LATESTED NEWS
ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ အတွက်ပါ
ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ အတွက်ပါ
သင့်အကောင့် ban ခံရလို့ စိတ်ညစ်နေပါသလား !!!!
မိမိ Block ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Deleteလုပ်နည်း
အီမေးလ်အကောင့်တခုမှ တခုသို့ ရွေ့ပြောင်းခြင်း
G talk ဘာသာပြန်အကောင့်လေးတွေ
Gmail မှ GSM သို့ မေးပိုခြင်း
Gtalk ကို ၀ဘ်ဆိုက်ပေါ်ကနေ ဘယ်လို chat မလဲ
Gmail ကို (attach မဟုတ်ပဲ) ပုံနှင့်တကွ ပို့ခြင်း။
ဂျီမေး
ဂျီမေး(gmail) ဆိုတာ google ကနေ ၀န်ဆောင်မှုပေးထားတဲ. စာပို့ဆောင်ရေးစနစ် တစ်ခု ဖြစ်ပါတယ်။ဂျီမေးကို အေပရယ်လ ၁ရက်နေ. ၂၀၀၄ ခုနှစ်က ဖိတ်ကြားခြင်း(invitation) တစ်ခု အတွက်သာ စတင်လုပ်ဆောင်ခဲ.ပြီး၂၀၀၇ခုနှစ်ဖေဖေါ်ဝါရီလ မှာ အများပြည်သူ အထွေထွေသုံး ဖို.ဖြစ်လာခဲ.ပါတယ်။၂၀၁၀ ခုနှစ်မှာ တစ်လကို ဂျီမေးကို သုံးစွဲသူပေါင်း ၁၉၃.၃ သန်း ရှိတယ်လို.ဆိုပါတယ်။
သိမ်းဆည်းထားနိုင်မှု
ဂျီမေး လက်ရှိ သိမ်းဆည်းထားနိုင်မှု (7GB) ကိုဝန်ဆောင်မှုအနေနဲ. အလကား ပေးထားပါတယ်။အသုံးပြုသူများအနေနဲ.
သိမ်းဆည်းမှု ထပ်မံတိုးမြင်.ရန် ဌားရမ်းခ အနေနဲ. (20GB) တစ်နှစ်စာအတွက် အမေရိကန် ၅ ဒေါ်လာ ၊16 TBတစ်နှစ်စာ အတွက် အမေရိကန် ဒေါ်လာ ၄၀၉၆ ပေးဆောင်ရမှာဖြစ်ပါတယ်။
အေပရယ်လ ၁ ရက်နေ.  ဂျီမေး နှစ်ပတ်လည် နေ့မှာ  ဂျီမေး ရဲ. စီမံခန်.ခွဲမှု မန်နေဂျာ  Georges Harik က (1GB)ထပ်မံတိုးမြှင်.ပေးရန် ကြေငြာခဲ.ပြီးဂျီမေးကနေ အသုံးပြု သူ များအတွက် သိမ်းဆည်းထားနို်င်မှုများ ထပ်မံ လုပ်ဆောင်ပေးသွားမယ် လို. ပြောကြားသွားခဲ.ပါတယ်။
ဂျီမေး၏ ၀န်ဆောင်မှုများ
gmail labs ကိုအသုံးပြုပြီးတော.ဂျီမေး၏ ၀န်ဆောင်မှုများကို ၅ရက် ဇန်န၀ါရီလ ၂၀၀၈ ခုနှစ် မှာ စတင်ခဲ.ပြီး အသုံးပြုသူတွေ အနေနဲ့ စာမျက်နှာများကို မှတ်သားခြင်း ၊ကီးဘုတ် shortcut များအသုံးပြုနိုင်ခြင်း နှင်. ဂိမ်းကစား နိုင်ခြင်းများ ကိုပြုလုပ်နိုင်ပါတယ်။
အသုံးပြုသူတွေ အနေနဲ. gmail labs ကိုဖွင်.ထားနိုင်သလို ပိတ်ထားလို.လည်းရပါတယ်။
၂၀၀၈ ဒီဇင်ဘာမှာ sms message တွေကို ထပ်ပေးခဲ.ပြီး ၂၈ ရက်နေ. ၂၀၀၉ မှာ offline ဖြစ်သော်လည်း စာများလက်ခံနီူင်ခြင်းကို ထပ်မံလုပ်ဆောင်ပေးခဲ.ပါတယ်။
သမိုင်းကြောင်း
ဂျီမေး ကို  Paul Buchheit  ကဖန်တီးခဲ.ပြီး နောက်ပိုင်းမှ အများသုံးအဖြစ်ကြေငြာနိုင်ခဲ.ပါတယ်။ အစပိုင်းမှာ google မှ ၀န်ထမ်းများ ကုမ္ပဏီအတွင်းသာ အသုံးပြုခဲ.ပြီး အေပရယ်လ ၁ရက်နေ. ၂၀၀၄ မှာမှ အများပြည်သူသုံးအဖြစ်ကြေငြာနိုင်ခဲ.ပါတယ်။အောက်တိုဘာလ ၂၄ ရက်နေ.မှာ IMAP ကို ၀ိုင်းဝန်းကူညီမှုအနေနဲ. ထပ်ပေါင်း အသုံးပြုခဲ.တယ်လို.ဆိုပါတယ်။
ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ အတွက်ပါ
အခုတလော ဂျီမေး အကောင့် disabled ဖြစ်သွားသူတွေ ခဏခဏ ကြုံနေရပါတယ်။
ပြဿနာ ကြုံသူအများစုဟာ ဆော်ဒီ ပရောက်ဆီ နှင့် ကျော်ခွ ထွက်လေ့ရှိသူများ
ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဂျီမေးအကောင့် disabled ဖြစ်သွားပါက ဂူးဂဲလ်မှ
မိမိ၏ မိုဘိုင်းဖုန်းနံပတ်ကို တောင်းပါမယ်။ အကောင့်ကို reactivate
လုပ်ရန်အတွက် ဂူးဂဲလ်မှ ထို ဖုန်းနံပတ်သို့ text message သော်လည်းကောင်း၊
voice message သော်လည်းကောင်း ပို့မှာ ဖြစ်ပါတယ်။
သို့သော် ကျနော်တို့ မြန်မာပြည်မှ မိုဘိုင်း နံပတ်များကို မပို့ပေးပါဘူး။
ဒါကြောင့် မိမိ၏ အကောင့် disabled ဖြစ်ပါက Contact Support ( http://www.google.com/support/accounts/bin/answer.py?answer=40695&a...
) မှ နေ၍ reactivation request လုပ်ခြင်းသာ တစ်ခုတည်းသော နည်းလမ်း
ဖြစ်ပါတယ်။ ဖော်ပြပါ လင့်ကို disabled ဖြစ်နေသော အကောင့်သို့ ဝင်လိုက်ပါက
တွေ့ရှိနိုင်ပါတယ်။
မည်သည့်နည်းလမ်းဖြင့် re-activate လုပ်သည် ဖြစ်စေ အကောင့် recover ဖြစ်ရန် ရာခိုင်နှုန်းကတော့ 50-50 ပါပဲ။
ဒါ့ကြောင့် ဆော်ဒီ ပရောက်ဆီ ဖြင့် မိမိ၏ ဂျီမေးအကောင့်ကို ဝင်ရောက်ဖြင်းအား တတ်နိုင်သမျှ ရှောင်ရှားကြပါလို့ သတိပေးလိုပါတယ်။
အောက်ကတော့ မသိသေးသူများ အတွက် အကြံပေးခြင်း ဖြစ်ပါတယ်။ အင်တာနက် အိပ်စ်ပလိုရာ နှစ်ခု သုံးနည်း ဖြစ်ပါတယ်။
မော်ဇီလာဖြင့် ဂျီမေး လုံးဝ မသုံးပါနဲ့။ ဂူဂဲ အကောင့်သုံးရမည့်
နေရာမှန်သမျှ မသုံးပါနဲ့။ ဥပမာ။ ဂူးဂဲ search တောင် မိမိ၏ အကောင့်နဲ့
မလုပ်ပါနဲ့။
အင်တာနက်သို့ ၂။) တရားဝင် ပရောက်ဆီဖြင့် Google Chrome ကို သုံးပါ။ ၎င်းဖြင့် ဂျီမေးသုံးပါ။ ဂူဂဲ အကောင့်သုံးရမည့် နေရာမှန်သမျှ သုံးပါ။
အားလုံး အကောင့်ပိတ်ခံရခြင်းမှ ကြိုတင် ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ...
 Monster**
 http://monstertroubleshooter.blogspot.com/
မျှဝေရန် :
Post a Comment
သင်​၏မှတ်​ချက်​ ​ရေးပါ။.....
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw