LATESTED NEWS

စိတ်​တန်​ခိုးရဲ့ ပင်​မ​သော့ချက်​ ..

စိတ္တ​ဗေဒသင်​တန်းသား​တွေ အ​ခြေခံသိထားသင့်​သလို ... အခြားစိတ်​ပညာ၊ စိတ်​ညို့၊ စိတ်​တန်​ခိုးလိုက်​စားသူ​တွေလည်းသိသင့်​တဲ့အတွက်​ ဒီက​နေ​ရေးပြလိုက်​ပါတယ်​ ... စိတ်​တန်​ခိုးရဲ့အဓိကပင်​မ​သော့ချက်​ဟာ အနှစ်​ချုပ်​လိုက်​ရင်​ အချက်​ ၂ ချက်​သာရှိပါတယ်​ ... အဲ့ဒါက​တော့ ...
၁ ... Affirmation .. အတည်​ပြုခြင်း
၂ ... Visualization .. အာရုံပြုခြင်း
ဆိုတဲ့ ၂ ချက်​ပါ ...
အတည်​ပြုခြင်း ...
အတည်​ပြုတယ်​ဆိုတာ ကိုယ်​အလိုရှိရာကို အခိုင်​အမာဖြစ်​လာ​အောင်​ အထပ်​ထပ်​အတည်​ပြုရတဲ့သ​ဘောပါ ... အတည်​ပြုတဲ့အခါမှာလည်း ရိုးရှင်​တဲ့ ၀ါကျ​တွေနဲ့တည်​​ဆောက်​ထားတဲ့
ဆု​တောင်းစကား​တွေကိုအသုံးပြုသင့်​ပါတယ်​ ... ခက်​ခဲပြီး လိုရင်းမ​ရောက်​တာ​တွေ ... ရွတ်​ဆိုရခက်​ခဲတာ​တွေမဖြစ်​သင့်​ပါ ... ဥပမာ ... ကိုယ်​က​အောင်​မြင်​ချင်​ရင်​ ....

ငါ ... ​အောင်​မြင်​ရမယ်​ ... လို့ ​လေး​လေးနက်​နက်​အတည်​ပြုရွတ်​ဆို​ပေးရပါမယ်​ ... ရွတ်​ဆိုတဲ့​နေရာမှာ ​ပေါ့တီး​ပေါ့ဆမဖြစ်​သင့်​ပါဘူး ... ရင်​​ခေါင်းထဲကလာတဲ့အသံနဲ့ တည်​ငြိမ်​စွာရွတ်​ဆို​ပေးရမှာပါ .... စိတ်​ထဲကရွတ်​ရွတ်​ ... နှုတ်​ကဖွင့်​ရွတ်​ရွတ်​ကြိုက်​သလိုရွတ်​ပါ ... ဖွင့်​ရွတ်​တာက ပိုပြီးအားပါသလို ... ကျင့်​တာကြာလာရင်​ ... သံလိုက်​သံကိုရရှိ​စေနိုင်​ပါတယ်​ ... ဆွဲငင်​အား​ကောင်းတဲ့အသံမျိုးပါ ....
အာရုံပြုခြင်း
ဒါက​တော့ ရှင်းပါတယ်​ ... ကိုယ်​ဖြစ်​ချင်​တာကို ပီပီပြင်​ပြင်​မြင်​သာ​အောင်​အာရုံပြုရမှာပါ ... ပြီးပြီး​ရောမဟုတ်​ပါဘူး ... ချမ်းသာချင်​တဲ့လူက ​ငွေ​တွေအထပ်​လိုက်​ကိုင်​တွယ်​​ရေတွက်​​နေပုံ ... ကိုယ်​တိုင်​မီးခံ​သေတ္တာထဲထည့်​​နေပုံ ... ​ငွေ​တွေနဲ့အလိုရှိရာကို ​ပျော်​ရွှင်​စွာဝယ်​ယူ​နေပုံကိုပြတ်​ပြတ်​ထင်​ထင်​မြင်​​ယောင်​​နေရမှာပါ ... ​ကျော်​ကြားချင်​သူကလည်း ... လူ​တွေကကိုယ့်​ကို ​လေးစား​နေပုံ .. ချီးကျူး​နေပုံ ... အံ့ဩပြီး အထင်​တကြီးရှိ​နေပုံ ... လူတိုင်းကအ​ရေးထားပြီး လူတိုင်းရဲ့ပါးစပ်​ဖျားမှာ​ရေပန်းစား​နေပုံ ... စသဖြင့်​ စိတ်​ကူး​ကောင်းသလို အာရုံပြတ်​ပြတ်​ထင်​ထင်​ပြုသင့်​ပါတယ်​ ... ဒါကို ကျ​နော့်​စိတ္တ​ဗေဒသင်​ခန်းစာမှာ စိတ်​ကူးနဲ့ပန်းချီ​ရေးဆွဲခြင်းလို့ အမည်​​ပေးထားပါတယ်​ ... ကဲ .. ဒီ​လောက်​နဲ့​ကျေနပ်​ပါ ...

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw