ဝေဖန်မူ ကင်းသော အပြစ်တင်ခံရမူ မရှိသော ပုဂ္ဂိုလ်များကို ရှာကြည်ပါဆိုရင်
ဤကမ္ဘာလောကမှာ တစ်ဦးတစ်ယောက်ကို မျှ တွေးနိုင်လိမ်မည် မဟုတ်ပါ။
လောကသားတို့အတွက် အလွန်ကြီးကျယ်စွာ ကိုယ်ကျိုးစွန်း ဆောင်ရွက်
တော်မူသွားခဲကြသော ပုဂ္ဂိုလ်ကြီးတွေပင် အပြစ်တင် ဝေဖန်သော
ရန်သူများစွာတို့နှင့် ဆုံတွေးခဲကြဘူးပါသည် ။
ဘယ်ဘာသာ ဘယ်ခေါင်းဆောင်၏ အတ္ထုပ္ပတ္တိ တို့ကို ဖတ်ရူကြည်ကြည်
သိရှိနိုင်ပါသည် ။ မြတ်ဗုဒ္ဓ ၊ ကရစ်(ရှ)န ယေရူသခင်၊ နောက် မိုဟာမက်တို့
ကဲသို့သော် ၊ ဘာသာရေး ပုဂ္ဂိုလ်များ ဆိုကရေးတီ(စ်) ကဲသို့သော်
လူမူရေးပြုပြင်ပြောင်းလဲရေး သမားများ အကြမ်းမဖက်မူ၏ ဖခင်ဖြစ်သူ မဟတ္တမဂန္ဓီ
စသူတို့သည် ၊ ဆန့်ကျင် ဝေဖန်သော ရန်သူများနှင့် အမြဲကြုံဆုံခဲဘူးသည်။ သို့သော်
ကြီးကျယ်သော ဆရာသမားများနှင့် ခေါင်ဆောင်ကြီးများသည် သူတို့၏
မြင့်မြတ်သည် အခြေခံ သဘောတရားများမှ ရှောင်ခွါ မသွားခဲကြဘူး။
စိတ်ရှည်သည်းခံကြသည် ။ အချိုမှာ သူတို့၏ မုဝါဒလမ်းစဉ် များ အတွက်
သေချိန်မစေ့မှီ ၊ သေမင်းနှင့် ရင်ဆိုင်သွားကြရသည်။
သူတို့၏ မုဝါဒများကို အခြားအရာ အားလုံးများထက် တန်ဖို့ထားကြသည်။
အထူးသဖြင့် အကောင်းနှင့် အဆိုးကြားမှာ သဘာဝအလျောက် ပေါ်ပေါက်လာသော
ပဋိပက္ခသည်။ အဆက်မပြတ်ဖြစ်နေသည်ဟု ထင်မှတ်ရ၏။
လူတစ်ယောက်သည် တစ်စုံတစ်ခုသော ကောင်းမူကို ပြုလုပ်ရန် ကြိုးပမ်းသော်
သူအား ချီကျုးမူများကို ပြုပေးမည် အစား အပြစ်ရှာလိုသော လူတစ်ချိုရှိကြသည် မှာ
လူသားများ၏ တစ်ဦးကို တစ်ဦး မနာလိုမူကြောင့် ပေါက်ပွားလာသော အသိဥာဏ်မဲ့ သူတို့ရဲ့ ဓလေ့တစ်ခု ဖြစ်နေပါသည် ။
မြတ်ဗုဒ္ဓ လက်ထက်တော် အခါတုန်းက ဗုဒ္ဓရဲတပည်တစ်ဦးဖြစ်သူ အတုလ ဆိုတဲ့
တပုဂ္ဂိုလ်က အခြား သာဝက များ၏ တရားဟောပြောပုံ ၊ သူမေးခွန်းများကို သူတို့
ဖြေကြားပုံတို့ အပေါ် မကြိုက်သဖြင့် မြတ်ဗုဒ္ဓအား တိုင်ကြား၏။ ဗုဒ္ဓက ဟေ့
အတုလ ဤကဲ့ရဲခြင်းသည် ရှေ့ရိုးစဉ်လာပေတည်း ကဲ့ရဲခြင်းဆိုတာ အခုမှ
ဖြစ်လာတာမဟုတ် ဟို့ရှေတုန်းကလည်း ရှိခဲဘူးတယ် ။နောင်လည်း ရှိနေအုံမယ်
ယခုလည်းရှိနေဆဲ၊
လောကသားတွေက အပြောကောင်းသူကိုလည်း ကဲ့ရဲမယ်၊
အပြောမကောင်းသူကိုလည်း ကဲ့ရဲမယ် ၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲမယ် ၊
ဤကမ္ဘာမှာ အကဲ့ရဲလွတ်သူ တစ်ယောက်မှ မရှိပေ ။
အမေရိကန် သမ္မဟောင်း အေပရာလင်ကွန်းက ဝေဖန်သူများကို ကိုင်တွယ်သည်မှာ
အလွန်တည်ကြည်ပြီး လက်တွေးကျသော နည်းလမ်းရှိပေ၏။
သူဆိုသည်မှာ ကျွန်ုပ်ကို တိုက်ခိုက်တဲ့ စာများကို ဖြေကြားဖိုမဆိုးထားနဲ့ ဖတ်ပြဖို့
ကြိုးစားရင်ပဲ ဒီဆိုင်ကို ပိတ်ပြီး အခြားလုပ်ငန်းတစ်ခုကို ပြောင်းလုပ်ရလိမ်မည်။
ဘယ်လိုလုပ်ရမှာကို ကျွန်ုပ်သိသလောက် ကျွန်ုပ်အကောင်းဆုံးလုပ်တယ် အကယ်၍
အဆုံးကို ရောက်လို ကျွန်ုပ် လုပ်တာမှန်ရင် ကျွန်ုပ်ကို ဆန့်ကျင်ပြီး
ပြောဆိုကြတာတွေဟာ အရေးမကြီးတော့ပါဘူး ။အကယ်၍ အဆုံးကို ရောက်လို
ကျွန်ုပ် လုပ်တာမှားတယ်ဆိုရင် နတ်သမီးဆယ်ယောက် တို့က ကျွန်ုပ်
လုပ်တာမှန်တယ်လို ကျမ်းသစ္စာကျိန်ဆိုပြီး ပြောကြပေမယ်။ ဘာမှမထူးပါဘူး။
ထိုကြောင့် တစ်ခြားသူများကဲ့ရဲ၊ ဝေဖန်တာကို ၊ သင် စိတ်ဓာတ်မကျပါနဲ့
သင်လုပ်ရမည့် တာဝန်နှင့် ဦးတည်ချက်များကို ဘယ်တော့မှာ နောက်မဆုပ် ပါလေနှင့်။
ဤကမ္ဘာကြီးက သင့်ရဲကြိုးစား အောင်မြင်မူ များကို အမြဲလက်ကမ်း ကြိုဆိုနေကြသည် ၊ ဆိုတာကို မမေ့ပါလေနဲ့ ။…
ဆက်လက် ကြိုးစားလျှက် ။ တက္ကသိုလ် မောင် သုတ
Post a Comment
သင်၏မှတ်ချက် ရေးပါ။.....