LATESTED NEWS

Gtalk နဲ့ Chatting ဝါသနာရှင်များအတွက် :P ...





ကျွန်တော် အင်တာနက်စသုံးတဲ့ အချိန်တုန်းက အားရင် တစ်နေကုန် Chatting ပဲ လုပ်နေတာပါ။ ပျော်ဖို့လည်း

ကောင်းပါတယ်။ ကောင်မလေးတွေနဲ့ ပြောရတာဆိုတော့လေ :P ။ အကောင့်ဆို ၂ ခုတောင် ဖွင့်ချက်တာလေ။

Chatting ကို အဲလောက် ဝါသနာပါတာ :)။ ခု ဒီ My Theme ဆော့ဝဲလ်လေးက Gtalk မှာ စကားပြောတဲ့အခါ

ပြုံးတာ၊ ရယ်တာ၊ ငိုတာ ၊ချစ်တာ ၊လွမ်းတာ၊ အိပ်ငိုက်တာ၊ နှုတ်ဆက်တာတွေကို ပုံလေးတွေနဲ့ ရိုက်လို့ရပါတယ်။



ပြီးတော့ Chat Box နောက်ခံကိုလည်း ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို ထည့်ပြီး ချက်လို့ ရပါတယ်။ သူငယ်ချင်းတို့လည်း

အဲလို ချက်ချင် တယ်ဆိုရင် My Theme ဆော့ဝဲလ်လေးကို အောက်မှာ အရင်ဆုံး ဒေါင်းယူလိုက်ပါ..။

Download: My Theme Software

ဆော့ဝဲလ်ကို ဒေါင်းပြီးတော့ Install လုပ်လိုက်ပါ။ ပြီးရင် Gtalk က Setting ကို နှိပ်ပြီး Appearance က Chat Theme မှာ

My Theme ကို ရွေးပြီး OK နှိပ်လိုက်ပါ။ အဲဒီဆိုရင် အရုပ်လေးတွေနဲ့ ချက်လို့ ရပါပြီနော်..



 Chat Box နောက်ခံ ပြောင်းမယ်ဆိုရင်တော့ Computer ကို ဖွင့်ပြီးတော့ 32Bit ဆိုရင် Program Files ထဲက DaSh ၊

64 Bit ဆိုရင် Program Files (x86) ထဲက DaSh ဆိုတဲ့ Folder လေးကို ဖွင့်ပါ။



 ChangeBackground ဆိုတာလေးကို နှိပ်ပြီးတော့ SampleImage ထဲက ကိုယ်ကြိုက်တဲ့ ပုံကို ပြောင်းသုံးနိုင်ပါတယ်။

ပုံအမျိုးမျိုးပေါ်အောင် ရိုက်နည်းတွေက Help ဆိုတဲ့ PDF ဖိုင်ထဲမှာ အပြည့်အစုံ ရေးပေးထားပါတယ်နော်..


ကိုယ့်ချစ်သူပုံလေးတွေ၊ ကိုယ်ကြိုက်တဲ့ ပုံလေးတွေ သုံးမယ်ဆိုရင် height: 250px;width: 350px; ဆိုဒ်နဲ့ ဖိုတိုရှော့

သုံးပြီးတော့ ဖြစ်ဖြစ် လုပ်ပါ။ ပြီးရင် အဲဒီ SampleImage  Folder ထဲကို ထည့်လိုက်ပါ။ အဲဒါဆိုရင်တော့ ခုလို..







ဒီ Chat Box နောက်ခံပုံလေးက မလွမ်းဧကရီ လုပ်ပေးထားတာပါ။ လိုချင်တယ်ဆိုရင် အောက်မှာ ယူနိုင်ပါတယ်..



Gtalk မှာ ချစ်သူနဲ့ ပျော်ရွှင်စွာ Chatting လုပ်နိုင်သလို ၊ မိတ်ဆွေကောင်းတွေနဲ့လည်း စကားပြောနိုင်ပါတယ်။

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw