LATESTED NEWS

NDROID ဖုန်းများကို PC SUITE ဆော့ဖ်ဝဲဖြင့် VERSION မြှင့်ခြင်း၊ APPS များ INSTALL လုပ်ခြင်း




 မကြာခဏ မေးမြန်းနေကြတဲ့ သူငယ်ချင်းများ၊ဖုန်းချစ်သူများအတွက် ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။ 
မိမိဖုန်းကို Version မြှင့်ချင်လို့ Firmwares တွေကိုဒေါင်းလုပ်ယူ၊အင်စတောလုပ်ကြနဲ့ တချို့(အနည်းငယ်)
သာ အဆင်ပြေကြပြီး တချို့ဖုန်းတွေ အဆင်မပြေတဲ့အပြင်ဖုန်းက ဖွင့်လိုက်ရင်ဘာမှကို ပေါ်မလာတော့
ပါ။
ဘာကြောင့် အဲလိုဖြစ်ရတာလဲဆိုတော့ မတန်တဆ လောဘတကြီး Version ကိုမြှင့်လိုက်တဲ့အတွက်ပါ။
ဖုန်းက Android Version 2.1 ကို Firmwares နဲ့ Version 4.0 ကိုတခါထဲမြှင့်လိုက်ရင် ဖုန်းထဲမှာရှိနေတဲ့
Chipset နဲ့ မူလ System တွေက ကမောက်ကမ ဖြစ်ပြီး အလုပ်မလုပ်တော့တဲ့ အတွက်ဖုန်းကိုဖွင့်လိုက်ရင်
Screen မှာဘာမှပေါ် မလာနိုင်တော့ပါ။ဖုန်းကလဲ အမှိုက်ပုံးထဲ သာ ထည့်လိုက်ရမှာဖြစ်ပါတယ်။ဒီနေရာမှာ
နားလည်လွယ်အောင် ဥပမာတခုနဲ့ပြောပါရစေ..။ဥပမာ..ပေါင်ချိန် ၅၀-သာထမ်းနိုင်တဲ့လူတယောက်ကို 
ပေါင် ၃၀၀ လောက်ထမ်းခိုင်းလိုက်ရင် မထမ်းနိုင်တဲ့အပြင် နေရာကတောင် ထနိုင်မှာ မဟုတ်ပါဘူး။အဲဒီ
သဘောတရားလေးအတိုင်းပါဘဲ။

ဒီတော့..ဖုန်းချစ်သူများ အဲလိုမဖြစ်ကြရအောင် PC Suites များကို သုံးပြီး Update လုပ်နိုင်တဲ့ Versions များနဲ့ တခြားလိုချင်တဲ့ ဆော့ဝဲများကို အင်စတောလုပ်ကြပါလို့အကြံပေးချင်ပါတယ်။
PC Suites တွေကို ဘယ်လိုသုံးမလဲ ဆိုရင်.....

(၁) မိမိဖုန်းမှာ Internet Connection ကို ဖွင့်ထားပါ။

(၂) Setting ကိုဝင်ပြီး USB Debugging ကိုအမှန်ခြစ်ပေးထားပါ။

(၃) USB Cable ကိုအသုံးပြုပြီး ဖုန်းကို Computer နဲ့ချိတ်ဆက်ပါ။

(၄) Computer မှာအင်စတောလုပ်ထားတဲ့ PC Suite ကအော်တိုတက်လာပြီး ဖုန်းကို PC နဲ့ Connect လုပ်
     ပေးပါလိမ့်မယ်။

(၅) PC Suite မှာမိမိဖုန်းရဲ့ အမျိုးအစားနဲ့ Version ပေါ်လာရင် မိမိဖုန်းအတွက် အခုဗားရှင်းထက်မြင့်တဲ့ဗားရှင်း
     Update လုပ်ဖို့ပြနေရင် အဲဒါကို အင်စတော အရင်လုပ်ပါ။(အနဲဆုံး နာရီဝက်မှတနာရီထိကြာနိုင်ပါတယ်။)

(၆) ပြီးရင် ဆော့ဝဲကဖုန်းကို Reboot လုပ်ပေးပါမယ်။
(၇) ဖုန်းပြန်ပွင့်လာရင်မိမိ ဖုန်းရဲ့ ဗားရှင်းကိုပြန်ကြည့်လိုက်ပါ။နဂို Version ထက်မြင်တဲ့ Version ကိုတွေ့ရမှာပါ။

     တလကို ၂-ကြိမ်ခန့် Update Version ရှိ၊မရှိ စစ်ကြည့်ပြီးတဖြေးဖြေးချင်း ဖုန်း Version ကိုမြှင့်ယူပါ။တခါထဲနဲ့ တော့ မြှင့်လို့မရပါ။နည်းစနစ်လဲ မကျပါ။ဖုန်း ပျက်ဖို့ကတော့သေချာပါတယ်။(ပိုက်ဆံအရမ်းပေါနေရင်တော့
     လုပ်နိုင်ပါတယ်)

(၈)ပြီးမှ ကိုယ်လိုချင်တဲ့ Apps များကိုတစ်ခုချင်း အင်စတောလုပ်ယူနိုင်ပါပြီ။

                      Android ဖုန်းများအတွက် PC Suites များ

           MOBOROBO       Download Link

           MOBOGENIE       Download Link 

          Huewai CDMA       Download Link

 Credit : David Aung

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw