သင့်ကိုယ်သင် လူတွေကြားမှာ လူသိများနာမည်ကြီးလိုပါသလား ...။ နာမည်ကြီးဖို့အတွက်ဆိုရင် သင်ကိုယ်တိုင်က ကြိုးစားရင်တောင်မှ စန်းမရှိရင်ဖြစ်မလာနိုင်ပါဘူး။ ဒီတော့ အဲ့ဒီ"စန်း"ဆိုတာကြီးကို ကျွန်တော်တို့ဘယ်လိုရအောင်လုပ်မလဲ ... ။ လွယ်လွယ်လေးပါ။ ကျွန်တော်ကမှော်နည်းလမ်းတွေ ပြောပြပေးနေကျဆိုတော့ မှော်နည်းလမ်းနဲ့လူသိများစေတဲ့နည်းပေးမှာပါ။
အစီအရင်လုပ်ဖို့အတွက်ကော ဘာတွေလိုမလဲ ...။ ခက်ခက်ခဲခဲပစ္စည်းတွေမဟုတ်ပါဘူး။ ပါဝင်ပစ္စည်းတွေကတော့
- ခေါင်းလောင်းငယ်လေးတစ်လုံး
- ချွန်ထက်သောသစ်သားစနှစ်စ
- ခေါက်ဆွဲစားသစ်သားတူတစ်စုံ ရယ်တို့ပဲဖြစ်ကြပါတယ်။
ပထမဆုံးအနေနဲ့ အင်္ဂလိပ်လရဲ့ လဆန်း(၄)ရက်နေ့ ညသန်းခေါင်ယံအချိန် လမ်းလေးဆုံခွနေရာမှာ ခေါင်းလောင်းငယ်လေးကို တတောင်တောင် မြည်နေအောင်တီးလိုက်ပါ။ ဆက်လက်ပြီး ချွန်ထက်သောသစ်သားစနှစ်စကိုလည်း သစ်သားစချင်းထိရိုက်ကာ(၇)ကြိမ်ခန့်ရိုက်ပါ။ ထို့နောက် သစ်သားစနှစ်စကို မိမိနောက်သို့ ခေါင်းမှကျော်၍လွင့်ပစ်လိုက်ပါ။ ပြီးနောက် ခေါက်ဆွဲစားသစ်သားတူတစ်စုံကိုယူပါ။ တူတစ်စုံမှ တူနှစ်ချောင်းကို လက်တစ်ဖက်တစ်ချောင်းဆီကိုင်ကာ တူကိုင်လက်ကို မိုးပေါ်မြောက်လိုက်ရင်း -
"တစ်ခုခုပြောင်းလဲလာတာကို အားလုံးနားလည်ရလောက်တဲ့အချိန်ကိုရောက်လာတော့မယ် ...
အသေးအမွားလေးတွေကစပြောင်းလဲလာနေပြီ ..၊
ခေါင်းလောင်းကိုတီးခြင်းဟာ ငါ့ရဲ့ကိုယ်ပိုင်စိတ်ထား ကိုယ်ပိုင်ကျော်ကြားမှုအတွက်ပဲဖြစ်တယ် ...
ဒီအသံကိုကြားသောနတ်များဟာ ငါ့အားတောက်ပမှုနှင့်အတူ
မြန်စွာမနှေးလာရောက်ဖေးမတော်မူကြပါ..."
လို့ရွတ်ဆိုပါ။ ပြီးနောက် တူနှင့် ခေါင်းလောင်းငယ်လေးကို အိမ်ထဲရှိ မိမိမှန်ရှေ့သို့ ပြန်လည်ဆောင်ယူလာပါ။ ပြီးနောက်မှာတော့ တူနှစ်ချောင်းကို တစ်ချောင်းကို ပန်းရောင်လက်သည်းနီဘူး၊ နောက်တစ်ချောင်းကို ခရမ်းရောက်လက်သည်းနီဘူးအဝထဲသို့ စိုက်နိုင်သမျှ စိုက်ထည့်လိုက်ပြီး မှန်ရှေ့တွင်ထောင်ကာ ...
"ငါတောက်ပလာတော့မယ် ... ငါ့မိတ်ဆွေတွေသတိမထားမိခင်အချိန်ကလေးမှာပေါ့ .......
ငါတောက်ပလာတော့မယ် ..... တောက်ပလွန်းလို့ နေမင်းကြီးတောင်တိမ်တိုက်တွေကြားထဲ ပုန်းခိုရလိမ့်မယ်
ငါတောက်ပလာတော့မယ် ..... လူတွေအားလုံးမျက်စိတွေစူးပြီး မျက်လုံးတွေကွယ်သွားကြသည်အထိ ....
ငါတောက်ပလာတော့မယ်"
လို့ရွတ်ဆိုပြီးနောက် ခရမ်းရောင်လက်သည်းနီကို ဘယ်ဘက်လက်မလက်သည်း၊ ပန်းရောင်လက်သည်းနီကို ညာဘက်လက်မလက်သည်းနေရာသို့ဆိုးကာ အိပ်ရာဝင်လိုက်ပါ။
မနက်ခင်းမှာတော့ လန်းဆန်းခြင်း၊ တောက်ပခြင်းတို့နဲ့အတူနိုးထလာပြီးနောက် သင်ဟာ မကြာမီနာမည်ကြီးလာတော့မှာဖြစ်ကြောင်း လက်လက်ထလိုသူများအတွက် မှော်နည်းလမ်းကို ဖော်ပြပေးလိုက်ရပါတယ်။
Admin Karshine
နေမကောင်းလို့ပျောက်နိုင်မယ့် နည်းလမ်းများရှိရင်နည်းများပြပေးပါလား 🥺🥺🥺
ReplyDeleteကျနော်အမေပါ ကျေးဇူးပြု၍
ReplyDelete