတာမဟုတ်ပဲ Zoobe Application တစ်ခုတည်း အနေနဲ့လဲ Video တွေပြုလုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြပေးသွားမှာဖြစ်ပါတယ် …

Requirements

Viber Animated Message ဖြစ်ဖို့အတွက် Viber version 4.2.1 ရှိနေရပါမယ်။
မရှိရင် ဒီမှာဒေါင်းပါ …
Zoobe – 3D Animated Message Application လဲရှိနေရပါမယ်။

မရှိရင်  ဒီမှာဒေါင်းပါ …

ကျနော် MMUG မှာ သူများတွေကို Animated Message ဖြန့်ဝေ ပေးခဲ့တယ်ဆိုတာက ကျနော့်မှာ Zoobe Application ရှိနေပြီး တစ်ဖက်လူမှာ Zoobe Application မရှိလို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း.. 

အောက်ကလင့်မှာ PDF ဖိုင်ဒေါင်းပြီး လုပ်နည်းအသေးစိပ်ကို ဖတ်ကြည့်ကာ ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်..
>>Download PDF << / >> Download PDF 2 <<


အဆင်ပြေပါစေ..
မြန်မာပြည်၏ပထမဦးဆုံးနှင့်လူတိုင်းအတွက်အကျိုးအရှိဆုံး click2kyat.yolasite.com လာပါပြီ။
 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw