LATESTED NEWS

လာဘ်​ရွှင်​​မှော်​​ဆေးရည်​စီမံနည်း ...

လိုအပ်​တာ​တွေ ...
_________________
သစ်​ကြံပိုး​ခေါက် ၅ ခု
လေးညှင်း ၃ ပွင့်
သံလိုက်​​ကျောက်​တစ်​ခု
ဝက်​သစ်​ချ ( ၀ါ ) ထင်းရှူးသားနဲ့လုပ်​ထားတဲ့​မှော်​နှင်​တံ
နှင်းဆီနီရဲ့ပွင့်​ဖတ်​က​လေး​တွေ
ကြွေ​ရေ​နွေးခရားတစ်​လုံး
လိုအပ်​တာရှာပြီးရင် အစီ​အမံစတင်​မယ်​ ... ​ရေသန့်​သန့်​ ကို ​ကြွေခရားထဲထည့်​ပြီး ​ရေကိုဆူ​အောင်​တည်​ပါ ... ​ရေ​တွေပွက်​ပွက်​ဆူလာချိန်​မှာ ... သစ်​ကြံပိုး​ခေါက်​နဲ့ ​လေးညှင်းကိုအတူ​ပေါင်းကိုင်​ပြီး ​ရေထဲပစ်​ထည့်​ပါ ... အဲဒီအချိန်​ မန္တန်​ရွတ်​ရမယ်​ ...
"Good luck is mine and true victory, Help me Great Ones, come to me."
မှော်​နှင်​တံက​လေးနဲ့​မွှေရင်းရွတ်​ရမှာ​နော်​ ... ​မွှေးရနံ့​တွေထွက်​လာတဲ့အခါ ... သံလိုက်
ကို ​ဖြေးညှင်းစွာထည့်​ပါ ... မန္တန်​က​တော့ရွတ်​မြဲ​နော်​ ... အဆက်​မပြတ်​ကိုရွတ်​​နေရမှာ ... ​မွှေတာလည်းမရပ်​ပါနဲ့ ... ကဲ ... ​နောက်​ဆုံးအဆင့်​အ​ရေးကြီးပါတယ်​ ... သတိထားပါ ... နှင်းဆီနီရဲ့ပွင့်​ချပ်​က​လေး​တွေကို လက်​တစ်​ဆုပ်​ပစ်​ထည့်​ရမှာပါ ... မန္တန်​ရွတ်​မြဲ ... ​မွှေမြဲ​နော်​ ... သို့​သော်​ကွာတာက ... နှင်းဆီပွင့်​ချပ်​ထည့်​ပြီးပြီးချင်း ​ကြွေခရားကို မီးဖို​ပေါ်က ချလိုက်​ဖို့ပဲ ... အ​အေးခံဖို့​ပြောတာပါ .. မန္တန်​က ရပ်​လိုက်​ရင်​ရပါပြီ ... ဆက်​ရွတ်​​နေလည်း​ကောင်းတာပဲ ... မန္တန်​က ဘာသာပြန်​ရင်​ အား​ပျော့သွားနိုင်​လို့ မူရင်းအတိုင်းပြလိုက်​တာပါ ... အင်္ဂလိပ်​လိုရွတ်​လို့စွမ်းပါ့မလားလုပ်​မ​နေနဲ့ ... ယုံယုံကြည်​ကြည်​သာလုပ်​ ... စွမ်းတယ်​ ... ​ဆေးရည်​ရပါပြီ ... ပိတ်​စိမ်းပါးနဲ့အဖတ်​မှန်​သမျှစစ်​ယူပြီး အရည်​သန့်​ကို ဖန်​ပုလင်း တစ်​လုံးထဲထည့်​သိမ်းပါ ... ဥာဏ်​ရှိတိုင်းသုံး​ပေ​တော့ ... လာဘ်​ရွှင်​​မှော်​​ဆေးရည်​ပါ ...
ဒီအစီရင်​ကို ဟူးရားကာလမှန်​မှာစီရင်​ရပါတယ်​ ... အဲဒါကို တိတိကျကျတွက်​ဖို့က သာမန်​လူ​တွေအတွက်​မလွယ်​ပါဘူး ... ကျ​နော်​တို့အ​ခေါ်နဲ့ ၄ဟူးအခါလို့​ခေါ်တဲ့ အင်္ဂ၀ိဇ္ဇာ အချိန်​မှာစီရင်​ရမှာပါ ... ဒီအတွက်​ အလွယ်​တွက်​နိုင်​​အောင်​ကျ​နော်​ Program ​ရေးထားပါတယ်​ .. ဖုန်းမှာသုံးဖို့ apk လည်းရှိသလို ... web site မှာလည်းတင်​​ပေးထားပါတယ်​ ... http://thutasann.hpage.asia မှာဝင်​ရှာလိုက်​ပါ ...
P.S ... ဒီအစီရင်​မှာပါတဲ့ ​မှော်​နှင်​တံကို​တော့ ကဗလာ​မှော်​​ကျောင်းရဲ့လျှို့ဝှက်​မူမို့ မတင်​ပြနိုင်​ပါ ... လိုချင်​သူများရှိလို့ ထိုက်​သင့်​တဲ့ ပညာပူ​ဇော်​ခ​ပေးရင်​​တော့ စီရင်​​ပေးပါမယ်​ ... သာမန်​အားဖြင့်​ ကိုယ်​တိုင်​စီရင်​ချင်​သူများက​တော့ .. အခြားစီရင်​နည်းမူဖြစ်​တဲ့ ​မှော်​နှင်​တံစီရင်​နည်းကို ကျ​နော့်​ site မှာပဲရှာဖတ်​နိုင်​ပါတယ်​ ... အခက်​အခဲတစုံတရာရှိရင်​ လှမ်း​မေးပါ ...

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw