LATESTED NEWS

Portable ဆော့ဝဲလုပ်နည်း

ဒီနေ့တော့ ... တော်တော်များများ မေးမေးနေတဲ့
နည်းပညာလေးတစ်ခုကို မျှဝေပေးပါမယ် ..
ကိုယ့်အတွက်အသုံးဝင်တဲ့ ဆော့ဝဲလေးတွေကို
Portable အဖြစ်ဖန်တီးတဲ့နည်းလေးပါ ..
ဒီနည်းလေးကို အကြမ်းရေးထားတာ ကြာပါပြီ
အသုံးပြုရမယ့် ဆော့ဝဲကို တင်နေရတာက Public လုပ်ဖို့
အချိန် ကြန့်ကြာသွားတာပါ ..


Dear visitor,
This tutorial is written on about creating a portable application using VMware Thinapp.
If you don't understand Burmese, watch the tutorial video at the end of this post.

You can download the program used in this post HERE.

If the link above doesn't work, THIS is another link.

ကဲ ... အရင်ဆုံး Portable ဆော့ဝဲအကြောင်း နည်းနည်းလောက် ရှာရှည်ပါရစေ
Portable ဆော့ဝဲဆိုတာကတော့ ကွန်ပျူတာထဲမှာ Install လုပ်စရာမလိုပဲ အသင့်ဖွင့်သုံးနိုင်တဲ့
ဆော့ဝဲအမျိုးအစားပဲ ဖြစ်ပါတယ် ...
ခရီးသွားလာနေရတဲ့သူတွေအဖို့ ကိုယ့်အတွက် အသုံးဝင်တဲ့ ဆော့ဝဲလေးတွေကို
Portable အဖြစ် ဖန်တီးပြီး USB လို Flash Drive လေးနဲ့ ထည့်ထားပြီး .. တခြားကွန်ပျူတာမှာ
ကိုယ်သုံးနေကျဆော့ဝဲတွေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်နေကျ လုပ်ငန်းတွေကို အလွယ်တကူလုပ်နိုင်မယ့်
ဆော့ဝဲအမျိုးအစားပဲ ဖြစ်ပါတယ် ...
ကဲ ... စကြစို့ ...


အရင်ဆုံး ဒီနည်းလမ်းမှာ သုံးထားတဲ့ VMware Thinapp ဆိုတဲ့ ဆော့ဝဲကို ဒီမှာ ဒေါင်းယူပါ

အပေါ်လင့်က အလုပ်မလုပ်တော့ရင် Sharebeast မှာ ဒီလင့် နဲ့ တင်ပေးထားပါတယ်

ကဲ .. ဆော့ဝဲလေးကို Install လုပ်လိုက်ပါ .. Full Version ဖြစ်ဖို့ Keygen ထည့်ပေးထားပါတယ် ..
အရင်ဆုံး Portable လုပ်ချင်တဲ့ ဆော့ဝဲဟာ ကိုယ့်စက်ထဲမှာ Install လုပ်ထားပြီးသား ဖြစ်နေတယ်ဆိုရင်
Uninstall ပြန်လုပ်ထားရပါမယ် ...
ဘာကြောင့်လဲဆိုတော့ Portable လုပ်မယ့် ဆော့ဝဲကို ကိုယ့်ရဲ့ စက်ထဲကို Install လုပ်ပြီးမှ ပြောင်းလဲသွားတဲ့
အခြေအနေတွေကို VMware Thinapp က ကူးယူမှတ်သားပြီး Portable အဖြစ် ပြန်ဖန်တီးမှာမို့ပါ ..
ကဲ .. ကျွန်တော်က Acebyte Utilities ဆိုတဲ့ ဆော့ဝဲကို Portable လုပ်ပြပါမယ် ..
ဒီလိုလုပ်ဖို့အတွက် ကျွန်တော့်စက်ထဲမှာ ရှိထားပြီးသားဖြစ်တဲ့ Acebyte Utilities ဆော့ဝဲကို ပြန်ဖြုတ်ထားပြီးပါပြီ
အရင်ဆုံး .. VMware Thinapp ကို ဖွင့်လိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Next ကိုနှိပ်လိုက်တဲ့အခါ . .အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Prescan ကိုနှိပ်လိုက်တဲ့အခါ ... စက်ထဲမှာရှိနေတဲ့ အခြေအနေအရပ်ရပ်ကို
အရင်ဆုံး မှတ်သားနေပါလိမ့်မယ် ..
အားလုံးမှတ်သားပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်းပွင့်လာပါမယ် ..



အဲဒီအဆင့်မှာ ဘာမှဆက်မလုပ်ပဲ .. Minize ကိုနှိပ်ပြီး အောက်မှာ ခဏချထားရပါမယ် ..
ပြီးရင်တော့ ... ကိုယ် Portable လုပ်ချင်တဲ့ ဆော့ဝဲကို Install လုပ်ပေးပါ ..
သူမာန် Install လုပ်သလိုပါပဲ .. Key ထည့်ရမယ့်အဆင့်တွေ .. Activator နဲ့ Run ပေးရမယ့်အဆင့်တွေကို အားလုံးလုပ်ပေးပါ ..
တချို့သော ဆော့ဝဲတွေကတော့ Install လုပ်ပြီးတဲ့အခါ Activate လုပ်ပြီးတဲ့အခါ Restart လုပ်ခိုင်းတတ်ပါတယ်
အဲဒီလို Restart လုပ်ခိုင်းရင်လည်း စိတ်ပူစရာမလိုပါဘူး .. Restart လုပ်ပြီးလို့ ၀င်းဒိုးပြန်တက်လာတဲ့အခါ
VMware Thinapp က ဆက်လက်ပြီး မှတ်တမ်းတင်ပေးနေမှာမို့ .. Restart ချပေးလိုက်လည်း လုပ်ငန်းစဉ်မပျက်ပါဘူး ..
ကဲ .. Portable လုပ်ချင်တဲ့ဆော့ဝဲကို စက်ထဲမှာ Install လုပ်ပြီးပြီ Activate လည်း လုပ်ပြီးပြီဆိုရင်တော့
Minize လုပ်ထားတဲ့ VMware Thinapp ကို ပြန်ပြီး Maxize လုပ်လိုက်ပါ



အဲဒီထဲက Postscan ကို နှိပ်ပေးလိုက်ရင် Install လုပ်ပြီးတဲ့အချိန်မှာ ပြောင်းလည်းသွားတဲ့ အခြေအနေအရပ်ရပ်ကို ထပ်ပြီး မှတ်သားပြန်ပါဦးမယ် ..
ပြီးရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲမှာ ကိုယ် Portable လုပ်ချင်တဲ့ ဆော့ဝဲရဲ့ နံမည်ပါတဲ့ exe ဖိုင်တစ်ခုတည်းကိုပဲ အမှန်ခြစ်ထားပေးရပါမယ် ..
( ကျွန်တော်က Acebyte Utilities ကို လုပ်တာမို့ Acebyte Utilities.exe ဆိုတဲ့ဖိုင်တစ်ခုကိုပဲ အမှတ်တပ်ပေးပြီး ကျန်တာတွေကို အမှန်ခြစ်ဖြုတ်ပစ်လိုက်ပါတယ် )
ကျန်တဲ့အဆင့်တွေကိုတော့ ပုံထဲမှာပြထားတဲ့အတိုင်း အမှတ်လေးတွေကို မှန်အောင်တပ်ပေးပြီး Next ... Next .... Save .. နဲ့ သွားပြီး
Build ဆိုတာကို နှိပ်တဲ့အဆင့်အထိ သွားလိုက်ပါ






Build လုပ်တာ ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲက Open .... ဆိုတဲ့ စာကြောင့်းရှေ့မှာ အမှတ်တပ်ပြီး Finish ကို နှိပ်လိုက်တာနဲ့ .. Portable အဖြစ်နဲ့ ဖန်တီးပြီးသား ဖြစ်နေတဲ့ ဆော့ဝဲလေး ပွင့်လာပါလိမ့်မယ် ..
အဲဒါလေးကတော့ ကိုယ့်ရဲ့ USB ထဲမှာ ကူးယူထားပြီး .. ကိုယ်ကြိုက်တဲ့ စက်မှာ Install လုပ်စရာမလိုပဲ အသုံးပြုနိုင်ပြီဖြစ်တဲ့အပြင် .. ကိုယ့်သူငယ်ချင်းတွေပါ မျှဝေပေးဖို့ အသင့်ဖြစ်နေတဲ့
Portable ဆော့ဝဲလေးပဲဖြစ်ပါတယ် ..
(တကယ်လို့ .. Open ..... ဆိုတဲ့စာကြောင်းရဲ့ရှေ့မှာ မေ့ပြီးအမှတ်မတပ်လိုက်မိရင် Finish ကိုနှိပ်လိုက်ပေမယ့် Portable ဆော့ဝဲဟာ
တက်လာမှာမဟုတ်ပါဘူး ... အဲဒီမျိုးဖြစ်သွားရင်တော့ .. C >> Program files >> VMware >> Vmware Thin >> Captures >> ကိုယ် Install လုပ်လိုက်တဲ့ဆော့ဝဲရဲ့နံမည် >> bin ဆိုတဲ့
ထဲမှာ သွားယူရမှာ ဖြစ်ပါတယ် ..)
ကျွန်တော်လုပ်ပြထားတဲ့အတိုင်း အမှတ်တွေတပ်တာ ဖြုတ်တာတွေကို အတိအကျမလုပ်မိရင် Portable ဆော့ဝဲအဖြစ် ရနိုင်ဖို့ မလွယ်တော့ဘူး ဆိုတာကိုလည်း အသိပေးထားပါရစေ

မျှဝေရန် :

2 comments :

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw