LATESTED NEWS

Html ကုဒ်အကြောင်း ( How to put Image in HTML Document)



သင့်ဝက်ဆိုက်ရဲ့ စာမျက်နှာတွေထဲကို ဓာတ်ပုံတွေထည့်လို့ရပါတယ်၊ သင့်ဝက်ဆိုက်မှာပေါ်လိုတဲ့ ဓာတ်ပုံမှန်သမျှကို HTML Tag နဲ့ Attribute ကို အသုံးပြုပြီးထည့်ရပါမယ်၊ သုံးမယ့် Tag ကတော့ <img> ပါ၊ သူ့ရဲ့ထူးခြားချက်ကတော့ သူ့မှာ အပိတ်မပါဘူး၊ သူ့ကိုသူပြန်ပီတ်တဲ့ Self Closing Tag ပါ၊  <imag> Tag ကို အသုံးပြုပြီး သင့်ဝက်ဆိုက်ထဲ ကို ဓာတ်ပုံတွေထည့်ရာမှာ အဓိပ သုံးရတာကတော့ src= “” ဆိုတဲ့ Attribute ပါ၊ သူကိုတော့ <img> ရဲ့ အထဲ နောက်ဆုံး အပိတ် မြားလေးမတိုင်းမီထည့်ရပါတယ်၊ ဥပမာ သင်ထည့်မယ့် ပုံက 1.jpg ဆိုတဲ့ပုံဆိုပါစို့ ဒါဆိုရင်တော့ အောက်ပါအတိုင်းရေးပြီး အဲ့ဒီ့ 1.jpg ကိုသင့်ဝက်ဆိုက်ထဲကို ထည့်နိုင်ပါတယ်၊ ထည့်မယ့်ပုံကို src= “” ဆိုတဲ့ sorce ကုတ်နောက်က အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာထည့်ရမှာ အောက်မှာကြည့်ပါ၊
<img src= “1.jpg” >
လွယ်ပါတယ်၊ အရင်ဆုံး image ထည့်ရင်သုံးတဲ့ <img> tag ကိုရေးတယ်၊ ပြီးတော့ <img ရဲ့ အဆုံးမှာ src = “” ဆိုတဲ့ source ကုတ်ကိုထည့်တယ်၊ ပြီးရင် src = “” နောက်က အဖွင့်အပိတ် နှစ်ထပ်ကော်မာထဲမှာ ဓာတ်ပုံကိုထည့်တယ်၊ ထည့်မယ့် ဓာတ်ပုံကိုတော့ သင်ရေးထားတဲ့ HTML Document ကိုသိမ်းတဲ့ HTML Folder ထဲမှာ ထည့်ထားဖို့လိုတယ်နော်၊
အခုလက်တွေ့ ဥပမာ အနေနဲ့အောက်က ပုံကို   HTML Document ထဲကိုထည့်ကြည့်မယ်၊
ပုံနာမည်ကိုတော့ waiferkolar.png လို့ပေးထားတယ်၊ (72coder ရဲ့တည်ထောင်သူပါ)၊  သင်ကြိုက်တဲ့ ပုံကိုသုံးလို့ရပါတယ်၊ ဒီပုံမှမဟုတ်ဘူး၊ အခု အဲ့ဒီ့ ပုံကို HTML Floader ထဲကိုထည့်ရမယ်၊ အောက်က အတိုင်း၊
အထကလို သင်ရေးနေတဲ့ HTML Doucment နဲ့ သင်အသုံးပြုမယ့် ပုံက folder တစ်ခုထဲမှာရှိဖို့က သိပ်ကိုအရေးကြီးလှပါတယ်၊ folder တစ်ခုထဲမှာ အတူတူ မရှိရင်တော့ ဘယ်လိုမှအလုပ်မဖြစ်ပါဘူး၊ နောက်တစ်ခုက ပုံရဲ့ extension ကိုသေချာသိဖို့လိုပါတယ်၊  သင်သုံးမယ့်ပုံက JPG လား၊ Gif လား၊ png အမျိုးအစားလား အတိအကျသိဖို့လိုတယ်၊ အသေအချာမသိရင် အဲ့ဒီ့ပုံပေါ်မှာ ခလစ်တစ်ချက်ထောက်လိုက် ဒါဆိုရင် အောက်ပိုင်းမှာ ဓာတ်ပုံအမျိုးအစားကိုပြောတဲ့ စာသားကိုတွေ့ရမှာပါ၊  အထက်မှာ ဓာတ်ပုံအမျိုးအစားပြတဲ့နေရာကို မြားစိမ်းပြထားတယ်၊
အထက်ကအတိုင်း အားလုံး အဆင်ပြေပြီးဆိုရင်တော့ ကုတ်စရေးမယ်၊ ပုံထည့်မှာဖြစ်တဲ့အတွက် HTML ရဲ့ image tag ဖြစ်တဲ့ <img> ကိုစရေးမယ်၊ ပြီးရင် HTML image tag နဲ့ တွဲတဲ့ Attribute ဖြစ်တဲ့ src= “” ကိုထည့်မယ်၊ ပြီးပီဆိုရင် ပုံရဲ့နာမည်ဖြစ်တဲ့ waiferkolar.png ကိုထည့်မယ်၊ အောက်က အတိုင်း
<html>
<head>
<title>Firstwebpage</title>
</head>
<body>
what is this website name <br/>
<img src= “waiferkolar.png”>
</body>
</html>

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw