LATESTED NEWS

Run မှာ gpedit.msc လို့ရိုက်ထည့်တာ Group Policy Editor ပွင့်မလာဘူးဆိုရင်

Run Box မှာ gpedit.msc လို့ရိုက်လိုက်တာဟာ Group Policy Editor ကို
ခေါ်လိုက်တာပါ ..

ဒါပေမယ့် တချို့ဝင်းဒိုးတွေမှာ Group Policy ဟာ ပါမလာတာမျိုးတွေ ရှိတဲ့အခါ
gpedit.msc လို့ Run မှာ ရိုထည့်လိုက်ပေမယ် .. Group Policy Editor ပွင့်မလာတော့ပါဘူး ..

များသေားအားဖြင့် ဒီပြဿနာဟာ Windows 7 ရဲ့  Edition အချို့မှာ ( အဖြစ်အများဆုံးကတော့ Home Premium မှာ ) ကြုံရလေ့ရှိပါတယ် ..


ဒါပေမယ့် တစ်ခါတစ်ခါ Windows 8 မှာတွေတောင် ကြုံရတတ်ပါသေးတယ် ..
တကယ်တော့ Group Policy Editor ဆိုတာ ၀င်းဒိုးထဲမှာ မဖြစ်မနေ ရထားသင့်တဲ့ Management အစိပ်အပိုင်းတစ်ခုဖြစ်ပါတယ် ..
ကဲ .. ဒီပို့စ်မှာတော့ Group Policy Editor မပွင့်တဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် ဆော့ဝဲတစ်ခုကို မျှဝေပေးပါ့မယ် ..
လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ် ..





ဒေါင်းပြီးရင်တော့ ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပြီး အထဲက setup ဖိုင်လေးကို run လိုက်ပါ ..
Install လုပ်ပုံအဆင့်ဆင့်အတိုင်းသွားပြီး .. အားလုံးပြီးသွားတဲ့အဆင့်ရောက်တဲ့အခါမှာ
Finish နှိပ်လိုက်ပါ ..

ပြီးရင် စက်ကို Restart ချလိုက်ပါ ..

ဝင်းဒိုးပြန်တက်လာတဲ့အခါမှာ Run Box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ
Group Policy Editor ပွင့်လာတယ်ဆိုရင် အဆင်ပြေသွားပါပြီ

အဲ .. အဲဒီမှပွင့်မလာသေးဘူးဆိုရင် ( ဖြစ်ခဲပါတယ် .. များသောအားဖြင့် 64bit ၀င်းဒိုးတွေမှာ ကြုံတတ်လို့  32bit အတွက်ရော 64bit အတွက် တစ်ခါတည်း ပြောပြထားလိုက်ပါ့မယ် )

နည်းနည်းလေး ၀င်းဒိုးပိုင်းဆိုင်ရာ Pro အဆင့် ပြင်ဆင်ရမှာမို့ သေသေချာချာဖတ်ပြီးမှ လုပ်ပါလို့ တိုက်တွန်းပါရစေဗျာ


64bit သမားတွေက C >> Windows >> SysWOW64  ဆိုတဲ့ဖိုဒါကိုဖွင့်ပြီး အထဲမှာရှိတဲ့ GroupPolicy
ဖိုဒါရယ် GroupPolicyUsers ဖိုဒါရယ် gpedit.msc ဆိုတဲ့ဖိုင်ရယ်ကို ကော်ပီကူးပြီး
C:\Windows\System32 ဆိုတဲ့ဖိုဒါထဲမှာ Paste သွားလုပ်လိုက်ပါ ( ဒီအဆင့်က 32bit သမားတွေအတွက်လုပ်စရာ မလိုပါဘူး)

ဒီအထိအဆင်ပြေသွားရင် ပြီးသွားပါပြီ ..

တစ်ကယ်လို့ အဲဒီလို ကော်ပီကူထည့်လိုက်တဲ့နေရာမှာ အဆင်မပြေပဲ "MMC could not create the snap-in " ဆိုတဲ့ Error Message တက်လာတယ်ဆိုရင် နောက်တစ်ဆင့်လုပ်ရပါဦးမယ် .. ( 32bit သမားတွေက ဆော့ဝဲကို Run လိုပြီး အဆင်မပြေခဲ့ရင် ဒီအောက်ကအဆင့်တွေအတိုင်းပြန်လုပ်ပေးရမှာပါ)

အဲဒီလို အဆင်မပြေဖြစ်လာခဲ့တယ်ဆိုရင် ..  အဲဒီ ဆော့ဝဲကို Uninstall လုပ်ပြီး Install ပြန်လုပ်ပေးလိုက်ပါ
အားလုံးပြီးသွားတဲ့အဆင့်ရောက်တဲ့အခါ

Finish ကို လုံးဝမနှိပ်ပါနဲ့ဦး

C:\Windows\Temp\gpedit ဆိုတဲ့ဖိုင်ဒါကို ဖွင့်လိုက်ပါ



ပွင့်လာတဲ့ထဲက 32bit သမားဆိုရင် x86.bat ဆိုတဲ့ဖိုင် 64bit သမားဆိုရင် x64.bat ဆိုတဲ့ဖိုင်ပေါ်မှာ Right Click နှိပ်ပါ ..



ပွင့်လာတဲ့ထဲမှာ Edit တွေ့ရင် Edit ဒါမှမဟုတ် Open with ဆိုပြီး Notepad ကိုရွေးပြီးဖွင့်လိုက်ပါ

ပွင့်လာတဲ့ကုဒ်လိုင်းတွေထဲမှာ %username%:f ဆိုတဲ့ကုဒ်လိုင်းတွေကို

"%username%":f   ဆိုပြီးပြောင်းပေးလိုက်ပါ ( မျက်တောင် အဖွင့်အပိတ်လေးတွေထည့်လိုက်တာပါ )

ဥပမာဗျာ ..  %WinDir%\SysWOW64\gpedit.dll /grant:r %username%:f  ဒါက မပြောင်းခင်ကုဒ်
%WinDir%\SysWOW64\gpedit.dll /grant:r "%username%":f  ဒါကပြောင်းပြီးသားကုဒ်

အဲဒီလို တွေ့သမျှ %username%:f တွေကို "%username%":f ဖြစ်အောင်ပြောင်းပြီးသွားပြီဆိုရင်တော့
အဲဒီဖိုင်ကို ပိတ်လိုက်ပါ .. Save မှာလားမေးလာတဲ့အခါ Yes ကိုနှိပ်ပေးလိုက်ပါ

ပြီးရင် အဲဒီဖိုင်ပေါ်မှာ Right Click နှိပ်ပြီး run as administrator ဆိုပြီး Run ပေးလိုက်ပါ
ဒါဆိုရင်တော့ အဆင်ပြေသွားမှာဖြစ်ပါတယ် ..

ကဲ .. ဆော့ဝဲကို Run လိုရုံနဲ့ အဆင်ပြေနိုင်ပါစေဗျာ

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw