LATESTED NEWS

အမျိုးသမီးတို့၏ လက်နက်ငါးမျိုး


အမျိုးသမီးတို့သည် အမျိုးသားတို့၏ နှလုံးသားကို ညို့ယူဖမ်းစားလိုသော သဘောရှိ၏။ အမျိုးသားတို့၏ ချစ်ခင်နှစ်သက်မူ၊ စွဲလမ်းမြတ်နိုးမူတို့ကိုလည်း လိုလား၏။ ထို့ကြောင့် အမျိုးသားတို့၏ ချစ်ခင်နှစ်သက်မူ၊ စွဲလမ်းမြတ်နိုးမူတို့ကို အပိုင်ဖမ်းယူနိုင်စေရန် ၎င်းတို့၌ရှိသော လက်နက်ငါးမျိုးတို့ဖြင့် အသုံးပြုလေ့ရှိ၏။ ထိုငါးမျိုးတို့မှာ -


(၁) အဆင်းဟူသော ရူပါရုံ၊
(၂) အသံဟူသော သဒ္ဒာရုံ၊
(၃) အနံ့ဟူသော ဂန္ဓာရုံ၊
(၄) အရသာဟူသော ရသာရုံ၊
(၅) အတွေ့အထိဟူသော ဖောဋ္ဌဗ္ဗာရုံ တို့ ဖြစ်ပါသည်။

အမျိုးသားများလည်း ဤလက်နက် ငါးမျိုးကို အမျိုးသမီးများနည်းတူ ချစ်ခင်နှစ်သက်မူ၊ စွဲလမ်းမြတ်နိုးမူတို့ကို အပိုင်ဖမ်းယူနိုင်စေရန် အသုံးပြုလေ့ရှိ၏။

အရှင် ကောလိယ ရေးသားပြုစုတော့ " အမျိုးသမီးဘဝနှင့် ဗုဒ္ဓအမြင် " စာအုပ်မှ

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw