LATESTED NEWS

"မမြင်စေချင်သော Folderတွေကို Super Hiddenလုပ်ကြစို့"

 



Super Hidden မလုပ်ခင်  ရိုးရိုး Hidden အရင်လုပ်ရပါမယ်
မိမိဖျောက်ထားလိုသော Folder ကို mouse က right click နိပ့် Properties နိပ့်ပြီး Hidden ကိုအမှန်ခြစ်select လုပ်ပေးပြီး applyပေး okလုပ်ပါ ပြီးရင် window toolbars ကstart ကိုနိပ့်ပြီး
computer  ကိုဖွင့်ပါ ပြီးရင် keyboard က ALT ကိုနိပ်ပြီး Tools ကိုနိပ့်ပြီး
folder options ကိုနိပ့်ပြီး view ထဲဝင်ပြီး Don't show hidden files , folder or drives ကို select ပေးလိုက်ရင်တော့မိမိ ဖျောက်ချင်သော folder ပျောက်သွားပါပြီ
ဖျောက်ထားသော folder ကိုပြန်ပေါ်စေချင်ရင်တော့ Don't show hidden file ,folder or drives အောက်က
show hidden file,folder and drives ကိုselect ပေးလိုက်ရင် ဖျောက်ထားသော folder ပြန်မြင်ရမှာပါ
အခုရိုးရိုး Hidden လုပ်ပြီးရင်တော့ Super hidden ဆက်လုပ်ပါမယ်
window key + Rကိုတွဲနိပ့်ပြီး regedit ရိုက်ပါ yes or no မေးရင်yes နိပ့်ပါ
Registry Editor ခေါင်းစဉ်အောက်က computer ထဲက HKEY LOCAL MACHINE/SOLFWARE/microsof/windows /current version\explorer\advanced\folder\hidden\showallကိုရောက်ရင်ညာဘက်မှာchecked value ကို
mouse က
right click နိုပ့်ပြီး modifyကိုနိပ့်ပါအဲ့မှာအကွက်လေးထဲမှာ1 သို့မဟုတ်   ဖြစ်နေပါမယ်
မိမိ က ရိုက်ပြီးok လုပ်လိုက်မယ်ဆိုရင်ရိုးရိုးhidden ကနေ supper hidden ဖြစ်သွားပါပြီ
လွယ်လွယ်နဲ့အခြားသူများဖွင့်ကြည့်လို့မရတော့ပါဘူး
supper hidden ကိုရိုးရိုး hidden အဖြစ်ပြန်မြင်ချင်တယ်ဆိုရင်တော့ အကွက်လေးထဲမှာ 1 ကိုရိုက်ပြီး ၀k လုပ်ပါ
အဲ့လောက်ဆို 1 နဲ့ ၀ ကွာခြားချက်ကိုသိလောက်ပြီပေါ့ လုံးဝမမြင်စေချင်သော folder တွေကိုအလွယ်တကူဖွင့်မရအောင် Supper Hidden လုပ်နည်းလေးပြီးဆုံးသွားပါပြီ
နည်းပညာလေ့လာနေကြသော သူငယ်ချင်းများအားလုံးစမ်းသပ်ပြီးအဆင်ပြေကြပါစေ....
.............................................................................................................................................................

Command နဲ့ computer ရှိ autorun.inf နှင့် autorun virus သတ်ခြင်း

မိမိတို့ရဲ့ကွန်ပျူတာမှာ usb driverမှတဆင့် autorun virus တွေ မ၀င်ရောက်နိုင်ဖို့အတွက်
usb disk security လိုမျိုး solfware မျိုးတွေ အသုံးပြုပြီး ကာကွယ်တတ်ကြပါတယ်
ဒါပေမဲ့မိမိတို့ရဲ့စက်ကို autorun.inf virus ၀င်ရောက်သွားပြီ virus ကနေမိမိတို့ ကွန်ပျူတာရဲ့
systems ပိုင်းတွေကို ဖျက်ဆီးလိုက်ပြီးမိမိတို့ကွန်ပျူတာမှာ တင်ထားတဲ့ antivirus Solfware
တွေကလည်းအလုပ်မလုပ်တော့တဲ့အခါမှာ ရှိပြီးသားကိုဖြုတ်ပြီး အသစ်ပြန်တင်တဲ့အခါမှာ
လက်မခံတော့ဘူးဆိုရင် autorun.inf နဲ့ တခြားautorun virus တွေကို သတ်ဖို့အတွက်
command prompt ကို အသုံးပြုတဲ့ နည်းလမ်းလေးကိုရေးပေးသွားပါမယ်
အရင်ဆုံးkeyboard မှ windows +R ကိုနိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ
ပြီးရင် Run Box ထဲမှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆိုရင် command prompt လေးပေါ်လာပါလိမ့်မယ်။ပြီးရင် တော့ အောက်မှာဖော်ပြထားတဲ့
အဆင့်လေးတွေအတိုင်းရိုက်ထည့်ပေးသွားပါ။
1. အရင်ဆုံး cd\ လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ
2.ပြီးရင် attrib -h -r -s autorun.inf ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ
ဒါဆိုရင်တော့ autorun.inf virus ကို delete လုပ်ပေးသွားပါလိမ့်မယ်
တကယ်လို့မရှိဘူးဆိုရင် File not found-  autorun.inf လို့ပြပါလိမ့်မယ်
ပြီးရင်တော့တခြားDrive တွေ အားလုံး ကိုတခုချင်းစီရိုက်ထည့်ပြီးစစ်ပေးလိုက်ပါ
ဥပမာ d: လို့ရိုက်ထည့်ပြီး D:\> လို့ပေါ်လာပြီဆိုရင်အပေါ်ကအဆင့်အတိုင်း attrib -h -r -s autorun.inf
ကိုရိုက်ထည့်ပြီးစစ်ပေးလိုက်ပါ ။ e: လို့ရိုက်ထည့်ရင် E:\> လို့ပေါ်လာပြီဆိုရင်အပေါ်ကအဆင့်အတိုင်း attrib -h -r -s autorun.inf
ကိုရိုက်ထည့်ပြီးစစ်ပေးလိုက်ပါ
မှတ်ချက်။ ။attrib နဲ့ -h -r -s  တွင် space ခြားပေးရပါမယ် -s နဲ့ autorun.inf ကိုလည်းspaceခြားပေးရပါမယ်
cd\ ဆိုရင် C:\>
d: ဆိုရင်  D:\>
e: ဆိုရင်  E:\>    ပြပါလိမ့်မယ်
မိမိတို့ကွန်ပျူတာမှာရှိတဲ့ Drive တွေအားလုံးကိုစစ်ပြီးပြီဆိုရင်တော့စက်ကို Restart ချပေးလိုက်ပါ
သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေ

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw