LATESTED NEWS

Youtube ကသီချင်းတွေကိုအလွယ်ကူဆုံး MP3 အဖြစ်ပြောင်းမယ်

မင်္ဂလာပါဗျာ ဒီနေ့ရေးချင်တာလေးက Youtube ကကိုယ်နှစ်သက်တဲ့သီချင်းလေးကိုအလွယ်ကူဆုံး Mp3 အဖြစ်ပြောင်းပြီး
ယူတဲ့နည်းလေးပါ..တစ်ချို့က မိမိစက်ထဲမှာ Converter လေးဒေါင်းထားပြီးလိုသလိုစီမံတက်ကြပေမယ့် တစ်ချို့ကလည်း Converter ရှိသော်ငြားအသုံးပြုပုံကိုနားမလည်ခြင်းနှင့် တစ်ချို့ကတော့သီချင်းလိုချင်တာပဲရှိတယ်
ကျန်တာဘာမှနားမလည်ဘူးဆိုတာမျိုးလေးတွေလည်းရှိကြပါတယ်..အဲ့ဒီတော့ အခုကကျွန်တော်တို့ ကွန်ဗက်တာတွေ
ဘာတွေဘာမှမဒေါင်းပဲနဲ့ကို web ပေါ်မှာပဲကြုတ်ကျက်လိလှုပ်ရှားလိုက်ရအောင်...လွယ်ပါတယ်..
အရင်ဆုံး Youtube မှာကိုယ်ကြိုက်တဲ့သီချင်းကို mp3 ပြောင်းချင်ပြီဆိုပါစို့..အဲ့ဒီသီချင်းလင့်ကိုယူလိုက်ပါ
ပြီးလို့ရှိရင် ဒီ Webpage လေးကိုသွားပါမယ် http://www.vidtomp3.com/index.php
အဲ့ဒီကိုရောက်ရင် အောက်ကပုံလေးအတိုင်းခုနကကော်ပီလုပ်လာတဲ့ youtube လင့်လေးကိုချပေးလိုက်ပါ။
ုပြီးရင် Download ပေါ့။
Loading လုပ်နေတာလေးခနတော့စောင့်ပါ ၁၀၀%ပြည့်တဲ့အထိပေါ့။

ပြီးရင် ဒေါင်းလုပ်လင့်လေးပေးပါမယ် ပုံပါအတိုင်းလင့်တွေအများကြီးချပြပေးထားပါမယ် အရမ်းအရမ်းမကလစ်ပါနဲ့
Click here to get your Download Link ဆိုတဲ့လင့်ကိုပဲနှိပ်ပါ။
အိုကီ နောက်ဆုံးအဆင့် Download MP3 ဆိုတာလေးကိုနှိပ်လိုက်ရင် အလွယ်ကူဆုံး နဲ့အာရုံမနောက်ရဆုံး mp3 သီချင်းတစ်ပုဒ် ရယူလို့ပြီးပါပြီ..အဆင်ပြေပါစေညော်.

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw