LATESTED NEWS

ငါ့ဖုန်းထဲကဆော့ဝဲတွေကို ဘယ်သူမှ မကြည့်ရဘူး

Android ထဲမှာရှိတဲ့ Application တွေကို တခြားသူတွေမမြင်အောင် ၀ှက်ထားပေးမယ် APK လေးပါ
ကျွန်တော်က ဖုန်းနဲ့ပတ်သက်ရင် ဘာမှမသိသလောက်နီးပါး ဝေးပါတယ်
ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ဘလော့မှာ ဖုန်းအကြောင်းသိပ်မတင်ဖြစ်တာပါ
ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်တင်လိုက်တဲ့ပို့စ်အတွက် ကိုယ်ပေးလိုက်တဲ့
ဆော့ဝဲတစ်ခုအတွက် အပြည့်အ၀ တာဝန်ယူပေးချင်တဲ့စိတ်ကြောင့် ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာမျိုးဆိုရင် တင်ဖို့စိတ်ကူး မရှိပါဘူး ..
အခုတင်ပေးတဲ့ APK လေးကတော့ ကျွန်တော်ကိုယ်တိုင်လည်း စမ်းပြီးသုံးကြည့်ထားတာမို့
တင်ပေးလိုက်တာပါ ..


ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းလိုက်ပါ


ဒေါင်းပြီးသွားရင် ရလာတဲ့ဖိုင်ထဲက Launcher pro ဆိုတဲ့ apk ဖိုင်လေးကို Android ဖုန်းထဲထည့်ပြီး
Install လုပ်လိုက်ပါ ..
Install လုပ်ပြီးသွားပြီဆိုရင် Home Screen ကို ခဏလောက်
ဖိထားလိုက်ပါ။ Widget ပေါ်လာပြီဆိုရင် အောက်နားလေး Default ဆိုတဲ့စာတမ်းလေးရဲ့ရှေ့မှာ
check mark လေးဖြစ်အောင် နှိပ်ပေးလိုက်ပြီး Launcher Pro ဆိုတာလေးကိုရွေးပေးလိုက်ပါ။
ဒီနောက်မှာတော့ Launcher Pro က Run သွားပါလိမ့်မယ် ..
Launcher Pro ရဲ့ Home Screen ရဲ့ Menu မှာ Preferences ကိုရွေးလိုက်ပါ။
Preferences ထဲကမှ General Settings ကိုနှိပ်ပါ။
ပြီးရင် Hidden Apps ဆို တာလေးကိုထပ်နှိပ်လိုက်ပါ။
အဲဒီအခါ Android ထဲမှာသွင်းထားသမျှ Apps တွေကိုဖော်ပြပေးပါလိမ့်မယ်။
အဲဒီ application တွေက ၀ှက်ထားချင်တဲ့ Application တွေကိုရွေးပြီး
Save ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။
Save ကိုနှိပ်ပြီးတာနဲ့  Launcher က Restart ချသွားပါလိမ့်မယ်။
အဲဒါလေးပြီးရင်တော့ ကိုယ်မှတ်ထားလိုက်တဲ့ Apps လေးဟာ
ဖုန်းရဲ့ Screen မှာပေါ်မှာမမြင်ရတော့ပါဘူး...
နောက်ထပ် app တွေကို ၀ှက်ချင်တာပဲဖြစ်ဖြစ် ပြန်ဖော်ချင်တာပဲဖြစ်ဖြစ်
အပေါ်ကအဆင့်တွေအတိုင်းသွားပြီး အမှတ်တပ်တာ ဖြုတ်တာတွေလုပ်ပေးပြီး
Save ကိုနှိပ်ပေးလိုက်ရုံပါပဲ ..

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw