LATESTED NEWS

"သရုပ်ဆောင် ကြည့်လိုက်တဲ့ ရုပ်ရှင်"(မော်ဒန်)




အဆန်းတကျယ်.....အားကျဖွယ်ရာများ
လက်သီးထိုးခန်းဟာ....နောက်ခံတေးနဲ့
ဇာတ်လိုက်ဆိုတော့ ပစ်တိုင်းထိတယ်....
ဒုက္ခဟာ..............
စိတ်အာဟာရဖြည့် ရှုခင်းတကွက်...။
ဇာတ်သိမ်းခန်းဟာ
မြက်ခင်းစိမ်းနဲ့ ဂီတ နဲ့ 
ချစ်သူလေး နဲ့  ပန်းပွင့် နဲ့

ကျွန်တော် ရုံထဲက ထွက်လိုက်တော့
ချွေးစက်တွေ မှာ ...ဂီတမပါဘူး...
လမ်းလျှောက်တဲ့ အခါ....
နောက်ခံသီချင်းမပါဘူး....။
အလင်းရောင်ဟာ
စမ်းတ၀ါးဝါး.....
တခုခုကို အော်ခေါ်ချင်ရဲ့
သူ့ လက်ကို လှမ်းတွဲလိုက်တော့...
ပိတ်ကား ဟာ အဖြူထည် သက်သက်....
 ကာရံငယ်
http://yetayzakyaw528.blogspot.com
:

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw