LATESTED NEWS

စိတ်နေသဘောထား



လူတစ်ဦးတစ်ယောက် တိုးတက်မှုမတိုးတက်မှု အဆင့်အတန်းမြင့်မှု နိမ့်မှု ဆိုတာ သူ့ရဲ့စိတ်နေသဘောထားက ရာခိုင်နှုန်း ၁၀၀% အထိ သက်ဆိုင်ပါတယ်။

စိတ်နေသဘောထားနိမ့်တဲ့သူဟာ သူလုပ်နေရ သူပြုမူဆက်ဆံနေရတဲ့ နယ်ပယ်ထဲမှာ တန်ရာတန်ကြေးပဲတွက်တယ်။

သူ့တာဝန်ပြီးသွားရင်ပြီးရောဆိုပြီး ပြီးစလွယ်လုပ်လေ့ရှိပါတယ်။

လူမြင်ရင်တစ်မျိုး မမြင်ရင်တစ်မျိုးလုပ်လေ့ရှိပါတယ်။ တစ်ချို့က ရာထူးကြီးကြီးရထားတယ်။ ပညာလည်းတတ်တယ်။ ၀င်ငွေလည်း သူများနည်းတူရှိတယ်။

ဒါပေမယ့် မကြီးပွားဘူး။ အခြွေအရံမရှိဘူး။

အဲဒီလိုလူမျိုးကိုလေ့လာကြည့်တဲ့အခါ သူလုပ်နေရတဲ့အလုပ် သူနေနေရတဲ့ ပတ်ဝန်းကျင်ကို တန်ရာတန်ကြေးပဲတွက်တယ်။ ပြီးစလွယ်ပဲ အလုပ်လုပ်တယ်။ သူများထင်သာ မြင်နိုင်လောက်တဲ့နေရာကိုပဲ အလုပ်လုပ်လေ့ရှိပါတယ်။ စိတ်နေသဘောထားနိမ့်တော့ တန်ရာတန်ကြေးပဲတွက်တယ်။

တန်ရာတန်ကြေးပဲတွက်တော့ စေတနာမမြောက်ဘူးပေါ့။ စေတနာမမြောက်တော့ သူ့အတွက် ကောင်းကံလည်း မပွင့်နိုင်ဘူးပေါ့။ နောက်ဆုံးတော့ စိတ်ထားလည်းနိမ့် လူလည်း အဆင့်နိမ့်တဲ့ဘ၀ ရောက်သွားရတယ်။

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw