LATESTED NEWS

`ပေးဆပ်ခဲ့ သူ´ (ရသ)




အရင်တုန်း ကတင်ပေး ဖူးပါတယ် ….အခုတတိယအကြိ မ် မဖတ်ရသေး သူတွေ အတွက်ပြန် တင်ပေး လိုက်ပါတယ်…။
တစ်တုန်းကမျက်မမြင်ကောင်မလေးတစ်ယောက်ရှိတယ်။ သူမှာသူငယ်ချင်းများများစားစားမရှိဘူး။
သူ့ကိုအရမ်းချစ်နေရှာတဲ့ ကောင်လေးတစ်ယောက်ပဲရှိတယ်။
တနေ့  မှာ ကောင်မလေးကကောင်လေးကို စကားတစ်ခွန်း ပြော ခဲ့တယ်။
`ငါ့မျက်စိတွေ ပြန်မြင်လာတဲ့အခါကြရင်နင့်ကိုလက်ထပ်မယ်´တဲ့။
အဲ့ဒီတော့  ကောင်လေး က ၀မ်းသာသွားပြီး…..
“နင်တကယ်ပြောတာလား” ဆိုတော့ ကောင်မလေး က
“အင်း..တကယ်ပြောတာပေါ့ ” လို့ ပြန်ပြော ခဲ့ တယ်.။

တစ်နေ့တော့ သူမကိုမျက်စိလျှူမယ့်အလျှူရှင်တစ်ယောက်ပေါ်လာခဲ့တယ်။
ခွဲစိတ်ကု သမှုကိုခံယူပြီး နောက်ဆုံးတော့ သူမမျက်စိတွေပြန်မြင်ခဲ့တယ်။ သူမရဲ့ကောင်လေးကိုလည်းမြင်ခွင့်ရခဲ့တယ်။
ဒါပေမယ့် ကောင်လေးကိုမြင်တော့ ကောင်မလေးကအံ့အားသင့်သွားခဲ့တယ်၊
ဘာကြောင့်လဲဆိုတော့ သူမကောင်လေးကလည်းသူလိုပဲမျက်မမြင်တစ်ယောက်ဖြစ်နေလို့ပဲ
ကောင်လေးက သူမရဲ့ လက်ကလေးကိုထွေးပွေ့ ရင်း မေးတယ်
`နင်ငါ့ကိုအခုမြင်ရပြီမလား ငါ့ကိုလက်ထပ်မှာလားဟင်´တဲ့။
သူမ အတန်ကြာအောင် ငြိမ်သက်နေပြီးမှ
`အို...ဘယ်ဖြစ်နိုင်မလဲ..ငါကမျက်စိပြန်မြင်နေရပြီလေ..
ဒါပေမယ့်နင်ကအခုထက်ထိမျက်မမြင် တယောက်ဖြစ် နေတုန်းပဲ ဒါ့ကြောင့်စိတ်မကောင်းပါဘူး..ငါတို့မဖြစ်နိုင်ပါဘူး ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး´ လို့ ခါးခါးသီးသီး ငြင်းဆန်လိုက်တဲ့ အခါ..
ကောင်လေးမျက်ဝန်းထဲမှ မျက်ရည်တစ်ပေါက် စီးကျလာတယ်။
ပြီးတော့ကောင်လေးက ကောင်မလေးကို တချက် ပြူံးပြပြီး ပြောလိုက်တယ်။
`ငါနားလည်ပါတယ် ငါကနင့်ကိုပျော်ရွှင်စေရူံသက်သက်ပါ...ကျေးဇူးပြုပြီးနင့်ကိုနင်ဂရုစိုက်ပါ .. ပြီးတော့ ငါ့မျက်လုံးလေးတွေကိုလည်းဂရုစိုက်ပေးပါ´ပြောရင်း တုတ်တချောင်းကို အဖော်ပြု ကာ
ကောင်လေးကကောင်မလေးရှေ့ကနေ ၀မ်းနည်းစွာ လှည့်ထွက်သွားခဲ့ပါတော့သည်။

(တကယ်တော့အချစ်ဆိုတာအမြင်သဏ္ဍန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး။Online ပေါ်မှာပဲ ဖြစ်ဖြစ် ၊ လေလှိုင်း ပေါ်မှာပဲ ဖြစ်ဖြစ်၊
မြင်နေရသည်ဖြစ်စေ။မမြင်ရသည်ဖြစ်စေ။ ရင်ခုန်သံခြင်းနားလည်ဖို့သာလို
တာပါ။ကောင်မလေးရဲ့အချစ်ဟာအမြင်သဏ္ဍန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ်။လောကြီးမှအချစ်ဆိုတာဟာ အသွင်သဏ္ဍန်နဲ အခြေအနေ၊အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါလား လို့ကောင်လေးရဲ့စိတ်မှာတွေးနေမိမှာပဲ။)

*တကယ်တော့ကောင်လေးဟာ သူ့ချစ်သူကောင်မလေးအတွက်
သူ့ရဲ့မျက်စိကိုထုတ်ပေးသွားခဲ့သူပါ။*

ကာရံငယ်
http://yetayzakyaw1500.blogspot.com/

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw