ဘီယာဘူးခွံ(သို့) Code ဗူးခွံအလွတ်နှင့် Wifi Signal မြင့်အောင် လုပ်နည်း လေးတွေ့လို တင်ပေးလိုက်တာပါ...။
သိတဲ့သူများရှိရင်လည်း ဒီထက်ကောင်းတဲ့ အကြံ ဥာဏ်များပေးနိုင်ပါတယ်..မသိတဲ့သူများကလည်း လေ့လာစမ်းသပ်နိုင်ကြပါတယ်..
ကဲ စလိုက်ကြရအောင်နော်... လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့ အောက်က ပုံပါအတိုင်းပေါ့..
- ဘီယာဘူးခွံ သို့မဟုတ် Code ဘူးခွံအလွတ်တစ်လုံးကို ယူပြီး ရေစင်ကြယ်အောင်ဆေးပါ။
- ပြီးတာနဲ့ အခြောက်ခံပြီး အပေါက်ဝထိပ်ဆုံးက မောင်း တံလေး ကို ဖြုတ်ပစ်လိုက်ပါ။
- ပြီးတာနဲ့စာရွက်ဖြတ်တဲ့ ဓားကိုအသုံးပြုပြီး ဘူးခွံအောက်ခြေ ကို ပုံမှာပြထားတဲ့အတိုင်း ဘူးခွံရဲ့ အောက်ဆုံးပိုင်းကို အကုန်ဖြတ်ထုတ်ပစ်လိုက်ပါ
- အောက်ပုံကတော့ ဘူးခွံရဲ့ထိပ်ပိုင်းကို သုံးပုံ ပုံရင် နှစ်ပုံခန့်အ၀ိုက်လိုက်ဖြတ်တောက်တာ ကို ပြ ထားတာပါ..အနီလိုင်းတွေက တော့ဖြတ်တောက်ရမယ့် နေရာတွေဖြစ်ပြီး အဖြူလိုင်းကတော့ မဖြတ် ဘဲ ထားရမယ့်နေရာပါ
- အောက်ပါပုံကတော့ အနီလိုင်းပြထားတဲ့အတိုင်း အခွံသားတွေကို ဖြတ်ထုတ်ပစ်ရမယ့်အပိုင်းပါ
- ပြီးတာနဲ့ ဘေးအခွံသားတွေကိုသေချာဖြန့်ထုတ်ပစ်ပြီး ဘူးခွံရဲ့ထိပ်ဆုံး နှစ်နေရာကို အလွန်စေး ကပ်မှုမရှိတဲ့ ကော် .. ဒါမှမဟုတ် နှစ်ဖက်ကပ်ဖော့တိပ် ကပ်ပေးလိုက်ပါ..
- ပြီးတာနဲ့အောက်ပုံမှာပြထားတဲ့အတိုင်း Router ရဲ့ အင်တာနာတိုင်မှာ စွပ်ပေးလိုက်ရုံပါဘဲ.. သိသိ သာသာ Signal မြင့်လာတာတွေ့ရပါလိမ့်မယ်..မိမိ Signal ပိုရောက်လိုတဲ့နေရာ ကို ဘီယာ ဘူးခွံလေးအား လှည့်ပေးကြည့်လိုက်ပါဦး..လှည့်ဘေးတဲ့ဘက်ကို လိုင်းပိုရောက်လာပါလိမ့်မယ်။ ဥပမာပြောရရင် တီဗီအင်တာနာ .. စလောင်း တို့လိုမျိုးဥပမာပေါ့...ကဲ..စမ်းသပ်ရင်း နဲ့ပျော်ရွှင်နိုင် ကြပါစေခင်မျာ။
Post a Comment
သင်၏မှတ်ချက် ရေးပါ။.....