LATESTED NEWS

မက်ဆေ့တိုလေးတွေ ဖတ်မိတယ်


တရုတ်ပေ့ခ်ျတစ်ခုမှာ ဒီလို မက်ဆေ့တိုလေးတွေ ဖတ်မိတယ်
ချစ်စရာကောင်းပြီး ပြုံးစရာဒဿနဆန်ဆန်မက်ဆေ့တိုလေးတွေလို့ ထင်မိတာမို့ အားလုံးဖတ်ရအောင် ဘာသာပြန်မျှဝေလိုက်ပါတယ် 
(၁) အချစ်က မျက်ရည်တွေကို သယ်လာတတ်တယ်၊ အခုလေးပဲ နင့်ကိုငါချစ်လိုက်ပါတယ်။
(၂) ခန္ဓာကိုယ်အပူရှိန် ကျဆင်းနေပါတယ်၊ အတူအနွေးဓာတ်ယူရအောင် အမြန်လာပါ။
(၃) လက်ကိုင်ဖုန်းဆွံ့အသွားတဲ့အခါ အထီးကျန်ခြင်းက ငါ့အနားရောက်လာတယ်။
(၄) နင့်နှလုံးသားထဲ ငါဆိုက်ရောက်ခဲ့ပြီဆိုမှတော့ ငါထပ်မထွက်ခွာတော့ပါဘူး။
(၅) နင့်နဲ့တွေ့ဆုံပြီးတဲ့နောက် ငါ့ကဗျာတွေ ရှင်သန်နိုးထခဲ့ပြီ။

(၆) အောက်ဆီဂျင်လိုနေပါတယ်.... အမြန်လာပြီး CPR လုပ်ပေးပါ။ (CPR နှုတ်ခမ်းချင်းတေ့ပြီး အသက်ကူရှု)
(၇) ငါ့နှလုံးသားတစ်ခုလုံး ပြည့်ကျပ်နေပါတယ်။ အကြောင်းက ငါ့နှလုံးသားဧရိယာတစ်ခုလုံးကို နင်ပိုင်စိုးထားလို့ပါ။
(၈) ယခုရရှိထားသောမက်ဆေ့တိုဖြင့် မိနစ်၃ဝအတွင်း မက်ဆေ့ပေးပို့သူထံတွင် အနမ်းတစ်ခု လာရောက်လဲလှယ်ယူနိုင်ပါသည်။ အချိန်အကန့်အသတ်ရှိပါသဖြင့် အမြန်လာရောက် လဲလှယ်ပါရန်။
(၉) ညဥ့်နက်နက်လာပြီ၊ ကြယ်လေးတွေ အိပ်သွားပြီ၊ လလေးလည်း အိပ်သွားပြီ၊ လမ်းဘေးကမီးတွေတောင် အိပ်သွားခဲ့ပြီ၊ နင့်ကို လွမ်းနေတဲ့ငါပဲ မအိပ်သေးဘူး။
(၁ဝ) ငါ့နှလုံးသားမှာနေဖို့ အခန်းငှားခပေးစရာမလိုပါဘူး... ဒါ တန်ပါတယ်နော်။
(၁၁) အချစ်လာတဲ့အချိန် လျှပ်စီးတွေလက် မိုးကြိုးတွေပစ်သွားခဲ့တယ်။ ငါ အပစ်ခံထိသွားပါတယ်။
(၁၂) နင်ဟာ နှစ်ချို့ ဝိုင်တစ်ခွက်ပါ၊ ငါ အရက်မသောက်တတ်ပေမယ့် မူးအောင်သောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
(၁၃) ဖုန်းဖန်သားပြင်ပေါ် ကျသွားတဲ့မျက်ရည်ကို နင်လက်ခံရရှိပြီလား။
(၁၄) အချစ်ရောက်လာချိန် အချစ်ကိုနင်ဖြတ်ပစ်လိုက်တယ်။ အခု ငါ့ဘယ်ဘက်ရင်ဘတ်ကနှလုံးခုန်သံလေး ရပ်တန့်သွားတော့မယ်။
(၁၅) မြားနတ်မောင်ရဲ့ မြားကို ငါချိုးပစ်ပြီး သေသေချာချာဖွက်ထားလိုက်ပါပြီ။ ဒါမှ ငါတို့ကြားထဲ နောက်လူတစ်ယောက် ဝင်မလာနိုင်မှာ။
(၁၆) ငါတို့ရဲ့အချစ်က ပခုံးချင်းရှပ်တိုက်ပြီး လမ်းလွှဲလျှောက်သွားခဲ့ပါတယ်။ နင် နောက်ပြန်လှည့်လာနိုင်မလား။
(၁၇) မက်ဆေ့တိုလေးနဲ့ ချစ်စရာမက်ဆေ့ ၉၉၉၉ ကြောင်းရေးပြီး နင့်ကို ငါပေးမယ်။ တစ်နေ့ကို တစ်ကြောင်းပဲရေးမယ်။
၉၉၉၉ဆိုတော့ ငါတို့ ဆံဖြူသွားကျိုးတဲ့အထိပေါ့။
ဒီချစ်စရာမက်ဆေ့လေးတွေကို သဘောကျရင် သင်ဖတ်စေချင်တဲ့သူကို share ပေးနိုင်ပါတယ်   
နိုင်းနိုင်းစနေ

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw