LATESTED NEWS

Facebook က Video တွေကို IDM နဲ့ဒေါင်းမရရင် ..ဒီ Add On လေးနဲ့ ဒေါင်းရအောင်ဗျာ


Facebook က Video တွေကို IDM နဲ့ဒေါင်းမရဘူးပြောလာလို့  ကျနော်လေ့လာမိသလောက် ဘာဆော့ဖ်ဝဲလ် မှ မသုံးပဲ ဒေါင်းယူလို့ရတဲ့ နည်းလမ်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်...
လူသုံးများတဲ့ Firefox Browser မှာ Add On လေးတစ်ခု Add ပေးလိုက်ရုံပါပဲ....အရမ်းလွယ်တဲ့ နည်းလေးပါ... Facebook က Video တွေတင် မဟုတ်ပါဘူး.... အင်တာနက် Web Page တွေပေါ်က Video မှန်သမျှကို ဒီ Add On လေးနဲ့ အလွယ်တကူ ဒေါင်းယူနိုင်မှာပါ...
ပထမဆုံး Add On လေးကို ဒီနေရာကို နှိပ်ပြီး Install Now ကတဆင့် ညွှန်ကြားတဲ့ အတိုင်း Add ပေးလိုက်ပါ... ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ (သို့) Firefox ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ....။
ဒါဆိုရင် မိမိ ဒေါင်းယူချင်တဲ့ Facebook က Video တစ်ခုကို ဖွင့်လိုက်ပါ...။ အောက်ကပုံထဲကအတိုင်း Download Flash & Video ဆိုတဲ့ Down Arrow လေးကို နှိပ်ပါ ...
(Youtube မှာဆိုရင်တော့ မိမိ ကြိုက်နှစ်သက်တဲ့ Format ကိုရွေးပြီး ဒေါင်းယူနိုင်ပါတယ်)
ပြီးရင် မိမိ သိမ်းထားမဲ့ နေရာကို ရွေးပေးလိုက်ပါ ...
 ကျန်တာ သူဘာသာသူ ဆက်လုပ်သွားမှာပါ.... အဆင်ပြေကြပါစေ....
အားလုံးကို ခင်မင်လျှက် ..

မျှဝေရန် :

Post a Comment

သင်​၏မှတ်​ချက်​ ​ရေးပါ။.....

 
Allright reserved © 2016(Thank for Visit!) Da Surface. Designed by - Ye Tayza KyawYe Tayza Kyaw