LATESTED NEWS

Facebook မှာ ပုံတင်ရတာခက်နေလား [Facebook's Upload Email Address]



(ကွန်မကောင်းလို့ ဘာလို့) Facebook မှာ ပုံတင်ရ ခက်နေတဲ့ ညီ၊ ညီမများအတွက် ရည်ရွယ်ပါတယ်။

Facebook မှာ ပုံ၊ ဗွိဒီယို ဖိုင်တွေ တင်တဲ့ နည်း (၂) နည်း ရှိပါတယ်။

၁) ရိုးရိုးတန်းတန်း သူ့ ဝက်ပေ့ကနေ ကိုယ် FB အကောင့်ကို ဝင်ပြီး တင်တဲ့ နည်းရယ်

၂) ကိုယ့်ရဲ့ FB က ပုံတင်ဘို့ ပေးတဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာကို မေးလွှတ်ခြင်းအားဖြင့် တင်တဲ့ နည်းရယ်

ဆိုပြီး (၂) နည်း ၇ှိပါတယ်။



ခု ပြောပြမှာက ဒုတိယ နည်းပါ။ (ဆရာ လုပ်တယ် မထင်ပါနဲ့ ကြိုတောင်းပန်ထားပါ့မယ်။
ညီလေး တစ်ယောက် မေးလာတာနဲ့ တိုက်ဆိုင်တုန်း ပြောပြချင်လို့ပါ။)

Gmail ကနေ မေးအသစ်ဆောက်ပြီး တင်ချင်တဲ့ ပုံ၊ ဗွီဒီယိုကို အတက်တွဲပါ။
ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ကို To မှာ ရေးဖြည့်ပါ။
ကိုယ် ဖြစ်စေချင်တဲ့ Album ခေါင်းစဉ် ကို Subject မှာ ရေးဖြည့်ပါ။
ပြီးရင် Send လုပ်ပါ။ ခဏနေရင် FB က ကိုယ့်အကောင့်ထဲ ပို့လိုက်တာတွေ ရောက်သွားပါလိမ့်မယ်။ :)

ဒါလေးပါပဲ...။ :)

အောက်မှာ တွဲထားတဲ့ ပုံလေးတွေက ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ မရှာရသေးတဲ့ ၊ မသိသေးတဲ့ ညီ၊ ညီမများ အတွက်ပါ။ ကူရှာပေးလိုက်ပါတယ်။ ပုံကိုသာ လေ့လာကြည့်ပါ။

၁) FB က ကိုယ့် စာမျက်နှာမှာ ပုံတင်မယ်။ Photo ကို နှိပ်လိုက်ပါတယ်။ ပုံတင်ဘို့ အကွက်လည်း ပေါ်လာကော.. upload via email ကို ရွေးလိုက်ပါတယ်။
a.gif

၂) ဒါဆို အောက်က အဝါရောင် စာသားနေရာမှာ ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ပေါ်လာပါမယ်။  သုံးလို့ ရပြီပေါ့။
အကယ်၍ ခဏစောင့်လို့မှ ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ပေါ်မလာသေးရင် "Send the upload email for my page to me now." ကို နှိပ်လိုက်ပါ။ ကိုယ့် Gmail အကောင့်ကို မှန်၊ မမှန် မေးပြီးတာနဲ့ မေးလွှတ်လိုက်ပါလိမ့်မယ်။ ခဏနေ ကိုယ့် ဂျီမေးကို ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ လာပေးပါလိမ့်မယ်။
b.gif
ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ ဟာ ကိုယ့်ရဲ့ တကယ့် လျှို့ဝှက် အီးမေးလ် အနေနဲ့ သာ သုံးသင့်ပါတယ်။ သူများ ပေးအသိခံရင် သူများက ကိုယ့် FB ကို မဟုတ်တာပို့ရင် ခံရပါလိမ့်မယ်။ ဂရုတစိုက် သုံးပါ။ ကိုယ့်ရဲ့ လျှို့ဝှက် အီးမေးလ် လိပ်စာ သူများ သိသွားပြီ သံသယရှိပါက "Okay" ခလုတ်နားက ""refresh your upload email" ကို နှိပ်ပြီး လိပ်စာအသစ်ပြန်လဲ ပစ်သင့်ပါကြောင်း.....။

အဆင်ပြေကြပါစေခင်ဗျား....

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw